တစ်ခုခုကို စွဲလမ်း တတ်တဲ့ သူတွေက မကောင်းမှန်း သိပေမယ့်လည်း ဖြတ်ဖို့ ရပ်ဖို့ ခက်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီစွဲလမ်းမှုရဲ့ နောက်ကွယ်မှာ သူတို့ကို မရပ်နိုင်လောက်အောင် ဆွဲဆောင်နိုင်လောက်တဲ့ အရာတစ်ခုခု ရှိနေလို့ပါ။ ဒါကြောင့် ဆက်လုပ်ရင် ကိုယ့်အတွက် မကောင်းဘူးဆိုတာ သိပေမယ့် ရပ်တန့်မရဘဲ စွဲလမ်းနေတာပါ။ စွဲလမ်းစိတ်တွေထဲမှာ ရုပ်ဝတ္ထုတစ်ခုခု (ဥပမာ အရက်)ကို စွဲလမ်းတာရှိသလို အပြုအမူတစ်ခုခု (ဥပမာ လောင်းကစား)ကို စွဲလမ်းတာမျိုးလည်း ရှိပါတယ်။