အခြားစိတ်ကျန်းမာရေးပြဿနာများ

ဝမ်းနည်းပူဆွေးမှုတွေ၊ ဒေါသကို ကိုင်တွယ်တာတွေ၊ စိတ်စွဲလမ်းတာတွေ စတာတွေက ဘဝခရီးလမ်းတလျှောက်မှာ ကြုံတွေ့ရနိုင်တဲ့ စိတ်ကျန်းမာရေး ပြဿနာတွေပါ။ ဒါတွေကို ဘယ်လိုကိုင်တွယ်မလဲဆိုတာကို ဒီမှာလေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားစိတ်ကျန်းမာရေးပြဿနာများ

MBTIနဲ့ သူတို့ရဲ့ ကျန်းမာရေး အခြေအနေများ

ဒီနေ့ခေတ်မှာ MBTIလို့ ‌ပြောလိုက်ရင် မသိတဲ့သူ မရှိသလောာက်ပါပဲ။ အထူးသဖြင့် လူငယ်တွေ ကြားမှာပေါ့။ သူများနိုင်ငံတွေမှာ dateလုပ်ရင်တောင် MBTIမေးပြီး ကိုက်မှ ဒိတ်ဆက်လုပ်ကြတာတောင် ရှိပါသတဲ့။ MBTI ဆိုတာ ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို စစ်‌ဆေးတာ ဖြစ်ပြီး MBTIနဲ့ သူတို့ရဲ့ ကျန်းမာရေး အခြေအနေများ ကလည်း ဆက်စပ်နေပါတယ်။ MBTI ဘယ်ကစ Meyersနဲ့ Briggsဆိုတဲ့ အမျိုးသမီးနှစ်ယောက်က Jungရဲ့ စိတ်ပိုင်းဆိုင်ရာမျိုးကွဲတွေကို သဘောကျတာကြောင့် ဒီဟာကို လက်တွေ့ဘဝမှာ အသုံးပြုလို့ရရင် ကောင်းမှာပဲဆိုပြီး တွေးခဲ့ကြပါတယ်။ ဒီလိုနဲ့ ဒုတိယကမ္ဘာစစ်အတွင်းမှာ လူတွေရဲ့ မတူညီတဲ့ ကိုယ်ရည်ကိုယ်သွေးကို ပိုပြီး နားလည်အောင် အသုံးပြုလို့ရမယ့် စစ်ဆေးချက်ကို စပြီး ဖန်တီးခဲ့ပါတော့တယ်။ သူတို့ နှစ်ယောက်တွေးလိုက်တာက လူတွေက ကိုယ့်ရဲ့ အားသာချက်၊ အားနည်းချက်ကိုသာ သိထားမယ်ဆိုရင်  အလုပ်အကိုင်ရှာဖွေတာမှာရော […]

အခြားစိတ်ကျန်းမာရေးပြဿနာများ ကို ရှာဖွေမည်။

အခြားစိတ်ကျန်းမာရေးပြဿနာများ

ခေါင်းတွေပူပြီး အိုင်ဒီယာအသစ်တွေ ထွက်မလာတော့ဘူးလား

ဖြစ်တတ်ပါတယ်။ ဦးနှောက်စားရတာ များလာတဲ့အခါ လူက မနားရဘဲ ခေါင်းတွေ ထူပူလာတယ်၊ အိုင်ဒီယာအသစ်တွေ ထွက်လာဖို့ အတော်ကြိုးစားရုန်းကန်ရတဲ့ အခိုက်အတန့်မျိုး။ Creativity တွေ ကျနေပြီလား အသစ်အဆန်းတွေ မတွေးမိတော့ဘူး၊ အတွေးသစ်တွေ မနည်းညှစ်ထုတ်နေရတဲ့အချိန်မှာ အရင်ကထက် ပိုပင်ပန်းရပါတယ်။ ဒီလို Creativity တွေ ကျဆင်းနေပြီဆိုရင် အချိန်မီ အမြန်ကုစားသင့်ပါတယ်။ မဟုတ်ရင် ကိုယ့်ရဲ့ လုပ်နိုင်စွမ်း (productivity) တွေပါ ထိုးကျသွားပါလိမ့်မယ်။ ဖိစီးမှုတွေ လက်ထဲကနေ ကိုယ့်ကိုယ်ကို ကယ်တင်နိုင်ဖို့ဆို - (၁) အတွေးတွေကို ဆန်းစစ်ပါ ပထမဆုံး ကိုယ့်ခေါင်းထဲ ပေါ်ပေါ်လာတဲ့ အတွေးတွေကို တစ်ချက်ပြန်ဆန်းစစ်ပါ။ လူဆိုတာ အကျင့်ပါတတ်တဲ့ အမျိုးမို့ အဆိုးမြင်တာ၊ အပြစ်တင်တာ၊ ကြိုတွေးပူတာတွေလို ကိုယ့်စိတ်မှာ အဆိပ်ဖြစ်စေမယ့် အတွေးတွေ ဖြစ်လာတယ်ဆို အကျင့်မပါပါစေနဲ့။ အကောင်းမြင်ဘက်က အတွေးတွေကို မွေးမြူပါ။ စိတ်ဖိစီးတာ၊ ပူပန်တာတွေကြောင့် […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ပြစ်တင်ဝေဖန်မှု ဒဏ် ဉာဏ်ရှိရှိနဲ့ တုံ့ပြန်ရအောင်

လူမှုကွန်ရက်တွေရဲ့ သက်ရောက်မှုအင်အား ကြီးမားလာတဲ့ ဒီဘက်ခေတ်မှာ ချီးကျူး ၇ ရက်၊ ကဲ့ရဲ့ ၇ ရက် လို့ ဆိုပြီး ပစ်ထားလိုက်လို့ မရတော့ပါဘူး။ ပြစ်တင်ဝေဖန်မှုတွေကို စိတ်ရှိသလိုလည်း ခွန်းတုံ့ပြန်လို့ မဖြစ်ပြန်ဘူး။ ဒီအချိန်မှာ ဉာဏ်ရှိရှိနဲ့ တုံ့ပြန်ဖြေရှင်းနိုင်ဖို့က ပညာပါပဲ။ ခုနေချိန် အွန်လိုင်းပေါ်မှာ လူပြောများတဲ့ အကြောင်းအရာဆိုတာလည်း တစ်နေ့နဲ့ တစ်နေ့ မရိုးရသလို လူအများရဲ့ ပြစ်တင်ဝေဖန်ခံရသူကလည်း တစ်ယောက်မဟုတ် တစ်ယောက် အမြဲရှိနေတယ် မဟုတ်လား။ ကိုယ့်ကို ပြစ်တင်ဝေဖန်ခံနေရပြီ ဆိုရင် ချီးကျူးလေးစားတဲ့ မှတ်ချက်စကားတွေကသာ ပလူပျံနေချိန် ဘာပြန်ပြောပြော ချစ်နေကြတာပါ ၊ ပြစ်တင်ဝေဖန်ခံရချိန်မှာတော့ ဘာကိုမှ အမှားမခံ ထိရှလွယ်အခြေအနေ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ တုံ့ပြန်မိတဲ့ စကား မပြောနဲ့၊ စတစ်ကာပုံလေးနဲ့တောင် အခြေအနေ ပိုဆိုးသွားစေနိုင်ပါတယ်။ လူမှုကွန်ရက်ရဲ့ ထိုးနှက်မှုကို ကိုင်တွယ်မဖြေရှင်းနိုင်တဲ့ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

မီးညောင်လေးတွေရဲ့ ပိုင်ရှင်တွေသာ ရနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူး

တမြောင်မြောင်နဲ့ အော်ပြီး လက်ကို ဖက်ဖက် ကိုက်တတ်တဲ့ မီးညောင်လေးတွေကို အသည်းစွဲ ချစ်တတ်သူလား။ အမြီးလေး တထောင်ထောင်နဲ့ ပွတ်သီးပွတ်သပ်ချွဲတိုင်း စားချင်တာကို ချကျွေးနေရတဲ့ ချစ်မဝလေးတွေက အမောပြေစေရုံ၊ ချစ်မဝစရာ ကောင်းရုံတင် မဟုတ်ဘဲ သူတို့ကို ချစ်တဲ့ သင့်ကို ကျန်းမာရေး ကောင်းစေဖို့လည်း ထောက်ပံ့ပေးပါသတဲ့နော်။ မီးညောင်လေး ရှိသူတွေသာ ရနိုင်မယ့် ကျန်းမာရေး အသည်းစွဲ ချစ်ရတဲ့ အိမ်မွေး တိရစ္ဆာန်လေးက မီးညောင်လေးပါ ဆိုရင်တော့ စိတ်ဖိစီးမှု ပြေလျော့စေပြီး စိတ်ခံစားမှု ကောင်းစေတယ် တစ်နေ့ကို ၁၅ မိနစ် ကနေ နာရီဝက်လောက် ကြောင်လေးတွေနဲ့ ကစားပေးတာက စိတ်ဖိစီးမှုတွေကို ပြေလျော့စေပြီး စိတ်ခံစားမှုကို ကောင်းစေပါတယ်။ ကြောင်လေးတွေနဲ့ အချိန်ဖြုန်းတာက စီရိုတိုနင် ဟော်မုန်းကို မြင့်တက်စေပြီး စိတ်ဖိစီးမှု ဖြစ်စေတဲ့ ကော်တီစော ဟော်မုန်းကို ကျဆင်းစေနိုင်လို့ပါ။ ကျန်းမာစေတယ် ယုံချင်ယုံ မယုံချင်နေပါ။ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

Ambivert တွေရဲ့ ထူးခြားတဲ့ ဝိသေသ

ပေါင်းသင်းဆက်ဆံနေရတဲ့ ပတ်ဝန်းကျင်မှာ လူအမျိုးမျိုး အထွေထွေရှိနိုင်ပါတယ်။ ဒီလို လူပေါင်းစုံကို အကောင်းဆုံး ပေါင်းသင်းဆက်ဆံနိုင်ဖို့ဆိုရင် သူတို့က ဘယ်လိုလူ အမျိုးအစားလဲ ဆိုတာကို သိထားဖို့ လိုပါမယ်။ ဒီတစ်ခေါက်တော့ ပတ်ဝန်းကျင်မှာ ရှိနေတဲ့သူတွေထဲက Ambivert လေးတွေရဲ့ သူမတူတဲ့ ဝိသေသလေးတွေကို ပြောပြပေးချင်ပါတယ်။ ဘာလဲဟဲ့ Ambivert Ambivert ဆိုတာက လူတစ်ယောက်မှာ ရှိနေတဲ့ ကိုယ်ရည်ကိုယ်သွေးတွေထဲက တစ်ခုပါ။ သူတို့က introversion ရော extroversion ကိုပါ မျှတစွာ ပိုင်ဆိုင်ထားတာပါ။ အခြေအနေ၊ အကြောင်းအရာ၊ အဖြစ်အပျက် နဲ့ ရည်မှန်းချက်တွေ ကွာခြားမှုအပေါ် မူတည်ပြီး သူတို့ရဲ့ ပုံစံကို ပြောင်းလဲ တတ်ကြသူတွေပါ။ အခြေအနေ အချိန်အခါ အလိုက် ပြုမူနေထိုင်တတ်သူတွေပေါ့။ ပွင့်လင်းဖို့လိုရင် ပွင့်လင်းမယ်။ ဆိတ်ဆိတ်နေဖို့ လိုရင် ဆိတ်ဆိတ်နေမယ်။ ရောက်ရှိသွားတဲ့ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

သင်က Ambivert တစ်ယောက်လား။

ဒီစကားလုံးက ကြားရတာ စိမ်းနေနိုင်ပါတယ်။ ပုံမှန် ကြားနေကျကတော့ introvert လား။ extrovert လားဆိုတာမျိုး လောက်ပေါ့။ ဒါပေမယ့် နေ့စဉ် တွေ့ကြုံနေရတဲ့ သူတွေထဲမှာ အရမ်း ပွင့်လင်း တက်ကြွနေပေမယ့် extrovert မဟုတ်သလို တစ်ခါတစ်ခါ အရမ်း တိတ်ဆိတ် ငြိမ်သက်လွန်းပေမယ့် introvert ဟုတ် မနေတဲ့ ဒီ အခြေအနေ နှစ်ရပ်ကြားက ကြားနေပုဂ္ဂိုလ်မျိုးလို့ ဆိုရမယ့် Ambivert တွေရှိပါတယ်။ ဒီတော့  ကိုယ်တိုင်ရော Ambivert ဖြစ်နေလား ဆိုတာကို သိနိုင်ဖို့ ဒီ ဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ်။ Ambivert ဆိုတာ ဘာများလဲ။ Ambivert ဆိုတာက လူတစ်ယောက်မှာ ရှိနေတဲ့ ကိုယ်ရည်ကိုယ်သွေးတွေထဲက တစ်ခုပါ။ သူတို့က introversion ရော extroversion ကိုပါ မျှတစွာ ပိုင်ဆိုင်ထားတာပါ။ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

အာရုံစူးစိုက်မှု မပြုနိုင်ခြင်းအကြောင်း

လူတိုင်းလိုလို ကျောင်းမှာဖြစ်စေ၊ လုပ်ငန်းခွင်မှာဖြစ်စေ အာရုံစူးစိုက်မှု လိုအပ်တဲ့ ကိစ္စရပ်တွေ နေ့စဉ် ကြုံဆုံရပါတယ်။ အာရုံစူးစိုက်မှု အားကောင်းရင် ရှင်းလင်းစွာ တွေးတောနိုင်ခြင်း၊ လုပ်ငန်းတာဝန်အပေါ် ပြတ်သားစွာ မြင်လွယ်ခြင်း စတဲ့အကျိုးကျေးဇူးတွေ ရှိပါတယ်။ အာရုံစူးစိုက်မှုကျဆင်းရင်တော့ မိမိရဲ့လုပ်ငန်းတွေမှာ လစ်ဟင်းလာပြီး မှန်ကန်တဲ့ဆုံးဖြတ်ချက် ချမှတ်ဖို့တောင် ခက်ခဲလာပါလိမ့်မယ်။ အာရုံစူးစိုက်မှု အားမကောင်းခြင်းရဲ့ လက္ခဏာများ အာရုံစူးစိုက်မှုအားမကောင်းရင် ကြုံတွေ့နိုင်တဲ့ လက္ခဏာများကတော့ - သိပ်မကြာသေးခင်က ဖြစ်ပျက်တာတွေကို မမှတ်မိနိုင်ခြင်း - ငြိမ်ငြိမ်ထိုင်နေရန်ခက်ခဲခြင်း - ရှင်းလင်းစွာ တွေးတောရန် ခက်ခဲခြင်း - ပစ္စည်းများ မကြာခဏပျောက်ခြင်း၊ မည်သည့်နေရာတွင် ထားသိုသည်ကို မမှတ်မိခြင်း - ဆုံးဖြတ်ချက်တစ်ခုကိုချရန် ခက်ခဲခြင်း - ခက်ခဲသည့်လုပ်ငန်းတာဝန်များ မဆောင်ရွက်နိုင်ခြင်း - ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ စွမ်းအင်နည်းပါးနေခြင်း - အာရုံများခြင်း၊ အာရုံထွေပြားခြင်း - အလျင်စလိုပြုမူပြီး အမှားများခြင်း စတာတွေ ဖြစ်ပါတယ်။ အာရုံစူးစိုက်မှုအားနည်းရခြင်းရဲ့ အကြောင်းအရင်းတွေက ဘာတွေလဲ အာရုံစုစည်းနိုင်ခြင်းကို ထိခိုက်စေတဲ့ အကြောင်းအရာများကတော့ - […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

သီချင်းနားထောင်ရင်း စာကျက်နေသလား

တေးဂီတသံဟာ စာကျက်မှတ်ရာမှာ၊ အလုပ်လုပ်ရာမှာ အထောက်အကူပေးကြောင်း လူအများက လက်ခံထားကြပါတယ်။ သီချင်းနားထောင်ရင်း စာလုပ်ရတာ၊ လှုပ်ရှားရတာ ပိုမိုလန်းဆန်းတက်ကြွတယ်လို့ ခံယူထားကြပါတယ်။ တချို့ကလည်း ဒီလိုဆူညံသံနဲ့ အလုပ်လုပ်ဖို့ မဖြစ်နိုင်ဘူးလို့ ဆိုကြပါတယ်။ တေးဂီတဟာ အကျိုးကျေးဇူးများစွာ ရှိပါတယ်။ အထူးသဖြင့် - စိတ်ပိုင်းဆိုင်ရာ ခံစားမှုကောင်းမွန်စေခြင်း - စိတ်ဓာတ်တက်ကြွစေခြင်း - မှတ်ဉာဏ်ကိုတိုးတက်စေခြင်း၊ ဦးနှောက်ကိုလှုံ့ဆော်ပေးခြင်း - နာကျင်ပင်ပန်းမှုကို သက်သာစေခြင်း စတဲ့အကျိုးကျေးဇူးတွေ ပေးပါတယ်။ အထက်ပါအကျိုးကျေးဇူးတွေနဲ့ ချိန်ထိုးရင် တေးဂီတဟာ စာကျက်မှတ်ခြင်းကို ယေဘုယျအားဖြင့် အထောက်အကူ ပြုပါတယ်။ ဒါပေမယ့် လူတိုင်းကတော့ ဒီအဆိုကို သဘောမတူနိုင်ပါဘူး။ တေးဂီတသံဟာ လူအားလုံးကိုတော့ တသမတ်တည်း မသက်ရောက်နိုင်ပါဘူးလို့ ဆိုပါတယ်။ ဘယ်လို အထောက်အကူပြုသလဲ အာရုံစူးစိုက်ပြီး ဖတ်မှတ်ရတဲ့အလုပ်ဟာ သင့်ကိုစိတ်ပင်ပန်းစေပါတယ်။ ဒီလိုအချိန်မှာ သာယာငြိမ့်ညောင်းတဲ့၊ ဒါမှမဟုတ် စိတ်ဓာတ်တက်ကြွဖွယ်ရာဖြစ်တဲ့ တေးဂီတဟာ သင့်ကို ကူညီနိုင်ပါတယ်။ ဘယ်လိုကူညီနိုင်သလဲဆိုတာကတော့ အောက်ပါအတိုင်းပါပဲ။ စိတ်အားတက်ကြွစေပါလိမ့်မယ် အိမ်စာတွေရေး၊ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

စိုးရိမ်ပူပန်ခြင်းနောက်ကွယ်က ကပ်ပါလာတဲ့ ဒေါသသံစဉ်

ခံစားချက်တွေဆိုတာ လူတစ်ဦးတစ်ယောက်စီကနေ နောက်တစ်ယောက်ကို ဆင့်ပွားကူးပြောင်းဖို့ အရမ်းလွယ်တဲ့အရာပါ။ ပျော်ရွှင်နေတဲ့ သူတစ်ယောက်ကို ကြည့်လိုက်တဲ့အခါ ကိုယ့်စိတ်ထဲမှာပါ ပျော်ရွှင်တဲ့ခံစားချက် ဖြစ်လာတာမျိုး၊ လူနှစ်ယောက် မေတ္တာစစ်နဲ့ ချစ်တာကို မြင်ရတဲ့အခါမှာ မြင်ကြည့်နေရတဲ့သူပါ ရင်ထဲ ကြည်နူးပီတိ ဖြစ်မိတာမျိုးလိုပါပဲ။ မကောင်းတဲ့ စိတ်ခံစားချက်တွေဟာလည်း တစ်ယောက်ကို တစ်ယောက် ကူးပြောင်းတတ်သလို နဂိုရှိနေတဲ့ ခံစားချက်ကနေ နောက်ထပ် ခံစားချက်တစ်ခုကိုပါ အသွင်ပြောင်းလဲသွားတာမျိုး ဖြစ်နိုင်ပါတယ်။ စိုးရိမ်ပူပန်ခြင်းနဲ့ ဒေါသ စိုးရိမ်ပူပန်ခြင်းဆိုတာ ကိုယ့်ရဲ့သိစိတ်ကို အရာတစ်ခုခုက ခြိမ်းခြောက်နေခြင်းကြောင့် ဖြစ်လာတဲ့ ပူလောင်ခြင်း၊ စိုးရိမ်မှု ခံစားချက်ပါ။ ဒေါသဆိုတာလည်း ဒီအရာကို သိစိတ်နဲ့ မသိစိတ်က တုံ့ပြန်လိုက်တဲ့ မကောင်းတဲ့ ခံစားချက်တစ်မျိုးပါ။ အဓိက မကောင်းတဲ့ခံစားချက်တွေ ဖြစ်နေချိန်မှာ စိတ်ဖိစီးမှုဟော်မုန်းဖြစ်တဲ့ ကော်တီစော်ဟော်မုန်း (Cortisol) တွေ ထွက်လာပါတယ်။ ဒီဟော်မုန်းတွေဟာ ကျွန်တော်တို့ရဲ့ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ရယ်မောခြင်းဖြင့် စိတ်နဲ့ ခန္ဓာကျန်းမာရေးကို မြှင့်တင်စို့

“ရယ်မောခြင်းသည် အသက်ရှည်စေ၏” ဆိုတဲ့ ဆောင်ပုဒ်ကို ကျွန်တော်တို့ ကလေးဘဝက မကြာခဏဆိုသလို ကြားဖူးကြမှာပါ။ တကယ်လည်း ဒီအချက်ဟာ လုံးဝမှန်ကန်ပါတယ်။ လူတွေက ပျော်ရွှင်စရာ၊ ကြည်နူးစရာကိစ္စတွေရှိရင် ရယ်မောကြတယ်၊ ကိုယ်ချစ်တဲ့သူတွေနဲ့ အတူရှိနေရရင် ချစ်တဲ့ စိတ်နဲ့ ရယ်မောကြတယ်။ ဒီလို ရယ်မောလိုက်တဲ့ အခါတိုင်းမှာ ခန္ဓာကိုယ်က ပျော်ရွှင်ခြင်းရဲ့ ဟော်မုန်းတွေ ထုတ်လွှတ်ပေးပြီး ဒီဟော်မုန်းတွေက စိတ်နဲ့ ခန္ဓာကျန်းမာရေးကို များစွာ အထောက်အကူဖြစ်စေပါတယ်။ ဒါကြောင့်လည်း သက်တမ်းရှည်ကြာစွာ နေထိုင်သွားနိုင်ဖို့ များများ ရယ်မောပေးကြပါလို့ ဆေးဘက်ဆိုင်ရာ ပညာရှင်တွေက မိန့်ဆိုထားကြတာပါ။ ရယ်မောခြင်းဖြင့် ရနိုင်တဲ့ အကျိုးကျေးဇူးများ ရုပ်ခန္ဓာပိုင်းဆိုင်ရာအရ ကြည့်မယ်ဆိုရင် ၁။ ရယ်မောလိုက်တဲ့အခါ ခန္ဓာကိုယ် တစ်ခုလုံးမှာ ရှိတဲ့ ကြွက်သားတွေအကုန်လုံးကို ၄၅ မိနစ်ခန့် ကြာအောင် အနားပေးလိုက်တဲ့အခါ လူက သက်သောင့်သက်သာ ဖြစ်ပြီး ပေါ့ပါးလန်းဆန်းသွားပါတယ်။ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

စိတ်ရောဂါထိန်းချုပ်ဆေးနဲ့ ပတ်သက်ပြီး မှားသိထားတဲ့အရာတွေ

Antidepressant လို့ ခေါ်တဲ့ စိတ်ကျရောဂါဖြစ်သူတွေရဲ့ ရောဂါလက္ခဏာကို ထိန်းချုပ်ပေးတဲ့ ဆေးနဲ့ ပတ်သက်ပြီး အခုချိန်ထိကို သောက်ရမှာ ကြောက်လန့်စိုးရိမ်နေတဲ့ သူတွေ အများကြီးရှိနေသေးတာကို တွေ့ရပါတယ်။ စိတ်ရောဂါနဲ့ ပတ်သက်လာလို့ စိတ်ဆရာဝန်နဲ့ ပြတဲ့အခါ စိတ်ကုထုံး (Therapy) နဲ့ ဆေးဝါးကုထုံး (Medication) ကို လူနာရဲ့ အခြေအနေပေါ် မူတည်ပြီး ခွဲပေးရတာ ရှိနိုင်သလို တွဲပြီးပေးရတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒီအခါမှာ ဆေးသောက်ရမယ့် လူနာက ကိုယ်သောက်ရမယ့် ဆေးကို ကြောက်နေရင်၊ ဒီဆေးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်တဲ့ စိတ်တွေလွန်ကဲနေရင် ရောဂါပျောက်ဖို့အရေး ပိုဆိုးအောင် လုပ်သလို ဖြစ်သွားနိုင်ပါတယ်။ ဒီဆောင်းပါးမှာ စိတ်ရောဂါ သောက်ဆေး (Antidepressant) နဲ့ ပတ်သက်ပြီး လူတွေ မှားယွင်းစွာသိထားကြတဲ့ အချက်တွေကို ပြန်လည် ဖြေရှင်းပေးချင်ပါတယ်။ ၁။ Antidepressant […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)