စိတ်ကျန်းမာရေး

လူတစ်ယောက် ကျန်းမာဖို့ဆိုတဲ့နေရာမှာ စိတ်ကျန်းမာရေးဟာလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးပါပါတယ်။ စိတ်ကျန်းမာရေးပြဿနာတွေက တစ်ခါတလေမှာ သတိမထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စိတ်ကျန်းမာရေးကို ဘယ်လို ထိန်သိမ်းစောင့်ရှောက်ရမလဲဆိုတာကို သိထားတာ၊ စိတ်ကျန်းမာရေး အခြေအနေ ချို့ယွင်းမှုရှိနေတယ်ဆိုတာနဲ့ပတ်သက်လို့ သိရှိနိုင်မယ့် အခြေအနေတွေကို သိရှိထားတာ၊ စိတ်ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သိရှိထားတာက ကိုယ်တိုင်အတွက်ရော ချစ်ခင်ရသူတွေကိုပါ အများကြီး အထောက်အကူ ပြုပေးနိုင်မှာပါ။

ကျန်းမာရေးဗဟုသုတ

စိတ်ကျန်းမာရေး

အနားယူခြင်း (၇) မျိုး ရှိတယ်ဆိုတာ သိပါသလား

အနားယူတယ်လို့ ပြောလိုက်ရင် တစ်ယောက်နဲ့ တစ်ယောက်ကတော့ တူမှာ မဟုတ်ပါဘူး။ တချို့က အိပ်ရေးဝဝအိပ်လိုက်တယ်။ တချို့က ခရီးသွားလိုက်တယ်။ တချို့က ရုပ်ရှင်ကြည့်လိုက်တယ် စသဖြင့် အမျိုးမျိုးရှိပါတယ်။ ဘယ်လိုပဲ အနားယူယူ ပြန်ပြီး ချုံ့လိုက်ရင် ခုပြောမယ့် အနားယူခြင်း (၇) မျိုး ထဲမှာ ပြန်ပြီး အကျုံးဝင်သွားပါတယ်။ အနားယူခြင်း (၇) မျိုး ဆိုတာ (၁) ရုပ်ပိုင်းဆိုင်ရာ အနားယူခြင်း (Physical rest) နေ့စဉ်သွားလာလှုပ်ရှားနေရတာတွေက ခန္ဓာကိုယ်ကို ရုပ်ပိုင်းဆိုင်ရာအရ ပင်ပန်းစေပါတယ်။ ကြွက်သားတွေနာတာ၊ ခေါင်းကိုက်တာ၊ ဇက်ကြောတက်တာတွေက ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနေတဲ့ အဓိပ္ပာယ်ပါ။ ဒါကို ပြေပျောက်အောင်  အနားယူတဲ့နေရာမှာ ၂နည်း ရှိပါတယ်။ ပထမတစ်ခုက Passive rest ဘာမှမလုပ်ဘဲ နားလိုက်တာပါ။ အမြင်သာဆုံးပြောရရင် အိပ်လိုက်တာ၊ တစ်ရေးလောက် မှေးလိုက်တာမျိုးပေါ့။ Active […]

စိတ်ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

စိတ်ကျန်းမာရေး ကို ရှာဖွေမည်။

စိတ်ဖိစီးမှုဖြေလျှော့ခြင်း

စိတ်ဝေဒနာကို ဘယ်လိုရင်ဆိုင်ရမလဲ

Stigma ဆိုတာကသင့်မှာသူများနဲ့မတူတဲ့ပင်ကိုလကဏာတွေရှိတဲ့အခါတစ်စုံတစ်ယောက်ကသင့်ကိုမကောင်းတဲ့အမြင်နဲ့ကြည့်ခြင်းကိုဆိုလိုတာပါ။ ကံမကောင်းစွာနဲ့ဘဲစိတ်ကျန်းမာရေးပြသနာရှိနေတဲ့သူတစ်ယောက်ကတခြားသူတွေအပေါ်ကောင်းတဲ့အမြင်နဲ့မကြည့်နိုင်တာ၊ ကောင်းတဲ့စိတ်မထားနိုင်တာကဖြစ်လေ့ရှိပါတယ် Stigma ကခွဲခြားခံရခြင်းကိုဖြစ်စေနိုင်ပါတယ်။ ခွခြားခံရခြင်းကသိသာပါတယ်။ဥပမာ - တစ်စုံတစ်ယောက်ကသင့်ရဲ့စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှုအခြေအနေနဲ့ကုသမှုတွေအပေါ်အပျက်သဘောဆန်ဆန်အတွေးအမြင်ရှိခြင်းဘဖြစ်ပါတယ်။ ဒီလိုခွခြားမှုတွေကသိမ်မွေ့နိုင်သလိုတစ်ခါတစ်လေလည်းတမင်ရည်ရွယ်တာမျိုးဖြစ်နိုင်ပါတယ်။ဥပမာ - တစ်စုံတစ်ယောက်ကသင့်ဟာသင့်ရဲ့စိတ်ပိုင်းဆိုင်ရာပြသနာကြောင့်သင်ဟာမတည်ငြိမ်ဘူး၊ဘေးဖြစ်နိုင်တယ်၊ကြမ်းတမ်းနိုင်တယ်လို့ယူဆပြီးသင့်ကိုရှောင်နေတာမျိုးဖြစ်ပါတယ်။ တတစ်ခါတစ်လေမှာသင့်ကိုသင်လည်းဒီလိုထင်မိပါလိမ့်မယ်။   Stigma ရဲ့ဘေးဖြစ်စေနိုင်တဲ့အချက်တွေကတော့ - သူငယ်ချင်း၊ ဆွေမျိုး၊လုပ်ဖော်ကိုင်ဖက်တွေရဲ့နားလည်မှုမရခြင်း။ အကူအညီနဲ့ကုသမှုရှာဖွေဖို့တွန့်ဆုတ်ခြင်း။ အနိုင်ကျင့်ခြင်း၊ရုပ်ပိုင်းဆိုင်ရာစော်ကားခြင်း၊အရှက်ခွခြင်း။ တချို့သောစိန်ခေါ်မှုတွေမှာသင်လုံးဝမနိုင်နိုင်ဘူးလို့စိတ်ထဲစွခြင်း၊သင့်အခြေအနေကိုမတိုးတက်နိုင်လောက်ဘူးလို့စိတ်ထဲစွခြင်း။ အလုပ်ရနိုင်ချေည်းခြင်ူ၊ ကျောင်းဝင်ခွင့်ရနိုင်ချေနည်းခြင်း၊လူမှုရေးလှုပ်ရှားမှုတွေမှာပါဝင်ခွင့်ရနိုင်ချေနည်းခြင်းဒါမှမဟုတ် နေထိုင်ဖို့နေရာရှာဖွေဖို့ခက်ခခြင်း။   အောက်မှာဖော်ပြထားတာက Sigma ကိုထိန်းချုပ်ဖို့နည်းလမ်းတွေပါ။ Stigma ကြောင့်သင့်ကိုယ်သင်သံသယဝင်မှုတွေ၊ရှက်ရွ့မှုတွေမဖြစ်စေပါနဲ့။ သင့်အခြေအနေကသင့်ရဲ့အားနည်းချက်ဖြစ်တယ်ဒါမှမဟုတ်အကူအညီမလိုဘဲသင်ကိုယ်တိုင်ထိန်းချုပ်နိုင်တယ်လို့သင်ယုံကြည်ချင်ယုံကြည်နေပါလိမ့်မယ်။ တကယ်တော့ဒါကမှားပါတယ်။ စိတ်ကျန်းမာရေးဆရာဝန်ရဲ့အကူအညီကုယူုခင်း၊သင့်ရဲ့ပြသနာအကြောင်းကိုသင်ကိုယ်တိုင်သိအောင်လုပ်ပြီးတခြားစိတ်ကျန်းမာရေးပြသနာခံစားနေရတဲ့လူတွေနဲ့ဆက်သွယ်ခြင်းကမိမိကိုယ်ကိုမိမိယုံကြည်မှုပြန်ရပြီးသင့်ကိုယ်သင်မကောင်းမြင်တာကနေလွတ်မြောက်မှာပါ။   သင့်ကိုယ်သင်သီးသန့်ခွဲမထားပါနဲ့။ သင့်ရဲ့စိတ်ကျန်းမာရေးအခြေအနေကိုတစ်စုံတစ်ယောက်ကိုပြောပြသင့်ပါတယ်။ မိသားစုဝင်တွေကိုဖြစ်ဖြစ်၊သူငယ်ချင်းတွေကိုဖြစ်ဖြစ်၊စိတ်ကျန်းမာရေးဆရာဝန်ကိုဖြစ်ဖြစ်၊သင့်အဖွဲ့အစည်းကလူတွေကိုဖြစ်ဖြစ် ပြောပြသင့်ပါတယ်။ သင်ယုံကြည်နိုင်တဲ့၊သင့်ကိုအထောက်အကူပေးနိုင်မယ့်သင့်ကိမဝေဖန်မယ့်သတွေကိုရှာပြီးပြောပြပါ။ အထောက်အကူပြုအဖွဲ့အစည်းထဲပါဝင်ပါ။ အထောက်အကူပြုအဖွဲ့အစည်းကစိတ်ကျန်းမာရေးပြသနာတွေကြုံနေတဲ့သူတွေအတွက်ရွေးချယ်စရာတစ်ခုပါ။ ဒီအထောက်အကူပြုအဖွဲ့အစည်းတွေကပုံစံလေးတွေကွဲနိုင်ပေမယ့်အခြေခံကတော့တူတူပါဘဲ။ တစ်ဦးချင်းစီရဲ့ကြုံနေရတဲ့အတွေ့အကြုံတွေကိုပြောပြပြီးတစ်ဦးချင်းစီကအားပေးနှစ်သိမ့်ပေးပါတယ်။ ကျောင်းမှာလည်းအကူအညီယူပါ။ စိတ်ကျန်းမာရေးအခြေအနေကြောင့် ကျောင်းသားအချင်းချင်းခွခြားဆက်ဆံပြီး သွေဖယ်ထားတာကဥပဒေနဲ့ဆန့်ကျင်ပါယ်။ မူလတန်းကနေ ကောလိပ်အထိဆရာဆရာမတွေက ကျောင်းသားတွေကိုသူတို့အတတ်နိုင်ဆုံးအသင့်တော်ဆုံးနေရာချပေးကြပါတယ်။ ဒါကြောင့်သင့်ဆရာဆရာမတွေနဲ့ ကျောင်းကတာဝန်ရှိသူတွေကိုသင်အကူအညီလိုရင်တောင်းဖို့ဝန်မလေးပါနဲ့။ Stigma ကိုဆန့်ကျင်ပါ။ Support group တွေမှာသင့်ရဲ့အမြင်တွေကိုဝင်ပြောပါ။ အယ်ဒီတာတွေဆီဖြစ်ဖြစ်၊အင်တာနက်မှာဘဖြစ်ဖြစ်ပြောပါ။ ဒီလိုစိတ်ပိုင်းဆိုင်ရာပြသနာတွေကိုရင်ဆိုင်နေရတဲ့သူတွေအတွက်သင့်အမြင်တွေကအကူအညီပေးနိုင်သလိုလူထုကိုလည်းဒီအကြောင်းသတိပြုမိစေပါတယ်။       Hello Health Group does not provide medical […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

ချစ်ခင်နှစ်သက်သူကိုဆုံးရှုံးရသော ဝမ်းနည်းပူဆွေးမှုကို ဘယ်လိုရင်ဆိုင်မလဲ

သင်ချစ်တဲတစ်စုံတစ်ယောက်ကိုဆုံးရှုံးရတာကလုံးဝမလွယ်ကူပါဘူး။ ဒီဆုံးရှုံးမှုကြောင့်သင်ပြောင်းလဲသွားနိုင်သလိုဒီဆုံးရှုံးမှုကြောင့်ဘဲသင်ဘယ်လိုဆက်လက်ှငသန်ရမလဲဆိုတာကိုသိနိုင်ပါတယ်။ ဝမ်းနည်းပူဆွေးခြင်းကသင်တစ်စုံတစ်ယောက်သို့မဟုတ်အရေးကြီးတဲ့တစ်စုံတစ်ခုကိုံးရှုံးတဲ့အခါပုံမှန်ဖြစ်လေ့ရှိတဲ့ကျန်းမာတဲတုံ့ပြန်မှုတစ်ခုပါ။ သင်ချစ်တဲ့တစ်စုံတစ်ယောက်ကိုဆုံးရှုံးတဲ့အခါတုန်လှုပ်မှုနဲ့ဝမ်းနည်းပူဆွေးခြင်းကသင့်ကိုလွှမ်းမိုးသွားပါတယ်။ ဒီလိုဆုံးရှုံးတဲ့အခါသင့်စိတ်ခံစားချက်တွေကအဆင့်လိုက်ဖြစ်ပေါ်ပါတယ်။ ဆရာဝန်တွေကဝမ်းနည်းပူဆွေးခြင်းကိုအဆင့်ငါးဆင့်သတ်မှတ်ထားပါတယ်။ ငြင်းကွယ်ခြင်း၊ ဒေါသထွက်ခြင်း၊ထိန်းညှိခြင်း၊စိတ်ဖိစီးခြင်းနဲ့လက်ခံခြင်းတို့ဖြစ်ပါတယ်။ လူတိုင်းကဒီအဆင့်တွေကိုဘဲသူတို့နည်းသူတို့ဟန်နဲ့ကြုံတွေ့ကြရပါတယ်။   လူတိုင်းဟာသူတို့ရဲ့ခံစာူချက်တွေကိုထိန်းချုပ်ပုံချင်းမတူပါဘူး။ အောက်ဖော်ပြပါအကြံပြုချက်တွေကသင့်ခံစားချက်တွေကို ကောင်းစေဖို့နည်းလမ်းတွေပါ။ သတိမှတ်နေပါ - အချိန်တိုင်းဖြစ်ပျက်နေတာတွေကိုဖြစ်ပျက်နေတယ်လို့သတိထားနေပြီးနားခါးလွန်းတဲ့အမှန်တရားကိုလည်းလက်ခံပြီးသင့်ကိုယ်အကူအညီနိုင်ဆုံးဖြစ်မယ့်တုံ့ပြန်မှုနဲ့တုံ့ပြန်ပါ။ တရားထိုင်းခြင်းနဲ့စိတ်ငြိမ်စေတဲ့နည်းလမ်းများဥပမာ - အသက်ရှူသွင်းရှူထုတ်စတဲ့နည်းလမ်းတွေကသင့်ကိုသတိကပ်စေပြီးဝမ်းနဲပူဆွေးခြသ်းတွေနဲ့လွှမ်းမိုးတာမခံရတော့ပါဘူး။   ရင်ဖွင့်ပါ - သင်ခံစားနေရတာတွေကိုအသိအမှတ်ပုခံရခြင်းကသင့်ကိုအများကြီးကူညီပါတယ်။ သင်ဘယ်လိုခံစားနေရလဲဆိုတာတစ်ပါးသူတွေဆီရင်ဖွင့်ပြီးမိမိကိုယ်ကိုအသိအမှတ်ပြုပါ။   စိတ်ရှည်ပါ - သင်ပြန်ကောင်းလာဖို့ကအချိန်ယူရပါတယ်။ သင့်ဝမ်းနည်းပူဆွေးမှုတွေကိုထိန်းချုပ်နေရချိန်မှာဆုံးဖြတ်ချက်ချရတာခက်ပါတယ်။ အကောင်းဆုံးကအရေးကြီးတဲဆုံးဖြတ်ချက်တွေကိုသင်ပုံမှန်ပြန်ဖြစ်တဲ့ထိရွှေ့ထားသင့်ပါတယ်။   သင့်ကိုယ်သင် ပျော်အောင်ထားပါ - ရီမောခြင်းကသင့်ကိုကုသပေးပါလိမ့်မယ်။ ဒါပေမယ့်လည်းငိုတာကလည်အဆင်ပြေပါတယ်။ လူမှုရေးလှုပ်ရှားမှုတွေထဲပါဝင်နိုင်သလောက်ပါဝင်ပါ။   သင့်ကိုယ်သင်ဂရုစိုက်ပါ - ကျန်းမာစွာနေပြီးစားနိုင်သလောက်စားပါ၊ လေ့ကျင့်ခန်းလုပ်နိုင်ရင်လုပ်ပါ။ အရက်နဲ့တခြားမူးရစ်ဆေးတွေကိုရှောင်ပါ။ သူတို့ကသင့်ခံစားချက်တွေကိုထိန်းချုပ်ရာမှာပိုဆိုးစေပါတယ်။   သင့်ကိုနှစ်သိမ့်ပေးမယ့်သူတွေရှာပါ - သင်လိုအပ်နေချိန်မှာသင့်အတွက်ရှိပေးနေတဲ့သူတွေရှိတာသိဖို့အရေးကြီးပါတယ်။ သူငယ်ချင်းတစ်ယောက်ဒါမှမဟုတ်မိသားစုဝင်တစ်ယောက်ဒါမှမဟုတ်ျဆးဘက်ဆိုင်ရာကျွမ်းကျင်သကိုရင်ဖွင့်လိုက်တာကလည်းသင့်ကိုသက်သာစေပါတယ်။ နှစ်သိမ့်ပေးတဲ့အဖွဲ့အစည်းလိုမျိုးကလည်းတစ်ယောက်ချင်းစီရဲ့အတွေ့အကြုံတွေခံစားနေရတာတွေကိုနားလည်ပေးကြတဲ့အတွက် ရွေးချယ်သင့်ပါတယ်တစ်ယောက်ယောက်ကိုဆုံးရှုံးပြီးပူဆွေးနေရတာကရိုလာကိုစတာကိုအပေါ်တက်လိုက် အောက်ဆင်းလိုက်စီးနေရတာနဲ့တူပါတယ်။ သင်ဆုံးရှုံးရတာအတွက်ခံစားရတာကတော်ရုံနဲ့မပျောက်ပါဘူး။ ဒါပေမယ့်အချိန်ကြာလာတာနဲ့ပြန်ကောင်းစပြုလာပါလိမ့်မယ်။ တကယ်လို့သင့်ပူဆွေးမှုကတဖြည်းဖြည်းမပျောက်ဘူးဆိုရင်ကျွမ်းကျင်သူတွေရဲ့အကူအညီတောင်းပါ။     Hello Health Group does not provide medical advice, diagnosis or treatment.


အခြားစိတ်ကျန်းမာရေးပြဿနာများ

ဒီဂျားဗူး (Deja Vu)

ဒီဂျားဗူး (déjà vu) ဆိုတာ ဘာလဲ။ သင်အခုလက်ရှိကြုံနေရတဲ့ အဖြစ်အပျက်တခုခုကို အရင်က တွေ့ကြုံခဲ့ရဖူးသလို ခံစားနေရပါသလား။ ဒီလိုမျိုး ထူးထူးဆန်းဆန်းခံစားရခြင်းကို ဒီဂျားဗူး (déjà vu) လို့ခေါ်ပြီး လူအတော်များများ ကြုံတွေ့ရလေ့ ရှိပါတယ်။ဦးနှောက်က မှားယွင်းပြီး ဖန်တီးလိုက်တဲ့ မှတ်ဉာဏ်တွေကြောင့် ဒီလို တွေ့ကြုံရတာလို့ အရင်က ယူဆခဲ့ကြပါတယ်။ အင်္ဂလန်နိုင်ငံ St Andrews တက္ကသိုလ်က ပညာရှင် Akira O’Connor ပြုလုပ်တဲ့ လေ့လာသုတေသန ပြုချက်အသစ်က ပိုပြီးတိကျတဲ့ ဖြေရှင်းချက်ကို ပေးခဲ့ပါတယ်။ ပါဝင်ကူညီပြီး စမ်းသပ်ခံပေးသူတွေကို fMRI ရိုက်ပြီး စစ်ဆေးစမ်းသပ်ချက်အရ ဒီဂျားဗူး (déjà vu) ဖြစ်စဉ်မှာ ဦးနှောက်ရဲ့ အရှေ့ပိုင်း ဧရိယာ(ဆုံးဖြတ်ချက်ချတဲ့ လုပ်ငန်းကို လုပ်ပေးတဲ့ ဦးနှောက်ဧရိယာ) ပါဝင်ပတ်သက်မှုရှိတယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

လိင်တူစိတ်ဝင်စားသူအဖြစ် ပွင့်ပွင့်လင်းလင်းဘယ်လိုဝန်ခံမလဲ

လိင်တူစိတ်ဝင်စားသူအဖြစ် ပွင့်ပွင့်လင်းလင်းဘယ်လိုဝန်ခံမလဲ ...... လိင်တူစိတ်ဝင်စားသူတွေ အတွက်တော့ ကိုယ့်အနေအထားကို ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်ဖို့က အကြီးမားဆုံး စိန်ခေါ်မှု အခက်အခဲပါပဲ။ ဒီသတင်းကို ကြားရရင် ကိုယ့်မိသားစုနဲ့ အသိမိတ်ဆွေတွေက ဘယ်လို တုံ့ပြန်လာလေမလဲ ဆိုတာ စိုးရိမ်မိတာ သဘာဝ ကျပါတယ်။ လူမှုရေး လောကရဲ့ဝေဖန်ပြောဆိုမှုတွေကို ကြောက်တာနဲ့ပဲ သင့်အနေအထားကို ပြန်ဖုံးကွယ်မိစေပါတယ်။ ဒါပေမယ့် ကိုယ့်အနာဂတ် အတွက် ပြန်စဉ်းစားသင့်ပါတယ်။ ဖွင့်ဟ ဝန်ခံလိုက်တာကပဲ သင့်ရဲ့ချစ်ခင်ရသူတွေ အပေါ် မလိမ်ညာ၊ မကွယ်ဝှက်ဘဲ ရိုးရိုးသားသား ဆက်ဆံနိုင်မယ့် တစ်ခုတည်းသော နည်းလမ်း ဖြစ်ပါတယ်။ လိင်တူစိတ်ဝင်စားသူအဖြစ် ပွင့်ပွင့်လင်းလင်းဘယ်လိုဝန်ခံမလဲ လိင်တူစိတ်ဝင်စားသူအဖြစ် ပွင့်ပွင့်လင်းလင်းဘယ်လိုဝန်ခံမလဲ ဆိုတော့  ဒီလို ဝန်မခံခင်မှာ အရင်ဆုံး လုပ်ရမှာက ကိုယ့်ကိုယ်ကိုယ် နားလည်အောင် လုပ်ဖို့ပါပဲ။ တချို့က အရမ်း ငယ်ရွယ်သေးတဲ့ အချိန် ကတည်းက […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

ရယ်မောခြင်းဟာ အကောင်းဆုံးဆေးတစ်ခွက်လား

ကျွန်တော်တို့ ဘာလို့ရယ်မောကြတာလဲ။ ပျော်လို့ရယ်တာပေါ့၊မဟုတ်ဘူးလား။ စိတ်ကျေနပ်ပျော်ရွှင်တဲ့အခါ၊ဝမ်းသာအားရတဲ့အခါ ကျွန်တော်တို့ရယ်မောတတ်ကြပါတယ်။ အကယ်၍များ ရယ်မောနိုင်တဲ့ စွမ်းရည် လူတွေမှာ မရှိဘူးလို့ တွေးကြည့်လိုက်စမ်းပါ။ တွေးတာနဲ့တင် ပျင်းဖို့ကောင်းနေပါပြီ။ ဖြစ်ကို မဖြစ်နိုင်ပါဘူး။ ရယ်မောခြင်းဟာ ကျွန်တော်တို့ဘဝရဲ့ အစားထိုးလို့မရတဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး သူသာမရှိတော့ဘူးဆိုရင် ကျွန်တော်တို့ရဲ့ ဘဝဟာ အရင်ကနဲ့ ဘယ်လိုမှ တူညီနိုင်တော့မှာ မဟုတ်ပါဘူး။ ရယ်မောခြင်းကနေ ပျော်ရွှင်ခြင်းကိုပဲ ပေးတာမဟုတ်ပါဘူး၊တခြားသော ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကိုလည်း ပေးနိုင်ပါသေးတယ်။ ရယ်မောခြင်းကြောင့် ရရှိတဲ့ ရုပ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးတွေကို မြင်သာအောင် သက်သေပြဖို့ နည်းနည်းခက်ပေမယ့် စိတ်ကျန်းမာရေးအတွက် အကျိုးရှိစေတာကိုတော့ လူတိုင်းသေချာပေါက် ခံစားမိကြမှာပဲ ဖြစ်ပါတယ်။     ရယ်နေတဲ့အချိန်ဆို မငိုဘူးလေ။ ဒီထက်ရှင်းတာတောင် ဒီလောက်မရှင်းဖူးလို့ သင့်အနေနဲ့ တွေးကောင်းတွေးနေပါလိမ့်မယ်။ ဟုတ်ပါတယ်၊ဒါဟာ အခြေခံအကျဆုံး၊အရိုးရှင်းဆုံး အချက်ပါ။ တမျိုးပြန်စဉ်းစားရအောင်။ သင်ငိုနေတဲ့ အချိန်တွေဆိုရင် မရယ်နိုင်ပါဘူး။ အင်းပေါ့လေ ရုတ်တရက် […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

ရယ်မောခြင်းက သင့်ကို ပိုကျန်းမာစေသလား

"ရယ်မောခြင်းသည် အသက်ရှည်စေ၏" တဲ့။ စကားပုံလေး လူတိုင်းကြားဖူးမှာပါ။ ပျော်တဲ့အခါ၊စိတ်ထဲမှာ နေလို့ထိုင်လို့ ကောင်းတဲ့အခါ ကျွန်တော်တို့ ရယ်မောတတ်ကြပါတယ်။ ရယ်မောခြင်းဟာ တဦးနဲ့တဦးကို နီးကပ်စေပါတယ်။ ရင်ဘတ်ချင်း နီးစေပါတယ်။ သူစိမ်းတရံဆံတွေနဲ့တောင် ပျော်ပျော်ပါးပါးကြီး အတူတကွ ရယ်မောလို့ ရပါတယ်။ ရယ်မောခြင်းက သင့်ကို ပျော်ရွှင်စေရုံသာမက ကျန်းမာရေးအတွက်လည်း ကောင်းကျိုးတွေ အများကြီး ဖြစ်စေပါတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။   ရုပ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးတွေ တကယ်လို့ ကျွန်တော်တို့ရယ်မောနေတဲ့ အချိန်မှာ ဖြစ်ပေါ်ပြောင်းလဲနေတဲ့ ဇီဝဗေဒဖြစ်စဉ်တွေကို လေ့လာကြည့်မယ်ဆိုရင် အင်မတန်အံ့ဩဖွယ်ကောင်းတဲ့ အဖြစ်အပျက်တွေ ခန္ဓါကိုယ်ထဲမှာ ဖြစ်ပေါ်နေတာကို တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။ ရယ်မောခြင်းဟာ ကြွက်သားတွေကို ပြေလျော့စေပြီး ခန္ဓါကိုယ်ရဲ့ တင်းကြပ်မှုတွေကို သက်သာလျော့ပါးစေပါတယ်။ မကောင်းတဲ့ ဟော်မုန်းတွေ ထွက်ရှိမှုကို နည်းသွားစေပြီး ခုခံအားစနစ်မှာ ပါဝင်တဲ့ ဆဲလ်တွေထုတ်လုပ်မှုကို မြင့်တက်စေပါတယ်။Endorphins ဓါတ်တွေလည်း အများအပြား […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရခြင်းကို ဘယ်လိုရင်ဆိုင်မလဲ

စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်တာဟာ အနိုင်ကျင့်ခံရတဲ့ သူရဲ့ စိတ်ထဲမှာ အမာရွတ်တသက်လုံးထင်ကျန်ရစ်ခဲ့စေနိုင်ပြီး ကိုယ်ရည်ကိုယ်သွေးကိုပါ ထိခိုက်စေတဲ့အတွက် ဒါဟာ အင်မတန်ဆိုးရွားတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ ဒါဖြင့် ဒီကိစ္စကို ဘယ်လို ရင်ဆိုင်မလဲ။ စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်တယ်ဆိုတာ ဘာလဲ။ အောက်ပါအချက်တွေ ပါဝင်ပါတယ်။ နာမည်ဖျက်ပြီး ပြောင်ခေါ်ခြင်း၊သရော်ခြင်း၊လှောင်ခြင်း။ စကားလုံးတွေနဲ့ သင့်ကို ထိခိုက်နာကျင်အောင် လုပ်ခြင်း၊စိတ်ညစ်၊စိတ်ဆင်းရဲအောင် လုပ်ခြင်း။ ခြိမ်းခြောက်ခြင်း။ သင့်ကို စိတ်အားငယ်အောင်၊ ကူတွယ်ရာမဲ့ဖြစ်အောင်၊သိမ်ငယ်အောင် လုပ်ခြင်း။ အဖွဲ့ထဲကနေ ကျဉ်ထားခြင်း၊ အပေါင်းအသင်းမလုပ်ခြင်း။ အကြီးအကျယ် စိတ်ထိခိုက်အောင် လုပ်ခြင်း။ အုပ်စုဖွဲ့အနိုင်ကျင့်ခြင်း။ အရှက်ခွဲခြင်း။ဒီပြဿနာကို ဘယ်လိုရင်ဆိုင်ရမလဲ။ဒါဟာသင့်အပြစ်မဟုတ်ဘူးဆိုတာ နားလည်ပါ။ ဒီလိုအနိုင်ကျင့်ခံရတာဟာ အနိုင်ကျင့်သူတွေရဲ့ အပြစ်မဟုတ်ဘဲ သင့်အပြစ်သာဖြစ်တယ်၊သင့်မှာသာ တာဝန်ရှိတယ်လို့ သင်ခံစားလာရအောင် သူတို့တွေက ပြောပါလိမ့်မယ်၊လုပ်ပါလိမ့်မယ်။ ဒါပေမယ့် တကယ်တမ်းတော့ ဒါဟာ အနိုင်ကျင့်စော်ကားတဲ့ သူတွေရဲ့အပြစ်သာ ဖြစ်ပါတယ်။ တကယ်လို့ […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

စိတ်တွင်းပဋိပက္ခတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ

တခါတလေကျရင် ကိုယ်ဖြစ်ချင်တာက တမျိုး၊တကယ်တမ်းလက်တွေ့ကျတော့ ဆန့်ကျင်ဖက် လုပ်မိတာမျိုးတွေ ကြုံဖူးပါသလား။ သင့်ရဲ့ အမူအကျင့်/ခံယူချက် စိတ်နေစိတ်ထားတွေဟာ မတည်မငြိမ် ပြောင်းလဲတတ်လွန်းလို့ ကိုယ့်ကိုယ်ကိုတောင် မခန့်မှန်းတတ်တော့အောင် ဖြစ်နေပါသလား။ တည်ငြိမ်အေးချမ်းတဲ့သူတွေဟာ အတွင်းစိတ်သန္တာန် တသမတ်တည်း ရှိပြီး သူတို့ကိုယ်သူတို့ ဘာလုပ်ချင်တယ်၊ ဘာဖြစ်ချင်တယ် ဆိုတာ သိရှိနားလည်ထားသူတွေဖြစ်ပါတယ်။ အချိန်နဲ့ အမျှ ဟိုစိတ်ပြောင်းလိုက်၊ဒီစိတ်ပြောင်းလိုက် ဂနာမငြိမ် ဖြစ်နေကြသူတွေ မဟုတ်ဘဲ တည်တည်ငြိမ်ငြိမ် ရှိကြသူတွေ ဖြစ်ပါတယ်။ ဒါ့အပြင် သင်လိုချင်တဲ့၊ဖြစ်ချင်တဲ့၊မျှော်လင့်တဲ့ လက်တွေ့ဘဝကို အကောင်အထည်ဖော်ဖို့အတွက် ဆိုရင် တသမတ်တည်းရှိပြီး တည်ငြိမ်တဲ့ စိတ်ရှိဖို့ အထူးလိုအပ်ပါတယ်။ ဒီလို စိတ်အနေအထားမျိုးဟာ အရာရာကို ပြီးမြောက်အောင်မြင်နိုင်လောက်တဲ့ စွမ်းအားရှိပြီး ဂယောက်ဂယက်ထနေပြီး မတည်ငြိမ်တဲ့ စိတ်ကတော့ ဘာကိုမှ အကောင်အထည်ပေါ်လာစေမှာ မဟုတ်ပါဘူး။   စိတ်အပြောင်းအလဲမြန်တတ်သူတွေရဲ့ အမူအကျင့် စရိုက်လက္ခဏာများ အတွေးတွေ၊အထင်အမြင်တွေ များလွန်းပြီး […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

ဒေါသကို ဘယ်လိုထိန်းချုပ်မလဲ

စိတ်ဆိုးဒေါသထွက်တယ်ဆိုတာ ထူးဆန်းတဲ့အရာတော့မဟုတ်ပါဘူး။ ပုံမှန်စိတ်ခံစားချက်တစ်ခုပါ။ ဒါပေမယ့် တချိန်လုံးစိတ်တိုဒေါသထွက်နေမယ်၊ မချုပ်ထိန်းနိုင်လောက်အောင် ပေါက်ကွဲနေမယ်ဆိုရင်တော့ ပေါင်းသင်းဆက်ဆံရေး၊ကျန်းမာရေး နဲ့ သင့်စိတ်ကျန်းမာရေးအတွက် ဘယ်လိုမှ မကောင်းနိုင်ပါဘူး။   သင့်ဒေါသကို ချွန်းအုပ်ပါ။ လူတိုင်းစိတ်ဆိုးဒေါသထွက်တတ်ကြတာ အမှန်ပါ။ ဒါပေမယ့် မချုပ်ထိန်းနိုင်ဘဲ ဒေါသအရမ်းကြီးလွန်းတာဟာ သင့်အတွက်ရော၊သင့်ဘေးနားကလူတွေအတွက်ပါ မကောင်းပါဘူး။ဥပမာ သင့်အနေနဲ့ အရမ်းဒေါသကြီးမယ်၊စိတ်မထိန်းနိုင်ဘူးဆိုရင် ခိုက်ရန်ဖြစ်ပွားတာတွေ၊ကားကို မဆင်မခြင် အရမ်းမောင်းတာတွေ ဖြစ်တဲ့အခါ သင်ကိုယ်တိုင်အတွက်ရော၊တခြားလူတွေအတွက်ပါ အန္တရာယ်ရှိပါတယ်။ ဒေါသစိတ်ဆိုတာ လွှတ်ထုတ်ပစ်ရမယ့်အရာ မဟုတ်ပါဘူး။ ချုပ်ထိန်းရမယ့်အရာ ဖြစ်ပါတယ်။ ဒေါသကို ထိန်းချုပ်တယ်ဆိုတာဟာ ခံစားချက်တွေအားလုံးကို ချိုးနှိမ်မြိုချထားဖို့ ဆိုလိုတာ မဟုတ်ဘဲ ဒေါသရဲ့ နောက်ကွယ်က အကြောင်းရာကို နားလည်အောင်ကြိုးစားပြီး မှန်ကန်သင့်တော်တဲ့နည်းနဲ့ ထိန်းထိန်းသိမ်းသိမ်း ဖော်ပြဖို့ပဲ ဖြစ်ပါတယ်။ ဒေါသစိတ်ဟာ သင့်ခန္ဓါကိုယ်ကိုလည်း ထိခိုက်စေပါတယ်။ လေ့လာချက်တွေအရ ဒေါသစိတ်ဟာ လူတွေရဲ့ (အထူးသဖြင့် အမျိုးသားတွေရဲ့) နှလုံးသွေးကြောရောဂါ ဖြစ်ပွားနိုင်ခြေကို […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ငိုကြွေးခြင်း နဲ့ သင့်စိတ်ကျန်းမာရေး

ငိုကြွေးခြင်းဟာ ပျော့ညံ့အားနည်းခြင်းရဲ့ လက္ခဏာလို့ လူအများစုက လက်ခံထားကြပါတယ်။ ဒါဟာ တကယ်ပဲလား။ သုတေသနပြုချက်တွေအရ ငိုကြွေးခြင်းဟာ ကျွန်တော်တို့အတွက် မထင်မှတ်ထားတဲ့ အကျိုးရလာဒ်တွေကို ဖြစ်ပေါ်စေတယ်ဆိုတာ တွေ့ရှိခဲ့ရပါတယ်။ ငိုကြွေးခြင်းဟာ မကောင်းတဲ့ ခံစားချက်တွေကို ရှင်းလင်းပစ်လိုက်သလို ဖြစ်တဲ့အပြင် စိတ်ကျန်းမာရေးအတွက် အကျိုးထူးများစွာကိုလည်း ရရှိစေတယ်လို့ ဆိုပါတယ်။   လူတွေ ဘာလို့ငိုရတာလဲ။ ဝမ်းနည်းလို့ပဲ ဖြစ်ဖြစ် ဝမ်းသာလို့ပဲ ဖြစ်ဖြစ် လူတွေ ငိုကြွေးကြပါတယ်။ ဒါကတော့ ကလေးတောင်သိပါတယ်လို့ သင်တွေးကောင်းတွေးနေပါလိမ့်မယ်။ ဟုတ်ပါတယ်။ ဒီထက် ပိုတဲ့အကြောင်းအရာလေးတွေလည်း ရှိနေပါသေးတယ်။ ကျွန်တော်တို့ တင်းထားသမျှအားတွေချွတ်ခြုံကျသွားပြီး လူရောစိတ်ပါ ချုံးချုံးကျသွားတဲ့ အခြေအနေမျိုးတွေ ရှိတတ်ပါတယ်။ဥပမာ ကျွန်တော်တို့ဟာ ဝမ်းနည်းတာ၊နာကျင်ခံစားရတာကြောင့် ငိုကြွေးရလေ့ရှိပေမယ့် တခြားလှပတဲ့ အကြောင်းရာတွေကြောင့်လည်း ငိုရတာမျိုး ရှိတတ်ပါတယ်။ ခံစားချက်တွေ ပွင့်ထွက်သွားတဲ့အခါ၊မချင့်မရဲဖြစ်တဲ့အခါ ဒါမှမဟုတ် အခြားတယောက်ယောက်ရဲ့ အာရုံစိုက်တာ၊ဂရုစိုက်တာကို အရမ်းလိုချင်နေတဲ့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း