စွဲလမ်းမှုပြဿနာများ

စွဲလမ်းမှုပြဿနာက ကိုယ့်မှာရှိလို့ ရှိမှန်း မသိဘဲတောင် ရှိနေနိုင်တဲ့ အရာတစ်မျိုးပါ။ ဒီစွဲလမ်းမှုပြဿနာတွေနဲ့ ပတ်သက်ပြီး သင်ဘာတွေ သိထားသင့်သလဲ။ သူများနဲ့မတူဘဲ ဘာတွေကို စွဲလမ်းနေပြီလဲ။ စိတ်စွဲလမ်းမှုတွေကို ဘယ်လိုသက်သာအောင် လုပ်ကြမလဲ။

ကျန်းမာရေးဗဟုသုတ

စွဲလမ်းမှုပြဿနာများ

ပါတီနဲ့ ကလပ်တွေမှာ ဘယ်လိုဆေးဝါးတွေ သုံးလေ့ရှိကြသလဲ။

TGIF လိုမျိုးညတွေ၊ ပိတ်ရက်တွေဆို ပါတီနဲ့ ကလပ်တွေမှာ လူငယ်လူရွယ်တွေနဲ့ ပြည့်လာပါပြီ။ တစ်ပတ်လုံးလုံး ပင်ပန်းခဲ့သမျှကို အပန်းဖြေကြမယ်၊ ပျော်ကြပါးကြ၊ စားကြသောက်ကြမယ်ဆိုပြီး လူစုကြပါပြီ။ သာမန်ပျော်ပွဲရွှင်ပွဲတွေနဲ့ မတူတာက ပါတီတို့ ကလပ်တို့မှာက အရက်တို့၊ ဆေးလိပ်တို့နဲ့တင် မပြီးပါဘူး။ ဆေးလေးတွေ ဝါးလေးတွေ ပါလာကြပါပြီ။ ဆေးသုံးဖို့ ပါတီလုပ်ကြသလားထင်ရလောက်အောင်ကို ပါတီနဲ့ ဆေးနဲ့က ခွဲမရဖြစ်လာပါပြီ။ မီးကုန်ယမ်းကုန် ပျော်နိုင်ပါးနိုင်အောင်၊ စိတ်ခံစားချက်ကောင်းအောင် ဆေးဝါးအမျိုးမျိုးကို သုံးလာကြတာကို တွေ့ရပါတယ်။ ပါတီနဲ့ ကလပ်တွေမှာ အသုံးများတဲ့ ဆေးဝါးတွေက ကိုယ်ဖြစ်ချင်တဲ့ ခံစားချက်ပေါ် မူတည်ပြီး ကိုယ်သုံးချင်တဲ့ ဆေးဝါးတွေ သုံးစွဲကြပါတယ်။ Highနေချင်တာလား။ ငြိမ့်နေချင်တာလား။ ပြုံးရွှင်ရယ်မောချင်နေတာလား။ တက်ကြွချင်နေတာလား စသဖြင့်ပေါ့။ ပါတီနဲ့ ကလပ်တွေမှာ အသုံးများတဲ့ ဆေးဝါးတွေကတော့ ငြိမ့်ငြိမ့်လေးနဲ့ ကျနေဖို့အတွက် GHBတို့၊ marijuana ဝိတို့ တက်ကြွနေစေဖို့ […]

စွဲလမ်းမှုပြဿနာများ ကို ရှာဖွေမည်။

စွဲလမ်းမှုပြဿနာများ

ဆေးရွက်ကြီးသောက်သုံးမှုရဲ့စွဲလမ်းစေတဲ့ပုံစံများ

ဆေးလိပ်စွဲမှုက အခုခေတ်ခါမှာတော်တော် လေးခေတ်စားလာပါတယ်။ လူငယ်တွေအကြား မှာပိုခေတ်စားလာပါတယ်။ အခုခေတ်မှာ တီထွင်လိုက်တဲ့ဆေးလိပ် အစားထိုးနည်းလမ်းတွေက စီးကရက်ထက်ပိုပြီးသဘာဝဆန်ပြီး ဘေးကင်းတယ်လို့ ယူဆနေကြပေမယ့် တကယ်တော့မဟုတ်ပါဘူး။ Waterpipes smoking (ဆေးရွက်ကြီးကို အပူပေးအငွေ့ရှူသော နည်းလမ်း) Hookahs၊ narghiles၊ shishas ဒါမှမဟုတ် gozas လို့သိကြတဲ့ Waterpipes ဟာ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်နဲ့အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာ တွေ့ရများပါတယ်။ ကမ္ဘာတလွှားက လူငယ်တွေအကြားမှာ ပိုပြီးလူသိများပါတယ်။ Waterpipes ကိုဆေးရွက်ကြီးသုံးစွဲမှုဆိုင်ရာ ပုံစံအသစ်တစ်ရပ်အနေနဲ့ သတ်မှတ်ယူဆနေကြတာဖြစ်ပါတယ်။ Waterpipes မှာအသုံးပြုထားတဲ့ ဆေးရွက်ကြီးကို ပျားရည်လိုမျိုး ချိုတဲ့အရာတွေနဲ့ ရောစပ်ထားပါတယ်။ ဆေးရွက်ကြီးကို Waterpipes ရဲ့ခွက်ထဲကိုထည့်ပြီးအပူပေးတာက နေထွက်လာတဲ့အငွေ့ကို ရှုရှိုက်သွင်းတာဖြစ်ပါတယ်။ Waterpipe အငွေ့ရှူရှိုက်နည်း က လူမှုအလေ့အထ တစ်ရပ်လိုတောင်ဖြစ်နေပါတယ်။ ကော်ဖီဆိုင် တွေ၊ဘားတွေမှာ သူငယ်ချင်းတွေစုပြီး Waterpipe smoking လုပ်လေ့ရှိကြပါတယ်။ […]


စွဲလမ်းမှုပြဿနာများ

Alcohol Addiction (အရက်စွဲခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Alcohol Addiction (အရက်စွဲခြင်း) ကဘာလဲ။ အရက်စွဲခြင်းဆိုသည်မှာ အရက်ကို ရေရှည် သောက်သုံးရာမှဖြစ်ပွားလာတဲ့ ရှုပ်ထွေးတဲ့ ရောဂါစုဆိုလည်းမမှားပါဘူး။ ချက်ချင်း ရပ်လိုက်မယ်ဆိုရင်တောင် အရက်စွဲနေတဲ့လူနာကို မသက်မသာခံစားရစေပါတယ်။ အရက်စွဲတယ်ဆိုတာ စိတ်ကြောင့်စွဲတာနဲ့ ခန္ဓါကိုယ်က စွဲနေတာဆိုပြီးရှိပါတယ်။ ဒါကြောင့် အရက်စွဲသူတွေဟာ အရက်က သူတို့ရဲ့ ခန္ဓါကိုယ်နဲ့ စိတ်ကိုပျက်စီးစေရင်တောင်မှ မရပ်တန့်နိုင်ဘဲ ဆက်သောက်နေကြတာပါ။ လက္ခဏာများAlcohol Addiction (အရက်စွဲခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အရက်စွဲသူတွေဟာ ရုပ်ပိုင်း၊ စိတ်ပိုင်း နဲ့ အပြုအမှုပိုင်းဆိုင်ရာ လက္ခဏာတွေရှိကြပါတယ်။ အရက်စွဲနေသူတွေကတော့ ဒီလက္ခဏာတွေ မခံစားရဘူးလို့ ငြင်းကောင်းငြင်းကြပါလိမ့်မယ်။ အပြုအမူပိုင်းဆိုင်ရာလက္ခဏာများ ဒီအရာတွေကတော့ သင့်သောက်သုံးမှုကို မထိန်းချုပ်နိုင်ခြင်း၊ မေ့တတ်ခြင်း၊ သင်နဲ့အခြားသူတွေကို ရန်လိုခြင်း တိြု့ဖစ်ပါတယ်။ အရက်စွဲသူဟာ သူတို့မူးနေချိန်မှာ ဘာမှမမှတ်မိတတ်ကြပါဘူး။ ရုပ်ပိုင်းဆိုင်ရာလက္ခဏာများ ဒီအပိုင်းကတော့ ရေရှည်သောက်သုံးမှုနဲ့ ဆက်စပ်ပါတယ်။ လက်တုန်ခြင်း၊ ခေါင်းမူးခြင်း၊ ဗိုက်နာခြင်း၊ ဝမ်းလျောခြင်း၊ ချွေးထွက်ခြင်း၊ […]


စွဲလမ်းမှုပြဿနာများ

လိင်စိတ်စွဲလမ်းခြင်း - ဖြစ်ပွားမှု အကြောင်းအရင်းများနှင့် ကုသမှု

လိင်စိတ်စွဲလမ်းခြင်း ဆိုတာ ဘာလဲ လူတစ်ယောက်ဟာ များပြားလှတဲ့ လိင်မှုဆိုင်ရာ အပြုအမူများကို ခဏခဏ ပြုလုပ်နေတဲ့ အခြေအနေမျိုးကို ခေါ်တာဖြစ်ပါတယ်။ လိင်စိတ်စွဲလမ်းခြင်း က ဘဝရဲ့ အစိတ်အပိုင်းတော်တော်များများအပေါ်  အနှုတ်လက္ခဏာဆောင်တဲ့ သက်ရောက်မှုတွေ ရှိပါတယ်။ လိင်စိတ်စွဲလမ်းခြင်း ရဲ့ သက်ရောက်မှုများ လိင်စိတ်စွဲလမ်းခြင်း က လူတစ်ယောက်ရဲ့ ဘဝအပေါ် ဆိုးရွားတဲ့ သက်ရောက်မှုတွေ ထင်ထင်ရှားရှားပဲ ရှိနေပါတယ်။ သူငယ်ချင်း၊ မိသားစု စတဲ့ အပေါင်းအဖော်တွေနဲ့ ရင်းနှီးမှုအတိုင်းအတာ လျော့နည်းလာမယ် အလုပ်နဲ့ ပညာသင်ကြားမှုမှာ အာရုံစူးစိုက်မှု လျော့လာပြီး စွမ်းဆောင်ရည် ကျလာမယ် HIV ပိုး၊ ရေယုန်၊ ကြွက်နို့၊စတဲ့ လိင်ကတစ်ဆင့် ကူးစက်တဲ့ ရောဂါပိုးတွေလည်း ကူးစက်ခံရနိုင်တယ် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွေ ထိခိုက်လာမယ် အလွန်အကျွံ ဖြစ်နေတာမို့ လိင်မှုကိစ္စတွေမှာလည်း စွမ်းဆောင်နိုင်စွမ်း မရှိတော့တာတွေ ဖြစ်လာနိုင်ပါတယ် အဲဒါအပြင် […]


စွဲလမ်းမှုပြဿနာများ

လိင်မှုဆိုင်ရာ ဆွဲဆောင်မှုနှင့် တိမ်းညွတ်မှု

လိင်မှုဆိုင်ရာဆွဲဆောင်မှုနှင့် တိမ်းညွတ်မှု လူတွေဟာကလေးဘဝကို ဖြတ်သန်းပြီးဆယ်ကျော်သက်ဘဝနဲ့ နောက်ပိုင်း ဖြစ်လာခဲ့အခါ သူတို့ရဲ့ ကိုယ်ခန္ဓါတွေဟာလည်းပြောင်းလဲတိုးတက်လာပါတယ်။ သူတို့ရဲ့ စိတ်ခံစားမှုတွေဟာလည်းဒီအတိုင်းပါပဲ။ ဆယ်ကျော်သက်အရွယ်ဆိုတာပြောင်းလဲတတ်တဲ့ အရွယ်ပါပဲ။ ဆယ်ကျော်သက်အရွယ်မှာပျိုဖော်ဝင်ချိန်ရဲ့ ဟော်မုန်းတွေ ခန္ဓါကိုယ်အပြောင်းအလွဲတွေဟာလိင်ပိုင်းဆိုင်ရာခံစားမှုတွေကို နှိုးဆွစေနိုင်ပါတယ်။ ဆန်းသစ်တဲ့ လိင်ပိုင်းဆိုင်ရာခံစားမှုတွေကိုတွေးတောတာ၊ တစ်ခါတစ်ရံစိတ်ပူပန်တာဟာအဖြစ်များတဲ့ အချက်တစ်ခုဖြစ်ပါတယ်။ ကိုယ်ဘယ်လိုလူလဲ၊ ဘာဖြစ်လာမှာဆိုတာနားလည်ဖို့အတွက် အချိန်ကြာတတ်ကြပါတယ်။ ကိုယ့်ရဲ့ ဆန်းသစ်တဲ့ လိင်မှုဆိုင်ရာခံစားချက်တွေကိုနဲ့ ကိုယ်ဘယ်သူ့ကို ကြိုက်နှစ်သက်လဲဆိုတာသေချာနားလည်ဖို့ဟာလည်းအထက်ဖေါ်ပြပါ အချက်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ လိင်မှုဆိုင်ရာတိမ်းညွတ်မှုဆိုတာဘာလဲ။ လိင်မှုဆိုင်ရာတိမ်းညွတ်မှုဆိုတာအခြားသူတစ်ယောက်ထံစိတ်ခံစားမှုဆိုင်ရာ၊ စိတ်ကူးယဉ်ဆန်မှုဆိုင်ရာနဲ့လိင်ပိုင်းဆိုင်ရာဆွဲဆောင်ခြင်းခံရမှုကိုဆိုလိုပါတယ်။ လိင်ပိုင်းဆိုင်ရာတိမ်းညွတ်မှု အများအပြားရှိပါတယ်။ ဥပမာ လိင်မတူကာမဆက်ဆံမှုကို နှစ်သက်သောအမျိုးအစား - ကိုယ်နဲ့ လိင်မတူသူကိုစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာ ကြိုက်နှစ်သက်တာဖြစ်ပါတယ်။ ယောက်ျားလေးတွေဟာမိန်းကလေးတွေကို ကြိုက်နှစ်သက်တာမျိုးဖြစ်ပြီးမိန်းကလေးတွေဟာယောက်ျားလေးတွေကို နှစ်သက်တာမျိုးဖြစ်ပါတယ်။ သူတို့ကို “straight” လို့ ခေါ်ဆိုကြပါတယ်။ လိင်တူကာမဆက်ဆံမှုကို ကြိုက်နှစ်သက်သူ - လိင်တူကိုစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာ ကြိုက်နှစ်သက်တာဖြစ်ပါတယ်။ မိန်းကလေးတွေဟာတစ်ခြားမိန်းကလေးကို ကြိုက်နှစ်သက်ခြင်းကိုယောက်ကလျာ (lesbian) လို့ သတ်မှတ်ပြီးယောက်ျားအချင်းချင်း ကြိုက်နှစ်သက်တာကိုတော့ ဂေးလို့ […]


စွဲလမ်းမှုပြဿနာများ

ဆေးစွဲအတွေးတွေ မတွေးမိစေဖို့

“ဒီညနေတော့ တစ်လိပ်ပဲသောက်လိုက်မယ်။ မနက်ဖန်ကျမှဆေးလိပ်ဖြတ်တော့မယ်” လို့ တော်တော်များများက ပြောတတ်ကြတယ်။ ဒါပေမယ့် လက္ခဏာမပြသေးသရွေ့တော့ ဘာတွေဖြစ်နေလဲဆိုတာ သူတို့မသိကြပါဘူး။ ဒီလိုမျိုးကို ရင်းနှီးသလိုဖြစ်နေသလားလို့ မေးစရာရှိပါ တယ်။ စီးကရက်တစ်လိပ်လောက်လေး သောက်နိုင် မယ့်အရေး သင့်ကိုယ်သင် နှစ်သိမ့်ဖို့ကြိုးစာတာမျိုး။ နီကိုတင်းစွဲလမ်းမှုကနေ ပြန်လည်ထူထောင်လာဖို့ ကြိုးစားချိန်မှာ ဖြစ်တတ်တဲ့ပုံမှန်ပြဿနာတစ်ခုပါ။ သင်ဝေခွဲရခက်နေချိန်မှာ သင့်အတွေးထဲမှာသန္နိဌာန် တစ်ခုချနိုင်စေမှာပါ။ ဒါပေမယ့် သင်က မနက်ဖြန် အတွက်တွေးမပူသလို နောက်ဘယ်တော့မှ ဆေးလိပ် မသောက်တော့ဖို့ကိုလည်း စိုးရိမ်မနေပါဘူး။ ဆေးစွဲအတွေးဆိုတာဆေးလိပ်သောက်ခြင်းကို လက်ရှိအချိန်မှာ လုပ်သင့်တဲ့အရာတစ်ခုဖြစ်အောင် ဘယ်လိုလုပ်ရမလဲလို့ ရှာကြံတွေးနေခြင်းဖြစ်ပါတယ်။ ဒါဟာ စွဲလမ်းမှုတစ်မျိုးပါ။ တစ်သက်လုံး ဆေးလိပ်သောက်မှာဖြစ်ပြီး ဘယ်တော့မှ ဆေးလိပ်မဖြတ်တော့ဘူးလို့ ခံစားမိလာနိုင်ပါတယ်။ ဒါပေမယ့် ဒီအတွေးတွေရဲ့အရူးလုပ်မခံပါနဲ့။ မကောင်းတဲ့အတွေးတွေကို လျစ်လျူရှုပြီး ကြိုးစားကြည့်လို့ရနိုင်ပါတယ်။ အောက်ပါအချက်တွေ ကတဆင့် ဆေးလိပ်ဖြတ်ခြင်းအတွက် ခိုင်မာတဲ့စိတ် ပိုင်းဖြတ်မှုကို တည်ဆောက်နိုင်ပါလိမ့်မယ်။ အဲဒီနောက်မှာတော့ […]


စွဲလမ်းမှုပြဿနာများ

Delirium Tremens (အရက်ဖြတ်ရာမှဖြစ်လာသည့် စိတ်ရှုပ်ထွေးမှု)

အဓိပ္ပါယ်ဖွင့်ဆိုချက်Delirium Tremens (အရက်ဖြတ်ရာမှဖြစ်လာသည့် စိတ်ရှုပ်ထွေးမှု) ကဘာလဲ။ Delirium tremens ဆိုသည်မှာ အရက်အလွန်သောက်သူများ အရက်ဖြတ်လိုက်သောအခါ ဖြစ်ပေါ်လာသော ရုတ်တရက် စိတ်ရှုပ်ထွေးခြင်း တစ်မျိုး ဖြစ်ပါသည်။ စိတ်ရှုပ်ထွေးရာတွင် ထင်ယောင်ထင်မှားဖြစ်ခြင်း၊ စိတ်ခံစားမှုများ ပြောင်းလဲခြင်း၊ မျက်စိလည်ခြင်း နှင့် ရန်လိုသော သောင်းကျန်းသော အပြုအမှုများ ပါဝင်ပါသည်။ Delirium tremens (DT) သည် အရက်ဖြတ်ခြင်းကြောင့် ဖြစ်သော ဆိုးရွားသော ရောဂါတစ်မျိုး ဖြစ်ပါသည်။ Delirium Tremens (အရက်ဖြတ်ရာမှဖြစ်လာသည့် စိတ်ရှုပ်ထွေးမှု) က ဘယ်လောက်အဖြစ်များသလဲ အရက်ကြောင့်ဖြစ်သော Delirium tremens သည် အရက်ဖြတ်ရောဂါနှင့် ဂနာမငြိမ်ဖြစ်မှု မှတ်တမ်းများ ရှိသော အချိန်အကြာကြီး အရက်အလွန်အကျွံသောက်သောသူများတွင် ဖြစ်ပွားပါသည်။ အန ္တရာယ်ရှိသော အချက်များကို လျော့ချခြင်းဖြင့် ရောဂါကို ထိန်းချုပ်နိုင်ပါသည်။ ပိုမိုသော အချက်အလက်များအတွက် […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)