backup og meta

စိတ်စွဲလွန်ခြင်းအတွက် ကုသမှုများ

Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


03/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိတ်စွဲလွန်ခြင်းအတွက် ကုသမှုများ

    စိတ်စွဲလွန်ခြင်းအတွက် ကုသမှုများ

    စိတ်စွဲလွန်ခြင်းဟာ တွေ့ရများပါတယ်။ ဒီရောဂါ ခံစားရသူဟာ အတွေးတွေကို မထိန်းချုပ်နိုင်ဘဲ ထပ်တလဲလဲတွေးမိခြင်း၊ အပြုမူတချို့ကို မလုပ်ဘဲမနေနိုင်အောင် လုပ်နေမိခြင်း စတာတွေကို ကြာမြင့်စွာ နာတာရှည်ရောဂါသဖွယ် ဖြစ်လာနိုင်ပါတယ်။

    ဆေးကုသခြင်း

    SRI အုပ်စုဝင်ဆေးများနဲ့ SSRI အုပ်စုဝင်ဆေးများကို စိတ်စွဲလွန်ပြသနာများအတွက် အသု့းပြုပါတယ်။ လူကြီးအတွက်ရော ကလေးအတွက်ပါဆိုရင် clomipramine ဆိုတဲ့ ဆေးဟာ အကျိုးသက်ရောက်မှု ရှိပါတယ်။ သူဟာ tricyclic အုပ်စုဝင် စိတ်ကျဆန့်ကျင်ဆေးဖြစ်ပါတယ်။ အောက်ပါဆေးများဟာ SSRI အုပ်စုဝင်ဆေးတွေ ဖြစ်ကြပါတယ်။

    · Fluoxetine

    · Fluvoxamine

    · Sertraline

    SRI ဆေးတွေရဲ့ နေ့စဉ် သုံးစွဲရတဲ့ပမာဏဟာ စိတ်ကျရောဂါအတွက် သုံးစွဲရတဲ့ ပမာဏထက် များပါတယ်။ အာနိသင်ပြဖို့ ၈ပတ်ကနေ ၁၂ပတ်အထိ ကြာတတ်ပါတယ်။ ဒါပေမယ့် လူနာအချို့ဟာ ပိုပြီး လျင်မြန်စွာ သက်သာကြပါတယ်။

    ဒီဆေးအမျိုးအစားများနဲ့ မသက်သာတဲ့ လူနာတချို့ဟာတော့ Risperidone လို စိတ်ပိုင်းဆိုင်ရာ ကုသဆေးတွေသု့းရင် တိုးတက်မှုရှိတယ်လို့ သုတေသီအချို့က ဆိုပါတယ်။

    ဆေးတချို့ကို သောက်သုံးနေပြီဆိုရင် အောက်ပါအချက်တွေမှာ သေချာဖို့ လိုပါတယ်။

    – သောက်နေတဲ့ဆေးတွေရဲ့ အကျိုးနဲ့အပြစ်ကို နားလည်ဖို့ ဆရာဝန်တွေ၊ ဆေးဝါးကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးဖို့ လိုပါတယ်။

    – ဆရာဝန်နဲ့ မတိုင်ပင်ဘဲ သောက်နေတဲ့ ဆေးတွေကို ရပ်ပစ်တာ မလုပ်ရပါဘူး။ သောက်ဆေးများကို ရုတ်တရက် ရပ်တန့်ပစ်ခြင်းဟာ ရောဂါလက္ခဏာတွေကို ပြန်ပေါ်လာစေတတ်ပြီး တခါတရံမှာ စိတ်စွဲလွန်ခြင်း လက္ခဏာတွေ ပိုဆိုးလာတတ်ပါတယ်။ ပိုပြီး အန္တရာယ်ရှိတဲ့ ဆေးဖြတ်လိုက်ခြင်းရဲ့ နောက်ဆက်တွဲပြသနာတွေ ပေါ်လာနိုင်ပါတယ်။

    – ဘေးထွက်ဆိုးကျိုးတွေနဲ့ ပတ်သက်ပြီး စိတ်ပူပန်မှုရှိတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ဆေးပမာဏပြောင်းလဲဖို့၊ ဆေးပြောင်းသောက်ဖို့ လိုနိုင်ပါတယ်။

    ဆေးကုသရေးမှာ ထည့်သွင်းစဉ်းစားရန်အချက်များ

    · အပျက်သဘောဆောင်တဲ့ မှတ်ချက်များ၊ ဝေဖန်မှုများဟာ စိတ်စွဲလွန်ခြင်းကို ပိုဆိုးစေပါတယ်။။ အေးဆေးသက်သာပြီး အကူအညီပေးတတ်တဲ့ ပတ်ဝန်းကျင်ဟာ ရောဂါသက်သာပျောက်ကင်းစေပါတယ်။ ဝေဒနာရှင်ရဲ့ အရည်အသေါးကို အသိအမှတ်ပြုပြီး ပုဂ္ဂိုလ်ရေးဝေဖန်မှုတွေ ရှောင်ပေးသင့်ပါတယ်။

    · စိတ်စွဲလွန်သူကို ဆူပူကြိမ်းမောင်းခြင်း မလုပ်ပါနဲ့။ သူတို့အပြုအမူတွေကို အတင်းအကျပ် ဟန့်တားခြင်းဟာ သူတို့အနေနဲ့ မလိုက်နာနိုင်တဲ့အပြင် ပိုပြီး ဖိအားဖြစ်ကာ စိတ်ဖိစီးစေပါတယ်။ စိတ်စွဲလွန်ပြသနာတွေဟာ အကျင့်စာရိတ္တချို့ယွင်းမှု မဟုတ်တာကို သတိရပေးပါ။

    · လူနာအပေါ် တတ်နိုင်သလောက် ကြာင်နာစွာ ဆက်ဆံပါ။ လူနာများဟာ သူတို့ပြသနာတွေကနေ သက်သာပျောက်ကင်းဖို့၊ စိတ်စွဲလွန်ခြင်း ဝေဒနာကို တွန်းလှန်နိုင်ဖို့ သူတို့ရဲ့ဘဝအပေါ် အာရုံစိုက်ပြီး အပြုသဘော ဆက်ဆံရပါမယ်။

    · စိတ်စွဲလွန်ဝေဒနာရှင်များရဲ့ အပြုအမူများကို အားပေးခြင်း မလုပ်ပါနဲ့။ သူတို့ရဲ့ အပြုအမူများကို လက်ခံကူညီခြင်းဟာ အပြုအမူတွေကို ပိုဆိုးလာစေပါတယ်။ လူပုဂ္ဂိုလ်ကိုပဲ ကူညီပြီး အပြုအမူတွေကို လက်ခံဖို့ မဟုတ်ပါဘူး။

    · စိတ်စွဲလွန်ခြင်းကို ဖြေရှင်းဖို့ မိသားစုတွင်း နားလည်မှုတည်ဆောက်ထားပါ။ မိသားစုအတွင်း ဆွေးနွေးပြီး ဒီပြသနာကို ဘယ်လိုရင်ဆိုင်မယ်ဆိုတာ ပြင်ဆင်ပါ။ တတ်နိုင်သလောက် ပုံမှန်မိသားစု အခြေအနေကို ထိန်းသိမ်းခြင်းဟာ ဖိစီးမှုနည်းတဲ့ ပတ်ဝန်းကျင်ကို ဖြစ်ပေါ်စေပါတယ်။

    · အပြုသဘောဆက်ဆံပါ၊ တိုက်ရိုက် ၇ှင်းလင်းစွာ ပြောဆိုပါ။ ပြောဆိုဆက်ဆံခြင်းဟာ သင်ချစ်ခင်ရသူကို စိတ်စွဲလွန်ခြင်းကို ရင်ဆိုင်နိုင်ဖို့နဲ့ နောက်ထပ်ဖိအားတွေ မဖြစ်စေဖို့ ဟန်ချက်ညီအောင် ထိန်းသိမ်းပေးနိုင်ပါတယ်။

    · ဟာသအမြင်ရှိပါ။ တချို့စိတ်စွဲလွန် ပြသနာတွေမှာ ဟာသဓါတ်ခံနဲ့ ထိတွေ့ဆက်ဆံခြင်းဟာ ဝေဒနာတွေကို အတန်အသင့် လျော့ပါးစေနိုင်ပါတယ်။ ဝေဒနာရှင်ကို ပျော်ရွှင်စေဖို့ ရည်ရာယ်ခြင်း ဖြစ်ပါတယ်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Dr. Thant Zin

    အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


    03/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement