စိတ်ကျန်းမာရေး

လူတစ်ယောက် ကျန်းမာဖို့ဆိုတဲ့နေရာမှာ စိတ်ကျန်းမာရေးဟာလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးပါပါတယ်။ စိတ်ကျန်းမာရေးပြဿနာတွေက တစ်ခါတလေမှာ သတိမထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စိတ်ကျန်းမာရေးကို ဘယ်လို ထိန်သိမ်းစောင့်ရှောက်ရမလဲဆိုတာကို သိထားတာ၊ စိတ်ကျန်းမာရေး အခြေအနေ ချို့ယွင်းမှုရှိနေတယ်ဆိုတာနဲ့ပတ်သက်လို့ သိရှိနိုင်မယ့် အခြေအနေတွေကို သိရှိထားတာ၊ စိတ်ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သိရှိထားတာက ကိုယ်တိုင်အတွက်ရော ချစ်ခင်ရသူတွေကိုပါ အများကြီး အထောက်အကူ ပြုပေးနိုင်မှာပါ။

ကျန်းမာရေးဗဟုသုတ

စိတ်ကျန်းမာရေး

အနားယူခြင်း (၇) မျိုး ရှိတယ်ဆိုတာ သိပါသလား

အနားယူတယ်လို့ ပြောလိုက်ရင် တစ်ယောက်နဲ့ တစ်ယောက်ကတော့ တူမှာ မဟုတ်ပါဘူး။ တချို့က အိပ်ရေးဝဝအိပ်လိုက်တယ်။ တချို့က ခရီးသွားလိုက်တယ်။ တချို့က ရုပ်ရှင်ကြည့်လိုက်တယ် စသဖြင့် အမျိုးမျိုးရှိပါတယ်။ ဘယ်လိုပဲ အနားယူယူ ပြန်ပြီး ချုံ့လိုက်ရင် ခုပြောမယ့် အနားယူခြင်း (၇) မျိုး ထဲမှာ ပြန်ပြီး အကျုံးဝင်သွားပါတယ်။ အနားယူခြင်း (၇) မျိုး ဆိုတာ (၁) ရုပ်ပိုင်းဆိုင်ရာ အနားယူခြင်း (Physical rest) နေ့စဉ်သွားလာလှုပ်ရှားနေရတာတွေက ခန္ဓာကိုယ်ကို ရုပ်ပိုင်းဆိုင်ရာအရ ပင်ပန်းစေပါတယ်။ ကြွက်သားတွေနာတာ၊ ခေါင်းကိုက်တာ၊ ဇက်ကြောတက်တာတွေက ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနေတဲ့ အဓိပ္ပာယ်ပါ။ ဒါကို ပြေပျောက်အောင်  အနားယူတဲ့နေရာမှာ ၂နည်း ရှိပါတယ်။ ပထမတစ်ခုက Passive rest ဘာမှမလုပ်ဘဲ နားလိုက်တာပါ။ အမြင်သာဆုံးပြောရရင် အိပ်လိုက်တာ၊ တစ်ရေးလောက် မှေးလိုက်တာမျိုးပေါ့။ Active […]

စိတ်ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

စိတ်ကျန်းမာရေး ကို ရှာဖွေမည်။

စိတ်ဖိစီးမှုဖြေလျှော့ခြင်း

အခက်ခဲဆုံးအချိန်တွေကို မျှဝေခံစားလိုစိတ် နဲ့ ကျော်ဖြတ်ပါ

မျှဝေခံစားလိုစိတ် ဟာ လူတိုင်းအတွက် အရေးကြီးတဲ့ အမူအကျင့်တစ်ခုပါ။ တစ်ဖက်သားကို နားလည်ပေးတယ်၊ သဘောပေါက်ပေးတယ်၊ လက်ခံပေးတယ်ဆိုတဲ့ ကိစ္စဟာ အမူအကျင့်ကောင်းလို့ ဆိုရမယ်မဟုတ်လား။ အခြေခံအားဖြင့် ဒီကနေ့ခေတ်မှာ လူတိုင်းဟာ သတင်းကို စားသုံးကြတယ်။ သတင်းဆိုတာမျိုးကလည်း သတင်းဌာနကတွေက ပြောဆိုတာတွေကို ချည်းဆိုလိုတာမဟုတ်ပါဘူး။ ကိုယ့်ပတ်ဝန်းကျင် ကိုယ့်အသိုင်းအဝိုင်း ကိုယ့်အနီးအနားက အဖြစ်အပျက်တိုင်းက သတင်းလို့ဆိုပါတယ်။ ဒီလို သတင်းကို စားသုံးကြတဲ့လူသားတွေဟာ ပတ်ဝန်းကျင်က ကြားရမြင်ရသမျှ သတင်းတွေ၊ အဖြစ်အပျက်တွေကြောင့်ပဲ စိတ်ပျော်ရွှင်မှု၊ ဝမ်းသာ၊ ဝမ်းနည်း၊ ဒေါသထွက်တာတွေနဲ့ စိတ်ဖိစီးမှုကို အမျိုးမျိုးအဖုံဖုံခံစားကြရပါတယ်။ ဒါက လူ့သဘောပါပဲ။ စစ်ဖြစ်၊ ဆန္ဒပြ၊ ဗုံးကွဲ၊ ကိုဗစ်ကပ်ဘေးစတဲ့ ဖြစ်ပျက်လာသမျှ အဖြစ်အပျက်တွေတိုင်းကြောင့် လူတိုင်းစိတ်ခံစားမှု တစ်စုံတစ်ရာတော့ ကြုံဆုံခံစားကြရတာပါပဲ။ ဒီလို ခံစားချက်တွေကြောင့် စိတ်ဓာတ်ကျတာတွေ၊ စိတ်ဖိစီးမှုတွေ၊ ဝမ်းနည်းစိတ်ပျက်ရတာတွေကို မဖြစ်မနေ ကြုံဆုံရမှာပါ။ ခုလိုမျိုး Shocking […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

Internet rage (သို့) အင်တာနက်လိုင်းကြောင့်ဖြစ်တဲ့ ဒေါသစိတ်

အင်တာနက် ပြတ်တောက်နေတဲ့အခါ ဒါမှမဟုတ် အင်တာနက်လိုင်း နှေးကွေးနေတဲ့အခါမျိုးမှာ ဘာကြောင့်များ စိတ်တွေတို၊ စိတ်ဆိုးဒေါသတွေ ထွက်နေမိတာပါလဲ။ ဒီလိုမျိုး တွေ့ကြုံခံစားရတာကို Internet rage လို့ ခေါ်ကြပါတယ်။ သာမန်စိတ်အနှောင့်အယှက်ဖြစ်မှု ဒါမှမဟုတ် စိတ်တိုစိတ်ရှုပ်တဲ့ ခံစားချက်တစ်ခုလို့ ထင်မြင်ရပေမယ့် အင်တာနက်လိုင်းကြောင့်ဖြစ်တဲ့ ဒေါသစိတ် ဟာ အင်တာနက်စွဲလမ်းမှုရဲ့ လက္ခဏာတစ်ရပ်ပါ။ သင့်အနေနဲ့ နည်းပညာကို ပုံမှန်ထက်ပိုပြီး စွဲလန်းနေတာမို့ ခုလိုစိတ်ခံစားချက်မျိုး ဖြစ်ပေါ်လာရတာဖြစ်ပါတယ်။ သင့်ရဲ့ Wifi အင်တာနက်လိုင်း နှေးကွေးနေတာမျိုး၊ မိုဘိုင်းဒေတာ ပြတ်တောက်နေတာမျိုး၊ အင်တာနက်က အဝိုင်းလည်နေတာမျိုးတွေ ကြုံဆုံရချိန်တိုင်းမှာ နေမထိထိုင်မသာ ခံစားရပြီး အကြောင်းအရာ မယ်မယ်ရရမရှိပဲ စိတ်ဆိုး ဒေါသထွက်နေမိတာမျိုးပေါ့။ ဒီအခြေအနေကို Daily technological annoyances လို့လည်း တချို့က ခေါ်ဆိုကြပါသေးတယ်။ လေ့လာချက်တွေအရ အင်တာနက်စွဲလန်းနေသူတွေဟာ 350-microsecond ထက်ပိုမိုနှေးကွေးတဲ့ အင်တာနက်အမြန်နှုန်းမျိုးနဲ့ […]


စားသောက်မှုဆိုင်ရာ စိတ်ဝေဒနာများ

စားသောက်ပုံ မူမမှန်တဲ့ စိတ်ရောဂါများ

စားသောက်ပုံ မူမမှန်တဲ့ စိတ်ရောဂါများ .......... စိတ်ခံစားချက်ကြောင့် စားသောက်နေထိုင်ပုံ ထိခိုက်ပြီး အစားအသောက် ပုံစံပြောင်းလဲတာ၊ စားသောက်ပုံ မူမမှန် တာတွေ ဖြစ်လာနိုင်ပါတယ်။ ရေရှည်မှာတော့ စိတ်ကျန်းမာရေးအပြင် ကိုယ်ကျန်းမာရေးပါ ထိခိုက်လာနိုင်ပါတယ်။ ဒီပြဿနာတွေက ပိန်ခြင်းဝခြင်းကို သိပ်အလေးပေးလွန်းတဲ့ သူတွေမှာ ပိုတွေ့ရတတ်ပါတယ်။ အရွယ်မရွေး ဖြစ်တတ်ပေမယ့် လှချင်ပချင်တဲ့ မြီးကောင်ပေါက်အရွယ်တွေနဲ့ လူငယ်တွေမှာ ပိုတွေ့ရတတ်ပါတယ်။ စားသောက်ပုံ မူမမှန်တဲ့ လက္ခဏာများ စားသောက်ပုံ မူမမှန်တဲ့ ပြဿနာက အများကြီးရှိပြီး တစ်ခုနဲ့ တစ်ခု လက္ခဏာ အနည်းငယ် ကွာခြားပါတယ်။ အတွေ့ရများတဲ့ အမျိုးအစားတွေကတော့ Anorexia nervosa  ဝမှာကြောက်ပြီး မစားတဲ့ ပြဿနာပါ။ လူကို ကြည့်လိုက်ရင် ရှိသင့်တာထက် တော်တော်ကြီး ပိန်နေတယ် ဆိုပေမယ့် ဝလာမှာကို အင်မတန်ကြောက်ပါတယ်။ အစားအသောက်ကို လိုတာထက် ပိုရှောင်တဲ့အတွက် […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

အကြောက်တရား နဲ့ ကျန်းမာရေး

အကြောက်တရား နဲ့ ကျန်းမာရေး ဘယ်လိုဆက်စပ်နေလဲဆိုတာ ရှင်းပြချင်ပါတယ်။ ကြောက်တယ်ဆိုတာက တစ်ခုခု အန္တရာယ် ကျရောက်တော့မယ်ဆိုပြီး အချက်ပြမှု တစ်ရပ်ရပ်အတွက် စိတ်ရောကိုယ်ပါ ကြိုတင် ပြင်ဆင်တာပါ။ ကြောက်တာက သဘာဝ ဖြစ်စဉ်တစ်ရပ် ဖြစ်သလို စွမ်းအားရှိတဲ့ အခြေခံကျတဲ့ ခံစားချက်တစ်ရပ်ပါ။ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အန္တရာယ် ကြုံတွေ့ရချိန်မှာ ဖြစ်ပေါ်လာတဲ့ အရာပါ။ များသောအားဖြင့် အကြောက်တရားတွေက ခြိမ်းခြောက်မှုတွေကနေ အခြေခံလာတာ ဖြစ်သလို စိတ်ထဲမှာ ထိခိုက်မှု ဖြစ်လာတော့မယ်ဆိုတဲ့ ခြိမ်းခြောက်မှု တစ်ရပ်ရပ်ကို ခံစားရချိန်မှာ သူ့အလိုလို ခံစားဖြစ်ပေါ်လာတာပါ။ ကြောက်တယ်ဆိုတဲ့ ခံစားချက်ကို ဖြစ်ပေါ်စေတဲ့ အကြောက်တရားက ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ ကြောက်တယ်ဆိုတာကို ခံစားနေရတာလား............. ကြောက်တယ်ဆိုတဲ့ ခံစားချက်ကို ခံစားရတဲ့အခါ ခန္ဓာကိုယ်မှာ အခုလိုတွေ ခံစားရနိုင်ပါတယ်။ ချွေးတွေ ပြန်မယ် […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

ညဘက်ရောက်တိုင်း ကြောက်စိတ် ဝင်တာ ဘာကြောင့်လဲ။

ကြောက်စိတ် ဆိုတာ လူတွေရဲ့ စိတ်ခံစားမှု တစ်ခုပါ။ စိတ်လှုပ်ရှားစရာ အခြေအနေတစ်ခုနဲ့ ကြုံတဲ့အခါ ဖြစ်ဖြစ်၊ အန္တရာယ်ရှိတဲ့ အနေအထား တစ်ခုကို ကြုံတွေ့ရင် ဖြစ်ဖြစ် ကြောက်စိတ်ဆိုတာ ပေါ်လာတတ်ပါတယ်။ ပုံမှန်အားဖြင့်တော့ ကြောက်ရမယ့် ကိစ္စပြီးရင် အကြောက်ပြေသွားကြပါတယ်။ ဘယ်သူမှ အကြာကြီး မကြောက်ကြပါဘူး။ အကြာကြီး ကြောက်နေရပြီဆိုရင်တော့ သင့်ရဲ့ နေ့စဉ်ဘဝမှာ အနှောင့်အယှက် ဖြစ်လာမှာပါ။ လေ့လာချက်တွေအရ နေ့ဘက်နဲ့ ညဘက်နဲ့ ယှဉ်ရင် ညဘက်မှာ အကြောက်တရား ကြီးစိုးတာ ပိုများပါတယ်တဲ့။ ပညာရှင်တွေကတော့ ဒါက အိပ်ရေးပျက်တာကြောင့်လို့ ထင်ပါတယ်တဲ့။ ဟိုးအရင်တွေတည်းကလည်း စိတ်နဲ့ ပတ်သက်တဲ့ ပြဿနာတွေက အိပ်ရေးပျက်ရင် ပိုဆိုးတယ်ဆိုတာ လက်ခံကြပြီးသား ကိစ္စတစ်ခုပါ။ ညဘက်ရောက်တိုင်း ကြောက်စိတ် ဝင်နေမယ်ဆိုရင် ရေရှည်မှာ အိပ်ရေးပျက်ပြီး ကျန်းမာရေး ထိခိုက်လာမှာကိုလည်း စိုးရိမ်ရပါတယ်။ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

တကယ်မရှိတဲ့ အသံ တွေ ကြားနေရတာ စိတ်စွဲလမ်းမှု တစ်ခုလား။

တကယ်မရှိတဲ့ အသံ တွေ၊ သူများမကြားတဲ့ အသံတွေကို ကြားနေရတာ ကိုယ်တစ်ယောက်တည်းဆိုရင် ဒါဟာ ကိုယ့်မှာ ပြဿနာ တစ်ခုခု ရှိနေတာပါ၊ ဒါကို ဆေးပညာအရ Auditory hallucination လို့ ခေါ်ပါတယ်။ ဒီလိုမဟုတ်ဘဲ အတော်များများက ကြားရတယ်။ ကြားတဲ့သူတွေကလည်း စိတ်ကျန်းမာရေးချို့တဲ့မှု မရှိတဲ့ လူကောင်းတွေပဲ ဆိုရင်တော့ ဒါဟာ ရောဂါလို့ ပြောဖို့ ခက်နေပါပြီ။ ဘာကြောင့်များ လူတွေက အသံတွေကို စွဲလမ်းပြီး ကြားနေရတာလဲ။ တကယ်မရှိတဲ့ အသံ တွေကို ကြားနေရတာက ဒါကို Earwormsလို့ ခေါ်ပါတယ်။ အသံတစ်ခုခုကို စွဲပြီး ထပ်ကာထပ်ကာ ကြားနေရတဲ့ အခြေအနေပါ။ အများစုက သီချင်းတွေကို ပြန်ကြားတာ များပါတယ်။ တခြားအသံတွေကိုလည်း ကြားတာမျိုးလည်း ရှိပါတယ်။ ဒီလို ထပ်ကာထပ်ကာ ကြားနေရပေမယ့် […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

စိုးရိမ်ပူပန်စိတ် ကြောင့် အိပ်ရေးပျက်ညတွေ များနေရင် ဒီနည်းလေးတွေ သုံးကြည့်ပါ

ခုရက်ပိုင်းတွေမှာ လူအတော်များများ အိပ်ရေးတွေပျက်ကြ၊ စိုးရိမ်ပူပန်စိတ် တွေဖြစ်ကြနဲ့ နေရထိုင်ရအဆင်မပြေကြဘူးလို့ မကြာခနငြီးတွားတာမျိုး ကြုံရပါတယ်။ အကြောင်းကြောင်းသော စိုးရိမ်ပူပန်စိတ်ကြောင့် အိပ်ရေးပျက်ညတွေ များလာနေတဲ့ သဘောမျိုးပေါ့။ လူတိုင်း စိုးရိမ်ပူပန်တတ်ကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ခံနိုင်ရည်အားတူညီမှုမရှိပါဘူး။ ဒီလိုပဲ တစ်ယောက်နဲ့ တစ်ယောက်လည်း အဆိုးဆုံး အဆုံးအစွန် ပူပန်မှုလို့ သတ်မှတ်နိုင်မယ့် အခြေအနေခြေင်းလဲ မတူညီနိုင်ပါဘူး။ စိုးရိမ်ပူပန်တာ၊ သံသယလွန်ကဲတာ၊ သောကများတာတွေဟာ လူ့ဘဝရဲ့ တစ်စိတ်တစ်ပိုင်းဆိုတာကို လက်ခံထားဖို့ လိုအပ်ပါတယ်။ အခြေအနေအမျိုးမျိုးကြောင့် ဒီလိုစိတ်ခံစားချက်မျိုးကို ရင်ဆိုင်ရနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ကိုင်တွယ်ထိမ်းချုပ်နိုင်စွမ်းမရှိတဲ့ အခြေအနေတစ်မျိုးမျိုးကြောင့် ဖြစ်လာတဲ့ စိုးရိမ်ပူပန်စိတ်မျိုးကတော့ ထိမ်းချုပ်ဖို့ ခက်ခဲလေ့ရှိပါတယ်။ ဒါမျိုးက သာမန် စိုးရိမ်ပူပန်မှုမျိုး မဟုတ်တော့ပါဘူး။ ပြောရရင် သာမန်နေ့စဉ်ဘဝမှာ ဖြစ်ပျက်နေတဲ့ ပူပင်သောကမျိုးမဟုတ်ပဲ သဘာဝဘေးလို၊ တိုင်းရေးပြည်ရေး အကျပ်အတည်းလို၊ အကြမ်းဖက်ဖြစ်စဉ်တွေလို၊ ကျန်းမာရေးပြဿနာတွေလို အဖြစ်အပျက်တွေကြောင့်ဖြစ်လာတာမျိုးတွေပါ။ ဒီလိုကြီးမားတဲ့ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

Psywar တွေ ကြားမှာ စိတ်ကျန်းမာနေစေဖို့

Psychological warfare (Psywar) ဆိုတာ လတ်တလောမှာ ခဏခဏ ကြားနေရတဲ့ စကားလုံးပါ။ တိုးတက်လာတဲ့ ခေတ်ကြီးထဲမှာ ကိုယ့်ရဲ့ ပြိုင်ဘက်ကို အနိုင်ယူဖို့ အရင်လို လူအင်အားတွေ၊ လက်နက်အင်အားတွေ မသုံးဘဲ စိတ်ပိုင်းဆိုင်ရာအနိုင်ယူတဲ့ ပုံစံပါ။ Psywarဆိုတာ ဘာလဲ။ Psywarတွေကြောင့် စိတ်ကျန်းမာရေး မထိခိုက်အောင် ဘယ်လို လုပ်မလဲဆိုတာ ပြောပြပေးချင်ပါတယ်။ Psywar ဆိုတာ Psychological warfare လို့ အရှည်ကောက် ခေါ်ပြီး ဟိုးအရင်တွေတည်းက စစ်ပွဲတွေမှာ တစ်ဖက်ရန်သူကို စိတ်ပိုင်းဆိုင်ရာ ထိခိုက်အောင် ဝါဒဖြန့်ပြီး အားနည်းအောင် လုပ်တဲ့နည်းပါ။ ခေတ်ပြောင်းလာတာနဲ့အမျှ Psywarကို စစ်မြေပြင်တင်မှာမက နိုင်ငံရေးနဲ့ စီးပွားရေး လုပ်ငန်းတွေမှာပါ သုံးလာတာကို တွေ့ရပါတယ်။ Psywarမှာ အဓိက သုံးတဲ့ နည်းလမ်းက တစ်ဖက်ရန်သူကို ကြောက်စိတ်ဝင်အောင်၊ ယုန်ထင်ကြောင်ထင် ဖြစ်အောင်၊ […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

ကိုယ်အမူအရာ ကပြောပြနေတဲ့ စိတ်ဆန္ဒများ

Body Language လို့ခေါ်တဲ့ ကိုယ်အမူအရာ ဟာ လူအချင်းချင်းအကြား ဆက်ဆံရေးမှာ သိပ်ကိုအရေးပါလှတဲ့ အရာတစ်ခုပါ။ လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထား၊ စိတ်ခံစားချက်နဲ့ အမူအကျင့်တွေကို ကောင်းကောင်းကြီးကို ကိုယ်အမူအရာကပြောပြနိုင်ပါတယ်။ တချို့သော ကိုယ်အမူအရာတွေဟာ ကိုယ့်ရဲ့ အတွင်းစိတ်ခံစားချက်နဲ့ ကုန်ကုန်ပြောရရင် လိင်စိတ်ခံစားချက်ကိုပါ ဖွင့်ဟအချက်ပြနေတာ ဖြစ်တယ်ဆိုတာကိုတော့ သိသူနည်းလှပါတယ်။ ကိုယ့်စိတ်မှာ တွေးမိလိုက်တဲ့ အတွေးစလေးကို ခန္ဓာကိုယ်က ရုတ်တရက်တုံ့ပြန်လိုက်တာမို့ တစ်ခါတစ်ရံမှာ ထိန်းချုပ်ဖို့တောင် အချိန်မရလိုက်တာမျိုးဖြစ်သွားတတ်ပါတယ်။ ကိုယ့်ရဲ့ အသိမိတ်တွေ၊ လုပ်ဖော်ကိုင်ဖက် ဒါမှမဟုတ် ချစ်သူရဲ့ အပြုအမူတွေ၊ ကိုယ်နေဟန် တွေ၊ ကိုယ်အမူအရာတွေက ဘယ်လိုစိတ်ခံစားချက်မျိုးကို အချက်ပြနေတာလဲဆိုတာကို သိနားလည်ထားတယ်ဆိုရင်လည်း ဆက်ဆံပြောဆိုရမယ့် ကိစ္စအဝအဝမှာ ပိုပြီးအဆင်ပြေနိုင်တာပေါ့။ လူတွေရဲ့ အတွင်းစိတ်က တစ်စုံတစ်ရာကို တွေးတောမိချိန်မှာ ဘယ်လို ကိုယ်အမူအရာတွေကို တုံ့ပြန်ပြသတတ်သလဲဆိုတာကို ဗဟုသုတအဖြစ် ပြောပြချင်ပါတယ်။ ကိုယ်အမူအရာ က အချက်ပြနေတဲ့ […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

စိတ်ပူပင်လို့ ရင်တုန်လာတာလား... နှလုံးရောဂါလား....

စိတ်ပူပင်လို့ ရင်တုန်လာတာလား ... နှလုံးရောဂါလား.... ရင်တွေ တုန်လိုက်တာ နှလုံးရောဂါ ဖြစ်နေပြီထင်တယ်။ အခုတလော ရင်တွေ အရမ်းတုန်တာပဲ ဆိုသူလေးတွေရှိလား............ ဒါဆိုရင် ရင်တုန်နေတာ နှလုံးရောဂါ ရှိနေလို့လား အခြား ဘာကြောင့် ဖြစ်တာလဲ ဆိုတာကို ဆောင်းပါးလေးထဲမှာ အတူတူ ဖတ်ကြည့်ရအောင်နော်။ ရင်တုန်တိုင်း နှလုံးရောဂါလို့ ဆိုလို့ မရပါ။ ရင်တုန်နေတိုင်း နှလုံးရောဂါ ဖြစ်နေပြီလို့ တထစ်ချ မယူဆစေချင်ပါဘူး။ ရင်တုန်လာပြီဆိုရင် စိတ်ဖိစီးစရာတွေ ရှိနေတာလား။ လတ်တလောမှာ ပူပင်စရာတွေ များနေလား။ ကိုယ်က ဘယ်လို အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရလဲ ဆိုတာကို အရင်ဆုံး ဆန်းစစ်ကြည့် စေချင်ပါတယ်။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့ ရင်တုန်စေတဲ့ အကြောင်းအရင်းက နှလုံးရောဂါကြောင့် ဆိုတာအပြင် ဒီအချက်တွေကြောင့်လည်း ဖြစ်နေနိုင်လို့ပါ။ နှလုံးရောဂါ မျိုးရိုး ရှိတာ ဆေးလိပ်သောက်သုံးတာ အဝလွန်တာ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း