backup og meta

ပါတီနဲ့ ကလပ်တွေမှာ အသုံးများလာတဲ့ အက်တက်စီ

ပါတီနဲ့ ကလပ်တွေမှာ အသုံးများလာတဲ့ အက်တက်စီ

ပါတီနဲ့ ကလပ်တွေမှာ အသုံးများလာတဲ့ အက်တက်စီ အကြောင်း ဘာတွေ သိထားဖို့ လိုမလဲ။ စိတ်ကြွဆေးတစ်မျိုးဖြစ်တဲ့ Ecstasy ကို ၁၉၂၁ ခုနှစ်က Merck ဆေးဝါးကုမ္ပဏီက စတင်ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ MDMA (3,4-methylenedioxy-methamphetamine ) လို့ သိကြပါတယ်။ ဒီဆေးကို ၁၉၅၃ ခုနှစ်က အမေရိကန်စစ်တပ်က စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှုတွေမှာ အသုံးပြုခဲ့ကြပါတယ်။ ၁၉၇၀ ခုနှစ်တွေမတိုင်ခင်မှာ MDMA ကို ပါတီတွေမှာ အသုံးပြုတာမျိုး မရှိခဲ့ကြပါဘူး။

ပါတီနဲ့ ကလပ်တွေမှာ အသုံးများလာတဲ့ အက်တက်စီ

၁၉၈၀ ခုနှစ်အစောပိုင်းကာလတွေမှာတော့ MDMA ကို စိတ်ပျော်စေတဲ့ဆေးတစ်မျိုးအနေနဲ့ တော်တော်လေးကို အသုံးပြုလာကြပါတယ်။ စနေ၊ တနင်္ဂနွေပိတ်ရက် ပါတီပွဲတွေတိုင်းမှာ အသုံးပြုလာခဲ့ကြပါတယ်။ ၁၉၈၄ ခုနှစ်အထိ MDMA ကို တရားဝင်ရောင်းချခွင့်ပေးခဲ့ပေမယ့် ၁၉၈၅ ခုနှစ်မှာတော့ဘေးကင်းလုံခြုံရေးစိုးရိမ်တာကြောင့် MDMAရောင်းချမှုကို တားမြစ်လိုက်ပါတယ်။ Ecstasy ကိုဆေးပြားအနေနဲ့တွေ့ရများပြီး ထိုးဆေးအနေနဲ့ ထုတ်ထားတာမျိုးလည်းရှိပါတယ်။

Ecstasy ကို အခြားဘယ်လိုတွေခေါ်သေးလဲ

Ecstasy ကို

  • E.
  • X.
  • XTC.
  • Scooby snacks.
  • Roll.
  • Beans. လို့လည်း အမျိုးမျိုးခေါ်ကြပါသေးတယ်။

Ecstasy က ဘယ်လိုမျိုး အကျိုးကျေးဇူးတွေ ရရှိစေနိုင်လဲ

အရာရာတိုင်းက တန်ဆေး လွန်ဘေးဆိုတဲ့စကားအတိုင်းပါပဲ။ Ecstasy က စိတ်ကြွဆေးဆိုပေမယ့် စနစ်တကျအသုံးပြုမယ်ဆိုရင် ကျန်းမာရေးအတွက် အကျိုးပြုတာတွေရှိပါတယ်။ ကျန်းမာရေးအတွက်Ecstasy က ဘယ်လိုအကျိုးပြုပေးလဲဆိုတာကို ဆက်ကြည့်လိုက်ရအောင်ပါ။

  • စိတ်ပျော်ရွှင်စေနိုင်ခြင်း

စိတ်ကို ပျော်ရွှင်ပြီး လန်းဆန်းနေစေပါတယ်။ လူမှုပေါင်းသင်းဆက်ဆံရေးမှာ ပိုမိုကောင်းမွန်လာပြီး လူတိုင်းနဲ့ အဆင်ပြေပြေဖြစ်စေနိုင်ပါတယ်။Ecstasy က လူမှုဆက်ဆံရေးအပြုအမူတွေမှာ အဓိကအခန်းကဏ္ဍကနေပါဝင်နေတဲ့ ဓာတုပစ္စည်းတစ်မျိုးဖြစ်တဲ့ အောက်ဆီတိုစင်ပမာဏကို တိုးမြှင့်ပေးပါတယ်။

  • Posttraumatic Stress Disorder (PTSD) ကို သက်သာစေနိုင်ခြင်း

MDMA ကို ပြင်းထန်တဲ့ စိတ်ရောဂါတစ်မျိုးဖြစ်တဲ့ Posttraumatic Stress Disorder (PTSD) ကို ကုသရာမှာ အသုံးပြုလို့ရပါတယ်။ MDMA က အဆိုပါ စိတ်ရောဂါဝေဒနာလက္ခဏာတွေကို သက်သာစေနိုင်စွမ်းရှိပါတယ်။ ဒီဆေးက PTSDကြောင့်ဖြစ်တဲ့ ဦးနှောက်တွင်းက မူမမှန်မှုတွေကို သက်သာစေနိုင်စွမ်းရှိပါတယ်။ စိတ်ရောဂါဝေဒနာတွေအတွက် အသုံးဝင်တဲ့ဆေးဝါးတစ်ခုပါ။

  • အာရုံကြော ထိခိုက်ပျက်ယွင်းတဲ့ဝေဒနာတွေအတွက် အသုံးပြုနိုင်ပါတယ်

MDMAက ပါကင်ဆန်ရောဂါ၊ Schizophrenia တို့လိုမျိုး စိတ်ကစဉ့်ကလျားရောဂါ ဝေဒနာတွေကို သက်သာစေနိုင်ပါတယ်။

MDMA က ပါကင်ဆန်ရောဂါကြောင့်ဖြစ်တဲ့ လက်မောင်းနဲ့ ခြေထောက်ကြွက်သားတွေ လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တာလိုမျိုး ရောဂါလက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။ Schizophrenia စိတ်ကစဉ့်ကလျားရောဂါကြောင့်ဖြစ်တဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကိုလည်း သက်သာလျော့ပါးစေနိုင်စွမ်းရှိပါတယ်။

  • ရောင်ရမ်းမှုကို  လျော့ပါးသက်သာစေနိုင်စွမ်းရှိခြင်း

MDMA က ရောင်ရမ်းမှုကို သက်သာစေနိုင်စွမ်းရှိပါတယ်။ ဒီဆေးက သွေးဖြူဥတွေရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို ချပေးပြီး ရောင်ရမ်းမှုကို ဖြစ်စေနိုင်တဲ့c ytokine IL ပမာဏကို လျော့ကျစေနိုင်ပါတယ်။ ဒီနည်းနဲ့ အဆစ်အမြစ်တွေ နာကျင်ရောင်ရမ်းမှုကို လျော့ပါးသက်သာစေနိုင်စွမ်း ရှိပါတယ်။

ဆိုးကျိုးတွေကကော ဘာတွေလဲ

Ecstasy ကို လိုအပ်တဲ့ပမာဏထက် အလွန်အကျွံသုံးစွဲမယ်ဆိုရင် နှလုံး၊ ဦးနှောက်၊ အသည်း၊ ကျောက်ကပ်တို့ကို ထိခိုက်စေနိုင်ပါတယ်။ အခန့်မသင့်ရင် အသက်သေဆုံးတာမျိုးအထိတောင် ဖြစ်စေနိုင်ပါတယ်။ ဘယ်လိုဆိုးကျိုးတွေ ဖြစ်စေနိုင်လဲဆိုတာကို ဆက်ပြောပြပေးမယ်နော်။

  • စိတ်ဖိစီးစေတယ်၊ စိတ်ဓာတ်ကျစေနိုင်တာ
  • စိတ်မူမမှန်တာမျိုး ဖြစ်စေနိုင်တယ်
  • ကြွက်သားတွေ နာကျင်တာ
  • ခေါင်းကိုက်တာ
  • ချွေးအရမ်းထွက်တာ
  • ထုံကျဉ်တာ
  • ညီးစီစီဖြစ်တာ
  • ခံတွင်းခြောက်တာ
  • အော့အန်တာ
  • သွေးတိုးတာ
  • နှလုံးခုန်မြန်တာ
  • အာရုံကြောလုပ်ငန်းစဉ်တွေကို ထိခိုက်စေနိုင်တာ
  • ကတုန်ကယင်ဖြစ်တာ
  • အမြင်အာရုံတွေဝေဝါးတာ
  • မေးရိုး၊ မျက်နှာနဲ့ ပါးစပ်ကြွက်သားတွေတောင့်တင်းနေတာ
  • သတိလစ်တာ
  • လေဖြတ်တာ
  • ကိုမာဝင်တာ
  • သေဆုံးတာမျိုးတွေအထိ ဖြစ်စေနိုင်ပါတယ်။

ပါတီမှာ Ecstasy သုံးတဲ့အခါ

Ecstasyက ဆေးဝါးအနေနဲ့ အသုံးပြုလို့ရပေမယ့် အလွဲသုံးစားလုပ်တဲ့အခါ ကျန်းမာရေး ထိခိုက်လာပါတယ်။ အထူးသဖြင့် ပါတီနဲ့ ကလပ်တွေမှာ Ecstasy ရဲ့စိတ်ကြွစေတဲ့ အာနိသင်ကို အသုံးချပြီး ပျော်ဖို့ ပါးဖို့ သုံးကြပါတယ်။ သူ့ရဲ့ စိတ်ကြွစေတဲ့ အာနိသင်၊ ခံစားမှု ကောင်းစေတဲ့ အာနိသင်ကို အသုံးချပြီး ပါတီပွဲတွေမှာ ‘High’ ကြဖို့ သုံးကြပါတယ်။

Ecstasyက စွဲလမ်းတတ်တာမျိုးတော့ မဟုတ်ပေမယ့် အမြဲတမ်းသုံးတဲ့သူတွေမှာ သုံးတာရပ်လိုက်ရင် ယင်းထတာမျိုးတော့ ဖြစ်တတ်ပါတယ်။ စိတ်ကြွရုံနဲ့တော့ မသေဘူးဆိုပေမယ့် နှလုံးခုန်နှုန်းတွေ မြန်လာတာ၊ ကိုယ်အပူချိန် ရုတ်တရက် ထိုးတက်လာတာ၊ ထိန်းချုပ်နိုင်စွမ်းမဲ့ပြီး အန္တရာယ်များတဲ့ အပြုအမူတွေကို လုပ်တာကတော့ အသက်အန္တရာယ်ဖြစ်စေနိုင်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://selfhacked.com/blog/mdma-2/

https://drugabuse.com/library/ecstasy-abuse/

http://www.drugfreeworld.org/drugfacts/ecstasy/what-is-ecstasy.html

https://drugabuse.com/library/the-effects-of-ecstasy-use/

ယခုပုံစံ

04/08/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မူးယစ်ဆေး စသုံးဖြစ်အောင် ဘယ်လို အကြောင်းအရာတွေက လှုံ့ဆော်ပေးတာပါလိမ့် ။ ။

မူးယစ်ဆေးတွေ လူ့ခန္ဓာကိုယ်ထဲမှာ အချိန် ဘယ်လောက်ကြာကြာ ရှိနေနိုင်သလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Aye Thi Mon မှ ရေးသားသည်။ · 04/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement