အသားအရေအတွက် ကောင်းကျိုးများတဲ့ သဘာဝပစ္စည်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 3 mins read
Share now

လူတော်တော်များများက သူတို့နှစ်ခြိုက်သဘောကျစွာနဲ့ အသုံးပြုနေတဲ့ အလှကုန်ပစ္စည်းတွေမှာ ဘာတွေပါဝင်နေလဲဆိုတာကို သိပ်မသိပါဘူး။ ယနေ့ခေတ်မှာ အလှပြင်ပစ္စည်းတွေကို အရောင်အသွေးစုံစုံလင်လင် ရနံ့အမျိုးမျိုးနဲ့ တာရှည်ခံအောင် အပြိုင်အဆိုင်ထုတ်လုပ်လာနေကြပြီး သူ့ထက်ငါသာစေဖို့အတွက် အလှကုန်တွေထဲမှာ ဓါတုဆေးတွေ၊ အရေပြားနဲ့ခန္ဓါကိုယ်ကို အဆိပ်အတောက်ဖြစ်စေနိုင်တဲ့အရာတွေကိုပါ ထည့်သွင်းထုတ်လုပ်လာကြပါတယ်။ ဒီအလှကုန်တွေကရေရှည်မှာကျန်းမာရေးအပေါ်ထိခိုက်မှုတွေရှိလာနိုင်ပါတယ်။

အသားအရေကိုထိခိုက်မှုမရှိစေဖို့အတွက် သဘာဝပစ္စည်းတွေကနေ ထုတ်လုပ်တဲ့ အလှကုန်တွေကိုရွေးချယ်အသုံးပြုတာက အန္တရာယ် ကင်းပါတယ်။ အပြစ်အနာအဆာကင်းပြီး ပန်းသွေးရောင်ပြေးနေတဲ့ အသားအရေမျိုးကို မပိုင်ဆိုင်ချင်တဲ့သူ ဘယ်မှာရှိနိုင်ပါ့မလဲ။ လှပတဲ့အသားအရေကိုပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ သဘာဝပစ္စည်းတွေကိုအခြေခံပြီးထုတ်ထားတဲ့ အလှကုန်တွေနဲ့ အသားအရေထိန်းသိမ်းမှုပစ္စည်းတွေကိုရွေးချယ်အသုံးပြုတာကအကောင်းဆုံးဖြစ်မှာပါ။ အောက်မှာဖော်ပြထားတဲ့ အသားအရေအတွက်ကောင်းကျိုးပေးစွမ်းနိုင်ဆုံး သဘာဝပစ္စည်းတွေက သင့်အသားရေအတွက် အကျိုးကျေးဇူးများစေမှာပါ။

လက်ဖက်အဆီ

လက်ဖက်ပင်ရဲ့အဆီအနှစ်ပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ဝက်ခြံ၊ အရေပြားနီမြန်းတာ နဲ့ အရေပြားရောင်ရမ်းတာလိုမျိုး အရေပြားပြဿာနာတွေအတွက် အသုံးပြုခဲ့ကြတာပါ။ လက်ဖက်ဆီကဘေးထွက်ဆိုးကျိုးမရှိဘဲဝက်ခြံသက်သာစေနိုင်တဲ့ဆေးစွမ်းတစ်လက်ပါ။ အရေပြားမှာတိုက်ရိုက်လူးပေးလို့လည်းရပါတယ်။ လက်ဖက်ဆီကရောင်ရမ်းမှုကို သက်သာစေတာ၊ ဘက်တီးရီးယားတွေကိုသေစေတာနဲ့ မှိုသတ်ဖို့အတွက်လည်း အသုံးဝင်လှတဲ့ အရေပြားထိန်းသိမ်းပေးတဲ့ သဘာဝပစ္စည်းတစ်မျိုးပါ။ လက်ဖက်ဆီက ညစ်ညမ်းတဲ့လေထုနဲ့ သန့်စင်မှုအားနည်းတဲ့ရေထုမှာပါတဲ့ ဘက်တီးရီးယားတွေနဲ့ မသန့်စင်တဲ့အရာတွေကြောင့် အရေပြားထိခိုက်မှုဖြစ်တာကို နည်းနိုင်သမျှနည်းအောင်ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။

သဘာဝပျားရည်

သဘာဝပျားရည်က အရေပြားအတွက်လိုအပ်တဲ့ အာဟာရဓါတ်ကိုဖြည့်တင်းပေးနိုင်တဲ့ သဘာဝပစ္စည်းတစ်မျိုးပါ။ ပျားရည်ကပေးစွမ်းနိုင်တဲ့ ကောင်းကျိုးအတော်များပါတယ်။ အသားအရေအတွက်လိုအပ်တဲ့ ဗီတာမင်တွေကို ဖြည့်တင်းပေးနိုင်ပြီး အစိုဓါတ်ကိုထိန်းပေးပါတယ်။ အနာကျက်မြန်စေနိုင်တဲ့အာနိသင်ရှိတဲ့အပြင် မျက်နှာပေါ်မှာ ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေကိုလည်းသက်သာစေနိုင်ပါသေးတယ်။ သဘာဝအတိုင်းရှိနေတဲ့ ပျားရည်က အနာတွေနဲ့ အပူလောင်ဒဏ်ရာတွေအတွက်ပါ အသုံးပြုနိုင်ပါတယ်။ အနာတွေထဲကို ပိုးမဝင်ရောက်စေဖို့အတွက် ပျားရည်ကိုတချို့ဒေသတွေမှာ အသုံးပြုကြပါတယ်။ ဗောက်တွေကို သက်သာစေနိုင်သလို ကလေးတွေမှာသေးခံလောင်တာ နဲ့ အရေပြားမှာ အဖုအပိမ့်ထွက်တာတွေကိုလည်း သက်သာစေနိုင်ပါတယ်။ ပျားရည်က အသားအရေကို ထိန်းသိမ်းပေးနိုင်တာကြောင့် အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းအချို့မှာ ပျားရည်ကို ထည့်သွင်းထုတ်လုပ်တာမျိုးလည်းရှိပါတယ်။ဆောင်းရာသီမှာ အသားအရေခြောက်သွေ့တာကို သက်သာစေဖို့အတွက်လည်း ပျားရည်သုံးပေးလို့ရပါတယ်။

ထောပတ်သီး

ထောပတ်သီးမှာ ဗီတာမင် A၊D နဲ့ E တို့ပါဝင်နေတာကြောင့် အရေပြားကို အစိုဓါတ်ကြာကြာထိန်းပေးနိုင်စွမ်းရှိပြီး အရေပြားအတွင်းပိုင်းအထိ အားဖြည့်ပေးနိုင်ပါတယ်။ အရေပြားနေလောင်တာတွေကို သက်သာစေနိုင်တဲ့အပြင်ကော်လာဂျင် ထုတ်လုပ်မှုကို တိုးတက်စေနိုင်တာကြောင့် အသက်အရွယ်ရလာတာကြောင့်ဖြစ်တဲ့ အစက်အပြောက်တွေကို သက်သာစေနိုင်ပါသေးတယ်။ထောပတ်သီးစားပေးမယ်ဆိုရင်လည်း ဝက်ခြံကြောင့်အရေပြားရောင်ရမ်းတာနဲ့ အခြားအရေပြားပြဿနာတွေကို သက်သာစေမှာဖြစ်ပါတယ်။ထောပတ်သီးက အရေပြားကို အစိုဓါတ်ထိန်းပေးပြီး အရေပြားအပေါ်ယံလွှာက ဆဲလ်သေတွေကိုတောင်ဖယ်ရှားပေးနိုင်စွမ်းရှိပါတယ်။

ရှားစောင်းလက်ပတ်

ကျန်းမာရေးအတွက်တော်တော့်ကို အသုံးဝင်တဲ့ အပင်တစ်မျိုးပါ။နေလောင်တာတွေကို သက်သာစေနိုင်တယ်လို့ အသိများကြပေမယ့် ရှားစောင်းလက်ပတ်က ဘက်တီးရီးယားတွေကိုသေစေနိုင်ပြီး အရေပြားကိုချောမွေ့စေသလိုရောင်ရမ်းမှုကို သက်သာစေနိုင်ပါသေးတယ်။ အရေပြားရောဂါတွေအတွက် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။ ခန္ဓါကိုယ်မှာ ဓါတုပစ္စည်းတွေကြောင့် အဆိပ်အတောက်ဖြစ်စေမှုတွေကိုလည်း သက်သာစေပါတယ်။ အပူလောင်တာနဲ့ အရေပြားမှာ အဖုအပိမ့်ထွက်တာမျိုးတွေအတွက်လည်း အသုံးပြုပေးလို့ရပါသေးတယ်။ ရှားစောင်းလက်ပတ်မှာရောင်ရမ်းမှုကို သက်သာစေတဲ့ အာနိသင်၊ ဗီတာမင်တွေ၊ သတ္တုဓါတ်တွေ၊ အမိုင်နိုအက်ဆစ်၊ fatty acids၊ အင်ဇိုင်းတွေနဲ့salicylic acids တို့ပါဝင်နေတာကြောင့် အရေပြားအတွက် အသုံးတည့်ပါတယ်။ မှိုပိုးတွေကိုလည်းသေစေနိုင်ပါသေးတယ်။

ချယ်ရီပန်း

ဂျပန်နိုင်ငံမှာ အတွေ့ရများတဲ့ ဂျပန်လူမျိုးတွေရဲ့ သင်္ကေတတစ်ခုလို့ခေါ်လို့ရတဲ့ ပန်းတစ်မျိုးပါ။ ချယ်ရီပန်းမှာလည်း အရေပြားအတွက် အကျိုးပြုနိုင်တဲ့ အာနိသင်တော်တော်လေးများပါတယ်။ အမျိုးသမီးတွေ အလှအပအတွက်လည်းတော်တော်လေးကို အသုံးဝင်ပါတယ်။

ချယ်ရီပန်းတွေမှာဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်နေတာကြောင့် ယနေ့ခေတ်အများဆုံးရင်ဆိုင်နေရတဲ့ ညစ်ညမ်းတဲ့လေထုကြောင့် အရေပြားပျက်စီးမှုတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။ ချယ်ရီပန်းမှာ ပါဝင်နေတဲ့essential acids ကပျက်စီးနေတဲ့ ဆဲလ်တွေကိုပြုပြင်ပေးပြီး ထူးခြားတဲ့အစွမ်းအာနိသင်ကတော့အသားအရေကို ပန်းရောင်သွေးတောက်ပစေနိုင်ပါတယ်။ ချယ်ရီပန်းရဲ့ အဆီအနှစ်က အသက်ကြီးတာကြောင့်ဖြစ်တဲ့ မျက်နှာနဲ့လည်ပင်းတဝိုက်က အရေးအကြောင်းတွေကို သက်သာစေနိုင်ပါတယ်။ ချယ်ရီပန်းက အရေပြားရောင်ရမ်းမှုကို သက်သာစေနိုင်သလို အရေပြားကို စိုပြည်စေပါတယ်။ အဆိပ်အတောက်ကင်းစင်စေနိုင်တာကြောင့် အရေပြားကို ကြည်လင်စေတဲ့အပြင် သန့်စင်ကျန်းမာစေပါတယ်။ ချယ်ရီပန်းက ဘယ်အသားအရေအမျိုးအစားမဆို အသုံးပြုလို့ရပါတယ်။ ချယ်ရီပန်း အဆီအနှစ်က အရေပြားရောင်ရမ်းမှုကို သက်သာစေပြီး ပျက်စီးမှုကိုလည်းလျှော့ချပေးပါတယ်။ ချယ်ရီပန်းအဆီအနှစ်က အရေပြားအတွက် အကျိုးပြုတဲ့အချက်အလက်တွေ အလွန်များတာကြောင့်နောက်ပိုင်းအလှကုန်ပစ္စည်းတွေ၊ အသားရေထိန်းသိမ်းတဲ့ပစ္စည်းတွေမှာ တွင်တွင်ကျယ်ကျယ် ထည့်သွင်းအသုံးပြုလာကြပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကြင်နာသူမရှိလို့ နှုတ်ခမ်းတွေခြောက်နေရတဲ့ဘဝကို ဘယ်လိုလုပ်ရမလဲ…

ဆောင်းတွင်းရောက်ပြီဆို Facebook လိုမျိုး လူမှုကွန်ယက်မှာ ချစ်သူရီးစားမရှိတဲ့ လူပျို၊ ...

ရေးသားသူ Ye Myo Myat

ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တဲ့ တင်းတိပ်ပြဿနာ

မိန်းကလေးတွေအတွက်တော့ ကိုယ်ဝန်ဆောင်နေစဉ် ကာလတစ်လျှောက်လုံးဟာ တင်းတိပ်ထွက်နိုင်ခြေ ...

ရေးသားသူ Ye Myo Myat

ဆောင်းအအေးဒဏ်ကြောင့် နှုတ်ခမ်းတွေ ခြောက်ပြီးကွဲလာပြီဆိုရင်

ဆောင်းတွင်းအခါသမယဆိုတာ အသားအရေကို ဂရုစိုက်သူတွေအတွက်တော့ တော်တော်လေးကို စိတ်ညစ်စရာကောင်းတဲ့ ...

ရေးသားသူ Ye Myo Myat

ကိုယ်ဝန်ဆောင်နေချိန် Skin Care လုပ်သင့်လား

ဒီပြဿနာက ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ မကြာခဏ မေးတတ်ကြတဲ့ ကိစ္စတစ်ခုပါ။ များသောအားဖြင့် ...

ရေးသားသူ Ye Myo Myat
အရေပြားကျန်းမာရေး, အလှအပ နိုဝင်ဘာ 30, 2020 . 3 mins read

သင့်အတွက် ရွေးချယ်ထားသည်

ဆောင်းရာသီမှာ ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေလေးကို ဒီလို ထိန်းသိမ်းပါ။

ဆောင်းရာသီမှာ ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေလေးကို ဒီလို ထိန်းသိမ်းပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 4, 2020 . 1 min read
ဝက်ခြံရှိသူတိုင်း စားပေးသင့်တဲ့ အသီးများ

ဝက်ခြံရှိသူတိုင်း စားပေးသင့်တဲ့ အသီးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 4, 2020 . 1 min read
အသားအရေကို ဂရုစိုက်ပါ။

အသားအရေကို ဂရုစိုက်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 2, 2020 . 2 mins read

အသားပပ် အသားခြောက်ရခြင်းနောက်ကွယ်က တရားခံတွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 30, 2020 . 2 mins read