စွဲလမ်းမှုပြဿနာများ

စွဲလမ်းမှုပြဿနာက ကိုယ့်မှာရှိလို့ ရှိမှန်း မသိဘဲတောင် ရှိနေနိုင်တဲ့ အရာတစ်မျိုးပါ။ ဒီစွဲလမ်းမှုပြဿနာတွေနဲ့ ပတ်သက်ပြီး သင်ဘာတွေ သိထားသင့်သလဲ။ သူများနဲ့မတူဘဲ ဘာတွေကို စွဲလမ်းနေပြီလဲ။ စိတ်စွဲလမ်းမှုတွေကို ဘယ်လိုသက်သာအောင် လုပ်ကြမလဲ။

ကျန်းမာရေးဗဟုသုတ

စွဲလမ်းမှုပြဿနာများ

ပါတီနဲ့ ကလပ်တွေမှာ ဘယ်လိုဆေးဝါးတွေ သုံးလေ့ရှိကြသလဲ။

TGIF လိုမျိုးညတွေ၊ ပိတ်ရက်တွေဆို ပါတီနဲ့ ကလပ်တွေမှာ လူငယ်လူရွယ်တွေနဲ့ ပြည့်လာပါပြီ။ တစ်ပတ်လုံးလုံး ပင်ပန်းခဲ့သမျှကို အပန်းဖြေကြမယ်၊ ပျော်ကြပါးကြ၊ စားကြသောက်ကြမယ်ဆိုပြီး လူစုကြပါပြီ။ သာမန်ပျော်ပွဲရွှင်ပွဲတွေနဲ့ မတူတာက ပါတီတို့ ကလပ်တို့မှာက အရက်တို့၊ ဆေးလိပ်တို့နဲ့တင် မပြီးပါဘူး။ ဆေးလေးတွေ ဝါးလေးတွေ ပါလာကြပါပြီ။ ဆေးသုံးဖို့ ပါတီလုပ်ကြသလားထင်ရလောက်အောင်ကို ပါတီနဲ့ ဆေးနဲ့က ခွဲမရဖြစ်လာပါပြီ။ မီးကုန်ယမ်းကုန် ပျော်နိုင်ပါးနိုင်အောင်၊ စိတ်ခံစားချက်ကောင်းအောင် ဆေးဝါးအမျိုးမျိုးကို သုံးလာကြတာကို တွေ့ရပါတယ်။ ပါတီနဲ့ ကလပ်တွေမှာ အသုံးများတဲ့ ဆေးဝါးတွေက ကိုယ်ဖြစ်ချင်တဲ့ ခံစားချက်ပေါ် မူတည်ပြီး ကိုယ်သုံးချင်တဲ့ ဆေးဝါးတွေ သုံးစွဲကြပါတယ်။ Highနေချင်တာလား။ ငြိမ့်နေချင်တာလား။ ပြုံးရွှင်ရယ်မောချင်နေတာလား။ တက်ကြွချင်နေတာလား စသဖြင့်ပေါ့။ ပါတီနဲ့ ကလပ်တွေမှာ အသုံးများတဲ့ ဆေးဝါးတွေကတော့ ငြိမ့်ငြိမ့်လေးနဲ့ ကျနေဖို့အတွက် GHBတို့၊ marijuana ဝိတို့ တက်ကြွနေစေဖို့ […]

စွဲလမ်းမှုပြဿနာများ ကို ရှာဖွေမည်။

စွဲလမ်းမှုပြဿနာများ

ကော်ဖီစွဲလမ်းမှု ကို ဘယ်လိုဖျောက်မလဲ

မိုးအေးအေးလေးမှာ ကော်ဖီလေးသောက်လိုက်ရတာကတော်တော်လေးအရသာရှိတယ်နော်။ မနက်ခင်းမှာ ကော်ဖီမွှေးမွှေးလေးတစ်ခွက် သောက်လိုက်ရရင်ကို တစ်နေ့လုံးတက်တက်ကြွကြွ အလုပ်လုပ်နိုင်တယ်။ မနက်ခင်းကော်ဖီမသောက်ရရင် စိတ်တိုလာတယ်၊ ခေါင်းကိုက်လာတယ်ဆိုတာမျိုးတွေ ဖြစ်နေပြီလား။ ဒါဆိုရင်တော့ သင်ဟာကော်ဖီကို လိုတာထက်ပိုပြီး စွဲလမ်းနေပါပြီ။ ဒါက ကော်ဖီစွဲလမ်းမှု က ကြီးကြီးမားမား ကိစ္စမဟုတ်ပေမယ့် ကျန်းမာရေးကို ထိခိုက်လာနိုင်တဲ့ အခြေအနေဆိုရင်တော့ မွေးမထားတာကတော့ အကောင်းဆုံးဖြစ်မှာပါ။ ကော်ဖီက စွဲလမ်းစေတတ်လား............. ကော်ဖီမှာပါတဲ့ ကဖင်းက စွဲလမ်းစေတတ်ပါတယ်။ တက်ကြွလန်းဆန်းစေနိုင်တဲ့ အာနိသင်ရှိတာကြောင့် မနက်ခင်းမှာ ကော်ဖီလေးသောက်တတ်ကြသလိုနေ့ခင်းနေ့လယ် ပျင်းတဲ့အခါမျိုး၊ အိပ်ငိုက်တဲ့အခါမျိုးမှာလည်း စိတ်လန်းသွားအောင်ဆိုပြီး ကော်ဖီကို သောက်တတ်ကြပါတယ်။ တစ်ရက်နှစ်ရက်က ပြဿနာမရှိပေမယ့် တစ်ပတ်ကနေ နှစ်ပတ်၊ နှစ်ပတ်ကနေ ၁ လလောက်ကြာလာတဲ့အခါ ကော်ဖီကို အချိန်ကျရင် မသောက်ရမနေနိုင် ဖြစ်လာပါတယ်။ ဒီအခြေအနေကကော်ဖီစွဲလမ်းတဲ့အခြေအနေပါ။ ကော်ဖီစွဲလမ်းမှု ကို ဘယ်လိုဖြေရှင်းမလဲ............ ကော်ဖီကို စွဲနေတာကို ချက်ချင်းဖြတ်ဖို့က ခက်ပါတယ်။ ဖြည်းဖြည်းချင်းပဲ […]


စွဲလမ်းမှုပြဿနာများ

သင့်မှာ အလုပ်အပေါ် စွဲလမ်းလွန်တဲ့ စိတ်ရောဂါရှိနေပြီလား

နိုင်ငံတော်တော်များများမှာ သတ်မှတ်ထားတဲ့ လူတစ်ယောက်ရဲ့ အလုပ်လုပ်ချိန်ဟာ တစ်ပတ်ကို နာရီ ၄၀ ကနေ ၄၅ နာရီ ဖြစ်ပြီး တနင်္လာကနေ သောကြာနေ့အထိ ၅ရက်တိတိ တစ်ရက်ကို ၈-၉ နာရီအထိ အပြည့်အ၀ အလုပ်လုပ်မယ်။ ကျန်တဲ့ အချိန်တွေမှာ အနားယူပြီး ကိုယ့်မိသားစု၊ ပတ်ဝန်းကျင်၊ လူမှုရေးကိစ္စတွေနဲ့ အချိန်ကုန်ဆုံးတတ်ကြပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ရုံးက ကိစ္စတွေကို အိမ်ကို သယ်လာတာ၊ ပိတ်ရက်မှာတောင် ရုံးကအလုပ်တွေကို တွေးနေမိတာတွေ ရှိတတ်ပါတယ်။ ဒါဆိုရင် သင့်မှာ အလုပ်အပေါ် စွဲလမ်းလွန်တဲ့ စိတ်ရောဂါရှိနေပြီလား ။ သင့်မှာ အလုပ်အပေါ် စွဲလမ်းလွန်တဲ့ စိတ်ရောဂါရှိနေပြီလား အပေါ်မှာ ပြောခဲ့တာထက် နေ့မနား၊ ညမနား အလုပ်လုပ်မယ်။ ရုံးမှာလည်း အလုပ်တွေ အချိန်ပြည့်လုပ်မယ်။ အိမ်ကိုပါ အလုပ်တွေ သယ်လာပြီး […]


စွဲလမ်းမှုပြဿနာများ

မိုဘိုင်းလ်ဖုန်း စွဲလမ်းလွန်တဲ့ စိတ်ရောဂါ သင့်မှာ ရှိနေပြီလား

ဒီဘက်ခေတ်ကြီးထဲမှာ မိုဘိုင်းလ်ဖုန်းကို လူတိုင်းနီးပါး အသုံးပြုနေကြပါပြီ။ ဆက်သွယ်ဖို့၊ စကားပြောဆိုဖို့၊ ကိုယ်သိချင်တဲ့ အကြောင်းအရာတွေအတွက် အဖြေရှာဖို့၊ မိတ်ဆွေအသစ်တွေ ရှာဖွေဖို့ အရင်ကလို အချိန်ကုန်၊ လူပင်ပန်းခံစရာ မလိုပဲ အင်တာနက်ဖွင့်လိုက်ရုံနဲ့ အလွယ်တကူ လုပ်လို့ရနေပါပြီ။ ဒါဟာ မကောင်းတဲ့ ကိစ္စတော့ မဟုတ်ပေမယ့် တချို့လူတွေအတွက်တော့ လိုတာထက် ပိုပြီး စွဲလမ်းသွားတဲ့အခါ စိတ်ရောဂါအခြေအနေအပြင် ကျန်းမာရေးနဲ့ နေ့စဉ်ဘဝကိုပါ ထိခိုက်လာနိုင်ပါတယ်။ ကျား၊ မ မရွေး၊ လူငယ်တွေမှာ တွေ့ရတတ်တဲ့ ပြဿနာတစ်မျိုး ဖြစ်ပြီး ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်ပဲ ကြာလာတဲ့အခါ ကိုယ့်ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကိုပါ ထိခိုက်စေပါတယ်။ ပြင်းထန်တဲ့ စိတ်ရောဂါအခြေအနေမျိုး တစ်ခုမဟုတ်တာကြောင့် ဒီလို မိုဘိုင်းလ်ဖုန်း စွဲလမ်းတဲ့ စိတ်ရောဂါကို ကိုယ်တိုင်ဖြစ်စေ၊ နားလည်တတ်ကျွမ်းတဲ့ ပညာရှင်နဲ့ ဖြစ်စေ တိုင်ပင်ဆွေးနွေးပြီး ကုသပျောက်ကင်းနိုင်ပါတယ်။ မိုဘိုင်းလ်ဖုန်း […]


စွဲလမ်းမှုပြဿနာများ

ချစ်ခြင်းမေတ္တာ လား အစွဲအလမ်းကြီးတဲ့ စိတ်ရောဂါလား

လူရယ်လို့ ဖြစ်လာပြီဆိုရင် အသက်အရွယ်မရွေး ချစ်ခြင်းမေတ္တာ နဲ့ ကြုံတွေ့လာရမှာပါ။ ကလေးဘဝမှာ မိဘနဲ့ သားသမီးကြားက ချစ်ခြင်းမေတ္တာ၊ အရွယ်ရောက်လာတဲ့အခါမှာ သူစိမ်းတစ်ယောက်ပေါ်မှာ ထားရှိတဲ့ ချစ်ခြင်းမေတ္တာ၊ ကိုယ့်ရဲ့ အိမ်မှာ မွေးထားတဲ့ တိရစ္ဆာန်လေးတွေအပေါ် မေတ္တာထားတာ အစရှိသဖြင့် အမျိုးမျိုးရှိပါတယ်။ ချစ်ခြင်းမေတ္တာ လား အစွဲအလမ်းကြီးတဲ့ စိတ်ရောဂါလား ဆိုတာကို ဆန်းစစ်လိုက်ပါ။ ချစ်ခြင်းမေတ္တာ လား အစွဲအလမ်းကြီးတဲ့ စိတ်ရောဂါလား ဒါဆိုရင် ချစ်ခြင်းမေတ္တာ ဆိုတာဘာလဲ။ အစွဲအလမ်းကြီးတယ်ဆိုတာက ရော ဘယ်လိုခံစားမှုမျိုးလဲ။ ကိုယ်က လူတစ်ယောက်ကို ချစ်နေတာလား၊ စွဲလမ်းနေတာလားဆိုတာ ကိုယ့်ကိုယ်ကို ပြန်ပြီး သုံးသပ်ဖူးပါသလား။ ချစ်ခြင်းမေတ္တာ လား အစွဲအလမ်းကြီးတဲ့ စိတ်ရောဂါလား အတူတူ ဆန်းစစ်ရအောင်နော်။ ချစ်ခြင်းမေတ္တာ ဆိုတာ ဘာလဲ။ ချစ်ခြင်းမေတ္တာ ဟာ ပေးလိုက်ရတဲ့သူရော ရတဲ့သူပါ ရင်ထဲကို […]


စွဲလမ်းမှုပြဿနာများ

မူးယစ်ဆေး စသုံးဖြစ်အောင် ဘယ်လို အကြောင်းအရာတွေက လှုံ့ဆော်ပေးတာပါလိမ့် ။ ။

ဘာကြောင့် မူးယစ်ဆေးစွဲရတာလည်းလို့ မပြောခင် မူးယစ်ဆေး စသုံးဖြစ်အောင် ဘယ်လို အကြောင်းအရာတွေက လှုံ့ဆော်ပေးတာပါလိမ့် ဆိုတာကို အရင်သိဖို့ လိုအပ်ပါတယ်။ လူတိုင်းရဲ့ ဘဝပေးအခြေအနေတွေက မတူကြတဲ့အတွက် မူးယစ်ဆေးသုံးရတာ၊ ဆေးစွဲသွားတာတွေရဲ့ အရင်းခံ အကြောင်းအရင်းတွေကလည်း မတူကြပါဘူး။ ဒါကြောင့် မူးယစ်ဆေးကို စသုံးဖြစ်၊ စွဲသွားစေတဲ့ ထိပ်ဆုံး အကြောင်းအရင်း ၈ ချက်ကို ပြောပြပေးချင်ပါတယ်။ ။ မူးယစ်ဆေး စသုံးဖြစ်အောင် ဘယ်လို အကြောင်းအရာတွေက လှုံ့ဆော်ပေးတာပါလိမ့် ။ ။ ၁။ စူးစမ်းကြတာ။  ဆယ်ကျော်သက် အရွယ်ရောက်လာပြီဆိုတာနဲ့ စူးစမ်းချင်စိတ်ရှိကြတာ လူငယ်တိုင်းပါ။ မကောင်းဘူး၊ မလုပ်ရဘူးလို့ ပြောလေ ပိုလုပ်ချင်လေပါပဲ။ မူးယစ်ဆေးဆိုတာကလည်း ငယ်ငယ်တည်းက မသုံးကောင်းဘူး၊ ဆေးစွဲသွားလိမ့်မယ်လို့ပြောကြတော့ ဘာများပါလိမ့်၊ တစ်ခါလောက်စမ်းကြည့်တာ ဘာမှတော့ မဖြစ်လောက်ပါဘူးဆိုပြီး လက်တည့် စမ်းရာကနေ ဆေးစွဲသွားကြတဲ့သူတွေ တစ်ပုံကြီးပါ။ ။ ၂။ […]


စွဲလမ်းမှုပြဿနာများ

ဆေးစွဲနေကြောင်း သိသာစေတဲ့ လက္ခဏာတွေ ။ ။

ခုနောက်ပိုင်းမှာ မူးယစ်ဆေး စွဲတဲ့ ပြဿနာတွေဟာ၊ အမှုတွေ အင်မတန်များပြားလာနေပြီး လူငယ်တို့ ဘဝတွေ ဖျက်စီးခံနေရတာ အားလုံးအသိပါ။ ဆေးအဆန်းအပြားတွေဟာလည်း နေ့ညမပြတ် ပေါ်ထွက်နေတာကြောင့် ကိုယ့်ကလေး ဘယ်တော့များ အပေါင်းအသင်းမှားပြီး ဆေးသမားဖြစ်မလဲ ရင်တမမနဲ့ စိတ်ပူနေရတဲ့ မိဘတွေအတွက် ဆေးစွဲနေကြောင်း သိသာစေတဲ့ လက္ခဏာတွေ က ဘာတွေလဲဆိုတာ ပြောပြပေးချင်ပါတယ်။ စောစောသိလေ မူးယစ်နွံထဲက ရုန်းထွက်ဖို့ အချိန်မီလေ ဖြစ်မှာပါ။ ။ ဆေးစွဲတယ်လို့ဆိုတဲ့နေရာမှာ မူးယစ်ဆေးတစ်ခုပဲ မဟုတ်ပါဘူး။ ေရာဂါသက်သာစေဖို့အတွက် သောက်နေရတဲ့ဆေးေတွကို မသောက်ရ မနေနိုင်ဖြစ်တာမျိုးတွေလည်း ပါပါတယ်။ ဥပမာ အိပ်ဆေးတို့၊ steroid ပါတဲ့ဆေး တို့၊ ဆေးခန်းတွေမှာ အားဆေးထိုးပေးပါဆိုပြီး လာလာထိုးခိုင်းနေတဲ့ ဆေးတွေလည်းပါတာပေါ့။ သူတို့ကိုမှ မသောက်ရဘူးဆိုရင် ကိုယ့်ဆီမှာတစ်ခုခုလိုနေသလို၊ စားလို့သောက်လို့မကောင်းတော့သလို၊ နေထိုင်လို့ မကောင်းတော့သလိုမျိုး ဖြစ်တဲ့ […]


စွဲလမ်းမှုပြဿနာများ

သတိ Facebook ကြောင့်မထိခိုက်ပါစေနဲ့

မိုးလင်းလို့ မျက်လုံးဖွင့်လိုက်တာနဲ့ အရင်ဆုံးလုပ်မိတာကဖေ့ဘုတ်ခ် စဖွင့်တာများလား။ အခုနောက်ပိုင်းမှာလူတော်တော်များများလုပ်မိနေကြတာက မိုးလင်းလို့ မျက်လုံးဖွင့်လိုက်ရင်အရင်ဆုံးလုပ်မိတာက ဖုန်းဖွင့်ပြီးဖေ့ဘုတ်ခ်ကြည့်တာဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်လို့ပြောပါရစေ။ ဖေ့ဘုတ်ခ်ရှိတာကကောင်းတာရှိသလို ဆိုးတာတွေလည်းရှိပါတယ်။ အဝေးရောက်နေတဲ့ လူတွေကို အလွယ်တကူဆက်သွယ်ထိတွေ့ခွင့်ရစေနိုင်သလို သိချင်တာတွေကိုလည်း အလွယ်တကူရှာလို့ရပါတယ်။ ဒါပေမယ့် အရာရာက တန်ဆေး လွန်ဘေးဆိုသလိုပေါ့။ ကိုယ်အသုံးပြုတဲ့ပုံစံပေါ်မှာမူတည်ပြီးကောင်းတာတွေဖြစ်လာနိုင်သလို ဆိုးတာတွေလည်းဖြစ်လာနိုင်ပါတယ်နော်။ ဖေ့ဘုတ်ခ်ကြောင့်ဘာတွေဖြစ်နိုင်သလဲ လေ့လာမှုတွေအရဖေ့ဘုတ်ခ်ကိုအလွန်အကျွံအသုံးပြုသူတွေဟာ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အလေ့အထတွေတိုးလာသလို၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေရော၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကိုပါခံစားရနိုင်ပါတယ်။ဖေ့ဘုတ်ခ်အသုံးပြုတာများလာလေလေ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာမှာ ထိခိုက်မှုတွေများလာလေလေပါပဲ။ ဆိုရှယ်မီဒီယာပေါ်မှာ စွဲလမ်းလွန်းသူတွေဟာ စိတ်အားထက်သန်မှုလျော့ကျလာတယ်လို့လည်းသိရပါတယ်။ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ ဖေ့ဘုတ်သုံးတဲ့အခါ အစားအသောက်တွေကို စားဖို့မေ့နေတာမျိုးတွေဖြစ်နိုင်သလို ဆီးတွေဝမ်းတွေမသွားဘဲအောင့်ထားတာမျိုးဖြစ်နိုင်ပါတယ်။ဖေ့ဘုတ်ခ်သုံးရင်း အိပ်ရာဝင်နောက်ကျတာမျိုးဖြစ်နိုင်ပါတယ်။ မျက်လုံးအားစိုက်ရလွန်းတာကြောင့် မျက်ကြောတွေထိခိုက်နိုင်သလို တစ်ချိန်လုံးအာရုံစိုက်နေရတဲ့အတွက် ဇက်ကြောတွေတာင့်တင်းတာ၊ လက်ကကြွက်သားတွေတောင့်တင်းတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ခါးနာတာနဲ့ လက်ကောက်ဝတ်နာကျင်တာမျိုးတွေလည်းခံစားရနိုင်ပါတယ်။ ဒါတွေကရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေပေါ့။နောက်ထပ်ဖြစ်လာနိုင်တာကတော့ ပုံမှန်လုပ်နေကျလှုပ်ရှားမှုတွေ၊ ကိုယ်လက်လှုပ်ရှားမှုတွေကို မလုပ်မိတာကြောင့် ကိုယ်အလေးချိန်တက်လာတာမျိုးလည်းဖြစ်နိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ ဖေ့ဘုတ်ခ်ကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေရှိလည်းရှိနိုင်ပါတယ်။ဖေ့ဘုတ်ခ်အသုံးများတဲ့သူတွေဟာ အခြားသူတွေထက် စိတ်ပူပန်မှုပိုများကြသလို […]


စွဲလမ်းမှုပြဿနာများ

လမ်းဘေးကနေခေါင်းထောင်လာတဲ့ မူးယစ်ဆေးဝါးအသစ် Flakka



စွဲလမ်းမှုပြဿနာများ

ဗီဒီယိုဂိမ်းစွဲလမ်းမှုအကြောင်း သိကောင်းစရာများ

ယနေ့ခေတ်မှာ အွန်လိုင်းဂိမ်းတွေ တစထက်တစ ခေတ်စားလာတာကို အားလုံးတွေ့မြင်ရမှာ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် ခန့်မှန်းချက်များအရ ကမ္ဘာပေါ်မှာ ကွန်ပျူတာဂိမ်းကစားသူပေါင်း တစ်ဘီလီယံကျော်ရှိတယ်လို့ သိရပါတယ်။ လူငယ်အများစုအတွက် ကွန်ပျူတာဂိမ်း၊ ဗီဒီယိုဂိမ်း၊ လက်ကိုင်ဂိမ်း ကစားခြင်းဟာ နေ့စဉ်ပုံမှန်ပြုလုပ်နေကျ လုပ်ငန်းဆောင်တာတစ်ခုလို ဖြစ်နေပြီး အချို့လူငယ်တွေဆိုရင် ဂိမ်းစွဲလမ်းမှုပြဿနာကို ရင်ဆိုင်နေကြရပြီ ဖြစ်ပါတယ်။   ဂိမ်းစွဲလမ်းမှုဆိုတာဘာလဲ လူတစ်ယောက် ဂိမ်းစွဲလမ်းတဲ့အခါ သူ့ရဲ့ပေါင်းသင်းဆက်ဆံရေးနဲ့ ဘဝရည်မှန်းချက်တွေ တဖြည်းဖြည်း ပျက်ပြားလာမှာ ဖြစ်ပါတယ်။ သတိပြုသင့်တဲ့ ဂိမ်းစွဲလမ်းမှုလက္ခဏာတွေကတော့ ဂိမ်းကစားသည့် အချိန်အတိုင်းအတာ တဖြည်းဖြည်းများလာခြင်း အခြားလုပ်ငန်းဆောင်တာများ ဆောင်ရွက်နေစဉ် ဂိမ်းအကြောင်း တွေးမိနေခြင်း လက်တွေ့ဘဝမှာ ရင်ဆိုင်နေရသည့် ပြဿနာများ၊ စိုးရိမ်ပူပင်မှု၊ စိတ်ဓါတ်ကျဆင်းမှုတို့မှ လွတ်မြောက်ရန် ဂိမ်းကစားခြင်း ဂိမ်းကစားမှုကို ဖုံးကွယ်ရန် သူငယ်ချင်းမိတ်ဆွေများ၊ မိသားစုဝင်များကို လိမ်ညာခြင်း ဂိမ်းကစားခြင်းကို လျော့ချဖို့ ကြိုးစားတိုင်း နေမထိထိုင်မသာဖြစ်ခြင်း လူတွေ […]


စွဲလမ်းမှုပြဿနာများ

စွဲလမ်းစေတတ်သော

ကျွန်တော်တို့ မြတ်စွာဘုရားဟောကြားခဲ့တာ တစ်ခု ရှိပါတယ်။ လူမှန်ရန် စွဲလမ်းမှု တဏှာမကင်းတဲ့ အရူးတွေချည်းပဲတဲ့။ မှန်ပါတယ်။ လူသားတွေဟာ လူ၊ အရာဝတ္ထု၊ အတွေးအခေါ်၊နေရာ စသဖြင့် ပြောလို့ မကုန်နိုင်အောင် စွဲလမ်းတတ်ကြပါတယ်။ ဒီလို စွဲလမ်းစေတတ်သော အရာတွေထဲကမှ လူအများစု စွဲလေ့ရှိတဲ့ အမူအကျင့်/ပစ္စည်း/စားသောက်ဖွယ်ရာတွေကို ဖော်ပြပေးလိုက်ပါတယ်။ စွဲလမ်းစေတတ်သော ပစ္စည်း ၈မျိုး ၁။ စမတ်ဖုန်း ဒါကတော့ ပြောဖို့တောင် သိပ်မလိုပါဘူး။ ဒီနေ့ခေတ် အရွယ်သုံးပါးဟာ စမတ်ဖုန်းတွေရဲ့ ကျွန်ဖြစ်နေပါပြီ။ ဖုန်းတွေကို (အင်တာနက်ကို) အလွန်အကျွံ သုံးစွဲခြင်းဟာ လူမှုဆက်ဆံရေး ထိခိုက်ခြင်း၊ အလုပ်ကို ထိခိုက်ခြင်း၊ မျက်စိနဲ့ အာရုံကြောအပါအဝင် ခန္ဓာကိုယ်ကို ထိခိုက်ခြင်း စသဖြင့် ဆိုးကျိုးတွေ ပြောမဆုံးပေါင် တောသုံးတောင် ရှိနေပါတယ်။ ၂။ ကဖင်း (ကော်ဖီ) ကော်ဖီစွဲတာ အပြစ်ကြီးတစ်ခု မဟုတ်ပေမယ့် ဘယ်အရာမဆို […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)