ဆေးလိပ်ဖြတ်ချင်နေပါသလား။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win
ဆေးလိပ်ဖြတ်ချင်နေပါသလား။
ဆေးလိပ်ဖြတ်ဖို့ ကြိုးစားတဲ့ အခါမှာလည်း မအောင်မမြင်ဖြစ်နေပါသလား။
စိတ်ဓါတ်မကျပါနဲ့။
ဆေးလိပ်သောက်ဖို့အကျင့်ကို ကျွန်တော်တို့ မသိလိုက် မသိဘာသာနဲ့ နှစ်ပေါင်းများစွာ မွေးမြူခဲ့သလိုပဲ ကျွန်တော်တို့ဆေးလိပ်ဖြတ်တဲ့ အကျင့်ကိုလည်း သိသိနဲ့ စိတ်ရှည်ရှည် မွေးမြူဖို့ပဲ လိုအပ်ပါတယ်။ အခုဒီမှာတော့ Hello ဆရာဝန်ပရိတ်သတ်ထဲက ဆေးလိပ်ဖြတ်ဖို့ ကြိုးစားနေတဲ့ သူတွေအတွက် ဆေးလိပ်ဖြတ်ခရီးစဉ်ထဲမှာ သင့်ကိုအကောင်းဆုံး ကူညီပေးနိုင်မယ့် Application များကို ဖော်ပြပေးလိုက်ပါတယ်။ ဒီ ဆေးဖြတ်ဖြတ်ရာမှာ ကူညီပေးနိုင်တဲ့ Application တွေကို အသုံးပြုရလွယ်ကူခြင်း၊ ပုံစံဒီဇိုင်း၊ စားသုံးသူမှတ်ချက်များ၊ Update ဘယ်နှစ်ကြိမ် လုပ်နေသလဲဆိုတာနဲ့ အရေးကြီးဆုံးကတော့ ဒီ Application တွေရဲ့ ဆေးလိပ်ဖြတ်ရာမှာ ကူညီနိုင်စွမ်းကို အခြေခံပြီး ရွေးချယ်ထားတာဖြစ်ပါတယ်။
Centers for Disease Control and Prevention (CDC) ရဲ့ လေ့လာချက်အရ စီးကရက်သောက်ခြင်းဟာ အမေရိကန်မှာ ကြိုတင်ကာကွယ်နိုင်တဲ့ ရောဂါများနဲ့ သေဆုံးခြင်းကို အများဆုံးဖြစ်စေနိုင်တဲ့အကြောင်းရင်း ဖြစ်တယ်လို့ဆိုထားပါတယ်။
အမေရိကန် လူငယ် ၃၆.၅ သန်း ဟာ ဆေးလိပ်သောက်သုံးသူတွေ ဖြစ်ကြပြီး လူပေါင်း ၁၆ သန်း ခန့်မှာ ဆေးလိပ်သောက်ခြင်းကရတဲ့ ရောဂါတွေ ရှိကြတယ်လို့ ဆိုပါတယ်။ ဆေးလိပ်သောက်ခြင်းဟာ ခန္ဓါကိုယ်ထဲက အင်္ဂါတွေ အားလုံးကိုပျက်စီးစေပြီး နှလုံးသွေးလွှတ်ကြော ယိုယွင်းရောဂါ၊ လေဖြတ်ခြင်း၊ အဆုတ်ကင်ဆာ၊ တစ်ခြားသော ကင်ဆာရောဂါများ ဖြစ်ပွားနိုင်စေခြေကို မြင့်မားစေပါတယ်။
စီးကရက်မှာ အဓိကအားဖြင့် နီကိုတင်း ပါဝင်ပြီး ဒီနီကိုတင်းက အရမ်းစွဲလန်းစေနိုင်ပါတယ်။ ဒါ့ကြောင့် ဆေးလိပ်ဖြတ်ခြင်းဟာ နီကိုတင်းရဲ့ စွဲလန်းစေနိုင်တဲ့ အစွမ်းကြောင့် တကယ် ခက်ခဲတဲ့ အလုပ်တစ်ခုလည်း ဖြစ်ပါတယ်။ ပထမပိုင်းမှာတော့ ဆေးလိပ်ဖြတ်နေသူတစ်ယောက်ဟာ နေရထိုင်ရ ကသိကအောက် ဖြစ်ခြင်း၊ စိုးရိမ်စိတ်များခြင်းနဲ့ အာရုံစူးစိုက်မှု နည်းပါးခြင်းတို့ ခံစားရမှာ ဖြစ်ပါတယ်။ ဆေးလိပ်ဖြတ်ခြင်းဟာ ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်တဲ့ ရောဂါများ ဖြစ်ပွားခြင်းကိုကာကွယ်နိုင်ရုံသာမက သက်တမ်းကိုလည်း ပိုရှည်လာစေနိုင်ပါတယ်။
အခုဒီမှာတော့ မိတ်ဆွေ ဆေးလိပ်ဖြတ်ချင်နေတယ်ဆိုရင် အကူအညီက လက်တစ်လှမ်းမှာပါ။ အောက်မှာ ဖော်ပြထားတဲ့ Application တွေက သင်ရဲ့ ကျန်းမာရေးအတွက် ဆေးလိပ်ဖြတ်ခြင်း ခရီးကို အကောင်းဆုံး လိုက်ပါကူညီပေးမှာ ဖြစ်ပါတယ်။
Android: Free
iPhone: Free
QuitNow ဟာ အကောင်းဆုံး ဆေးလိပ်ဖြတ် Application တစ်ခု ဖြစ်ပြီး အရောင်ဒီဇိုင်းရှင်းရှင်းလင်းလင်းနဲ့ သုံးစွဲရလွယ်ကူတဲ့ ပုံစံနဲ့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ သတင်းကောင်းတစ်ခုက QuitNow ဟာ လက်ရှိအချိန်ထိ ဆေးလိပ်ဖြတ်သူ ၂ သန်းကျော်ကို ကူညီဆေးလိပ်ဖြတ်ပေးနိုင်ခဲ့ပါတယ်။ သူ့ရဲ့ Feature တွေထဲက User တွေ အကြိုက်ဆုံးကတော့Chat feature ဖြစ်ပြီး User တွေ ရဲ့ ဆေးလိပ်ဖြတ်ရာမှာ အောင်မြင်မှု ပန်းတိုင်ကို မျှဝေနိုင်မှာ ဖြစ်ပါတယ်။
QuitNow သုံးစွဲသူများက ဆေးလိပ်ဖြတ်သူ အချင်းချင်း ကူညီမျှဝေတတ်ကြပြီး Chat feature မှာလည်း သုံးစွဲသူတွေရဲ့ အောင်မြင်မှုတွေ၊ ဖြတ်သန်းမှု မိုင်တိုင်တွေ၊ ခက်ခဲမှုတွေနဲ့ဆးလိပ်ဖြတ်ရာ ခရီးလမ်းမှာ ကြုံရတဲ့ ပန်းတိုင်တွေကို မျှဝေနိုင်မှာ ဖြစ်ပါတယ်။ ဒီ Application ရဲ့ နောက်ကောင်းတဲ့ အချက်ကတော့ QuitNow! milestone system ဖြစ်ပြီး ဆေးလိပ်ဖြတ်ခြင်းကို အမြဲတမ်း အာရုံစိုက်နေစေနိုင်ဖို့နဲ့ သင့်ရဲ့ ပန်းတိုင်ကို ဆုံးဖြတ်ချက်အတိုင်း လုပ်နိုင်အောင် ကူညီပေးမှာဖြစ်ပါတယ်။ ပန်းတိုင် တစ်ခုချင်းစီတိုင်းမှာ ထူးထူးခြားခြား လှပတဲ့ ပုံဖော်မှုတွေနဲ့ မှတ်သားပေးထားမှာ ဖြစ်ပါတယ်။ QuitNow Application ထဲက ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေက ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း World Health Organization (WHO) ရဲ့ အချက်အလက်တွေကို အသုံးပြုထားတာ ဖြစ်ပါတယ်။
Android: Coming soon!
iPhone: Free
Kwit ဟာ Gaming စနစ်နဲ့ Gaming ဒီဇိုင်းများကို ပေါင်းထားပြီး ထုတ်လုပ်ထားတဲ့ Application တစ်ခုဖြစ်ပါတယ်။ ဒီလို ဂိမ်းပုံစံ ပြုလုပ်ထားခြင်းက ဆေးလိပ်ဖြတ်ခြင်းကို ပိုပြီးပျော်ရွှင်ဖွယ်ကောင်းလာစေမှာ ဖြစ်ပါတယ်။ ဒီ Application ကိုသုံးခြင်းဖြင့်
Ultimate Kwitter ဆိုတဲ့ အဆင့်ထိရောက်လာမှာ ဖြစ်ပါတယ်။ ဒီ Application ပုံစံဟာ ရှင်းလင်းပြီး သင် ဆေးလိပ်ဖြတ်နေတာ ဘယ်လောက်ကြာနေပြီလဲ၊ ဆေးလိပ်မသောက်တဲ့အတွက် သင်ပိုက်ဆံဘယ်လောက်စုမိသွားပြီးလဲ၊ သင်ဆေးလိပ် ဘယ်နှစ်လိပ်လောက်ကို မသောက်ဘဲနေနိုင်ခဲ့လဲ ဆိုတဲ့
တကယ်အသုံးဝင်တဲ့ ချက်အလက်တွေကိုဖော်ပြပေးထားပါသေးတယ်။ ဒီ Application က သင့်အတွက် စိတ်ဓါတ်ခွန်အား ဖြစ်စေနိုင်တဲ့ စာစုများကိုလည်း ပြသပေးဦးမှာ ဖြစ်ပါတယ်။ Kwit ဟာ သင်ရံဖန်ရံခါ သောက်မိတဲ့ ဆေးလိပ် အရည်အတွက်ကိုလည်းမှတ်သားပေးနိုင်ပါသေးတယ်။ ဒါပေမဲ့ Game ပုံစံလုပ်ထားတဲ့ Application ဖြစ်တာကြောင့် သင်က ဆေးလိပ်သောက်ချင်စိတ်ကို တောင့်ခံနိုင်တဲ့ အမှတ် ၀ ထိဖြစ်သွားရင် သင် အစကနေ ပြန်စရမှာ ဖြစ်ပါတယ်။
Android: Free
iPhone: Free
Smoke Free ဟာ ဆေးလိပ်မသောက်တဲ့ အတွက် သင်ပိုက်ဆံ ဘယ်လောက်စုမိသွားလဲ၊ သင်ဆေးလိပ် မသောက်ဘဲ နေနေတာ အချိန် ဘယ်လောက်ကြာနေပြီလဲ၊ စီးကရက် ဘယ်နှစ်လိပ်လောက်ကို သင်မသောက်ဘဲ နေနိုင်ခဲ့လဲဆိုတာကို မှတ်သားပေးထားနိုင်ပါတယ်။ သင့်အနေနဲ့ ဆေးလိပ်ဖြတ်ထားလို့ ချင်ခြင်းတတ်လာရင်လည်း ဒီ Application ထဲမှာ
မှတ်သားထားနိုင်ပြီး ဒီ App ထဲမှာ ဒီလို ချင်ခြင်းတတ်တာကို ဘယ်လိုဖျောက်ရမလဲဆိုတဲ့ အချက်လေးတွေကိုပါ ဖော်ပြပေးထားပါတယ်။ ဒါ့အပြင် Smoke Free မှာပါတဲ့ လုပ်ဆောင်ချက်တွေနဲ့ ဆေးလိပ်သောက်ချင်စိတ်ကို ကိုင်တွယ်နိုင်ပါသေးတယ်။
ဒီ Application ထဲက Dashboard ထဲမှာ ဆေးလိပ်ဖြတ်လိုက်တဲ့ အတွက် သင့်ကျန်းမာရေးက ဘယ်လောက်တိုးတက်လာသလဲဆိုတာကို ပြသတဲ့ အနေနဲ့ သင့်ရဲ့ သွေးပေါင်ချိန်ဖိအား၊ အောက်စီဂျင်နဲ့ ကာဗွန်မိုနောက်ဆိုဒ် ပမာဏတွေကို ဖော်ပြပေးနိုင်ပါတယ်။ ဒါ့အပြင် သင့်ရဲ့ အသက်ရူတဲ့ ပုံစံ၊ သွေးလည်ပတ်မှုနဲ့ အဆုတ်ကင်ဆာ ဖြစ်ပွားနိုင်ချေတို့ကို ဖော်
ပြပေးထားပါတယ်။ သင့်အနေနဲ့ ဆေးလိပ်ဖြတ်ထားတဲ့ အချိန်ကြာလာလေလေ ဆုတံဆိပ်တွေ ရလာမှာ ဖြစ်ပြီး ဆေးလိပ်မသောက်တဲ့ အတွက် ပိုက်ဆံ ဘယ်လောက်စုမိထားသလဲဆိုတာကိုပါ ပြပေးမှာဖြစ်ပါတယ်။ ဒါ့ကြောင့် သင်စုထားတဲ့ ပိုက်ဆံများလာရင် သင့်ကိုသင်ဂုဏ်ပြုတဲ့ အနေနဲ့ မုန့်ဝယ်စားလို့လည်း ရပါသေးတယ်။
နေ့တိုင်းနေ့တိုင်း သင့်အတွက် ဆေးလိပ်ဖြတ်ဖို့အတွက် တာဝန်တစ်ခုစီပေးမှာ ဖြစ်ပြီး Smoke Free ကတော့ ဒီလို တာဝန်တွေကို အမြဲပြီးဆုံးအောင် လုပ်တဲ့ လူတွေဟာ ဆေးလိပ်တကယ် ပြတ်သွားနိုင်တယ် လို့ဆိုပါတယ်။
Android: Free
Application ရဲ့ နာမည်အတိုင်း ဒီ Application လေးက သင့်ကို ဆေးလိပ် တစ်ဖြည်းဖြည်း ဖြတ်ဖို့ အတွက် ကူညီပေးဖို့ ဒီဇိုင်းဆွဲထားတာ ဖြစ်ပါတယ်။ ဒီတော့ ဆေးလိပ်ကို အစိမ်းဖြတ် မဖြတ်ချင်ဘူး (“cold turkey”) ဆိုတဲ့ သူတွေ အတွက်တော့ ဒီ Application လေးက တကယ် ကောင်းမွန်ပါတယ်။ ဒီ Application လေးရဲ့ အဓိက အားသာချက်ကတော့ သင့်ရဲ့ ဆေးလိပ်သောက်သုံးနှုန်းကို နီကိုတင်းပမာဏနည်းပါးနှုန်းနဲ့ အညီ လျှော့ချပေးမှာ ဖြစ်ပါတယ်။
ပထမဆုံး Application က မေးထားတဲ့ မေးခွန်းတွေကို ဖြေဆိုပြီးတာနဲ့ သင်အနေနဲ့ ဆေးလိပ် တစ်လိပ်နဲ့ တစ်လိပ်ကြား အချိန် ဘယ်လောက်ခြားပြီး ဆေးလိပ်သောက်မှာလဲဆိုတဲ့ smoking reduction plan ကို မြင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီ Application ဟာ သင်သတ်မှတ်ထားတဲ့ အချိန် ( တစ်ပတ် မှ ၅ နှစ်အတွင်း ) ဆေးလိပ်သောက်လို့ ပိုက်ဆံ ဘယ်လောက်ကုန်မလဲဆိုတာကို ပြသပေးနိုင်ပါတယ်။
သင်အနေနဲ့ ဆေးလိပ်သောက်ရမယ့် အချိန်လား၊ သောက်လို့ မရသေးတဲ့ အချိန်လားဆိုတာကို Home Scree က အစိမ်းရောင်နဲ့ အနီရောင် ပြောင်းလဲပေးပြီး ပြသနေမှာ ဖြစ်ပါတယ်။ နေ့တိုင်းနေ့တိုင်း ဆေးလိပ်တစ်လိပ်နဲ့ တစ်လိပ်ကြားကာလ အချိန် ကြာလာလေ သင်ဟာ ဆေးလိပ်ဖြတ်လာနိုင်လေပါပဲ။ ဒီ Application လေးက ဆေးလိပ်ကို ထိမ်းထိမ်းသိမ်းသိမ်း ဖြတ်ချင်တယ်ဆိုတဲ့ သူတွေအတွက် အကောင်းဆုံး သော Application လေး ဖြစ်ပါတယ်။
Android: Free
iPhone: Free
Quitter’s Circle Application ဟာ အမေရိကန် ဆေးဝါး ကုမ္ပဏီကြီး ဖြစ်တဲ့ Pfizer Inc နဲ့ အမေရိကန် အဆုတ်ကျန်းမာရေး အဖွဲ့အစည်း တို့ရဲ့ ပူးပေါင်းမှုကြောင့် ထွက်ပေါ်လာတဲ့ ဆေးလိပ်ဖြတ် Application ဖြစ်ပါတယ်။ သင့်အနေနဲ့ ဆေးလိပ် ဘယ်လို ဖြတ်မလဲ၊ ဘယ်အချိန် မှာ ဆေးလိပ် ဖြတ်မလဲဆိုတဲ့ ဆေးလိပ်ဖြတ်တဲ့ အစီအစဉ်ကို မိမိဘာသာ ဆွဲထားလို့ရပါတယ်။
ဒီ Application က သင့်ရဲ့ ဆေးလိပ်ဖြတ်ခြင်း ခရီးတစ်လျှောက် အောင်မြင်မှုတွေကိုလည်း မှတ်သားပေးထားပြီး သင့်ရဲ့ ဆေးလိပ်ဖြတ်ခြင်းကို ကူညီပေးနိုင်တဲ့ သူငယ်ချင်းတွေနဲ့ မိသားစုတွေ ပါဝင်တဲ့ Quit Team ကိုဖွဲ့စည်းလို့ရပြီး သင့်ရဲ့ ကျန်းမာရေးအတွက် ထောက်ပံ့စရိတ်များကို အလှူခံနိုင်တဲ့ Quit Fund ကိုပါ စတင်လို့ရပါတယ်။
ဒါ့အပြင့် Quitter’s Circle Application ဟာ Quit Cards, emoticons နဲ့ stickers တွေကို သင့် ဆေးလိပ်ဖြတ်ရာမှာ စိတ်ဓါတ်တက်ကြွစေဖို့ အတွက် သင့်ကို ပေးပြီး ဒီအရာတွေကို သင့်ရဲ့ Quit Team ကို ဝေမျှနိုင်ပါတယ်။ ဥပမာ ငါတော့ ဆေးလိပ်ဖြတ်ထားတာ တစ်လတောင်ရှိပြီဆိုပြီး သင်ရဲ့ Quit Team နဲ့ ဝေမျှနိုင်ပါတယ်။ ဒီ Application မှာ သင့်ရဲ့ မိသားစုနဲ့ သူငယ်ချင်းတွေက သင့်ကို စိတ်အားတက်ကြွဖို့အတွက် စာတွေပို့ခွင့်ပြုထားပြီး သင့်ရဲ့ အောင်မြင်မှုကို အချိန်နဲ့ တစ်ပြေးညီ မှတ်တမ်းတင်နိုင်ပါတယ်။
iPhone: $4.99
Max Kirsten ဟာ အားလုံးသိကြတဲ့ အဆိုတော် Adele ကိုလည်း ဆေးလိပ်ဖြတ်ပေး နိုင်ခဲ့သူဖြစ်ပါတယ်။ Max Kirsten ဆိုတာ ဆုတံဆိပ်တွေ ရထားတဲ့ ဆေးပညာဆိုင်ရာ အိပ်မွေ့ချပညာရှင်ဖြစ်ပြီး ဆေးလိပ်ဖြတ် ပညာရှင်လည်းဖြစ်ပါတယ်။ Max Kirsten ဟာ ဟောလိဝုဒ် သရုပ်ဆောင် Ewan McGregor ကိုလည်း ဆေးလိပ်ဖြတ်ပေးနိုင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။Max Kirsten ဟာ ဆေးလိပ်ဖြတ်ကုသမှုမှာ ၁၅ နှစ်အထက် အတွေ့အကြုံရှိပြီး သူ့ရဲ့ Quit Smoking NOW App အိပ်မွေ့ချ Application နဲ့ လူထောင်ပေါင်းများစွာကို ဆေးလိပ်ဖြတ်ပေးနိုင်ခဲ့ပါတယ်။ ဒီထဲမှာ Adele လည်းပါပါတယ်။
Max Kirsten ရဲ့ “60-second Cravings Buster” နည်းစနစ်ဟာ ဆေးလိပ်သောက်ချင်စိတ်ကို လျှော့ချပေးနိုင်တယ်လို့ အသိအမှတ်ပြုထားခြင်းကို ခံထားရပြီး သူရဲ့ အိပ်မွေ့ချ နည်းစနစ်ဆိုင်ရာ Application ဟာ ဆေးလိပ်ဖြတ်လိုက်ရင် ကိုယ်အလေးချိန် တက်လာခြင်းကိုပါ တားဆီးပေးနိုင်ပါတယ်။ Application မှာပါတဲ့ dashboard မှာ သင် ဆေးလိပ်မသောက်ဘဲ ဘယ်နှစ်ရက် နေနိုင်ခဲ့ပြီလဲ၊ ဆေးလိပ် ဘယ်နှစ်လိပ် မသောက်ဘဲ နေနိုင်ခဲ့ပြီလဲ၊
ပိုက်ဆံ ဘယ်လောက်စုမိသွားပြီလဲဆိုတာကိုပါ ဖော်ပြပေးထားပါတယ်။ ဒီ Application မှာ up-to-date ဆေးလိပ်နဲ့ပတ်သတ်တဲ့ သတင်းတွေ၊ 40-fact cards တွေနဲ့ smoking galleries တွေလိုမျိုး ထပ်ဆောင်းလုပ်ဆောင်ချက်တွေလည်းပါဝင်ပါတယ်။
Android: Free
Quit Tracker ကတော့ ဆေးလိပ်ဖြတ်လိုက်တဲ့ အတွက် သင့်ရဲ့ ခန္ဓါကိုယ်မှာ ဘယ်လို ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေ ရနေပြီလဲဆိုတာ ဖော်ပြပေးရင်း ဆေးလိပ် ဖြတ်ဖို့ ကူညီပေးတဲ့ Application ဖြစ်ပါတယ်။ ဒီ Application ဟာ သင့် ဆေးလိပ်ဖြတ်တာ ကြာလာတာနဲ့ အမျှ သင့်ကို ဆုချပေးတဲ့ virtual ဆုတွေလည်း ပေးပြီး ဒီ ဆုတွေနဲ့ သင် Application ထဲက ရုပ်ရှင်လက်မှတ်တွေ၊ အားကစား ဖိနပ်တွေ ဝယ်ပြီး အလှ ဆင်နိုင်ပါသေးတယ်။ Application စတင် သုံးဖို့ အတွက်ကတော့ Screen တစ်မျက်နှာစာ မေးခွန်းတွေ ဖြေဆိုရမှာ ဖြစ်ပြီး ဒီ Application က ဆေးလိပ်ဖြတ်လို့ စုမိလာမယ့် သင့်ရဲ့ ပိုက်ဆံတွေ၊ သက်တမ်းတွေနဲ့ ကျန်းမာရေး ကောင်းကျိုးတွေကိုပါ ဖော်ပြပေးထားပြီး ဆေးလိပ်သောက်ချင်လာရင် အာရုံလွှဲနိုင်ဖို့အတွက် Card တွဲရတဲ့ Game ကိုပါ ထည့်သွင်းပေးထားပါသေးတယ်။
premium version သုံးမယ်ဆိုရင် ကြော်ငြာတွေ ပျောက်သွားမှာ ဖြစ်ပြီး home screen widget ထားနိုင်ခြင်းနဲ့ သင့်ရရှိမယ့် virtual rewards တွေကိုလည်း ပိုရလာမှာ ဖြစ်ပါတယ်။ Quit Tracker ဟာ ဆေးလိပ်ပြတ်သွားပေမဲ့ ဆေးလိပ်ပြန်သောက်မိခြင်းကို ကာကွယ်ချင်တဲ့ သူတွေအတွက်လည်း အကောင်းဆုံးလည်း ဖြစ်ပါတယ်။
iPhone: Free
Quit It Lite ဟာ ဆေးလိပ်သောက်သူတွေကို ဆေးလိပ်ဖြတ်ဖို့နဲ့ ဆေးလိပ်ဖြတ်ပြီးသားသူတွေကို ပြန်လည် မသောက်သုံးကြဖို့အတွက် စိတ်ဓါတ်ခွန်အားပေးဖို့ လုပ်ဆောင်ထားတဲ့ Application ဖြစ်ပါတယ်။ Quit It Lite ဟာ ရိုးရှင်းရလွယ်တဲ့ ပုံစံ ဖြစ်ပြီး သင့်ရဲ့ ဆေးလိပ်သောက်တတ်တဲ့ အကျင့်နဲ့ ဆေးလိပ်ဖြတ်ရင် သက်သာမယ့် ပိုက်ဆံတွေကိုလည်း ဖော်ပြပေးနိုင်ပါတယ်။ health section မှာတော့ ဆေးလိပ်ဖြတ်တာ အချိန်ကြာလာတာနဲ့
အမျှ သင်ခံစားရမယ့် ကျန်မာရေး အကျိုးကျေးဇူးတွေကို ဖော်ပြထားပါတယ်။ ဥပမာ အားဖြင့် သင့်ရဲ့ သွေးဖိအား၊ သွေးခုန်နှုန်း၊ ကာဗွန်မိုနောက်ဆိုဒ်နဲ့ အောက်စီဂျင်ပမာဏ ၊ နှလုံးရောဂါနဲ့ အဆုတ်ကျန်းမာရေး လုပ်ဆောင်ချက်တွေကိုပါ ဖော်ပြပေးထားပါတယ်။ သင့်အနေနဲ့ ဆေးလိပ် ဘယ်နှစ်လိပ် မသောက်ဘဲ နေနိုင်ရင် ကိုယ့်ကိုကို ပြုစုတဲ့ အနေနဲ့ ရုပ်ရှင်ကြည့်တာပဲ ဖြစ်ဖြစ်၊ ကော်ဖီသောက်တာပဲ ဖြစ်ဖြစ် သင်ရဲ့ ဆုလာဒ်အနေနဲ့ သတ်မှတ်ထားလို့ရပြီး ဒီ Application က သင်သောက်ထားတဲ့ ပမာဏကို မှတ်သားထားပေးမှာ ဖြစ်ပါတယ်။
Android: Free
iPhone: Free
Quit Smoking Hypnosis ကတော့ သင့်ရဲ့ စိတ်ကို ပြောင်းလဲပေးပြီး သင်ဆေးလိပ်သောက်နေတဲ့ အလေ့အကျင့်ပုံစံတွေကို ပြောင်းလဲကာ ဆေးလိပ်ဖြတ်ဖို့ ကူညီပေးနိုင်တဲ့ Application ဖြစ်ပါတယ်။ Quit Smoking Hypnosis မှာပါတဲ့ အိမ်မွေ့ချဆိုင်ရာ အသံဖိုင်ကို နားထောင်ရင် ၁ ပတ်ကနေ ၃ ပတ်အတွင်း သိသိသာသာ ထူးခြားလာမယ်လို့ Application က ဆိုထားပါတယ်။ အသိအမှတ်ပြု အိမ်မွေ့ချပညာရှင်က ဒီ အသံဖိုင်ကို ပြောပေးမှာ ဖြစ်ပြီး နောက်ခံတီးလုံးနဲ့ အသံတွေက သင့်ရဲ့ စိတ်ကို ပိုပြီး ငြိမ်းချမ်းစေမှာ ဖြစ်ပါတယ်။ ညဘက် အိပ်ယာ မဝင်ခင် အသုံးပြုမယ်ဆိုရင်
သင့်အနေနဲ့ နှစ်ခြိုက်စွာ အိပ်ပျော်သွားမှာ ဖြစ်ပါတယ်။
iPhone: Free
Butt Out ဟာ ကာတွန်းပုံနဲ့ အရောင်တောက်တောက် တွေနဲ့ ဖွဲ့စည်းထားတဲ့ Application ဖြစ်ပြီး ဆေးလိပ်ချင်ခြင်းတက်ခြင်းနဲ့ သောက်ခဲ့တဲ့ ဆေးလိပ် ပမာဏကို မှတ်သားပေးထားပါတယ်။ အဲ့နောက် Butt Out ဟာ သင့်ကျန်းမာရေး တိုးတက်လာပုံကို Graph များနဲ့ ပြသပေးထားပြီး ဆေးလိပ်ဖြတ်တာ မရပ်သွားဖို့၊ ကိုယ်သတ်မှတ်ထားတဲ့ ပန်းတိုင်ကို အလျှော့မပေးဖို့
စိတ်ဓါတ်ခွန်အားဖြစ်စေနိုင်တဲ့ ပုံများကို ပြသပေးမှာ ဖြစ်ပါတယ်။ သင့်အနေနဲ့ ဆေးလိပ်ကို ချက်ခြင်းကြီး ဖြတ်မလား၊ အချိန် ယူပြီး ဖြတ်မလားဆိုတာကိုလည်း သတ်မှတ်ထားနိုင်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Thurein Hlaing Win
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။