အမျိုးသားတွေရဲ့ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး ရှက်စရာကောင်းတဲ့ ပြဿနာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 3, 2020 . 3 mins read
Share now

အမျိုးသားတွေရဲ့ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး ရှက်စရာကောင်းတဲ့ ပြဿနာများ

အလှအပဆိုတာ ကျား၊မ မဟူ လူတိုင်းကြိုက်ကြပါတယ်။ အမျိုးသားတွေအနေနဲ့လည်း ကိုရီးယားမင်းသားလေးတွေလို မိတ်ကပ်တွေ ဖုံနေအောင်လိမ်း၊ နှုတ်ခမ်းနီတွေ ဆိုးထားရမယ်လို့ မဆိုလိုပေမယ့် မိမိနဲ့ တွေ့ဆုံဆက်ဆံပြောဆိုရသူတွေရဲ့အမြင်မှာ ဆိုးဆိုးရွားရွား ဖြစ်မနေစေဖို့အတွက် ခန္ဓာကိုယ်ကို ထိန်းသိမ်းသင့်တာလေးတွေ ထိန်းသိမ်းရပါမယ်။ ဒီဆောင်းပါးမှာတော့ အမျိုးသားတွေရဲ့ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး ရှက်စရာကောင်းတဲ့ ပြဿနာများနဲ့ အဆိုပါပြဿနာများကို ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတာ မျှဝေတင်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။

(၁) နောက်ကျောအမွေးအမျှင်များ ပေါက်ခြင်း

သင် လူလတ်ပိုင်းရောက်လာချိန်မှာ ကျောကုန်းအမွေးအမျှင် အခြေအနေကို သိနိုင်ပါပြီ။ အမွေးမရှိသလောက် နည်းလား၊လုံးဝမရှိဘူးလား၊အသင့်အတင့်ရှိနေသလား သို့တည်းမဟုတ် တောထနေပြီလား။ ဘရက်ဒလေကူးပါးလို ရင်ဘတ်မွှေးက အမျိုးသမီးတွေကို ဆွဲဆောင်နိုင်ပေမယ့် ကျောကုန်းမှာ တောထနေတဲ့ အမွေးအမျှင်တွေကတော့ သင့်ကို ဆက်ဆီကျစေမယ် မထင်ပါဘူး။ လေဆာနည်းပညာကို အသုံးပြုပြီး အမွေးအမျှင်ရှင်းလင်းခြင်းဟာ အလွန်ထိရောက်တဲ့ နည်းလမ်းတစ်ခုဖြစ်တဲ့အပြင် ထိရောက်မှုအာနိသင်က တစ်သက်တာလုံးအတွက် ဖြစ်ပါတယ်။ ဒါပေမယ့် လေဆာနဲ့ အမွေးအမျှင်ရှင်းခြင်းဟာ ငွေကုန်ကြေးကျများစေတဲ့အတွက် မုတ်ဆိတ်ရိတ်ဓားနဲ့ရိတ်ခြင်း၊ ဖယောင်းရည် ဒါမှမဟုတ် ခရင်မ်အသုံးပြုပြီး အမွေးအမျှင်ရှင်းလင်းခြင်း (waxing) စတာတွေကို ရွေးချယ်အသုံးပြုနိုင်ပြီး အာနိသင်ကိုတော့ ရက်သတ္တပတ်အနည်းငယ်ကြာ ရရှိပါလိမ့်မယ်။

(၂) ဘီယာဗိုက်

နာမည်ကသာ ဘီယာဗိုက်လို့ ပေးထားပေမယ့် ဘီယာသောက်မှ ဗိုက်ပူတာတော့ မဟုတ်ပါဘူး။ အလှုပ်အရှားနည်းတာ၊အဆီအဆိမ့်တွေစားတာ၊အထိုင်များတာ၊ဝက်သားတုတ်ထိုးတွေ စားတာ အစရှိတဲ့ အချက်တွေကလည်း သင့်ဗိုက်ကို ပူလာစေနိုင်ပါတယ်။ အမျိုးသားတွေမှာ ဒီပြဿနာကို ပိုမိုရင်ဆိုင်ရလေ့ရှိပြီး ဗိုက်ပူခြင်းဟာ နှလုံးရောဂါဖြစ်နိုင်ချေကိုလည်း ပိုလာစေပါတယ် (ခါးဆိုဒ်လေးဆယ်ကျော်ရင် ပိုဆိုးပါသတဲ့)။ ဒါပေမယ့် သင်အစားအသောက်ဆင်ခြင်ပြီး လေ့ကျင့်ခန်းပြန်လုပ်ရင် ဗိုက်အဆီတွေက အရင်ဆုံးကျပါသတဲ့ (သတင်းကောင်းပေါ့လေ)။

(၃) ချွေးအလွန်အကျွံထွက်ခြင်း

ယေဘုယျအားဖြင့် အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ချွေးထွက်ပိုများတတ်ပါတယ်။ ဒါပေမယ့် သင်ဟာ တစ်နေကုန်လက်ကိုင်ပုဝါလေး ထုတ်ထုတ်ပြီး သုတ်နေရရင်တော့ ဒါဟာပုံမှန်မဟုတ်တော့ပါဘူး။ ရာသီဥတုကြောင့်ပဲဖြစ်ဖြစ်၊စိတ်ခံစားမှုကြောင့်ပဲဖြစ်ဖြစ်၊အလကားနေရင်ပဲဖြစ်ဖြစ် ချွေးအလွန်အကျွံထွက်နေရင် ပြဿနာပါ။ ချိုင်းကြား၊ခြေဖဝါး၊လက်ဖဝါးတွေမှာ အဓိကထွက်လေ့ရှိပါတယ်။ ဒီလို အခြေအနေမျိုးနဲ့ ရင်ဆိုင်ရရင် ဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါတယ်။

(၄) မျက်နှာတစ်ခုလုံး သို့မဟုတ် နှာခေါင်းတစ်ခုတည်း ကွက်ပြီး နီရဲနေခြင်း

နေပူထဲကနေ ပြန်လာတာ၊ဒါမှမဟုတ် အရက်သောက်ထားတဲ့သူတွေမှာ မျက်နှာနီရဲနေတာ မထူးဆန်းပါဘူး။ အသားဖြူသူတွေမှာ ပိုလို့တောင် သိသာပါသေးတယ်။ ဒါပေမယ့် သင်ဟာ အရက်လည်း မသောက်တတ်ပါလျက်နဲ့ မျက်နှာကြီးတစ်ခုလုံး နီရဲနေမယ် ဒါမှမဟုတ် နှာခေါင်းတစ်ခုတည်းကွက်နီနေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါတယ်။ ဒါဟာ ရောဂါအခြေအနေတချို့ရဲ့ ရှေ့ပြေးလက္ခဏာဖြစ်နေနိုင်လို့ပါ။

(၅) ထိပ်ပြောင်၊ထိပ်ကွက်ခြင်း

ဒီပြဿနာဟာလည်း အမျိုးသားတွေကို အထူးသဖြင့် ထိခိုက်စေပါတယ်။ အသက် ၃၅ကျော်လာတာနဲ့အမျှ သင့်ဆံပင်တွေ တဖြည်းဖြည်းပါးလာပြီး ထိပ်ပြောင်စပြုလာပါပြီ။ ဒါမှမဟုတ် ဆံပင်ဘေးလိုင်းနှစ်ခုက ပိုပါးလာပါပြီ။ မျိုးရိုးရှိသူတွေမှာ ပိုလို့တောင် ဖြစ်တတ်ပါသေးတယ်။ ဒါကြောင့် သင်ဟာ ထိပ်ပြောင်ထိပ်ကွက်ခြင်းကို မလိုလားသူ သက်လတ်ပိုင်းအမျိုးသားတစ်ဦးဆိုရင်တော့ ဆံပင်တွေ စတင်ပါးလာပြီဆိုတာနဲ့ သင့်တော်တဲ့ ကုသမှုတွေကို ခံယူသင့်ပါတယ်။

(၆) ကာလာဘလိုင်းဖြစ်ခြင်း

ဒီအမြင်အာရုံဆိုင်ရာပြဿနာဟာ အမျိုးသားတွေမှာ အဓိကဖြစ်ပွားလေ့ရှိပြီး လူအများစုက နားလည်မှုလွဲမှားလေ့ရှိတဲ့ ပြဿနာတခုလည်း ဖြစ်ပါတယ်။ ကာလာဘလိုင်းလို့ဆိုလိုက်တာနဲ့ လောကကြီးကို အဖြူအမည်းရုပ်ရှင်ကားလို့ မြင်နေရတော့မှာပဲလို့ လူတွေက အမှတ်မှား၊အယူမှားလေ့ရှိပါတယ်။ တကယ်တမ်းကျတော့ ကာလာဘလိုင်းဆိုတာဟာ အရာရာကို အဖြူ၊အမည်းနဲ့သာ မြင်နေရတာမျိုးမဟုတ်ဘဲ ဝါ၊စိမ်း၊နီဆိုတဲ့ ပင်မအရောင်သုံးရောင်ကို တိကျစွာ မခွဲခြားနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဒီရောဂါဟာ မွေးရာပါရောဂါတစ်မျိုးဖြစ်ပြီး ကုသလို့လည်း မရတဲ့အတွက် ကျင့်သားရသွားအောင် လုပ်ဖို့သာ ရှိပါတယ်။

(၇) ခန္ဓာကိုယ်အနံ့အသက်ဆိုးခြင်း

အားကစားလှုပ်ရှားမှုတွေ ပြုလုပ်ထားတဲ့အချိန်နဲ့ တစ်နေကုန်လှုပ်ရှားသွားလာထားချိန်တွေမှာ သင့်တစ်ကိုယ်လုံး ချွေးတွေရွှဲနစ်နေပြီး အနံ့အသက်တွေလည်း ဆိုးနေနိုင်ပါတယ်။ ဒါဟာ မထူးဆန်းပါဘူး။ ဒီလို အနံ့အသက်ဆိုးရခြင်းရဲ့ အဓိကအကြောင်းရင်းက ချွေးတွေကြောင့် မဟုတ်ဘဲ ချွေးသံရဲရဲဖြစ်နေတဲ့ အရေပြားကို အသုံးချပြီး ပွားများကြီးထွားနေတဲ့ ဘက်တီးရီးယားတွေကြောင့်ပဲ ဖြစ်ပါတယ်။ ရေပုံမှန်ချိုးပေးခြင်း၊မပျော့လွန်းမပြင်းလွန်းတဲ့ ရေချိုးဆပ်ပြာကို ပုံမှန် အသုံးပြုပေးခြင်း၊ချွေးနံ့ပျောက်ဆေးများ အသုံးပြုခြင်းစတာတွေနဲ့ အနံ့အသက်ဆိုးခြင်း၊ဘက်တီးရီးယားပွားများခြင်းတို့ကို တိုက်ထုတ်နိုင်ပါတယ်။ ဒါတွေနဲ့ မရဘူးဆိုရင်တော့ ကြက်သွန်ဖြူ၊ကြက်သွန်နီ၊ငါးပိစတဲ့ အနံ့ပြင်းတဲ့ အစားအသောက်တွေကို ရှောင်ကျဉ်ရပါမယ်။

(၈) လိင်မှုရေးရာပြဿနာများ

ထုတ်မပြောကြပေမယ့် အမျိုးသားတွေရဲ့ သုံးပုံတစ်ပုံဟာ ပန်းသေပန်းညှိုးခြင်း၊သုက်လွှတ်မြန်ခြင်း အစရှိတယ် ပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ ဆီးချို၊နှလုံး၊အာရုံကြောဆိုင်ရာပြဿနာများ၊ဆေးလိပ်သောက်ခြင်း၊သွေးလည်ပတ်မှုဆိုင်ရာပြဿနာများ အပါအဝင် အချို့သော ဆေးတွေဟာ ဒီပြဿနာတွေရဲ့ ရေသောက်မြစ်ဖြစ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ပန်းသေပန်းညှိုးခြင်း၊သုတ်လွှတ်မြန်ခြင်း စတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံး တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

(၉) ဆီးကျိတ်ရောင်ခြင်း

အမျိုးသားတွေ အသက်ကြီးလာတဲ့အခါ ပါးရေနားရေတွန့်ခြင်း၊ဆံပင်ဖြူခြင်းစတာတွေကို ရင်ဆိုင်ရမယ့်အပြင် ဆီးကျိတ်ရောင်ခြင်းကိုလည်း ကြုံတွေ့ရဖို့ ရာခိုင်နှုန်းအတော်များပါတယ်။ ဒီလို ဆီးကျိတ်ရောင်ရမ်းခြင်းဟာ အသက်၇၅နဲ့အထက် အမျိုးသားတွေရဲ့ ထက်ဝက်လောက်မှာ ဖြစ်ပွားလေ့ရှိပါတယ်။ ဆီးကျိတ်ကြီးလာတဲ့အခါ ဆီးအိမ်လည်တံအစွန်ကို ပိုမိုဖိညှစ်လာတာကြောင့် သင့်အနေနဲ့ ဆီးမကြာခဏသွားချင်လာပါတယ်။ ဒီပြဿနာ (ဆီးကျိတ်ရောင်ရမ်းခြင်း)ကို ကုသပေးနိုင်တဲ့၊ရောဂါလက္ခဏာတွေကို လျှော့ချပေးနိုင်တဲ့ နည်းလမ်းတွေ အများအပြား ရှိပါတယ်။

အထက်မှာ ဖော်ပြခဲ့တဲ့ အချက်တွေက ကြီးငယ်မဟူ အမျိုးသားတွေမှာ ဖြစ်ပေါ်လာနိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာပြဿနာတွေပဲဖြစ်ပါတယ်။ အချို့ပြဿနာတွေဟာ လူကြားသူကြားထဲမှာပဲဖြစ်ဖြစ်၊မိမိလက်တွဲဖော်ချစ်သူနဲ့ အတူရှိနေချိန်မှာပဲဖြစ်ဖြစ် ရှက်စရာကောင်းတာမို့ ကြိုတင်ကာကွယ်သင့်ပါကြောင်း မျှဝေပေးလိုက်ရပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

မြန်မာနိုင်ငံမှာ မြင့်တက်လာနေတဲ့ ဆီးချိုခံစားရသူ အရေအတွက်

ဆီးချိုက ကမ္ဘာတလွှားမှာတင် ဖြစ်ပွားမှုနှုန်း မြင့်တက်နေတာ မဟုတ်ဘဲ မြန်မာနိုင်ငံမှာလည်း ပြီးခဲ့တဲ့ နှစ်တွေအတွင်း အတော်လေး မြင့်တက်လာခဲ့ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အချဉ်တွေစားရင် ကျန်းမာတယ် ဆိုတာ မှန်ရဲ့လား

အချဉ်တွေ စားရင် ဗီတာမင် C ရနိုင်တယ်၊ ကိုယ်ခံအားကောင်းမယ်။ ဒါပေမယ့် စားတိုင်းမကောင်းပါဘူး။ ကျန်းမာရေးကို ထိခိုက်စေနိုင်တာတွေလည်း ရှိပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

Stay Home မှာ ထွက်လာတဲ့ဗိုက်ကလေးကို ဒီနည်းလမ်းတွေနဲ့ ပြန်ချပါ

Stay Home မှာ ဗိုက်အဆီ တက်လာတဲ့ ကိစ္စ ဘယ်လို ဖြေရှင်းကြမလဲ ဆိုတာ Hello ပရိသတ်တွေအတွက် အကြံပြုချက်လေး တချို့ကို ဖော်ပြပေးထားပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Yun Sandi Nan Mon
ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 19, 2020 . 2 mins read

ဦးနှောက်ထိုင်းမှိုင်းသွားခြင်း (Brain Fog) ဖြစ်ပွားစေသော အကြောင်းများ

စာမေးပွဲဖြေနေတုန်း သိပ်မခက်ခဲလှတဲ့ သင်သိပြီးသား အကြောင်းအရာကို ချမရေးနိုင်ဖြစ်နေပါသလား၊ သင့်တနေ့တာမှာ ပိုက်ဆံကို ဘာတွေ သုံးခဲ့သလဲဆိုတာ မမှတ်မိဖြစ်နေပါသလား၊

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

သင့်အတွက် ရွေးချယ်ထားသည်

စအိုယားခြင်း ကို ဘယ်လိုကုသကြမလဲ

စအိုယားခြင်း ကို ဘယ်လိုကုသကြမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 27, 2020 . 2 mins read
ခါးနာခြင်း

ခါးနာခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 25, 2020 . 3 mins read
ဒီဆောင်းမှာ ဘယ်လိုအစားအစာတွေကို ရှောင်ကြဉ်ကြမလဲ

ဒီဆောင်းမှာ ဘယ်လိုအစားအစာတွေကို ရှောင်ကြဉ်ကြမလဲ

ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 21, 2020 . 2 mins read
အရေးပါတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံ

အရေးပါတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 20, 2020 . 2 mins read