ဆေးလိပ်ဖြတ်ခြင်း

ဆေးလိပ်သောက်တဲ့ အကျင့်ကို ဖျောက်ရတာက စိတ်ခေါ်မှု တစ်ရပ်ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သင် လုပ်နိုင်ပါတယ်။ ကျွမ်းကျင်သူတွေ အတည်ပြုပေးထားတဲ့ ဆေးလိပ်ဖြတ်တဲ့အခါ လွယ်ကူစေမယ့် နည်းလမ်းတွေကို ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆေးလိပ်ဖြတ်ခြင်း

နီကိုတင်းကပ်ခွာ သုံးပြီး ဆေးလိပ်ဖြတ်ကြမယ်

ဆေးလိပ်ဖြတ်တဲ့အခါ တိခနဲ ဖြတ်ဖို့ ခက်နေရင် Nicotine replacement therapy (NRT)လို့ခေါ်တဲ့ နီကိုတင်း အစားထိုး ကုထုံးတွေရဲ့ အကူအညီကို ယူနိုင်ပါတယ်။ နီကိုတင်း အစားထိုး ကုထုံးမှာ နီကိုတင်းကပ်ခွာ ၊ ရှူဆေး၊ ငုံဆေး စသဖြင့် အစားစား ရှိပါတယ်။ ဒီတစ်ခေါက်တော့ နီကိုတင်းကပ်ခွာကို သုံးပြီး ဆေးလိပ်ဖြတ်နည်းအကြောင်း ပြောပြပေးချင်ပါတယ်။ နီကိုတင်းကပ်ခွာဆိုတာ ဆေးလိပ်သောက်တဲ့သူတွေရဲ့ ၇၀ရာခိုင်နှုန်းက ဆေးလိပ်ဖြတ်ချင်စိတ် ရှိကြပါတယ်။ ဒါပေမဲ့ စွဲလမ်းစေတဲ့ နီကိုတင်းကြောင့် မပြတ်နိုင်ဘဲ ပြန်ပြန်ပြီး သောက်မိနေကြတာ ဖြစ်ပါတယ်။ နီကိုတင်းသက်သက်က ကျန်းမာရေးအရ ဆေးလိပ်လောက် မထိခိုက်ပါဘူး။ ဒါကြောင့်လည်း နီကိုတင်းကို သုံးပြီး ဆေးလိပ်ဖြတ်ကြတာပါ။ ဒါပေမဲ့ နီကိုတင်းကို စွဲပြီး ဆေးလိပ်သောက်မိတဲ့အခါ အန္တရာယ်ရှိပစ္စည်းတွေ ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာတာ၊ မသောက်ရ မနေနိုင်ဖြစ်ပြီး ဆက်ကာ […]

ဆေးလိပ်ဖြတ်ခြင်း ကို ရှာဖွေမည်။

ဆေးလိပ်ဖြတ်ခြင်း

ဆေးလိပ်သောက်ခြင်းနှင့်ပတ်သက်တဲ့ယုံတမ်းစကားများ

ယုံတမ်းစကားများလူတစ်ယောက်ဆေးလိပ် စသောက်ဖို့ အကြောင်းရင်းများစွာ ရှိပါတယ်။ လူတော်တော်များများဟာ ဆေးလိပ်သောက်တာ ရပ်ချင်ပေမယ့်လည်း ဆေးလိပ်ဖြတ်ခြင်းနဲ့ ပတ်သက်တဲ့ ယုံတမ်းစကား တွေကြောင့် ဆေးလိပ်ဖြတ်ဖို့ တွန့်ဆုတ်နေတတ်ကြပါတယ်။ သင်ဆေးလိပ်ဖြတ်နိုင်ဖို့အတွက် ဒီဆောင်းပါးမှာ လူတွေပြောနေကြတဲ့ ဒဏ္ဍာရီပုံပြင် (၇) ခုနဲ့ တကယ်ရော ဟုတ်ရဲ့လားဆိုတာ ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။   ဆေးလိပ်သောက်ခြင်းရဲ့ ဆိုးကျိုးကို အခြားကျန်းမာရေးနဲ့ ညီညွတ်တဲ့ အပြုအမူတွေက ဖြေဖျောက်နိုင်မှာပဲ။ လူအတော်များများဟာ သူတို့ဆေးလိပ်သောက်ရင်တောင်မှ လေ့ကျင့်ခန်းလုပ်ပြီး ကျန်းမာအောင် စားသောက်တဲ့အတွက် သူတို့ရဲ့ ကျန်းမာရေးကတော့ ကောင်းမွန်နေမှာပဲလို့ ပြောဆိုတတ်ကြပါတယ်။ သုတေသနတွေအရ ကျန်းမာအောင်နေထိုင်စားသောက်ခြင်းနဲ့ အားကစားလုပ်ခြင်းဟာ ဆေးလိပ်ကြောင့်ဖြစ်တဲ့ ဆိုးကျိုးတွေကို မလျော့ပါးစေနိုင်ဘူးလို့ ဆိုပါတယ်။ တကယ်တော့ Winsconsin တက္ကသိုလ်က ဆေးပညာ ပါမောက္ခတစ်ဦးဖြစ်ပြီး Tobacco Research and Intervention ရဲ့ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ Michael C. […]


ဆေးလိပ်ဖြတ်ခြင်း

အီးစီးကရက် နှင့် ပုံမှန်သောက်နေကျ စီးကရက် နှိုင်းယှဉ်ချက်

နှိုင်းယှဉ်မှုများဆေးလိပ်သောက်သူတွေဟာ အီးစီးကရက် (Electronic vaping)အကြောင်းကို သိပ်သိကြဟန်မတူပါဘူး။ အီးစီးကရက်ဆိုတာ ဆေးလိပ်ဖြတ်ဖို့သုံးတဲ့အစားထိုးစီးကရက်အမျိုးအစားတစ်ခုပါ။ ဒီဆောင်းပါးမှာတော့ အီး စီးကရက်နဲ့ ပတ်သက်တဲ့ အကြောင်းခြင်းရာ သုံးခုကို အမှန်အတိုင်း သိရှိစေဖို့ ပြောပြပေးမှာ ဖြစ်ပါတယ်။   အီးစီးကရက်တွေဟာ အခြားဆေးလိပ်တွေထက် ပိုပြီးတော့ စိတ်ချရပါတယ်။ သတင်းစာဆရာ အတော်များများက အီးစီးကရက်တွေဟာ ရိုးရိုးဆေးလိပ်သောက်သလိုပဲ အန ္တရာယ်ရှိတယ်လို့ မကြာခဏ ဖေါ်ပြခဲ့ကြပါတယ်။ အခု အသစ်ထွက်ရှိလာတဲ့ နည်းပညာဟာ ဆေးလိပ်သောက်သလို ဆိုးရွားတာပဲဆိုတဲ့ သတင်းအချက်အလက်တွေဟာလည်း မနည်းမနော ထွက်ရှိခဲ့ပါတယ်။ တကယ်တော့ ဒါဟာ ကွဲပြားခြားနားပါတယ်။ လွန်ခဲ့တဲ့နှစ်က အင်္ဂလန် ပြည်သူ့ကျန်းမာရေးအဖွဲ့က အီးစီးကရက်နဲ့ ပတ်သတ်တဲ့ အသေးစိတ်လေ့လာမှုကို ပြုလုပ်ခဲ့ပြီး သူတို့ရဲ့ တွေ့ရှိချက်က အင်မတန် ပြတ်သားပါတယ်။ အီးစီးကရက် တွေဟာ ပုံမှန် စီးကရက်တွေထက် ၉၅% ပိုမို စိတ်ချရပါတယ်လို့ […]


ဆေးလိပ်ဖြတ်ခြင်း

ဆေးလိပ်ဖြတ်ပြီးလျှင် သင့်ခန္ဓါတွင်ပြောင်းလဲသွားမည့်ဖြစ်စဉ်များ

ဖြစ်စဉ်များလူအများစုက ဆေးလိပ်ဖြတ်ပြီးသော်လည်း နှစ်များစွာ နီကိုတင်းကို သောက်သုံးခဲ့ခြင်းကြောင့် ကျန်းမာရေး ထိခိုက်မှုသည် ပြန်မကောင်းနိုင်တော့ဟု ယုံကြည်သည့်အတွက် ဆေးလိပ်ဖြတ်ရန် လွယ်လွယ်လက်လျှော့ တတ်ကြသည်။ သို့သော်လည်းအမှန်မှာ ထိုသို့မဟုတ်ပါ။ မည်မျှအချိန်ကြာကြာ သင်ဆေးလိပ်သောက်သုံးခဲ့ပါစေ၊ ဆေးလိပ်ဖြတ်လိုက်သည်နှင့် တပြိုင်နက် အနည်းဆုံး အတိုင်းအတာတစ်ခုအထိ ပြန်လည် ကောင်းမွန်အောင် ခန္ဓါကိုယ်က ပြုလုပ်သည်သာဖြစ်သည်။ အောက်ပါတို့သည် ဆေးလိပ်ဖြတ်လိုက်သည့် မိနစ် အချိန်မှစ၍ သင့်ခန္ဓါကိုယ်တွင်း ပြောင်းလဲမှုများ ဖြစ်ပါသည်။   (၁)မိနစ် ၂၀ အကြာ နီကိုတင်းဓါတ်သည် ခန္ဓါကိုယ်၏ စနစ်အတွင်းသို့ ဝင်ရောက်သောအခါ သွေးပေါင်ချိန် နှင့် နှလုံးခုန်နှုန်း မြင့်တက်လာစေသည်။ ဆေးလိပ်ဖြတ်လိုက်သောအခါ သွေးပေါင်ချိန်နှင့် နှလုံးခုန်နှုန်း ပုံမှန်ပြန်ဖြစ်သွားသည်။ (၂) ၈ နာရီအကြာ သင်ရှုထုတ်လိုက်သော ဆေးလိပ်မီးခိုးငွေ့သည် ကြည့်ကောင်းသလို ရှိသော်လည်း အဆိပ်ဖြစ်စေသော ဓါတ်ပစ္စည်းပေါင်း ၄၀၀၀ ကျော်ပါဝင်ပြီး ဆိုးရွားသော ဓါတ်တစ်ခုမှာ ကာဗွန်မိုနောက်ဆိုဒ် ဖြစ်သည်။ […]


ဆေးလိပ်ဖြတ်ခြင်း

ဆေးလိပ်ဖြတ်ခြင်းကြောင့် လက်ငင်း ရနိုင်မယ့် အကျိုးကျေးဇူးများ

ဆေးလိပ်ဖြတ်ခြင်းကြောင့် လက်ငင်း ရနိုင်မယ့် အကျိုးကျေးဇူးများ အကြောင်းကို ဗဟုသုတ အနေနဲ့ သိရှိနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။ ဆေးလိပ်ဖြတ်ခြင်းကြောင့် အချိန်ကြာလာတာနဲ့အမျှ သိသာလာမယ့် အကျိုးကျေးဇူးတွေ ရှိသလို၊ ချက်ချင်းတွေ့နိုင်တဲ့ ရလဒ်တွေလည်း ရှိပါတယ်။ ဆေးလိပ်ဖြတ်ခြင်းကြောင့် လက်ငင်း ရနိုင်မယ့် အကျိုးကျေးဇူးများ ဒီအကျိုးကျေးဇူးတွေကတော့ ကိုယ့်ရဲ့နေ့စဉ်ဘဝမှာ ချက်ချင်းရနိုင်တာတွေ ဖြစ်ပါတယ်။ • ခံတွင်းအနံ့ကောင်းလာခြင်း • သွားအရောင် ဖြူလာခြင်း • အဝတ်အစားနှင့် ဆံပင်တို့မှာ အနံ့ဆိုးတွေ မရှိတော့ခြင်း • လက်သည်းအရောင်များ ပျောက်သွားခြင်း • အစားပိုစားလို့ကောင်းလာခြင်း • အနံ့ခံနိုင်စွမ်း ပုံမှန်ပြန်ဖြစ်လာခြင်း • လှေကားတက်ခြင်း၊ အိမ်အလုပ်လုပ်ခြင်းတို့မှာ မောပန်းမှုနည်းလာခြင်း • အပြင်ထွက်ဆေးလိပ်သောက်စရာ မလိုဘဲ ဆေးလိပ်ကင်းစင်တဲ့ အိမ်မျိုး ဖြစ်လာခြင်း ကုန်ကျစရိတ် နည်းလာခြင်း ဆေးလိပ်ဖြတ်ရတဲ့ အဓိကအကြောင်းရင်းက ကျန်းမာရေးကြောင့်ဆိုပေမယ့် တခြားအကြောင်းရင်းတွေလည်း ရှိပါသေးတယ်။ ဆေးလိပ်က ဈေးကြီးပါတယ်။ ဆေးလိပ်နဲ့ ပတ်သက်တဲ့ ကိုယ့်အသုံးစရိတ်ကိုတွက်ရတာ မခက်ပါဘူး။ ကိုယ်တစ်နေ့တာ သောက်တဲ့ […]


ဆေးလိပ်ဖြတ်ခြင်း

ဆေးလိပ်ငွေ့ရဲ့ ဆိုးကျိုးများ - နှစ်ဆင့်ခံဆေးလိပ်ငွေ့ရှူရှိုက်မိခြင်း

Thirdhand smoke ဆိုတာ ဘာလဲ ၊ ဘာကြောင့် အရေးကြီးတာလဲ ဆးလိပ်သောက်ခြင်းဟာ ကင်ဆာ၊ နှလုံးရောဂါနဲ့ ငယ်ငယ်ရွယ်ရွယ်သေဆုံးမှုတွေကို ဖြစ်စေတယ်ဆိုတာ သက်သေပြနိုင်ဖို့ ဆယ်စုနှစ်များစွာ ကြာခဲ့ပါတယ်။ အဲဒီလိုပဲ သူတစ်ပါးသောက်တဲ့ ဆေးလိပ်ငွေ့တွေကို ရှူရှိုက်မိခြင်းကလည်း အန္တရာယ်ပေးတယ်ဆိုတာသိဖို့ အချိန်တွေ ယူခဲ့ရပါတယ်။ အခုအခါမှာတော့ သိပ္ပံပညာရှင်တွေက ဆေးလိပ်နဲ့သက်ဆိုင်တဲ့ နောက်ထပ်တွေ့ရှိချက်တစ်ခုကို ထုတ်ဖော်လိုက်ပါပြီ။ အဲဒါကတော့ Thirdhand smoke လို့ခေါ်တဲ့ ဆေးလိပ်ငွေ့ကြောင့် အခန်းတွင်းမှာ ကျန်နေခဲ့တဲ့ နီကိုတင်းနဲ့ တခြားဓါတုပစ္စည်း အကြွင်းအကျန်တွေပါပဲ။ အဲဒီအကြွင်းအကျန်တွေဟာ အခန်းထဲမှာရှိနေတဲ့ ညစ်ညမ်းပစ္စည်း အိုဇုန်း၊ နိုက်ထရပ်စ်အက်ဆစ်တို့နဲက ပေါင်းသွားရင် နောက်ထပ်ပစ္စည်းတစ်ခု ဖြစ်သွားပါတယ်။ အဲဒီအငွေ့တွေက ဖုန်မှုန်တွေနဲ့ရောပြီး ကောဇောပေါ်၊ ပရိဘောဂပစ္စည်းတွေပေါ် ရောက်ကုန်ပါတယ်။ နောက်ပြီး ဆံပင်၊ အရေပြား၊ အဝတ်အစားနဲ့ လက်သည်းတွေပေါ်မှာလည်း ရှိနေနိုင်ပါတယ်။ […]


ဆေးလိပ်ဖြတ်ခြင်း

ဆေးလိပ်သောက်ချင်စိတ်ကို ဖြေဖျောက်ပေးနိုင်မယ့် နည်းလမ်း ၄ သွယ်

ဆေးလိပ်ဖြတ်တာက အချိန်ကြာမြင့်စွာလုပ်ဆောင်ရမယ့် အရာတစ်ခု ဖြစ်ပါတယ်။ တစ်နေ့တည်း တစ်ရက်တည်းနဲ့လုပ်လို့ရတဲ့ ကိစ္စရပ်မျိုးတော့မဟုတ်ပါဘူး။ ဒါပေမယ့် ဆေးလိပ်သောက်သုံးတဲ့ပမာဏကို တဖြည်းဖြည်းချင်းလျော့ချသွားတာက အချိန်တိုအတွင်းမှာ နီကိုတင်းစွဲလမ်းမှု ပြဿနာကနေပြန်လည်သက်သာလာစေနိုင်ပါတယ်။ ဆေးလိပ်စွဲလမ်းမှုကနေ ပြန်လည်ကောင်းမွန်လာစေတဲ့ နည်းလမ်းတွေထဲမှာ ဆေးလိပ်သောက်ချင်စိတ်ဖြစ်ပေါ်မှုကို ဘယ်လောက်အထိခွဲခြားသိမြင်သလဲဆိုတဲ့အချက်နဲ့ ဆေးလိပ်သောက်ချင်စိတ်ဖြစ်ပေါ်တဲ့အခါ အစားစားခြင်း၊ အိပ်စက်ခြင်း (သို့) လေ့ကျင့်ခန်းလုပ်ဆောင်ခြင်းလိုမျိုး ဆေးလိပ်သောက်တာထက် ပိုမိုကောင်းမွန်တဲ့နည်းလမ်းနဲ့ တုံ့ပြန်ဖြေရှင်းမှုတွေပါဝင်နေပါတယ်။ လှုပ်ရှားဆောင်ရွက်မှုတွေ၊ စိတ်ခံစားမှုတွေနဲ့ ဆေးလိပ်သောက်သုံးမှုတို့ကြားမှာ ဆက်စပ်မှုတွေရှိနေပါတယ်။ စိတ်လှုပ်ရှားတဲ့အခါမျိုးမှာလည်းဆေးလိပ်သောက်သုံးသလို စိတ်ဆိုးဒေါသဖြစ်တဲ့အခါမျိုးမှာလည်း စိတ်တည်ငြိမ်အောင် ဆေးလိပ်သောက်ကြပါတယ်။ စိတ်ဆိုးတဲ့အခါ ဆေးလိပ်သောက်လိုက်ရင် စိတ်တည်ငြိမ်သွားတယ်လို့ ခံစားမိပါတယ်။ စိတ်လှုပ်ရှားတဲ့အခါမှာလည်း စီးကရက်တစ်လိပ်သောက်သုံးလိုက်ရင် စိတ်တည်ငြိမ် သွားတယ်လို့ယူဆတတ်ပါတယ်။ ဗိုက်ဆာတဲ့အခါမျိုးမှာလည်း စီးကရက်တစ်လိပ်လောက်တော့ သောက်လေ့ရှိကြပါတယ်။ သည်အလေ့အထတွေကိုလုပ်မိပြီးရင်း လုပ်မိနေတတ်ကြပါတယ်။ ရုပ်ပိုင်းဆိုင်ရာ နီကိုတင်းစွဲလမ်းမှုနဲ့ စိတ်ပိုင်းဆိုင်ရာစွဲလမ်းမှုတို့ကြားမှာ ဆက်စပ်မှုရှိနေပြီး အဆိုပါဆက်စပ်မှုက ကျွန်တော်တို့ကိုဆေးလိပ်စွဲအောင် လုပ်ဆောင်နေတာပဲဖြစ်ပါတယ်။ ကိုယ်ကိုကိုယ် စိတ်ရှည်ရှည်ထားပေးပါ။ […]


ဆေးလိပ်ဖြတ်ခြင်း

တစ်ဆင့်ခံဆေးလိပ်ငွေ့ရှူမိရာမှ ဖြစ်နိုင်သောရောဂါများ

တစ်ဆင့်ခံဆေးလိပ်ငွေ့ဆိုတာက မီးညှိထားတဲ့စီးကရက်ကနေ ထွက်လာတဲ့ မီးခိုးငွေ့နဲ့ ဆေးလိပ်သောက်သုံးသူက မှုတ်ထုတ်လိုက်တဲ့ ဆေးလိပ်ငွေ့တွေ ပေါင်းစပ်မှုကြောင့်ဖြစ်ပါတယ်။ တစ်ဆင့်ခံဆေးလိပ်ငွေ့မှာလည်း ဆေးလိပ်သောက်သုံးသူ ရှူရှိုက်လိုက်သော အန္တရာယ်များတဲ ဓါတုပစ္စည်းတွေ ပါဝင်တာချင်းအတူတူပဲဖြစ်ပါတယ်။ တစ်ဆင့်ခံ ဆေးလိပ်ငွေ့မှာ ဓါတုပစ္စည်း ၇,၀၀၀ ကျော်ပါဝင်ပါတယ်။ ဓါတုပစ္စည်း ရာပေါင်းများစွာက အဆိပ်ဖြစ်စေပြီး ၇၀ ကတော့ ကင်ဆာဖြစ်စေနိုင်ပါတယ်။ တစ်ဆင့်ခံဆေးလိပ်ငွေ့က နှလုံးသွေးကြောဆိုင်ရာ ရောဂါဖြစ်စေနိုင်ပါတယ်။ ကိုယ်တိုင်ဆေးလိပ်သောက်သုံးသူလိုပဲ တစ်ဆင့်ခံဆေးလိပ်ငွေ့ရှုရှိုက်မိတာကလည်း နှလုံးရောဂါအမျိုးမျိုးကိုဖြစ်ပေါ် စေနိုင်ပါတယ်။ တဆင့်ခံဆေးလိပ်ငွေ့က ဆေးလိပ် မသောက်သုံးသူတွေမှာတောင် နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ ခံစားရနိုင်ခြေများစေပါတယ်။ နေအိမ်မှာတစ်ဆင့်ခံဆေးလိပ်ငွေ့ကို ကာလရှည်ကြာ ရှူရှိုက်နေမိသူတွေမှာ ဆေးလိပ်ငွေ့ နဲ့လုံးဝမထိတွေ့မိသူတွေနဲ့ နှိုင်းစာရင် နှလုံးရောဂါဖြစ်နိုင်ခြေ ၂၅ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်း အထိပိုများနေတာကို တွေ့ရှိရပါတယ်။ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ကို ရှူရှိုက်နေရသူတွေမှာ နှလုံးရောဂါ ဖြစ်နိုင်ချေ အန […]


ဆေးလိပ်ဖြတ်ခြင်း

ဆေးလိပ်ဖြတ်ပြီးနောက် ဝလာခြင်း

ဆေးလိပ်ဖြတ်ပြီး ဝလာတာက အမြဲမဖြစ်တတ်ပေမယ့် အတွေ့ရတော့များပါတယ်။ သိပ်စိတ်ပျက်စရာ မလိုပါဘူး။ ဆေးလိပ်ဖြတ်လိုက်တာဟာ ကောင်းမွန်တဲ့ အလုပ်တစ်ခုကို လုပ်လိုက်တာပါပဲ။ ဆေးလိပ်ဖြတ်လိုက်ရင် ဝလာတာနဲ့ ပတ်သက်ပြီး တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ ပိန်သွားတဲ့လူရှိသလို အနည်းစုကတော့ ပေါင် ၂၀ကျော်လောက်အထိ တက်လာတာမျိုးတွေလည်း ရှိပါတယ်။ တကယ်လို့ ဝလာတာက သင့်အတွက် ပြဿနာ ဖြစ်နေရင်တော့ အကူအညီရယူနိုင်ပါတယ်။   ဘာကြောင့် အဲဒီလို ဝလာတာလဲ အကြောင်းရင်းတချို့ကြောင့် ဖြစ်တတ်ပါတယ်။ • ဆေးလိပ်ဖြတ်လိုက်ရင် ကိုယ့်ကိုယ်ကိုယ်ဆုချတဲ့အနေနဲ့ အစားစားတာ၊ သွားရည်စာစားတာတွေ လုပ်မိတတ်ပါတယ်။ • လက်နဲ့ပါးစပ်နဲ့ထိတွေ့ရတဲ့ ခံစားမှုကို အစားထိုးဖို့ အစားစားမိတတ်ကြပါတယ်။ • နီကိုတင်းက ဇီဝဖြစ်စဉ်တွေကို မြန်ဆန်စေတာမို့ ဆေးလိပ်ဖြတ်လိုက်ပြိးနောက်မှာ ပုံမှန်ပြန်ဖြစ်လာပြီး ကိုယ်အလေးချိန်လည်း ပြန်တက်လာတတ်ပါတယ်။ • နီကိုးတင်းက အစာစားချင်စိတ်ကို နည်းစေတာကြောင့် ဆေးလိပ်ဖြတ်စ ရက်အနည်းငယ်မှာ ပုံမှန်ထက် ပိုဆာနေတာမျိုး ခံစားရနိုင်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ […]


ဆေးလိပ်ဖြတ်ခြင်း

နီကိုတင်းအစားထိုးကုထုံးအပေါ် စိုးရိမ်မှုများ

နီကိုတင်းအစားထိုးကုထုံးဆိုတဲ့ အသုံးအနှုန်းကို ကြားဖူးပါသလား။ သည်အသုံးအနှုန်းဟာ ဆေးလိပ်မသောက်တဲ့ သာမန်သူတွေအတွက်တော့ ထူးဆန်းနေနိုင်ပါတယ်။ ဒါပေမယ့် နီကိုတင်းစွဲလန်းနေတဲ့သူတွေအတွက်ကတော့ စဉ်းစားသင့်တဲ့အချက်တစ်ချက်ပါ။ နီကိုတင်းအစားထိုးကုထုံးဆိုတာက ဆေးလိပ်သောက်သုံးသူတွေကို နီကိုတင်းဆေးပြားတွေ၊ ပီကေ၊ ပူရှိန်ပြား ဒါမှမဟုတ် နီကိုတင်း ရှူဆေးဘူးတွေကို အသုံးပြုပြီး စီးကရက်သောက်သုံးမှု အနေအထားကို ပြောင်းလဲအောင် လုပ်ဆောင်ပေးမယ့် ကုထုံးတစ်ခုဖြစ်ပါတယ်။ သည်ကုသမှုကို ဆေးလိပ်သောက်သုံးသူတွေက ခံနိုင်စွမ်းရှိမလားဆိုတဲ့ စိုးရိမ်မှုတွေကတော့ ကြီးထွားလာနေပါတယ်။ အရင်ဆုံးအနေနဲ့ ကုထုံးခံယူမယ့်သူက ဆေးလိပ်သောက်သုံးမှုနဲ့ နီကိုတင်းအစားထိုးကုထုံး (NRT) တို့ကို ပိုနားလည်သွား အောင်လုပ်လိုက်ကြပါစို့။ အရာရာတိုင်းက ဒိုဖာမင်း (dopamine) ကနေအစပြုတာဖြစ်ပါတယ်။ ဒိုဖာမင်းကကျွန်တော်တို့ကို စိတ်ကျေနပ်မှုရစေနိုင်တဲ့အရာလို့ ယူဆနိုင်ပါတယ်။ တစ်ခုခုကိုအောင်မြင်တဲ့အခါမျိုး၊ ပြိုင်ပွဲမှာအနိုင်ရတဲ့အခါမျိုး၊ ရွှေခါးပတ်ဆုရှင်ဖြစ်တဲ့အခါမျိုးနဲ့ လိင်ဆက်ဆံမှုမှာ စိတ်ကျေနပ်မှုရတဲ့အခါမျိးတွေမှာ ကျွန်တော်တို့တွေရဲ့ ဦးနှောက်က ဒိုဖာမင်လို့ခေါ်တဲ့ဓါတ် ပစ္စည်းလေးကို ထုတ်လွှတ်ပေးပါတယ်။ ရိုးရိုးရှင်းရှင်းပြောရမယ်ဆိုရင်တော့ သည်ဓါတ်ကစိတ်ကျေနပ်မှုကို […]


ဆေးလိပ်ဖြတ်ခြင်း

ဘယ်နီကိုတင်းအစားထိုးကုထုံးက သင့်အတွက် အသင့်တော်ဆုံးလဲ

အခုခေတ်မှာေ ဆးလိပ်ဖြတ်နိုင်မယ့်နည်းတွေ အများအပြားရှိပါတယ်။ ဒါပေမယ့် နည်းလမ်းအားလုံးက ပြင်းပြင်းထန်ထန်ကြိုးစားဖို့တော့ လိုအပ်ပါတယ်။ နီကိုတင်းအစားထိုး ကုသမှုကုထုံးကလည်း ဆေးလိပ်ဖြတ်တဲ့ကုထုံးတွေထဲက တစ်ခုပဲဖြစ်ပါတယ်။ NRT (နီကိုတင်း အစာထိုးကုထုံး) က စီးကရက်မှာပါဝင်တဲ့ နီကိုတင်းပမာဏထက်နည်းပါးတဲ့ နီကိုတင်းဓါတ်ကို ထောက်ပံ့ပေးတဲ့ အစားထိုးကုထုံးဖြစ်ပါတယ်။ သည်ကုထုံးက နီကိုတင်း ငုံဆေးပြား၊ ပီကေ ၊ ပူရှိန်းပြား၊ ရှူဘူးနဲ့ စပရေး (ဖျန်းဆေး)တွေကို အသုံးပြုပြီး ဆေးလိပ်ပြတ်အောင်ကုသတဲ့နည်းလမ်းဖြစ်ပါတယ်။ NRT (နီကိုတင်းအစားထိုး) ကုထုံးကို အသုံးပြုခြင်းအားဖြင့် ဆေးလိပ်သောက်သုံးသူဟာ တဖြည်းဖြည်းချင်း ဆေးလိပ်ပြတ်လာတဲ့ လက္ခဏာတွေကိုတွေ့ကြုံခံစားလာရပြီး ဆေးလိပ်ဖြတ်ဖို့ပိုမိုလွယ်ကူတဲ့နည်းလမ်းတွေကို တွေ့ရှိလာရမှာဖြစ်ပါတယ်။ သည်မှာတော့ NRT ကုထုံးအမျိုးအစားအများအပြားရှိပါတယ်၊ ကိုယ်နဲ့အဆင်ပြေမယ့် နည်းတစ်ခုကိုတော့ရွေးချယ် ရမှာဖြစ်ပါတယ်။ နီကိုတင်း ပီကေ -နီကိုတင်းပီကေကို ဆေးဆိုင်တိုင်းမှာဝယ်ယူလို့ရပါတယ်။ အထူးစီမံထားတဲ့ သည်ပီကေက နီကိုတင်းပမာဏကို လျော့ချထည့်သွင်းထား တာကြောင့် […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း