ဆေးလိပ်ဖြတ်ခြင်း

ဆေးလိပ်သောက်တဲ့ အကျင့်ကို ဖျောက်ရတာက စိတ်ခေါ်မှု တစ်ရပ်ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သင် လုပ်နိုင်ပါတယ်။ ကျွမ်းကျင်သူတွေ အတည်ပြုပေးထားတဲ့ ဆေးလိပ်ဖြတ်တဲ့အခါ လွယ်ကူစေမယ့် နည်းလမ်းတွေကို ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆေးလိပ်ဖြတ်ခြင်း

နီကိုတင်းကပ်ခွာ သုံးပြီး ဆေးလိပ်ဖြတ်ကြမယ်

ဆေးလိပ်ဖြတ်တဲ့အခါ တိခနဲ ဖြတ်ဖို့ ခက်နေရင် Nicotine replacement therapy (NRT)လို့ခေါ်တဲ့ နီကိုတင်း အစားထိုး ကုထုံးတွေရဲ့ အကူအညီကို ယူနိုင်ပါတယ်။ နီကိုတင်း အစားထိုး ကုထုံးမှာ နီကိုတင်းကပ်ခွာ ၊ ရှူဆေး၊ ငုံဆေး စသဖြင့် အစားစား ရှိပါတယ်။ ဒီတစ်ခေါက်တော့ နီကိုတင်းကပ်ခွာကို သုံးပြီး ဆေးလိပ်ဖြတ်နည်းအကြောင်း ပြောပြပေးချင်ပါတယ်။ နီကိုတင်းကပ်ခွာဆိုတာ ဆေးလိပ်သောက်တဲ့သူတွေရဲ့ ၇၀ရာခိုင်နှုန်းက ဆေးလိပ်ဖြတ်ချင်စိတ် ရှိကြပါတယ်။ ဒါပေမဲ့ စွဲလမ်းစေတဲ့ နီကိုတင်းကြောင့် မပြတ်နိုင်ဘဲ ပြန်ပြန်ပြီး သောက်မိနေကြတာ ဖြစ်ပါတယ်။ နီကိုတင်းသက်သက်က ကျန်းမာရေးအရ ဆေးလိပ်လောက် မထိခိုက်ပါဘူး။ ဒါကြောင့်လည်း နီကိုတင်းကို သုံးပြီး ဆေးလိပ်ဖြတ်ကြတာပါ။ ဒါပေမဲ့ နီကိုတင်းကို စွဲပြီး ဆေးလိပ်သောက်မိတဲ့အခါ အန္တရာယ်ရှိပစ္စည်းတွေ ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာတာ၊ မသောက်ရ မနေနိုင်ဖြစ်ပြီး ဆက်ကာ […]

ဆေးလိပ်ဖြတ်ခြင်း ကို ရှာဖွေမည်။

ဆေးလိပ်ဖြတ်ခြင်း

ဆေးလိပ်ဖြတ်နည်း

ဆေးလိပ်သောက်ခြင်းသည် သင့်ကျန်းမာရေးပါမကသင့်ပတ်ဝန်းကျင်ရှိလူများကိုပါကထိခိုက်စေသည်။ သို့သော်ဆေးလိပ်စွဲနေသူအများစုသည် ဆေးလိပ်သာနည်း မျိုးစုံဖြင့် စွဲသောက်နေကြကာ မည်ကဲ့သို့ဆေးလိပ်ဖြတ်ရမည်ကို မသိဖြစ်နေတတ်သည်။ အကယ်၍သင်သည် ထိုလူများထဲမှ တစ်ယောက်ဖြစ်နေခဲ့လျှင် ယခုဆောင်းပါးသည် အကျိုးရှိသည့် နည်းလမ်းများကို ပေးပါလိမ့်မည်။   ဆေးလိပ်၏ဆိုးကျိုးများ ပင်မအာရုံကြောစနစ် - စီးကရက်၏ ပါဝင်မှုတစ်ခုဖြစ်သော နီကိုတင်းသည် စိတ်ကိုပြောင်းလဲစေနိုင်သည်။ ခဏတာသာ သင့်အားတက်ကြွလန်းဆန်းအောင်ဆောင်ရွက်ပေးနိုင်သောအရာဖြစ်သည်။ သို့သော် နောက်ပိုင်းတွင်သင်သည် ဆေးလိပ်အားစွဲလမ်းလာ၍ပိုမိုပင်ပန်းလာတတ်သည်။ အသက်ရှူလမ်းကြောင်းစနစ် - ဆေးလိပ်ငွေ့ကို အသက်ရှူလမ်းကြောင်းစနစ်ထဲသို့ရှူမိသောအခါသင်၏အဆုတ်ကို ဆိုးဝါးစွာ ထိခိုက်စေနိုင်ပါသည်။ ကြာလာသောအခါ သင်၏အဆုတ်သည် ဘေးဥပဒ်ဖြစ်စေနိုင်သည့် ဓါတုပစ္စည်းများအားစစ်ယူနိုင်သည့်စွမ်းအားကို ဆုံးရှံူးသွားလိမ့်မည်။ အချို့သောအဖြစ်များသည့် အသက်ရှူလမ်းကြောင်းနှင့်အဆုတ်ရောဂါများမှာ အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်း၊အအေးပက်ခြင်းနှင့် တုပ်ကွေးဖြစ်ခြင်းတို့ဖြစ်သည်။ နှလုံးနှင့်သွေးလည်ပတ်မှုစနစ် - နီကိုတင်းသည် နှလုံးနှင့်သွေးလည်ပတ်မှုစနစ်တစ်ခုလုံးကို ထိခိုက်စေသည်။ ဆေးလိပ်ငွေ့အားရှူရှိုက်မိသောအခါ သင်၏သွေးထဲရှိသကြားဓါတ်သည် အနည်းငယ်မျှ တက်လာသည်။ တနည်းအားဖြင့်ဆိုသော် ဆေးလိပ်ငွေ့သည်ကောင်းသောကိုလက်စထရောပမာဏများကို လျော့ကျစေပြီးသွေးတိုးစေကာ သွေးခဲများဖြစ်ရန်ပိုမိုအားပေးတတ်သည်။ အရေပြား၊ဆံပင်နှင့်လက်သည်း၊ခြေသည်းစနစ်များ - စီးကရက်ငွေ့သည် သင်၏အရေပြားပုံစံကို ပြောင်းလဲစေကာ အကွက်များ၊မှဲ့ခြောက်များနှင့် ရုပ်ရင့်ခြင်းတို့ကိုဖြစ်စေနိုင်သည်။ အစာလမ်းကြောင်းစနစ် - […]


ဆေးလိပ်ဖြတ်ခြင်း

ဆေးလိပ်သောက်ခြင်းသည် သင့်၏ကျန်းမာရေးကို မည်ကဲ့သို့ထိခိုက်စေသနည်း

ဆေးလိပ်သောက်ခြင်းသည် သင်၏ကျန်းမာရေးကို ပြင်းထန်စွာ ထိခိုက်စေသည်။ ကိုယ်တွင်းရှိ ကလီစာအားလုံးနီးပါးကို ထိခိုက်စေနိုင်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏လေ့လာချက်အရ ဆေးလိပ်သည် သောက်သုံးသူတစ်ဝက်လောက်ကို သေစေနိုင်သည်။ တစ်နှစ်လျှင် လူ6သန်းနီးပါးသည် ဆေးလိပ်ကြောင့်သေဆုံးနေသည်။5သန်းကျော်သည် ဆေးလိပ်အားတိုက်ရိုက်သောက်သုံးခြင်းကြောင့်သေဆုံးရပြီး 600000 ကျော်မှာ ဆေးလိပ်ငွေ့များ ထိတွေ့ခြင်းခံရသော ဆေးလိပ်မသောက်သူများဖြစ်သည်။ သွေးလည်ပတ်မှု သင်ဆေးလိပ်သောက်သောအခါ စီးကရက်မှ အဆိပ်များသည် သင်၏သွေးကြောထဲသို့ဝင်သည်။ ထိုသွေးထဲမှ အဆိပ်များသည် သင့်နှလုံးအား အလုပ်ပုံမှန်ထက်ပိုလုပ်စေကာသင်၏ သွေးကြောများကို ကျဉ်းစေသည့်အပြင် သွေးများပျစ်၍ သွေးခဲဖြစ်နိုင်ချေကိုလည်း တက်စေသည်။ ထို့အပြင် ဆေးလိပ်သောက်သောအခါ ဖြစ်ပေါ်သောပြောင်းလဲမှုများသည် နှလုံးဖောက်ခြင်း(သို့)လေဖြတ်ခြင်းတို့၏ဖြစ်နိုင်ချေကိုလည်း များစေသည်။ နှလုံး ဆေးလိပ်သည် သင်၏နှလုံးနှင့် သွေးလည်ပတ်မှုကို ထိခိုက်စေကာ နှလုံးသွေးကြောရောဂါများ၊နှလုံးဖောက်ခြင်း၊လေဖြတ်ခြင်း၊ခြေလက်များရှိသွေးကြောရောဂါများနှင့် ဦးနှောက်သွေးကြောရောဂါများ ၏ဖြစ်နိုင်ချေကိုလည်းများစေသည်။ ဆေးလိပ်မှ ကာဗွန်မိုနောက်ဆိုဒ် နှင့် နီကိုတင်းသည် သင်၏နှလုံးအား ပိုမိုလျင်မြန်စွာ အလုပ်လုပ်စေသည်။ သွေးခဲများဖြစ်နိုင်ချေကိုလည်း များစေသည်။ စီးကရက်ငွေ့ထဲမှ အခြားသော ဓါတုပစ္စည်းများသည် […]


ဆေးလိပ်ဖြတ်ခြင်း

ဆေးလိပ်ဖြတ်တဲ့အချိန် လုပ်ကြည့်ရမယ့် အသုံးဝင် နည်းလမ်း (၁၄) ချက်

ဆေးလိပ်ဖြတ်တယ်ဆိုတာ ခရီးရှည်တစ်ခုပါ။ ဆေးလိပ်သောက်သူတွေ အားလုံး ဆေးလိပ်ရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ကောင်းကောင်းကြီးသိကြပါတယ်။ ဒီလို သိနေပေမဲ့လည်း ဆေးလိပ်ဖြတ်ရာမှာ ပိုပြီး လွယ်ကူလာမှာတော့ မဟုတ်ပါဘူး။ သင်ဟာ ဆယ်ကျော်သက်အရွယ် တစ်ခါတစ်ရံ သောက်တဲ့သူပဲ ဖြစ်ဖြစ်၊ တစ်နေ့တစ်ဘူးလောက် ပုံမှန်သောက်နေတဲ့ သူပဲ ဖြစ်ဖြစ် ဆေးလိပ်ဖြတ်ရတာ တကယ်ကိုခက်ပါတယ်။ စီးကရက်တွေမှာ ပါဝင်တဲ့ နီကိုတင်းဟာ သင့်ရဲ့ စိတ်ခံစားချက်နဲ့ စိတ်ဖိစီးမှုကို အမြန်ဆုံး ပြေလျော့စေပါတယ်။ ဆေးလိပ်သောက်သူအများစုဟာ ဆေးရွက်ကြီးမှာ သဘာဝအတိုင်းပါဝင်တဲ့ နီကိုတင်းကို စွဲလမ်းကြတာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာဆိုရင် တစ်ခြားသော မူးယစ်ဆေးဝါးတွေထက် နီကိုတင်းကို စွဲလမ်းတဲ့ လူဦးရေ က ပိုများပါတယ်။ လေ့လာချက်တွေအရ နီကိုတင်းဟာ ဟီရိုးအင်း၊ ကိုကင်းနဲ့ အရက်သေစာတို့ နည်းတူ စွဲလမ်းစေနိုင်တဲ့ အစွမ်းရှိတယ်လို့ဆိုပါတယ်။ ဒီတော့ ဆေးလိပ်အောင်အောင်မြင်မြင်ဖြတ်ချင်တယ်ဆိုရင် […]


ဆေးလိပ်ဖြတ်ခြင်း

ဆေးလိပ်ဖြတ်ချင်သူများအတွက် အကောင်းဆုံး Application (၉)ခု

ဆေးလိပ်ဖြတ်ချင်နေပါသလား။ ဆေးလိပ်ဖြတ်ဖို့ ကြိုးစားတဲ့ အခါမှာလည်း မအောင်မမြင်ဖြစ်နေပါသလား။ စိတ်ဓါတ်မကျပါနဲ့။ ဆေးလိပ်သောက်ဖို့အကျင့်ကို ကျွန်တော်တို့ မသိလိုက် မသိဘာသာနဲ့ နှစ်ပေါင်းများစွာ မွေးမြူခဲ့သလိုပဲ ကျွန်တော်တို့ဆေးလိပ်ဖြတ်တဲ့ အကျင့်ကိုလည်း သိသိနဲ့ စိတ်ရှည်ရှည် မွေးမြူဖို့ပဲ လိုအပ်ပါတယ်။ အခုဒီမှာတော့ Hello ဆရာဝန်ပရိတ်သတ်ထဲက ဆေးလိပ်ဖြတ်ဖို့ ကြိုးစားနေတဲ့ သူတွေအတွက် ဆေးလိပ်ဖြတ်ခရီးစဉ်ထဲမှာ သင့်ကိုအကောင်းဆုံး ကူညီပေးနိုင်မယ့် Application များကို ဖော်ပြပေးလိုက်ပါတယ်။ ဒီ ဆေးဖြတ်ဖြတ်ရာမှာ ကူညီပေးနိုင်တဲ့ Application တွေကို အသုံးပြုရလွယ်ကူခြင်း၊ ပုံစံဒီဇိုင်း၊ စားသုံးသူမှတ်ချက်များ၊ Update ဘယ်နှစ်ကြိမ် လုပ်နေသလဲဆိုတာနဲ့ အရေးကြီးဆုံးကတော့ ဒီ Application တွေရဲ့ ဆေးလိပ်ဖြတ်ရာမှာ ကူညီနိုင်စွမ်းကို အခြေခံပြီး ရွေးချယ်ထားတာဖြစ်ပါတယ်။ Centers for Disease Control and Prevention (CDC) ရဲ့ လေ့လာချက်အရ စီးကရက်သောက်ခြင်းဟာ […]


ဆေးလိပ်ဖြတ်ခြင်း

အထာကျကျ Vape သောက်ကြမှာလား

အထာကျကျ Vape သောက်ကြမှာလား E - စီးကရက် လို့ခေါ်သလို Vape လို့လည်း အမည်ရတဲ့ စီးကရက် အစားထိုး ပစ္စည်းကလေးဟာ ပေါ်တာကြာလှပြီဖြစ်သလို မြန်မာပြည်မှာလည်း တွင်တွင်ကျယ်ကျယ် သုံးစွဲနေကြသလို ရောင်းတဲ့ ဆိုင်တွေကိုလည်း လက်ညှိုးထိုးမလွဲ မြင်နေရပါပြီ။Vape ရဲ့ အဓိက ရည်ရွယ်ချက်ဟာ ဆေးလိပ်ဖြတ်ချင်သူတွေအတွက် ရသေ့စိတ်ဖြေ သုံးစွဲနိုင်ဖို့ ဖြစ်ပေမယ့် ဒီခေတ်မှာတော့ ယောက်ျားလေး၊မိန်းကလေး အရွယ်မရွေး စတိုင်ထုတ်တဲ့ ဖက်ရှင်ပစ္စည်းတခု အဖြစ်ကိုပါ ကူးပြောင်းရောက်ရှိလို့ လာပါတယ်။ ယနေ့ထိ ငြင်းခုန်နေကြဆဲ ကိစ္စရပ်တစ်ခု Vape တွေဟာ အဆုတ်ကို အန္တရာယ်ပေး၊ မပေး ဆိုတဲ့ အချက်ကို ယနေ့ထိ ငြင်းခုန်နေကြဆဲဖြစ်သည့်တိုင် သုံးစွဲနေသူတွေရဲ့ စိတ်ထဲမှာတော့ ဒါဟာ ဆေးလိပ်၊စီးကရက်နဲ့ ယှဉ်ရင် ဘာအန္တရာယ်မှ မရှိဘူးလို့ ထင်မြင်နေကြသူက အများစု ဖြစ်ပါတယ်။ […]


ဆေးလိပ်ဖြတ်ခြင်း

Nicotine withdrawal (နီကိုတင်းဖြတ်ခြင်းကြောင့် ခံစားရသော လက္ခဏာများ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Nicotine withdrawal (နီကိုတင်းဖြတ်ခြင်းကြောင့် ခံစားရသော လက္ခဏာများ) ကဘာလဲ။ နီကိုတင်းဆိုတာ ဆေးလိပ်မှာပါတဲ့ ဆေးရွက်ကြီးရဲ့ စွဲလမ်းစေတဲ့ဆေးတစ်မျိုး ဖြစ်တယ်။ နီကိုတင်းရဲ့ ဦးနှောက်အပေါ်မှာ ရှိတဲ့သက်ရောက်မှုအမျိုးမျိုးကတော့ · စိတ်တက်ကြွခြင်း · စိတ်ဓါတ်ကျခြင်းကို သက်သာစေခြင်း · စိတ်တိုလွယ်ခြင်းကို သက်သာစေခြင်း · အာရုံစူးစိုက်မှုနှင့် ရေတိုမှတ်ဉာဏ်ကို ကောင်းမွန်စေခြင်း · နေလို့ထိုင်လို့ကောင်းခြင်း · အစာစားချင်စိတ်လျော့နည်းခြင်း တို့ဖြစ်ပါတယ်။ နီကိုတင်းဟာ အခြားအရက်၊ ကိုကင်း၊ မော်ဖင်းတို့လို စွဲလမ်းစေတတ်ပါတယ်။ ဆေးရွက်ကြီးမှာ နီကိုတင်းအပြင် ကင်ဆာဖြစ်စေတဲ့ ဓါတုပစ္စည်းပေါင်း၇၀ခန့် ပါဝင်ပါတယ်။ ဒီပစ္စည်းတွေကြောင့် ဆေးလိပ်နဲ့ဆိုင်တဲ့ ရောဂါတွေဖြစ်တဲ့ အဆုတ်ကင်ဆာ၊ နှလုံးရောဂါ၊ လေဖြတ်ခြင်းတို့ ဖြစ်နိုင်ပါတယ်။ ထိုရောဂါတွေကို ကာကွယ်ဖို့ကြိုးစားတဲ့အနေနဲ့ နှစ်စဉ်ဆေးလိပ်သောက်သူ သန်းနဲ့ချီပြီး ဆေးလိပ်ဖြတ်ဖို့ ကြိုးစားနေကြပါတယ်။ နီကိုတင်းဖြတ်ခြင်းကြောင့် ခံစားရသော လက္ခဏာများဟာ ဆေးလိပ်ဖြတ်ခြင်းကို ပိုပြီးခက်ခဲစေပါတယ်။ စွဲလမ်းစေတဲ့အရာတစ်ခုကို မသုံးတော့ဘဲ ရပ်တန့်လိုက်လျှင် ပေါ်လာတဲ့ အခံရခက်သော ရုပ်ပိုင်းဆိုင်ရာ […]


ဆေးလိပ်ဖြတ်ခြင်း

ဆေးလိပ်သောက်ခြင်းဟာ အမျိုးသမီးတွေအတွက် ပိုပြီး အန္တရာယ်များပါတယ်

ဆေးလိပ်သောက်ခြင်းဟာ ကျန်းမာရေးအတွက်မကောင်းဘူးဆိုတာကိုတော့ သင်အကြိမ်ပေါင်းများစွာကြားဖူးပါလိမ့်မယ်။ ဒါပေမဲ့ အမျိုးသမီးတွေမှာ ဆေးလိပ်ကြောင့်ဖြစ်နိုင်တဲ့ အန္တရာယ်ဟာ အမျိုးသားတွေထက် အများကြီးပိုမြင့်မားတယ်ဆိုတာကိုရော သင်သိပါသလား။ ဆေးလိပ်သောက်ခြင်းဟာ အမျိုးသမီးတွေအတွက် ပိုပြီး အန္တရာယ်များပါတယ် ဆေးလိပ်သောက်ခြင်းဟာ အမျိုးသမီးတွေအတွက် ပိုပြီး အန္တရာယ်များပါတယ် ဘာကြောင့် ဒီလို ပြောရတာလဲဆိုတော့ ဆေးလိပ်သောက်တဲ့အမျိုးသမီးတွေဟာ အဆုတ်ကင်ဆာဖြစ်နိုင်ခြေမြင့်မားပါတယ်။ လေ့လာမှုတွေကတော့ ဆေးလိပ်သောက်တဲ့အမျိုးသမီးတွေမှာ (အမျိုးသားတွေနဲ့ သောက်တဲ့ဆေးလိပ်ပမာဏချင်းတူရင်တောင် ) နာတာရှည်အဆုတ်ရောဂါ (COPD) ဖြစ်နိုင်ခြေက ၂ဆရှိပြီး ဒီထဲမှာ Emphysema နဲ့ နာတာရှည်ရင်ကျပ်ရောဂါတွေလည်း ပါဝင်ပါတယ်။ ဆေးလိပ်မသောက်တဲ့ အမျိုးသမီးတွေနဲ့ယှဉ်ကြည့်ရင်တော့ ဆေးလိပ်သောက်တဲ့အမျိုးသမီးတွေဟာ COPD ကြောင့်သေဆုံးနိုင်ခြေ ၂၂ဆ ပိုများပါတယ်။ ဆေးလိပ်သောက်သုံးနေကြတဲ့ ကမ္ဘာ့လူဦးရေရဲ့ ၂၀%ဟာ အမျိုးသမီးတွေပါ။ ကမ္ဘာပေါ်မှာ ၄၀%သောအမျိုးသားတွေက ဆေးလိပ်သောက်ကြပြီး ၉%သော အမျိုးသမီးတွေက ဆေးလိပ်သောက်ကြပါတယ်။ ဆေးလိပ်သောက်တဲ့အမျိုးသမီးရာနှုန်းက အမျိုးသားတွေထက် နည်းပေမယ့်လည်း ဆေးလိပ်သောက်တဲ့အမျိုးသမီးဦးရေက တိုးလို့လာနေဆဲပါ။ WHO ရဲ့လေ့လာချက်အရ […]


ဆေးလိပ်ဖြတ်ခြင်း

ဆေးလိပ်ဖြတ်ရန် ကူညီပေးမည့် နည်းလမ်းများ

အကယ်၍ သင်သည် ဆေးလိပ်သောက်သူဆိုလျှင် သင့်မှာ ဆေးလိပ်သောက်ဖို့အတွက် အကြောင်းပြချက်ကောင်းများစွာ ရှိနေမှာဖြစ်ပြီး ဆေးလိပ်ဖြတ်ဖို့အတွက်တော့ အကြောင်းရင်းတစ်ချက်တောင်ရှာတွေ့မှာ မဟုတ်ပါဘူး။ သို့သော် ဆေးလိပ်သောက်ခြင်းသည် သင်ကိုယ်တိုင်ရော သင့်မိသားစုကိုပါ အန္တရာယ်ပေးနိုင်တယ်ဆိုတာကိုတော့ သင်နားလည်ထားသင့်ပါတယ်။ သင်ဆေးရွက်ကြီး စွဲခြင်းမှ လွတ်မြောက်ဖို့အတွက် နည်းလမ်းများကို ဤဆောင်းပါးတွင် ဖော်ပြလိုက်ပါတယ်။ ၁။ အဆင်သင့်ဖြစ်နေပါစေ။ · ဆေးလိပ်ဖြတ်မည့် ရက်ကို သတ်မှတ်ပါ။ · သင့်ပတ်ဝန်းကျင်ကို ပြောင်းလဲပါ။ · သင့်အိမ်၊ ကား၊ ရုံးထဲကနေ စီးကရက်၊ ဆေးလိပ်ပြာခွက်အားလုံးကို ရှင်းထုတ်လိုက်ပါ။ · သင့်အိမ်တွင် မည်သူ့ကိုမှ ဆေးလိပ်ပေးမသောက်ပါနဲ့။ · သင်ယခင် ဆေးလိပ်ဖြတ်ဖို့ ကြိုးစားခဲ့ချိန်များကို ပြန်စဉ်းစားပါ။ အလုပ်ဖြစ်ခဲ့သော နည်းလမ်းများ၊ အလုပ်မဖြစ်ခဲ့သော နည်းလမ်းများကို ပြန်တွေးကြည့်ပါ။ · သင်ဆေးလိပ်ဖြတ်လိုက်ပြီဆိုသည်နှင့် နောက်တစ်ကြိမ် ပြန်မသောက်ပါနဲ့တော့။ ၂။ အားပေးကူညီမှုများ ခံယူပါ။ သင့်မိသားစုဝင်များ၊ သူငယ်ချင်း၊ မိတ်ဆွေ၊ ဆရာဝန်များထံမှ နည်းမျိုးစုံနဲ့ အားပေးကူညီနေမှုများကို […]


ဆေးလိပ်ဖြတ်ခြင်း

သင်ဆေးလိပ်ဖြတ်သင့်သော အဓိက အကြောင်းရင်း လေးချက်

ဆေးလိပ်က ကောင်းကျိုးများစွာသယ်ဆောင်လာတယ်လို့ လူတော်တော်များများပြောတတ်ကြတယ်။ ဆေးလိပ်က သင့်ကိုတွေးခေါ်နိုင်ဖို့ကူညီတယ်။ စိတ်ခံစားချက်ကိုပိုကောင်းစေတယ်၊ ခေါင်းရှင်းစေတယ်၊ စိတ်ဓါတ်ကျဝမ်းနည်းနေတာတွေကို ကျော်လွှားနိုင်ဖို့ ကူညီပေးတယ် စသဖြင့်ပေါ့။ အဲဒီလိုကောင်းနေပုံပေါ်အောင် ဆေးလိပ်မှာပါတဲ့ နီကိုတင်းက သင့်စိတ်ကို လှည့်စားနေတာပဲဖြစ်တယ်။ ဆေးလိပ်က ကောင်းကျိုးထက် ဆိုးကျိုးပဲပေးတယ်ဆိုတာ သံသယဖြစ်ဖွယ်မရှိပါဘူး။ သင် မကောင်းဆိုးဝါးဆေးလိပ်ကို လက်ကလွှတ်ချလိုက်သင့်တဲ့ အဓိက အကြောင်းရင်းလေးချက်ကို အောက်တွင်ဖော်ပြလိုက်ပါတယ်။ သင်အသက်ရှည်ရှည်နေနိုင်မယ် အထွေထွေခွဲစိတ်ဆရာဝန်များ၏ စကားအရ ဆေးလိပ်သောက်ခြင်းသည် အဆုတ်၊ အသည်း၊ အူမကြီး အပါအဝင် ခန္ဓါကိုယ်ရှိ အင်္ဂါအစိတ်အပိုင်းအားလုံးနီးပါးကို ထိခိုက်ပျက်စီးစေပါတယ်။ ကမ္ဘာပေါ်မှာ သေဆုံးရတဲ့အကြောင်းရင်းထဲမှာ ထိပ်ဆုံးက တစ်ခုအပါအဝင်ဖြစ်တဲ့ ကင်ဆာ ပုံစံ ၁၅မျိုးနဲ့လည်း ဆေးလိပ်သေြာက်ခင်းက ဆက်နွယ်နေပါတယ်။ သင်ဆေးလိပ်ဖြတ်လိုက်ရင် သင့်ခန္ဓါကိုယ်က ဆေးလိပ်ကြောင့်ပျက်စီးသွားတဲ့ အစိတ်အပိုင်းတွေကို စတင်ပြုပြင်ပေးပါလိမ့်မယ်။ အသက်သုံးဆယ်ဝန်းကျင်မှာ ဆေးလိပ်ဖြတ်တဲ့ လူတွေဟာ ဆေးလိပ်မဖြတ်တဲ့လူတွေနဲ့ နှိုင်းယှဉ်ရင် ဆေးလိပ်သောက်ခြင်းနှင့် ဆက်နွယ်နေတဲ့ရောဂါတွေကြောင့် သေဆုံးနှုန်း […]


ဆေးလိပ်ဖြတ်ခြင်း

ဆေးလိပ်ဖြတ်ရန် ကူညီပေးမည့် နည်းလမ်းများ

အကယ်၍ သင်သည် ဆေးလိပ်သောက်သူဆိုလျှင် သင့်မှာ ဆေးလိပ်သောက်ဖို့အတွက် အကြောင်းပြချက်ကောင်းများစွာ ရှိနေမှာဖြစ်ပြီး ဆေးလိပ်ဖြတ်ဖို့အတွက်တော့ အကြောင်းရင်းတစ်ချက်တောင်ရှာတွေ့မှာ မဟုတ်ပါဘူး။ သို့သော် ဆေးလိပ်သောက်ခြင်းသည် သင်ကိုယ်တိုင်ရော သင့်မိသားစုကိုပါ အန္တရာယ်ပေးနိုင်တယ်ဆိုတာကိုတော့ သင်နားလည်ထားသင့်ပါတယ်။ သင်ဆေးရွက်ကြီး စွဲခြင်းမှ လွတ်မြောက်ဖို့အတွက် နည်းလမ်းများကို ဤဆောင်းပါးတွင် ဖော်ပြလိုက်ပါတယ်။ ၁။ အဆင်သင့်ဖြစ်နေပါစေ။ · ဆေးလိပ်ဖြတ်မည့် ရက်ကို သတ်မှတ်ပါ။ · သင့်ပတ်ဝန်းကျင်ကို ပြောင်းလဲပါ။ · သင့်အိမ်၊ ကား၊ ရုံးထဲကနေ စီးကရက်၊ ဆေးလိပ်ပြာခွက်အားလုံးကို ရှင်းထုတ်လိုက်ပါ။ · သင့်အိမ်တွင် မည်သူ့ကိုမှ ဆေးလိပ်ပေးမသောက်ပါနဲ့။ · သင်ယခင် ဆေးလိပ်ဖြတ်ဖို့ ကြိုးစားခဲ့ချိန်များကို ပြန်စဉ်းစားပါ။ အလုပ်ဖြစ်ခဲ့သော နည်းလမ်းများ၊ အလုပ်မဖြစ်ခဲ့သော နည်းလမ်းများကို ပြန်တွေးကြည့်ပါ။ · သင်ဆေးလိပ်ဖြတ်လိုက်ပြီဆိုသည်နှင့် နောက်တစ်ကြိမ် ပြန်မသောက်ပါနဲ့တော့။ ၂။ အားပေးကူညီမှုများ ခံယူပါ။ သင့်မိသားစုဝင်များ၊ သူငယ်ချင်း၊ မိတ်ဆွေ၊ ဆရာဝန်များထံမှ နည်းမျိုးစုံနဲ့ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း