စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ
သင်က introvert လား၊ extrovert လား ဆန်းစစ်ကြည့်ကြမယ်
Introvert လို့ ပြောလိုက်ရင် လူကြောက်တတ်ပြီး လူတွေနဲ့ သီးခြားနေလိုတဲ့ပုံစံ၊ Extrovert ဆိုရင် သွက်သွက်လက်လက်နဲ့ ဆိုရှယ်ကျတဲ့ သူလို့ မြင်တတ်ကြမှာပါ။ ဒါတွေက ယေဘုယျဆန်လွန်းပြီး မတိကျသေးပါဘူး။ ဒါကြောင့် ဒီဆောင်းပါးမှာ သင်က introvert လား၊ extrovert လား ဆိုတာ သိရအောင် ပြောပြပေးပါမယ်။ သင်က introvert လား၊ extrovert လား Introvertဖြစ်ခြင်း၊ Extrovertဖြစ်ခြင်းဆိုတာက personality traitလို့ခေါ်တဲ့ ကိုယ်ရည်ကိုယ်သွေး တစ်ခုပါ။ ကိုယ်ရည်ကိုယ်သွေး အမျိုးအစားတွေထဲရဲ့ အစွန်းနှစ်ဖက်မှာ ရှိနေတဲ့ နှစ်ခုပါ။ ဒီကိုယ်ရည်ကိုယ်သွေး အမျိုးအစားတွေကို ၁၉၂၀ ဝန်းကျင်လောက်မှာ Carl Gustav Jungဆိုတဲ့ ပုဂ္ဂိုလ်က သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ Introvertဖြစ်ခြင်း၊ Extrovertဖြစ်ခြင်းဆိုတာ လူတစ်ယောက်က ပတ်ဝန်းကျင်က လူတွေနဲ့ ပြောဆိုဆက်ဆံပုံ၊ တုံ့ပြန်ပုံကို […]