စွဲလမ်းမှုပြဿနာများ

စွဲလမ်းမှုပြဿနာက ကိုယ့်မှာရှိလို့ ရှိမှန်း မသိဘဲတောင် ရှိနေနိုင်တဲ့ အရာတစ်မျိုးပါ။ ဒီစွဲလမ်းမှုပြဿနာတွေနဲ့ ပတ်သက်ပြီး သင်ဘာတွေ သိထားသင့်သလဲ။ သူများနဲ့မတူဘဲ ဘာတွေကို စွဲလမ်းနေပြီလဲ။ စိတ်စွဲလမ်းမှုတွေကို ဘယ်လိုသက်သာအောင် လုပ်ကြမလဲ။

ကျန်းမာရေးဗဟုသုတ

စွဲလမ်းမှုပြဿနာများ

ပါတီနဲ့ ကလပ်တွေမှာ ဘယ်လိုဆေးဝါးတွေ သုံးလေ့ရှိကြသလဲ။

TGIF လိုမျိုးညတွေ၊ ပိတ်ရက်တွေဆို ပါတီနဲ့ ကလပ်တွေမှာ လူငယ်လူရွယ်တွေနဲ့ ပြည့်လာပါပြီ။ တစ်ပတ်လုံးလုံး ပင်ပန်းခဲ့သမျှကို အပန်းဖြေကြမယ်၊ ပျော်ကြပါးကြ၊ စားကြသောက်ကြမယ်ဆိုပြီး လူစုကြပါပြီ။ သာမန်ပျော်ပွဲရွှင်ပွဲတွေနဲ့ မတူတာက ပါတီတို့ ကလပ်တို့မှာက အရက်တို့၊ ဆေးလိပ်တို့နဲ့တင် မပြီးပါဘူး။ ဆေးလေးတွေ ဝါးလေးတွေ ပါလာကြပါပြီ။ ဆေးသုံးဖို့ ပါတီလုပ်ကြသလားထင်ရလောက်အောင်ကို ပါတီနဲ့ ဆေးနဲ့က ခွဲမရဖြစ်လာပါပြီ။ မီးကုန်ယမ်းကုန် ပျော်နိုင်ပါးနိုင်အောင်၊ စိတ်ခံစားချက်ကောင်းအောင် ဆေးဝါးအမျိုးမျိုးကို သုံးလာကြတာကို တွေ့ရပါတယ်။ ပါတီနဲ့ ကလပ်တွေမှာ အသုံးများတဲ့ ဆေးဝါးတွေက ကိုယ်ဖြစ်ချင်တဲ့ ခံစားချက်ပေါ် မူတည်ပြီး ကိုယ်သုံးချင်တဲ့ ဆေးဝါးတွေ သုံးစွဲကြပါတယ်။ Highနေချင်တာလား။ ငြိမ့်နေချင်တာလား။ ပြုံးရွှင်ရယ်မောချင်နေတာလား။ တက်ကြွချင်နေတာလား စသဖြင့်ပေါ့။ ပါတီနဲ့ ကလပ်တွေမှာ အသုံးများတဲ့ ဆေးဝါးတွေကတော့ ငြိမ့်ငြိမ့်လေးနဲ့ ကျနေဖို့အတွက် GHBတို့၊ marijuana ဝိတို့ တက်ကြွနေစေဖို့ […]

စွဲလမ်းမှုပြဿနာများ ကို ရှာဖွေမည်။

စွဲလမ်းမှုပြဿနာများ

တွေးကြောက်ရမယ့် ဆေးခြောက်

ဆေးခြောက်၊ မာရှီ၊ ဝိ၊ မာရီဂွားနား၊ ကာနေးဘစ်စ် အစရှိသဖြင့် မူဟန်အသွယ်သွယ်နဲ့ ခေါ်ကြတဲ့ ဆေးခြောက် အကြောင်း ကြားဖူးကြမှာ ဖြစ်သလို တချို့တွေလည်း စမ်းသပ် သုံးစွဲဖူးကြမှာပါ။ ဆေးခြောက်ဟာ စွဲလမ်းစေတတ်တဲ့ မူးယစ်ဆေးဝါး ဟုတ်မဟုတ်၊ လူ့ခန္ဓာကိုယ်ကို ထိခိုက်နိုင်ခြင်းရှိမရှိ ဒါတွေဟာ ငြင်းခုန်နေကြဆဲအရာတွေ ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံအများအပြားနည်းတူ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း ဆေးခြောက်ဟာ မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေတတ်သော ဆေးတမျိုးအဖြစ် သတ်မှတ်ခံထားရပြီး လက်ဝယ်တွေ့ရှိရင်၊ သုံးစွဲရင်၊ ရောင်းဝယ်ဖောက်ကားရင် ထောင်ဒဏ်ချမှတ်ခံရနိုင်တဲ့ မူးယစ်ဆေးတမျိုး ဖြစ်ပါတယ်။ တောင်အမေရိက နိုင်ငံအချို့၊ အမေရိကန်ပြည်ထောင်စုရဲ့ ပြည်နယ်အချို့၊ နယ်သာလန်နိုင်ငံရဲ့ ကော်ဖီဆိုင်အချို့၊ ထိုင်းနိုင်ငံ စသဖြင့် ဆေးခြောက်ကို တရားဝင်သုံးစွဲနိုင်တဲ့ နေရာတွေလည်း ရှိနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီဆောင်းပါးလေးမှာတော့ ဆေးခြောက်ရဲ့ လူ့ခန္ဓာကိုယ်အပေါ် အကျိုးသက်ရောက်မှုတွေကို […]


စွဲလမ်းမှုပြဿနာများ

Narcotic abuse (မူးယစ်ဆေးအလွဲသုံးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Narcotic abuse (မူးယစ်ဆေးအလွဲသုံးခြင်း) ကဘာလဲ။ မိမိကိုယ်ကို သို့မဟုတ် သူတပါးကို ထိခိုက်စေသည့်တိုင် မူးယစ်ဆေးကို ဆက်လက်အသုံးပြုနေခြင်းကို ဆိုလိုသည်။ မူးယစ်ဆေးများကို ပြင်းထန်ဆိုးရွားသော နာကျင်မှုများအတွက် အနာပျောက်ဆေးအဖြစ် အသုံးပြုသည်။ မူးယစ်ဆေးဆိုသည်မှာ ဘိန်းအနွယ်ဝင်ဆေးများကို ဆိုလိုသည်။ မူးယစ်ဆေးအလွဲသုံးသူတွင် အောက်ပါပြဿနာများ ရှိနေနိင်သည်။ အလုပ်ပျက်ခြင်း၊ ကျောင်းပျက်ခြင်း၊ မိမိကလေးကို ဂရုစိုက်ခြင်းစသည့် အိမ်အလုပ်များပါမလုပ်နိုင်တော့ခြင်း ဥပဒေနှင့် ငြိစွန်းခြင်း၊ မူးယစ်ဆေးအရှိန်မပျယ်ခင် အဖမ်းခံရနိုင်ခြင်း မိသားစု၊ မိတ်ဆွေတို့နှင့် မူးယစ်ဆေးကြောင်ြ့ပဿနာဖြစ်ခြင်း၊ ဖြစ်နေသောပြဿနာများ ပိုဆိုးသွားခြင်း။   Narcotic abuse (မူးယစ်ဆေးအလွဲသုံးခြင်း) က ဘယ်လောက်အဖြစ်များသလဲ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများNarcotic abuse (မူးယစ်ဆေးအလွဲသုံးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ နာကျင်ခြင်းကို မခံစားရခြင်း အိပ်ခြင်း ဆေးရှိန်ကြောင့် ပျော်မေ့ွနေခြင်း အသက်ရှူနှေးခြင်း၊ တိမ်ခြင်း မျက်စိသူငယ်အိမ် ကျဉ်းခြင်း ပျို့ခြင်း၊ အန်ခြင်း အရေပြားနီရဲ ယားယံခြင်း ဝမ်းချုပ်ခြင်း စကားပြောလေးလာခြင်း သတိမကောင်းခြင်း၊ ဆုံးဖြတ်နိုင်စွမ်းမရှိခြင်း တို့ဖြစ်ကြသည်။ မူးယစ်ဆေးကို အချိန်ကြာမြင့်စွာ အသုံးပြုသူသည် ခန္ဓါကိုယ်ကဆေးကို တောင့်တခြင်း၊ ဆေးယဉ်ခြင်းတို့ ဖြစ်လာမည်။ […]


စွဲလမ်းမှုပြဿနာများ

Addiction And Substance Abuse, Adult (စွဲလန်းခြင်းနှင့် လွဲမှားစွာ အသုံးပြုခြင်းဆိုတာဘာလဲ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Addiction And Substance Abuse, Adult (စွဲလန်းခြင်းနှင့် လွဲမှားစွာ အသုံးပြုခြင်းဆိုတာဘာလဲ) ကဘာလဲ။ ဆေးစွဲခြင်းဟု အသိများသော လွဲမှားစွာ အသုံးပြုခြင်း ဆိုသည်မှာ အသုံးပြုသူသည် အန္တရာယ်ရှိသော ပစ္စည်းများကို ဆိုးကျိုးအား မစဉ်းစားဘဲ အသုံးပြုခြင်းကို ခေါ်သည်။ အရက် နှင့် တရားမဝင်သောဆေးများ စသော စိတ်ကြွပစ္စည်းများ အလွန်သုံးသောအခါ စွဲလန်းခြင်းကို ဖြစ်စေပြီး အန္တရာယ် များသော ဆိုးကျိုးများကို ဖြစ်စေသည်။ ရုပ်ပိုင်းဆိုင်ရာ၊ လူမှု ရေးနှင့် စိတ်ပိုင်းဆိုင်ရာ အန္တရာယ်ဖြစ်စေသည့်အပြင် အချို့ ဆေးများသုံးခြင်းသည် ဥပဒေပြစ်ဒဏ်ပေးခံရခြင်းနှင့် အခြား လူမှုရေး ဝန်ထုပ်ဝန်ပိုးများကို ဖြစ်စေနိုင်သည်။ Addiction And Substance Abuse, Adult (စွဲလန်းခြင်းနှင့် လွဲမှားစွာ အသုံးပြုခြင်းဆိုတာဘာလဲ) က ဘယ်လောက်အဖြစ်များသလဲ ဤကျန်းမာရေးအခြေအနေသည် အလွန်အဖြစ်များပါ သည်။ […]


စွဲလမ်းမှုပြဿနာများ

Addiction And Substance Abuse, Teen (စွဲလန်းခြင်းနှင့် လွဲမှားစွာအသုံးပြုခြင်း၊ ဆယ်ကျော်သက် လူငယ်များ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Addiction And Substance Abuse, Teen (စွဲလန်းခြင်းနှင့် လွဲမှားစွာအသုံးပြုခြင်း၊ ဆယ်ကျော်သက် လူငယ်များ) ကဘာလဲ။ ဘဝတွင် လူများစွာသည် စွဲလန်းခြင်းပုံစံများစွာကို ရင်ဆိုင်နေကြသည်။ စွဲလန်းခြင်းသည် မည်သည့်အရွယ်၊ မည်သည့်လိင်နှင့် မည်သည့်ဘဝအခြေအနေတွင်မဆို ဖြစ်နိုင်သည်။ သို့သော် များသောအားဖြင့် ဆယ်ကျော်သက် လူငယ်ဘဝတွင် စတင်ပါသည်။ အဖြစ်အများဆုံး စွဲလမ်းခြင်းဖြစ်သော ဆေးစွဲခြင်းအပြင် အရက်နှင့် ဆေးရွက် စသော ပစ္စည်းများစွဲခြင်းသည် ဆယ်ကျော် သက်များ ဘဝကို အန္တရာယ် ဖြစ်စေပါသည်။   စွဲလန်းခြင်း၏ဆိုးကျိုးစွဲလန်းခြင်းနှင့် ၎င်း၏ဆိုးကျိုးတွေကဘာလဲ။ စွဲလန်းခြင်းဆိုသည်မှာ လူတစ်ယောက်သည် ပစ္စည်း၏ ဆိုးကျိုးများကို သိလျက်နှင့် ထိုပစ္စည်းများကို စွဲလန်းသော အခြေအနေတစ်ခု ဖြစ်သည်။ အရက်သည် ဆယ်ကျော် သက်လူငယ်များ အများဆုံးစွဲလန်းသော ပစ္စည်းဖြစ်သည်။ ထို့နောက်တွင် ဆေးခြောက်၊ ဆေးပြင်းလိပ်တို့ ရှိသည်။ ၎င်းတို့သည် တူညီသော […]


စွဲလမ်းမှုပြဿနာများ

ပါတီနဲ့ ကလပ်တွေမှာ အသုံးများလာတဲ့ အက်တက်စီ

ပါတီနဲ့ ကလပ်တွေမှာ အသုံးများလာတဲ့ အက်တက်စီ အကြောင်း ဘာတွေ သိထားဖို့ လိုမလဲ။ စိတ်ကြွဆေးတစ်မျိုးဖြစ်တဲ့ Ecstasy ကို ၁၉၂၁ ခုနှစ်က Merck ဆေးဝါးကုမ္ပဏီက စတင်ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ MDMA (3,4-methylenedioxy-methamphetamine ) လို့ သိကြပါတယ်။ ဒီဆေးကို ၁၉၅၃ ခုနှစ်က အမေရိကန်စစ်တပ်က စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှုတွေမှာ အသုံးပြုခဲ့ကြပါတယ်။ ၁၉၇၀ ခုနှစ်တွေမတိုင်ခင်မှာ MDMA ကို ပါတီတွေမှာ အသုံးပြုတာမျိုး မရှိခဲ့ကြပါဘူး။ ပါတီနဲ့ ကလပ်တွေမှာ အသုံးများလာတဲ့ အက်တက်စီ ၁၉၈၀ ခုနှစ်အစောပိုင်းကာလတွေမှာတော့ MDMA ကို စိတ်ပျော်စေတဲ့ဆေးတစ်မျိုးအနေနဲ့ တော်တော်လေးကို အသုံးပြုလာကြပါတယ်။ စနေ၊ တနင်္ဂနွေပိတ်ရက် ပါတီပွဲတွေတိုင်းမှာ အသုံးပြုလာခဲ့ကြပါတယ်။ ၁၉၈၄ ခုနှစ်အထိ MDMA ကို တရားဝင်ရောင်းချခွင့်ပေးခဲ့ပေမယ့် ၁၉၈၅ […]


စွဲလမ်းမှုပြဿနာများ

Ice လို့ခေါ်ကြတဲ့ Crystal meth

Ice ဆိုတာ ဘာလဲ Ice ဆိုတိုင်း ရေခဲမဟုတ်ပါ။ methamphetamine အခဲပုံစံကို ice လို့ ခေါ်ကြတာဖြစ်ပါတယ်။Crystal meth ၊ shabu၊ crystal ၊ glass ၊shard စတဲ့ အခေါ်အဝေါ်အမျိုးမျိုးရှိပါတယ်။ Crystal meth က ဗဟိုအာရုံကြောစနစ်ကို ထိခိုက်စေတဲ့ စိတ်ကြွမူးယစ်ဆေးတစ်မျိုးဖြစ်ပါတယ်။ မူးယစ်ခံစားမှုတာရှည်စေတတ်ပြီး စွဲလမ်းစေနိုင်စွမ်းမြင့်မားတဲ့ တရားမဝင်မူးယစ်ဆေးပါ။ ကြည်လင်တဲ့ ပုံဆောင်ခဲ အချောင်းလေးတွေ ပုံစံဖြစ်လို့ ice သို့မဟုတ် glass လို့ခေါ်တတ်ကြတဲ့ Crystal meth ဟာ အနံ့မရှိ၊ ပြာလဲ့လဲ့ သို့မဟုတ် အရောင်မရှိတတ်ပါဘူး။ ပါတီတွေ၊ ပွဲတွေမှာသုံးလေ့ရှိပြီး ပုံမှန်အားဖြင့် ဖန်ပြွန်ပိုက်နဲ့ ရှူတတ်ကြပေမယ့် မျိုချတာ၊ ရှိုက်ရှူတာ၊ နည်းအမျိုးမျိုးနဲ့ သုံးတတ်ကြပါတယ်။ ဒါကိုသုံးလိုက်ရင် ခဏတာအတွင်းမှာပဲ စိတ်ကူးယဉ် လောကနိဗ္ဗာန်ကို […]


စွဲလမ်းမှုပြဿနာများ

လိင်စိတ်ဆန္ဒလွန်ကဲခြင်းရောဂါ (nymphomania)

လိင်စိတ်ဆန္ဒလွန်ကဲခြင်းရောဂါ (nymphomania) အကြောင်းလေး လေ့လာလိုက်ရအောင်နော်။ လိင်စိတ်ဆန္ဒလွန်ကဲခြင်းရောဂါ (nymphomania) ဆိုတာဘာလဲ လိင်စိတ်ဆန္ဒလွန်ကဲခြင်းရောဂါ (nymphomania) ဆိုတာ လိင်စိတ်ဆန္ဒပြင်းပြမှုလွန်ကဲတဲ့ စိတ်ပိုင်းဆိုင်ရာရောဂါတစ်ခုဖြစ်ပါတယ်။ လိင်စိတ်လွန်ကဲမှုဆိုတာ ကိုယ်တိုင် သာယာမှုမရှိဘဲ၊ ထိန်းချုပ်လို့မရနိုင်ဘဲ ၊ကိုယ်တိုင်မလိုလားဘဲ အကြိမ်ကြိမ်ပြုလုပ်မိနေတဲ့ အပြုအမူတွေဖြစ်ပါတယ်။Nymphomania ဖြစ်နေတဲ့သူတွေဟာ အလိုလိုဖြစ်လာတဲ့အာသာဆန္ဒပြင်းပြမှုကိုဖြေဖျောက်ဖို့ လိင်ဆက်ဆံဖော်များခြင်း(promiscuity) လိုမျိုး ရောဂါအန္တရာယ်များတဲ့လုပ်ရပ်တွေလုပ်မိတတ်ပါတယ်။ ဒီရောဂါဟာ အရွယ်ရောက်ပြီးသူတိုင်းမှာ ဖြစ်နိုင်သလို သူ့ရဲ့လက္ခဏာတွေက လိင်ကိစ္စအပြုအမူတွေအပြင် စဉ်းစားတွေးခေါ်နိုင်စွမ်းမှာပြဿနာရှိလာခြင်း၊ မလိုလားအပ်တဲ့ အတွေးတွေအကြိမ်ကြိမ်ဖြစ်ပေါ်လာခြင်း(စိတ်စွဲလမ်းခြင်း)၊ ရှက်စိတ်၊အပြစ်ရှိစိတ်နဲ့ ချို့ယွင်းချက်ရှိသလို ခံစားနေရခြင်းတို့ပါဝင်ပါတယ်။ nymphomania ဖြစ်ရတဲ့ အဓိကအကြောင်းရင်းကိုတော့ အတိအကျမသိရသေးပါဘူး။ တခြားစိတ်ရောဂါဝေဒနာတွေလိုပဲnymphomania ဟာ ပတ်ဝန်းကျင်၊ မျိုးရိုးအခံ၊ဘဝအနေအထား စတဲ့အချက်တွေရဲ့ ရလဒ်အဖြစ် ခံစားလာရတတ်ပါတယ်။ စိတ်ခံစားမှုနဲ့သက်ဆိုင်တဲ့serotonin, dopamine နဲ့ norepinephrine လို ဦးနှောက်တွင်း neurotransmittersတွေမညီမျှမှု၊ ဦးနှောက်ကို ထိခိုက်စေတဲ့ရောဂါတချို့၊ ဦးနှောက်ရဲ့ အာရုံကြောဆဲလ်လှုပ်ရှားမှုလမ်းကြောင်း( neural circuits)မှာ […]


စွဲလမ်းမှုပြဿနာများ

စိတ်စွဲလွန်ခြင်းအတွက် ကုသမှုများ

စိတ်စွဲလွန်ခြင်းအတွက် ကုသမှုများ စိတ်စွဲလွန်ခြင်းဟာ တွေ့ရများပါတယ်။ ဒီရောဂါ ခံစားရသူဟာ အတွေးတွေကို မထိန်းချုပ်နိုင်ဘဲ ထပ်တလဲလဲတွေးမိခြင်း၊ အပြုမူတချို့ကို မလုပ်ဘဲမနေနိုင်အောင် လုပ်နေမိခြင်း စတာတွေကို ကြာမြင့်စွာ နာတာရှည်ရောဂါသဖွယ် ဖြစ်လာနိုင်ပါတယ်။ ဆေးကုသခြင်း SRI အုပ်စုဝင်ဆေးများနဲ့ SSRI အုပ်စုဝင်ဆေးများကို စိတ်စွဲလွန်ပြသနာများအတွက် အသု့းပြုပါတယ်။ လူကြီးအတွက်ရော ကလေးအတွက်ပါဆိုရင် clomipramine ဆိုတဲ့ ဆေးဟာ အကျိုးသက်ရောက်မှု ရှိပါတယ်။ သူဟာ tricyclic အုပ်စုဝင် စိတ်ကျဆန့်ကျင်ဆေးဖြစ်ပါတယ်။ အောက်ပါဆေးများဟာ SSRI အုပ်စုဝင်ဆေးတွေ ဖြစ်ကြပါတယ်။ · Fluoxetine · Fluvoxamine · Sertraline SRI ဆေးတွေရဲ့ နေ့စဉ် သုံးစွဲရတဲ့ပမာဏဟာ စိတ်ကျရောဂါအတွက် သုံးစွဲရတဲ့ ပမာဏထက် များပါတယ်။ အာနိသင်ပြဖို့ ၈ပတ်ကနေ ၁၂ပတ်အထိ ကြာတတ်ပါတယ်။ ဒါပေမယ့် လူနာအချို့ဟာ ပိုပြီး လျင်မြန်စွာ သက်သာကြပါတယ်။ ဒီဆေးအမျိုးအစားများနဲ့ မသက်သာတဲ့ […]


စွဲလမ်းမှုပြဿနာများ

ဖုန်းများသည် ကလေး၏ စိတ်ပိုင်းဆိုင်ရာကို မည်သို့ထိခိုက်စေနိုင်ပါသနည်း

လက်ကိုင်ဖုန်းများသည် ကလေးများ၏ ဦးနှောက်ဖွံ့ဖြိုးမှုကို မည်သို့သက်ရောက်နိုင်သည်ဆိုသည့် အကြောင်းအရာသည် ကလေးမိဘများ၊ ပညာရှင်များနှင့် သုတေသနပညာရှင်များအတွက် ငြင်းခုံဆွေးနွေးဖွယ်ရာ အချက်တစ်ခုဖြစ်ပါသည်။ သို့သော် လက်ကိုင်ဖုန်းများသည် ယခုခေတ်တွင် အသစ်အဆန်းများဖြစ်ပြီး သက်သေသာဓကများသည်လည်း ခိုင်လုံမှုမရှိပေ။ အရေးကြီးသည်မှာ မိဘများသည် လက်ကိုင်ဖုန်းအသုံးပြုမှုမှ ကလေး၏ စိတ်ပိုင်းဆိုင်ရာအပေါ်သက်ရောက်မှုများကို ဖြစ်နိုင်ချေရှိသော အချက်အနေဖြင့် ထည့်သွင်းစဉ်းစားရန်ဖြစ်သည်။ ဆရာဝန်များနှင့် ပညာရှင်များသည် မိုဘိုင်းနည်းပညာကို အလွန်အကျွံသုံးစွဲမှုကြောင့် ကလေး၏ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်မှုရှိမည်ကို စိုးရိမ်နေကြသည်။ လက်ကိုင်ဖုန်းများမှ ထွက်သော ဓာတ်ရောင်ခြည်သည် လက်ကိုင်ဖုန်းများ၏ ဦးနှောက်အပေါ်သက်ရောက်မှုတွင် အဓိက ထည့်သွင်းစဉ်းစားရမည့် အချက်ဖြစ်သည်။ သို့သော် ဓာတ်ရောင်ခြည်ထုတ်လွှင့်မှုနှင့် ပတ်သတ်ပြီးသေချာစွာ သက်သေမပြထားသော်လည်း ကျွန်ုပ်တို့ကို အန္တရာယ်ပြုနိုင်သည့် အနေအထားအထိ မဖြစ်နိုင်ဟု ယူဆကြသည်။ ထိုအချက်ကြောင့် မိဘများ အနေဖြင့် အနည်းငယ် စိတ်သက်သာရာရသော်လည်း လက်ကိုင်ဖုန်းများမှ ရေဒီယိုဓာတ်သတ္တိထုတ်လွှတ်နိုင်စွမ်းသည် ဦးနှောက်ကို […]


စွဲလမ်းမှုပြဿနာများ

အစွဲအလမ်းလွန်စိတ်ဝေဒနာကို ဘယ်လိုဖြေရှင်းမလဲ

Obsessive compulsive disorder (OCD) ဆိုတာစိုးရိမ်ကြောင့်ကြမှုရောဂါတစ်မျိုးဖြစ်ပြီးပြန့်ကြဲနေတဲ့အတွေးတွေကြောင့်မကျေနပ်ခြင်း၊စိတ်ထဲစွဲနေခြင်းအပေါ်မူတည်ပြီးရောဂါသတ်မှတ်ပါတယ်။OCD ကိုဆေးနည်းတွေ၊စိတ်ပညာကုထုံးတွေနဲ့ကုသနိုင်ပါတယ်။ OCD ကိုထိန်းချုပ်ဖို့သင့်ဘာသာသင်အသုံးပြုနိုင်တဲ့နည်းလမ်းတွေရှိပါတယ်။ အခုပြောပြသွာူမှာကဘယလိုထိန်းချုပ်ရမလဲဆိုတဲ့အချက်လေးတွေပါ။ OCD နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုတီးမိခေါက်မိလေ့လာပါ။   OCD ဆိုတာစိုးရိမ်ကြောင့်ကျခြင်းရောဂါတစ်မျိုးလို့နားလည်ထားခြင်းက OCD ကိုထိန်းချုပ်နိုင်ဖို့ပထမဆုံးခြေလှမ်းပါ။လေ့လာမှုတွေအရလူဦးရေစုစုပေါင်းရဲ့၂ရာခိုင်နှုန်းလောက်ကသူတို့ဘဝရဲ့တစ်ချိန်ချိန်မှာ OCD ကိုခံစားရတာတွေ့ရပါတယ်။ ရောဂါလကဏာတွေကတော့အသက်၁၉ လောက်မှာစပေါ်ပြီးဒါတွေကသင့်ဘဝကိုနည်းအမျိုးမျိုးနဲ့ပြသနာရှာပါလိမ့်မယ်။   သင့်ရဲ့စိုးရိမ်ကြောင့်ကြခြင်းအကြောင်းသင်နားလည်ထားပါ။   ဘယ်အခြေအနေတွေကသင့်ကိုစိုးရိမ်ကြောင့်ကြမှုဖြစ်စေလဲဆိုတာ တွေးကြည့်ပါ။ သင်ကိုယ်တိုင်သင့်ရဲ့အကြောက်တရားကလက်တွေ့မကျမှန်းသိပေမယ့်တကယ်ကြုံလာတဲ့အခါရပ်တန့်လို့မရပါဘူး။ သင့်ကိုစိုးရိမ်ကြောင့်ကြမှုဖြစ်စေတဲ့အတွေးတွေကိုရေးမှတ်ထားပြီးတစ်ခုချင်းစီကိုရှင်းပါ။ သူတို့ကလက်တွေ့ကျတာတွေဘဖြစ်ဖြစ်လက်တွေ့မကျတာတွေဘဖြစ်ဖြစ်အလုပ်ဖြစ်ပါတယ်။ အရင်ကဘာတွေဖြစ်ဖူးလဲဆိုတာတွေစဉ်းစားပြီးဘာကသင့်ကိုစိုးရိမ်ကြောင့်ကြစေလဲရှာကြည့်ပါ။ သင့်ရဲ့အခြေအနေကိုကောက်ချက်ချနိုင်စွမ်းကိုစိန်ခေါ်ပါ။ သင့်ရဲ့အကြောက်တရားတွေကိုတွေးကြည့်ပြီးဒါတွေကလက်တွေ့ကျလား ? ဒါမှမဟုတ်တခြားအချက်တွေနဲ့ရောထွေးပြီးကြောက်တာလား ? သိအောင်လုပ်ပါ။ ဒါ့အပြင်သင့်အတွေးတွေကတိကျလား၊ဒီအတွေးရဲ့မကောင်းတဲ့ဘက်မှာဘာရှိလဲစတာတွေကိုပါစဉ်းစားကြည့်ပါ။ သင့်အကြောက်တရားနဲ့သင်စိန်ခေါ်ပြီးယှဉ်ပြိုင်နေချိန်မှာတခြားအတွေးအသစ်တွေတွေးပြီး အကြောက်တရားကိုအနိုင်ယူပါ။   OCD ကသင့်ဘဝကို နှောင့်ယှက်နေတယ်ဆိုတာလက်ခံပါ။ သင့်ရဲ့စိုးရိမ်ကြောင့်ကြမှုကိုထိန်းချုပ်ဖို့ကလက်ခံတတ်ဖို့ကပထမခြေလှမ်းပါ။ မှတ်စုလေးတစ်ခုဆောင်ထားပါ။ သင့်ကိုစိုးရိမ်ကြောင့်ကျစေတဲ့မလိုချင်တဲ့အတွေးတွေ၊အလိုလိုရောက်လာတဲ့အတွေးတွေကိုရေးမှတ်ထားပါ။ ဒါ့အပြင်ဒီအတွေးတွေကိုတိုက်ထုတ်ဖို့သင်ဘာနည်းလမ်းတွေသုံးလဲဆိုတာကိုလည်းသတိပြုပါ။ သင့်ရဲ့စိတ်အစွဲကြီးမှုကိုတဖြည်းဖြည်းချင်းဖြတ်ပါ။ ဥပမာပြောရရင်သင့်အဝတ်လျှော်စက်ကိုပိတ်ထားလားမပိတ်ထားလားဆိုတာ၁၀ကြိမ်လောက်လှည့်ကြည့်နေမိတယ်ဆိုပါတော့။ ဒါကိုတစ်ဖြည်းဖြည်းနဲ့၈ကြိမ်၅ကြိမ်၃ကြိမ် နောက်ဆုံး၁ကြိမ်ဘဲကြည့်တော့တဲ့ထိကြိုးစားကြည့်ပါ။ တကယ်လို့ OCD ကမသက်သာလာဘူးဆိုရင်ဆရာဝန်ဆီသွားပြီးတခြားဆေးနည်းတွေတောင်းတာဘဖြစ်ဖြစ်စိတ်ဆရာဝန်ဆီသွားပြီးသင့်အခြေအနေနဲ့ကိုက်ညီမယ့်မိမိကိုယ်မိမိကူညီနိုင်မယ့်နည်းလမ်းတွေကိုတောင်းပါ။   သင့်ရဲ့လုပ်ရိုးလုပ်စဉ်တွေကို နှေးကြည့်ပါ။   ဥပမာပြောရရင်သင်တစ်ခုခုကိုထိထားရင်ချက်ချင်းလက်ဆေးရမယ်ဆိုရင်ချက်ချင်းမဆေးသေးဘဲ၁မိနစိ၃မိနစ်၅မိနစ်ကြာအောင် စောင့်ပြီးမှဆေးကြည့်ပါ။ ဒီလိုဘဲအဖြစ်အပျက်တစ်ခုခုနဲ့သင့်ရဲ့လုပ်ရိုးလုပ်စဉ်ကြားကအချိန်ကို နောက်ဆုံးဘာမှမလုပ်ရလဲအဆင်ပြေတဲ့အထိနှေးသွားပါ။ စိတ်စွဲနေတဲ့အတွေးတွေရှိနေတဲ့သူတစ်ဦးချင်းစီကသူတို့ရဲ့ဘဝမှာသက်တောင့်သက်သာမရှိကြပါဘူး။ သင်ဘာဘဲလုပ်လုပ်၊အဆင်ပြေအောင်မလုပ်နိုင်တော့ပါဘူး။ ဒါပေမယ့အကူအညီရှိပါတယ်။ ကုသမှုနဲ့ကိုယ်တိုင်ပြုလုပ်ရတဲ့နည်းလမ်းတွေကသင့်ကို OCD မဖြစ်စေတော့ဘဲပုံမှန်ဘဝကိုပြန်ရစေပါလိမ့်မယ်။         Hello Health Group does not provide […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)