ဆေးလိပ်ဖြတ်ခြင်း

ဆေးလိပ်သောက်တဲ့ အကျင့်ကို ဖျောက်ရတာက စိတ်ခေါ်မှု တစ်ရပ်ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သင် လုပ်နိုင်ပါတယ်။ ကျွမ်းကျင်သူတွေ အတည်ပြုပေးထားတဲ့ ဆေးလိပ်ဖြတ်တဲ့အခါ လွယ်ကူစေမယ့် နည်းလမ်းတွေကို ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆေးလိပ်ဖြတ်ခြင်း

နီကိုတင်းကပ်ခွာ သုံးပြီး ဆေးလိပ်ဖြတ်ကြမယ်

ဆေးလိပ်ဖြတ်တဲ့အခါ တိခနဲ ဖြတ်ဖို့ ခက်နေရင် Nicotine replacement therapy (NRT)လို့ခေါ်တဲ့ နီကိုတင်း အစားထိုး ကုထုံးတွေရဲ့ အကူအညီကို ယူနိုင်ပါတယ်။ နီကိုတင်း အစားထိုး ကုထုံးမှာ နီကိုတင်းကပ်ခွာ ၊ ရှူဆေး၊ ငုံဆေး စသဖြင့် အစားစား ရှိပါတယ်။ ဒီတစ်ခေါက်တော့ နီကိုတင်းကပ်ခွာကို သုံးပြီး ဆေးလိပ်ဖြတ်နည်းအကြောင်း ပြောပြပေးချင်ပါတယ်။ နီကိုတင်းကပ်ခွာဆိုတာ ဆေးလိပ်သောက်တဲ့သူတွေရဲ့ ၇၀ရာခိုင်နှုန်းက ဆေးလိပ်ဖြတ်ချင်စိတ် ရှိကြပါတယ်။ ဒါပေမဲ့ စွဲလမ်းစေတဲ့ နီကိုတင်းကြောင့် မပြတ်နိုင်ဘဲ ပြန်ပြန်ပြီး သောက်မိနေကြတာ ဖြစ်ပါတယ်။ နီကိုတင်းသက်သက်က ကျန်းမာရေးအရ ဆေးလိပ်လောက် မထိခိုက်ပါဘူး။ ဒါကြောင့်လည်း နီကိုတင်းကို သုံးပြီး ဆေးလိပ်ဖြတ်ကြတာပါ။ ဒါပေမဲ့ နီကိုတင်းကို စွဲပြီး ဆေးလိပ်သောက်မိတဲ့အခါ အန္တရာယ်ရှိပစ္စည်းတွေ ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာတာ၊ မသောက်ရ မနေနိုင်ဖြစ်ပြီး ဆက်ကာ […]

ဆေးလိပ်ဖြတ်ခြင်း ကို ရှာဖွေမည်။

ဆေးလိပ်ဖြတ်ခြင်း

သင့်ဖခင် ဆေးလိပ်ဖြတ်အောင် သင်ဘယ်လို အားပေးကူညီမလဲ

နှစ်စဉ်နှစ်တိုင်း ဆေးရွက်ကြီးကို သုံးစွဲခြင်းကြောင့် ကမ္ဘာနှင့်တစ်ဝှမ်း ခြောက်သန်းမျှသော လူများ သေဆုံးနေရပါတယ်။ ဒီလိုသေဆုံးမှုမျိုးရဲ့ (၆၀၀,၀၀၀) သောသေဆုံးမှုများဟာ ဆေးလိပ်ငွေ့ကို ရှူရိုက်ခြင်း ကြောင့်ဖြစ်ပါတယ်။ ဆေးရွက်ကြီးကို သုံးစွဲခြင်းဟာ ရောဂါအမျိုးအစားပေါင်း (၂၅)မျိုးလောက်ရဲ့ အဓိကအကြောင်း အရင်းဖြစ်ပါတယ်။ အကယ်၍ သင်ဟာ ဆေးလိပ်သောက်သူရဲ့ ကလေး (၁)ဦးဖြစ်ခဲ့လျှင် သင့်မိဘကို ၎င်းတို့ရဲ့ ကျန်းမာရေးအတွက်သာမက မိမိကျန်းမာရေးအတွက်ပါ ကောင်းမွန်စေရန် ဆေးလိပ်ဖြတ်ခိုင်းသင့်ပါတယ်။ တကယ်တော့ ဆေးလိပ်ဖြတ်ဖို့ဆိုတာ ဆေးလိပ်သောက်သုံးသူက လိုလိုလားလားနှင့်ဖြတ်လိုသော ဆန္ဒရှိမှ အဆင်ပြေပါတယ်။ ဒီလိုဆန္ဒမျိုးဖြစ်ပေါ်လာအောင် အောက်ပါအချက်များဖြင့် တိုက်တွန်းမှုပြုကြည့်ပါ။ သင့်ဖခင်နှင့် တိုင်ပင်ဆွေးနွေးပါ။ အချိန်ကောင်းကိုရှာပြီး သင့်ဖခင်နှင့် သေသေချာချာထိုင်ပြီး စကားပြောဆွေးနွေးကြည့်ပါ။ သင်က သင့်ဖခင်ကို ဆေးလိပ်ဖြတ်စေလိုပြီး ဘာကြောင့်ဖြတ်သင့်သလဲဆိုတာ ပြောပြပါ။ သင့်ဖခင်က လိုလိုလားလား နှင့်ဆွေးနွေး လိုစိတ်ရှိမရှိမေးမြန်းပါ။ ဆေးလိပ်ဖြတ်တာနှင့် ပတ်သက်ပြီး မေးခွန်းများနှင့် လိုက်နာနိုင်လောက်တဲ့ သင့်တော်သော နည်းလမ်းများကို […]


ဆေးလိပ်ဖြတ်ခြင်း

ဆေးလိပ်သောက်ခြင်းကို ဖြတ်ရန် နည်းလမ်းများ

အသည်းကင်ဆာ။ ဆေးလိပ်သောက်ခြင်းကို ဖြတ်ရန် နည်း လမ်းများ လေ့လာချက်အရ အသည်းကင်ဆာ ဖြစ်ပွားမှု ၁၂၅ ခု တွင် တစ်ဝက်နီးပါးသည် ဆေးလိပ်သောက်ခြင်းနှင့် ဆက်စပ် စေသည်။ ဆေးလိပ်သောက်ခြင်းသည် အသည်းကင်ဆာ ဖြစ်နိုင်ချေကို မြင့်တက်စေသည်။ သင်သည် ထိုအချက်ကို နားလည်သော်လည်း ဆေးလိပ်ဖြတ်ရန်မှာ စိန်ခေါ်မှုတစ်ခု ဖြစ်သည်။ စိတ်မပူပါနှင့်။ အောက်ပါ နည်းလမ်းများကို လိုက် နာခြင်းသည် ဆေးလိပ်ဖြတ်ရန် တတ်နိုင်သလောက် ကူညီ ပေးနိုင်သည်။ သင့်အကြောင်းပြချက်ကို ရှာပါ။ တွန်းအားရရန် သင်သည် ဆေးလိပ်ဖြတ်ရန် အားကောင်းသော ကိုယ်ရေးကိုယ်တာ အကြောင်းပြချက် တခု ချရေးရန် လိုအပ်သည်။ သင်သည် ဘာကြောင့် ဆေး လိပ်ဖြတ်လိုသည်ကို စာရင်းတစ်ခုပြုလုပ်ပြီး သင်လိုအပ်တိုင်း ဖတ်ပါ။ ဘာကြောင့် ဆေးလိပ်ဖြတ်လိုသည်ကို သင့်ကိုယ် သင် သတိပေးပါ။ မိသားစုကို ကာကွယ်ခြင်း၊ သင်ချစ်သော […]


ဆေးလိပ်ဖြတ်ခြင်း

ဆေးလိပ်ဖြတ်ရန်အတွက် အပ်စိုက်ကုထုံး

ကမ္ဘာတစ်ဝှမ်းက လူတွေအကုန်လုံး ဆေးလိပ်ဖြတ်ဖို့ ကျိန်တွယ်ပြောဆိုမှုတွေဆိုတာ မှုတ်ထုတ်လိုက်တဲ့ မီးခိုးငွေ့တွေ ပျံ့လွင့်သွားတာ ကြည့်နေရသလိုပါပဲ။ ဆေးလိပ်မှာ ပါဝင်တဲ့ နီကိုတင်းက စွဲလမ်းစေတတ်တာကြောင့် ဆေးလိပ်ဖြတ်ဖို့ဆိုတာ ခက်ခဲပါတယ်။ ဆေးလိပ်ဖြတ်ဖို့အတွက် အခြားနည်းလမ်းတခုဖြစ်တဲ့ အပ်စိုက်ကုထုံးကို ယုံကြည်လက်ခံလာတဲ့ လူဦးရေ တိုးပွားနေပါတယ်။ သူ့ရဲ့ စွဲလမ်းမှုဖြစ်စဉ်အပေါ် ထိန်းချုပ်နိုင်ခြင်းနဲ့ ကိုင်တွယ်နိုင်ခြင်းတို့ကြောင့် အပ်စိုက်ကုထုံးဟာ မူးယစ်ဆေးစွဲခြင်းတွေအတွက် ထိရောက်တဲ့ ကုထုံးတစ်ခု ဖြစ်လာပါပြီ။ ဆေးလိပ်စွဲခြင်း အပါအဝင် မူးယစ်ဆေးစွဲတာတွေကို ကုသပျောက်ကင်းစေတဲ့ အပ်စိုက်ကုထုံးဟာ တကယ်တော့ အံ့သြစရာ မဟုတ်ပါဘူး။ ဒါပေမယ် ဆေးလိပ်ပြတ်ပြီး လုံးဝပြန်မသောက်ဖြစ်အောင် ကုသပေးတဲ့နေရာမှာတော့ တကယ် အသုံးဝင်ပါတယ်။ ဆေးလိပ်ကင်းစင်ပြီး ကျန်းကျန်းမာမာနဲ့ နေထိုင်လိုတဲ့အတွက်ကြောင့် ဆေးလိပ်ဖြတ်လိုပါလျှင် အပ်စိုက်ကုထုံးက သင့်ကို ထိန်းချုပ်မှု ပေးနိုင်မှာပါ။   အပ်စိုက်ကုထုံးက သင့်ကို ဘယ်လို ဆေးလိပ်ပြတ်စေနိုင်မလဲ အပ်စိုက်ကုထုံးက လူတွေ ဆေးလိပ်ဖြတ်တဲ့အခါ ကြုံတွေ့နေကြဖြစ်တဲ့ […]


ဆေးလိပ်ဖြတ်ခြင်း

ဆေးလိပ်သောက်ခြင်းနှင့် စိတ်ကျန်းမာရေး

ဆေးလိပ်သောက်ခြင်းကြောင့် အဆုတ်နဲ့ နှလုံးဆိုင်ရာ ရောဂါတွေဖြစ်စေတယ်ဆိုတာ ကျွန်တော်တို့ အားလုံးသိပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာကိုရော ဘယ်လိုဆိုးကျိုးတွေ ရှိနိုင်ပါသလဲ ?   စွဲလမ်းစေခြင်း ဆေးလိပ်မသောက်ရင် မနေနိုင်အောင် စွဲလမ်းမှုဟာ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုကြောင့် ဖြစ်ပါတယ်။ ဆေးလိပ်သောက်တဲ့အခါ ရရှိတဲ့ နီကိုတင်းဓါတ်က ဆယ်စက္ကန့်အတွင်း သင်ရဲ့ဦးနှောက်ထဲ ရောက်ရှိသွားပြီး ပိုကောင်းတဲ့ စိတ်ခံစားမှုနဲ့ အာရုံစူးစိုက်မှုကို ရရှိစေပါတယ်။ ဒီနည်းလမ်းက ဆေးလိပ်သမားတွေကို စိတ်အပန်းပြေစေပါတယ်။ ဒါပေမယ့် ခဏခဏသောက်ဖြစ်တဲ့ လူတွေအတွက် ဒီလိုအခြေအနေကို ရရှိစေဖို့ နီကိုတင်းဓါတ်ကို ပိုမိုပြီး လိုအပ်လာပါတယ်။ ဦးနှောက်ကနေ နီကိုတင်းဓါတ်လိုလာပြီဆိုတာကို အချက်ပေးပြီး ဆေးလိပ်ထပ်သောက်ဖို့ ခိုင်းစေပါတယ်။ ဒီလိုနဲ့ပဲ ခန္ဓါကိုယ်ထဲမှာ နီကိုတင်း သံသရာလည်ပါတော့တယ်။ စိုးရိမ်ပူပန်စိတ်ဖြစ်စေခြင်း စိုးရိမ်ပူပန်စိတ်က နောက်ထပ်စိတ်ပိုင်းဆိုင်ရာ ပြသနာတစ်ခုပါ။ ဆေးလိပ်က ဆေးလိပ်သမားတွေအတွက် စိတ်သက်သာရာ ရစေတဲ့အရာတစ်ခုအဖြစ် ယုံကြည်နေကြတဲ့အတွက် သူတို့အတွက် စိတ်ပူပန်ကြောင့်ကြမှုတွေ […]


ဆေးလိပ်ဖြတ်ခြင်း

ဆေးလိပ်ပြန်သောက်မိသူအတွက် နည်းလမ်းကောင်းများ

ဆေးလိပ်ဖြတ်ဖို့ တစ်ယောက်တည်း ကြိုးစားနေမယ်ဆို ခက်ခဲကောင်း ခက်ခဲနိုင်ပါတယ်။ ဆေးလိပ်တစ်ခါတော့ပြတ်သွားနိုင်ပြီး ပြန်သောက်နိုင်ခြေလည်း များပါတယ်။ ဒါကြောင့် ဆေးလိပ်လုံးဝပြတ်သွားဖို့အတွက် မိဘဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေက ဝန်းရံပေးဖို့ လိုပါတယ်။ ဒီတစ်ခေါက်တော့ ဆေးလိပ်ပြန်သောက်မိသူအတွက် နည်းလမ်းကောင်းများ အကြောင်းလေး ပြောပြပေးချင်ပါတယ်။ ဆေးလိပ်ပြန်သောက်မိသူအတွက် နည်းလမ်းကောင်းများ ဆေးလိပ်ပြန်သောက်မိသူအတွက် နည်းလမ်းကောင်းများ ကတော့ တဖြည်းဖြည်း ဖြတ်ပါစေ။ ဘယ်လိုရင်းနှီးတဲ့သံယောဇဉ်ရှိရှိ ဆေးလိပ်သမားတွေအတွက် ဆေးလိပ်ဖြတ်ခိုင်းဖို့ ကြိုးစားတာက ခက်ခဲပါတယ်။ အကယ်၍ သင့်အနေနဲ့ တခုခုကို ကြိုးပမ်းရယူမယ်လို့ ဆုံးဖြတ်ထားပြီး မလုပ်နိုင်ခဲ့ရင် ခံစားနေရသလို ဆေးလိပ်သမားတွေလည်း အတူတူပဲဖြစ်ပါတယ်။ ဒါကြောင့် ဒီအခြေအနေမျိုးမှာ ဒေါသတကြီးနဲ့ ပြုမူတုံ့ပြန်တာက မှားယွင်းတဲ့ လုပ်ဆောင်ချက်ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် သူတို့နဲ့ စကားပြောကြည့်ပြီး သူတို့ ခံစားချက်ကို နားလည်အောင်လုပ်ပါ။ ကိုယ်ချင်းစာစိတ်နဲ့အတူ သူတို့ဆေးလိပ်ဖြတ်ဖူးခဲ့တဲ့ အချိန်တွေကို အသိအမှတ်ပြုပေးပါ။ စကားများများပြောတာက အမြဲတမ်းအလုပ်မဖြစ်နိုင်ပေမယ့် လိုတဲ့အချိန်မှာ […]


ဆေးလိပ်ဖြတ်ခြင်း

လူတွေဘာကြောင့် ဆေးလိပ်သောက်ကြသလဲ

လူတွေဘာကြောင့် ဆေးလိပ်သောက်ကြသလဲ ...... ဆေးလိပ်သောက်ခြင်းဟာ ဒီနေ့ခေတ် လူမှုပတ်ဝန်းကျင်မှာ စွဲလန်းဖွယ်ရာတစ်ခုအဖြစ် ရှိနေဆဲပါ။ သင့်ပတ်ဝန်းကျင်မှာ ရှိတဲ့ လူတော်တော်များများ အသက်အရွယ်မရွေး ဆေးလိပ်ကို နှစ်နှစ်ခြိုက်ခြိုက်သောက်နေကြတာကို သင်တွေ့ရမှာပါ။ လူတွေဘာကြောင့် ဆေးလိပ်သောက်ကြသလဲ လူတွေဘာကြောင့် ဆေးလိပ်သောက်ကြသလဲ ..... သူတို့ ဘာလို့ ဆေးလိပ်သောက်သလဲ သင်စဉ်းစားဖူးပါသလား။ လူငယ်ပိုင်းဆေးလိပ်သမားများနှင့် သူတို့အကြောင်းပြချက် လူတွေက ဆေးလိပ်ကို အကြောင်းအမျိုးမျိုးကြောင့် သောက်ဖြစ်နေကြပါတယ်။ လူငယ်တွေကတော့ ဆေးလိပ်သောက်တာကို စတိုင်ကျတယ်လို့ ထင်ကြပါတယ်။ ဆေးလိပ်သောက်တာက လူငယ်ကြိုက် ရုပ်ရှင်နဲ့ သီချင်းတွေမှာလည်း ပါဝင်တာဖြစ်တာကြောင့် သူတို့သဘောကျတဲ့ အနုပညာရှင်တွေအတိုင်း အထာကျကျနဲ့ အတုခိုးတတ်ကြပါသေးတယ်။ မိဘတွေနဲ့ အစ်ကိုအစ်မတွေအပါအဝင် ပတ်ဝန်းကျင်မှာ ဆေးလိပ်သောက်တဲ့လူကြီးတွေ ရှိရင် ပိုပြီး ဆေးလိပ်သောက်ဖို့ ပိုပြီး အခွင့်အလမ်းများပါတယ်။ အပေါင်းအသင်းတွေက ဆေးလိပ်သောက်တဲ့အခါမှာ လူငယ်သဘာဝအတိုင်း လိုက်သောက်လေ့ရှိပါတယ်။ နောက်ပြီး လူငယ်သဘာဝအတိုင်း တားမြစ်ချက်တွေကို ကျော်လွန်စွန့်စားချင်တဲ့စိတ် ရှိတဲ့အတွက် လူငယ်ဘဝက […]


ဆေးလိပ်ဖြတ်ခြင်း

ဆေးလိပ်ဖြတ်ဖို့ အဆင့်ငါးဆင့်

ဆေးလိပ်သောက်တာ ကိုယ့်အတွက်ရော ပတ်ဝန်းကျင်က လူတွေအတွက်ပါ အန္တရာယ်ရှိမှန်း လူတိုင်းသိပါတယ်။ ဒါပေမယ့် နီကိုတင်းဓါတ်ကို စွဲလမ်းမှုကြောင့် ဆေးလိပ်ဟာ (ဖြတ်ချင်ရင်တောင်မှ) အင်မတန်မှ ဖြတ်ရခက်ပါတယ်။ အခုဆောင်းပါးမှာ ဆေးလိပ်ဘယ်လိုဖြတ်ရမလဲဆိုတဲ့ အဆင့်ငါးဆင့်ကို မျှဝေပေးထားပါတယ်။ အဆင့် ၁ ။ အစီအစဉ်ဆွဲပါ။ ဆေးလိပ်စဖြတ်မယ့်ရက်ကို သတ်မှတ်ပါ။ တကယ်လို့ သင့်အနေနဲ့ ရုံးချိန်တွေမှာ ဆေးလိပ်သောက်ချင်စိတ် ပိုဖြစ်လေ့ရှိတယ်ဆိုရင် ရုံးပိတ်ရက် စနေ၊တနင်္ဂနွေတွေမှာ ဆေးလိပ်စဖြတ်ပါ။ ပိတ်ရက်တွေမှာ ဆေးလိပ်သောက်လေ့ရှိသူဆိုရင် ဒါမှမဟုတ် သင့်အလုပ်မှာ ဆေးလိပ်ပေးမသောက်ဘူးဆိုရင် ဆေးလိပ်ဖြတ်တဲ့ စစ်ဆင်ရေးကို ကြားရက်တရက်ရက်မှာ စတင်ပါ။ ဆိုလိုရင်းကတော့ သင်ဆေးလိပ် သိပ်မသောက်ဖြစ်တဲ့ ရက်မျိုးမှာ စတင်ခိုင်းတာ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်အတွင်း ဘက်ဖလိုမှ တက္ကသိုလ် ကပညာရှင်တွေ ပြုလုပ်တဲ့ လေ့လာချက်တခုအရ အစားအသောက်ဟာ စီးကရက်နဲ့ ဆေးရွက်ကြီးစွဲလမ်းမှုကို လျော့နည်းစေတယ်လို့ သိရတဲ့အတွက် […]


ဆေးလိပ်ဖြတ်ခြင်း

သဘာဝဆေးဖက်ဝင်အပင်တွေကို အသုံးပြုပြီး ဆေးလိပ်ဖြတ်ခြင်း

ဆယ်ကျော်သက်အရွယ်မှာ ဆေးလိပ်စသောက်ပြီး အရွယ်ရောက်တဲ့အခါမှာလည်းဆေးလိပ်သောက်သုံး မြဲသောက်သုံးမှုကြောင့် အရွယ်မတိုင်ခင်သေဆုံးမှု တွေနဲ့ပတ်သက်ပြီးဆွေးနွေးခဲ့ကြပါတယ်။ ဆေးလိပ်သောက်သုံးမှုရဲ့အန္တရာယ်ကတော်တော်ကို ဆိုးရွားလွန်းလှပါတယ်။ ဆေးလိပ်သောက်သုံးမှုက မျိုးပွားအင်္ဂါဆီကိုသွေး ထောက်ပံ့ပေးတဲ့ သွေးကြောတွေကို ထိခိုက်ပျက်စီး စေပါတယ်။ ဒါကြောင့်ဆေးလိပ်သောက်သုံးတဲ့အမျိုး သားတွေဟာ ပန်းသေပန်းညှိုးရောဂါကိုခံစားရနိုင်ပါ တယ်။ ဆေးလိပ်သောက်သုံးမှုက အမျိုးသမီးတွေရဲ့ မျက်နှာပြင်ပေါ်က ဆံချည်မျှင်သွေးကြောလေးတွေ ကို ပျက်စီးစေတာကြောင့် ဆေးလိပ်သောက်တဲ့ အမျိုးသမီးတွေရဲ့မျက်နှာမှာ ဆေးလိပ်မသောက်တဲ့ အမျိုးသမီးတွေထက် အရေးအကြောင်းတွေအရွယ် မတိုင်ခင်ဖြစ်ပေါ်တာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ ဆေးလိပ်သောက်တဲ့အမျိုးသားတွေမှာလည်း အရွယ်မတိုင်ခင်မျက်နှာမှာအရေးအကြောင်းတွေဖြစ် ပေါ်တတ်ပါတယ်။ ဒါပေမယ့် ဆေးလိပ်မသောက် သင့်တာနဲ့ပတ်သက်ပြီး အမျိုးသမီးတွေထက် အမျိုးသားတွေကိုအဓိကထားဖော်ပြထားတဲ့အချက်များ စွာပါဝင်တာကိုတွေ့ရပါတယ်။ ဆေးလိပ်ဖြတ်ရာမှာအထောက်အကူဖြစ်စေမယ့် သဘာ၀ ဆေးဖက်ဝင် အပင်အချို့ကိုပြောပြချင်ပါတယ်။   ၁။ နွယ်ချို နွယ်ချိုဟာ ဆေးလိပ်မသောက်အောင်တားဆီးပေးနိုင်တဲ့ ဆေးဖက်ဝင်အပင်တစ်မျိုးလို့ယူဆနေကြပါတယ်။ နွယ်ချို ကလူတွေအကျင့်ဆိုးကိုဖျောက်ဖျက်ပစ်တဲ့အခါ အထောက်အကူပြုတယ်ဆိုတဲ့ အကြောင်းအရာတွေ အများအပြားရှိပါတယ်။ ဘယ်လိုအကျိုးဖြစ်ထွန်းစေသလဲ။ နွယ်ချိုက ဆေးပြင်းလိပ်နဲ့ခပ်ဆင်ဆင်ဆင်တူပါတယ်။ သင့်အနေနဲ့နွယ်ချိုတစ်ချောင်းကို လက်ထဲမှာကိုင်ထားပြီး စီးကရက်သောက်ချင်လာတဲ့အခါတိုင်း နွယ်ချိုရဲ့အရသာ ကိုခံစားကြည့်ပါ။ […]


ဆေးလိပ်ဖြတ်ခြင်း

အသည်းကျန်းမာဖို့ ဆေးလိပ်ကိုဘယ်လိုဖြတ်မလဲ။

အကယ်၍သင်သည်ဆေးလိပ်သောက်သူတစ်ယောက်ဖြစ်လျှင်ဆေးလိပ်ဖြတ်ခြင်းကြောင့်ရရှိမည့်အကျိုးကျေးဇူးများကိုသိထားသင့်သည်။ ထို့အပြင် သင့်မှာအသည်းရောဂါရှိသည်ဟုသိခဲ့လျှင်အသည်း၏လုပ်ငန်းများကိုကာကွယ်ရန် ဆေးလိပ်ကိုချက်ချင်းရပ်ရမည်။ သို့သော်အချိန်တိုလေးအတွင်း ဆေးလိပ်ဖြတ်ရန်အလွန်ခဲယဉ်းသည်။ အောက်ပါအချက်များကသင့်အတွက်အသုံးဝင်မည်ဟုမျှော်လင့်ပါသည်။   ဆေးလိပ်ဖြတ်ရန်အစီအစဉ်ပြုလုပ်ခြင်း အချို့လူတို့သည်ဆေးလိပ်ချက်ချင်းဖြတ်ခြင်းကိုပို၍နှစ်သက်သည်။ သို့သော်လေ့လာချက်များအရ သင်သည်ပုံမှန်ထက်ဆေးလိပ်သောက်ခြင်းကိုလျှော့ချလိုက်လျှင် ဆေးလိပ်ကိုပို၍သောက်ချင်ကာနီကိုတင်းအတိုင်းအတာသည်ပုံမှန်အတိုင်းရှိနေလိမ့်မည်။ ထို့ကြောင့်သင်သည်ဆေးလိပ်ဖြတ်ချင်တာလုံးဝသေချာသည့်တစ်နေ့ရွေးကာထိုနေ့မှလုံးဝဖြတ်ရမည်။ သင်၏စီးကရက်များနှင့်ပြာခွက်များကို အိမ်၊အလုပ်နှင့်သင့်အနီးနားမှဖယ်ရှားပစ်ပါ။ ဆေးလိပ်ဖြတ်ခြင်းနှင့်တစ်ပြိုင်ထဲမှာပင်အစီအစဉ်များကိုပြုလုပ်သင့်သည်။ ထိုအစီအစဉ်က သင်၏ဆေးလိပ်ဖြတ်ခြင်းကိုပို၍လွယ်ကူအောင်ပြုလုပ်ပေးသည်။   အခြားလူများဆီမှအကူအညီယူပါ။ လေ့လာချက်များအရ အခြားသူများဆီမှအကြံဉာဏ်နှင့်အကူအညီများသည် ဆေးလိပ်ဖြတ်ရာတွင်အထောက်အကူပြုသည်။ ဆရာဝန်ဆီမှအကြံအနည်းငယ်ကပင် ဆေးလိပ်ဖြတ်ရာတွင်အထောက်အကူဖြစ်သည်။ ထို့ကြောင့်သင့်၏မိသားစုနှင့်မိတ်ဆွေများကို သင်ဆေးလိပ်ဖြတ်နေကြောင်း ရဲရင့်စွာပြောပါ။ မလွဲမသေကူညီပါလိမ့်မည်။ မိသားစုဝင်(သို့)သူငယ်ချင်းများတွင် ဆေးလိပ်သောက်သူရှိပါက သင်နှင့်အတူတူဆေးလိပ်ဖြတ်ခြင်းသည် ပို၍ကောင်းသည်။ တစ်ယောက်ထဲထက်အဖွဲ့နှင့်လုပ်ဆောင်ခြင်းသည်းပို၍လွယ်ကူသည်။ အကြောင်းမှာသင့်နားတွင်ဆေးလိပ်သောက်သူရှိလျှင် ဆေးလိပ်ဖြတ်ရန်ပို၍ခက်ခြင်းကြောင့်ဖြစ်သည်။   စီးကရက်ထဲရှိနီကိုတင်းကိုအစားထိုးပါ။ စီးကရက်ထဲရှိနီကိုတင်းကို သွားဖုံး၊ရှူဆေး၊စပရေး၊ငုံဆေးများဖြင့်အစားထိုးနိုင်သည်။ အကြောင်းမှာဆေးလိပ်ဖြတ်လိုက်လျှင်နီကိုတင်းဖြတ်လိုက်ခြင်းကြောင့်ခေါင်းကိုက်ခြင်း၊စိတ်မငြိမ်ဖြစ်ခြင်း၊အားအင်ကုန်ခန်းခြင်းတို့ဖြစ်ကာ ဆေးလိပ်သောက်ရန်တောင်းတတတ်ပါသည်။ ထို့ကြောင့်နီကိုတင်းအစားထိုးခြင်းဖြင့်ဆေးလိပ်ပိုဖြတ်နိုင်သည်။ သင်သည်၁၈နှစ်အောက်ဖြစ်ပါက ဤနသည်းအသုံးပြုရန်ဆရာဝန်ဆီမှခွင့်ပြုချက်ယူရပါမည်။ ဤအစီအစဉ်သည်သင်၏နေထိုင်မှုပုံစံနှင့်မိဘသူငယ်ချင်းများမှအားပေးမှုများရှိပါကအကောင်းဆုံးဖြစ်သည်။ ဆေးလိပ်မသောက်သူနှင့် ဝါသနာအသစ်တစ်ခုကြိုးစားကြည့်ပါ။ သင်၏လက်များသွက်လက်ကာစိတ်ဖိစီးမှုလျော့နည်းစေမသည့်တစ်ခုခုကိုပြုလုပ်ပါ(ဥပမာ-လေ့ကျင့်ခန်း)။ ဤကဲ့သို့ပြုလုပ်ခြင်းကပို၍အောင်မြင်နိုင်သည်။ အစဉ်အမြဲသွက်လက်နေခြင်းက နီကိုတင်းတောင်းတမှုကို ဟန့်တားနိုင်ကာဆေးလိပ်ဖြတ်ခြင်းကြောင့်ရမည့်လက္ခဏာများကိုသက်သာစေပါသည်။ သင်ဆေးလိပ်သောက်ချင်သည့်အခါ စကိတ်စီးခြင်း(သို့)အနှေးပြေးခြင်းဖြင့်အစားထိုးလိုက်ပါ။ ခွေးနှင့်လမ်းလျှောက်ခြင်း(သို့)ဥယျာဉ်ထဲတွင်အပင်စိုက်ခြင်းကဲ့သို့လေ့ကျင့်ခန်းသေးစားလေးကပင်ကူညီနိုင်သည်။ ဆေးလိပ်ဖြတ်သည်နှင့်လောင်ကျွမ်းသွားသောကယ်လိုရီများကဝခြင်းကိုလျှော့ချပေးသည်။   ဆေးလိပ်သောက်ခြင်းကိုရှောင်ရှားပါ။ ဆေးလိပ်သောက်ချင်သည့်အခြေအနေများကိုသတိထားပါ။ အထူးသဖြင့်အရက်သောက်ခြင်းသည်ဆေးလိပ်ဖြတ်ရာတွင်အဟန့်အတားဖြစ်သည်။ ဆေးလိပ်ဖြတ်ပြီးပထမရက်ပိုင်းအတွင်း အရက်မသောက်မိအောင်ဆင်ခြင်ရမည်။ ထိုရက်များအတွင်းနေ့စဉ်လှုပ်ရှားမှုကိုပြောင်းလဲပး။ ထို့ပြင်လ္ဘက်ရည်နှင့် ကော်ဖီအစားသစ်သီးဖျော်ရည်နှင့် ရေများများသောက်ပေးခြင်းက ပို၍သင့်တော်ပါသည်။ နောက်ဆုံးအနေဖြင့်ရေးအကြီးဆုံးမှာ […]


ဆေးလိပ်ဖြတ်ခြင်း

ဆေးလိပ်သောက်တာရပ်လိုက်ရင် သင့် ခန္ဓါကိုယ်မှာ ဘာတွေ ဖြစ်လာမလဲ။

ဖြစ်ပွားမှုများလူအများစုက ဆေးလိပ်ဖြတ်ပြီးသော်လည်း နှစ်များစွာ နီကိုတင်းကို သောက်သုံးခဲ့ခြင်းကြောင့် ကျန်းမာရေး ထိခိုက်မှုသည် ပြန်မကောင်းနိုင်တော့ဟု ယုံကြည်သည့်အတွက် ဆေးလိပ်ဖြတ်ရန် လွယ်လွယ် လက်လျှော့တတ်ကြသည်။ သို့သော်လည်း အမှန်မှာ ထိုသို့မဟုတ်ပါ။ မည်မျှအချိန်ကြာကြာ သင်ဆေးလိပ်သောက်သုံးခဲ့ပါစေ၊ ဆေးလိပ်ဖြတ်လိုက်သည် နှင့်တပြိုင်နက် အနည်းဆုံး အတိုင်းအတာတစ်ခုအထိ ပြန်လည် ကောင်းမွန်အောင် ခန္ဓါကိုယ်က ပြုလုပ်သည်သာ ဖြစ်သည်။ အောက်ပါတို့သည် ဆေးလိပ်ဖြတ်လိုက်သည့် မိနစ် အချိန်မှစ၍ သင့်ခန္ဓါကိုယ်တွင်း ပြောင်းလဲမှုများဖြစ်ပါသည်။ (၁) မိနစ် ၂၀ အကြာ နီကိုတင်းဓါတ်သည် ခန္ဓါကိုယ်၏ စနစ်အတွင်းသို့ ဝင်ရောက်သောအခါ သွေးပေါင်ချိန် နှင့် နှလုံးခုန်နှုန်းမြင့် တက်လာစေသည်။ ဆေးလိပ်ဖြတ်လိုက်သောအခါ သွေးပေါင်ချိန်နှင့် နှလုံးခုန်နှုန်း ပုံမှန်ပြန် ဖြစ်သွားသည်။ (၂) ၈ နာရီအကြာ သင်ရှူထုတ်လိုက်သော ဆေးလိပ်မီးခိုးငွေ့သည် ကြည့်ကောင်းသလို ရှိသော်လည်း အဆိပ်ဖြစ်စေသော ဓါတ်ပစ္စည်းပေါင်း ၄၀၀၀ ကျော်ပါဝင်ပြီး ဆိုးရွားသော […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း