ဆေးလိပ်ဖြတ်ခြင်း

ဆေးလိပ်သောက်တဲ့ အကျင့်ကို ဖျောက်ရတာက စိတ်ခေါ်မှု တစ်ရပ်ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သင် လုပ်နိုင်ပါတယ်။ ကျွမ်းကျင်သူတွေ အတည်ပြုပေးထားတဲ့ ဆေးလိပ်ဖြတ်တဲ့အခါ လွယ်ကူစေမယ့် နည်းလမ်းတွေကို ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆေးလိပ်ဖြတ်ခြင်း

နီကိုတင်းကပ်ခွာ သုံးပြီး ဆေးလိပ်ဖြတ်ကြမယ်

ဆေးလိပ်ဖြတ်တဲ့အခါ တိခနဲ ဖြတ်ဖို့ ခက်နေရင် Nicotine replacement therapy (NRT)လို့ခေါ်တဲ့ နီကိုတင်း အစားထိုး ကုထုံးတွေရဲ့ အကူအညီကို ယူနိုင်ပါတယ်။ နီကိုတင်း အစားထိုး ကုထုံးမှာ နီကိုတင်းကပ်ခွာ ၊ ရှူဆေး၊ ငုံဆေး စသဖြင့် အစားစား ရှိပါတယ်။ ဒီတစ်ခေါက်တော့ နီကိုတင်းကပ်ခွာကို သုံးပြီး ဆေးလိပ်ဖြတ်နည်းအကြောင်း ပြောပြပေးချင်ပါတယ်။ နီကိုတင်းကပ်ခွာဆိုတာ ဆေးလိပ်သောက်တဲ့သူတွေရဲ့ ၇၀ရာခိုင်နှုန်းက ဆေးလိပ်ဖြတ်ချင်စိတ် ရှိကြပါတယ်။ ဒါပေမဲ့ စွဲလမ်းစေတဲ့ နီကိုတင်းကြောင့် မပြတ်နိုင်ဘဲ ပြန်ပြန်ပြီး သောက်မိနေကြတာ ဖြစ်ပါတယ်။ နီကိုတင်းသက်သက်က ကျန်းမာရေးအရ ဆေးလိပ်လောက် မထိခိုက်ပါဘူး။ ဒါကြောင့်လည်း နီကိုတင်းကို သုံးပြီး ဆေးလိပ်ဖြတ်ကြတာပါ။ ဒါပေမဲ့ နီကိုတင်းကို စွဲပြီး ဆေးလိပ်သောက်မိတဲ့အခါ အန္တရာယ်ရှိပစ္စည်းတွေ ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာတာ၊ မသောက်ရ မနေနိုင်ဖြစ်ပြီး ဆက်ကာ […]

ဆေးလိပ်ဖြတ်ခြင်း ကို ရှာဖွေမည်။

ဆေးလိပ်ဖြတ်ခြင်း

ဆေးလိပ်ဖြတ်နည်းအကြံပေးချက်များ - ငါးမိနစ်စာ တောင့်တစိတ်ကိုဖြေဖျောက်နည်း

ဆေးလိပ်စစဖြတ်ချင်းမှာတော့ သင့်စိတ်ထဲမှာ ပျင်းလာမယ်။ စီးကရက်သောက်ချင်စိတ်တွေ ဆက်တိုက်ဖြစ်လာမယ်။ သေချာသတိထားကြည့်မယ် ဆိုရင်တော့ ဒီလိုဆေးလိပ်ကိုတောင့်တစိတ်ဖြစ်လာတဲ့ အချိန်အများစုဟာ သုံးမိနစ်ကနေ ငါးမိနစ်လောက်ပဲ ကြာမြင့်တတ်တာကို သထိထားမိပါလိမ့်မယ်။ ဆေးလိပ်ကို အရမ်းတောင့်တလာပြီးတော့မှ တဖြည်းဖြည်း တောင့်တစိတ်လျော့ပါးလာလေ့ရှိပါ တယ်။ ဆေးလိပ်ဖြတ်လိုက်တဲ့ အစပိုင်းရက်တွေမှာ ခံစားရတတ်တဲ့ တောင့်တမှုနှစ်မျိုးရှိပါတယ်။ ၁ ) ရုပ်ပိုင်းဆိုင်ရာတောင့်တမှုဆိုတာ နီကိုတင်းကို ဖြတ်နိုင်ဖို့ သင့်ခန္ဓါကိုယ်ရဲ့ တုံ့ပြန်မှုဖြစ်ပါတယ်။ သင့်ရဲ့ လည်ချောင်းထဲ ဒါမှမဟုတ် ဗိုက်ထဲမှာ မအီမသာခံစားရနိုင်ပြီး စိတ်ဖိစီးမှုနဲ့ထိတ်လန့် ပူပန်စိတ်တွေဖြစ်လာတတ်ပါတယ်။ ၂) စိတ်ပိုင်းဆိုင်ရာတောင့်တမှုကတော့ သင့်ရဲ့နေ့စဉ် ဘဝမှာဖြစ်နေကျကိစ္စတွေကြောင့် ဖြစ်လာတတ်ပါ တယ်။ ကျွန်တော်တို့အားလုံးက ကိုယ့်ကိုယ်ကိုယ်မသိဘဲ လုပ်မိတဲ့ကိစ္စတွေ အများကြီးရှိကြပါတယ်။ ကျွန်တော်တို့က အလိုအလျောက် ဆေးလိပ်သောက်ဖို့ လုပ်မိတတ်ပါတယ်။ ဆေးလိပ်ကိုဖြတ်ပြီဆိုရင်တော့ အကျင့်ပါနေတဲ့ ဒီလုပ်ရပ်တွေကနေ အငမ်းမရသောက်ချင်စိတ်ကို ဖြစ်လာစေပါတယ်။ ကားမောင်းခြင်း၊ အစားစားခြင်း၊ ကော်ဖီ […]


ဆေးလိပ်ဖြတ်ခြင်း

နီကိုတင်းအစားထိုးကုထုံးအပေါ် စိုးရိမ်မှုများ

နီကိုတင်းအစားထိုးကုထုံးဆိုတဲ့ အသုံးအနှုန်းကို ကြားဖူးပါသလား။ သည်အသုံးအနှုန်းဟာ ဆေးလိပ်မသောက်တဲ့ သာမန်သူတွေအတွက်တော့ ထူးဆန်းနေနိုင်ပါတယ်။ ဒါပေမယ့် နီကိုတင်းစွဲလန်းနေတဲ့သူတွေအတွက်ကတော့ စဉ်းစားသင့်တဲ့အချက်တစ်ချက်ပါ။ နီကိုတင်းအစားထိုးကုထုံးဆိုတာက ဆေးလိပ်သောက်သုံးသူတွေကို နီကိုတင်းဆေးပြားတွေ၊ ပီကေ၊ ပူရှိန်ပြား ဒါမှမဟုတ် နီကိုတင်း ရှူဆေးဘူးတွေကို အသုံးပြုပြီး စီးကရက်သောက်သုံးမှု အနေအထားကို ပြောင်းလဲအောင် လုပ်ဆောင်ပေးမယ့် ကုထုံးတစ်ခုဖြစ်ပါတယ်။ သည်ကုသမှုကို ဆေးလိပ်သောက်သုံးသူတွေက ခံနိုင်စွမ်းရှိမလားဆိုတဲ့ စိုးရိမ်မှုတွေကတော့ ကြီးထွားလာနေပါတယ်။ အရင်ဆုံးအနေနဲ့ ကုထုံးခံယူမယ့်သူက ဆေးလိပ်သောက်သုံးမှုနဲ့ နီကိုတင်းအစားထိုးကုထုံး (NRT) တို့ကို ပိုနားလည်သွား အောင်လုပ်လိုက်ကြပါစို့။ အရာရာတိုင်းက ဒိုဖာမင်း (dopamine) ကနေအစပြုတာဖြစ်ပါတယ်။ ဒိုဖာမင်းကကျွန်တော်တို့ကို စိတ်ကျေနပ်မှုရစေနိုင်တဲ့အရာလို့ ယူဆနိုင်ပါတယ်။ တစ်ခုခုကိုအောင်မြင်တဲ့အခါမျိုး၊ ပြိုင်ပွဲမှာအနိုင်ရတဲ့အခါမျိုး၊ ရွှေခါးပတ်ဆုရှင်ဖြစ်တဲ့အခါမျိုးနဲ့ လိင်ဆက်ဆံမှုမှာ စိတ်ကျေနပ်မှုရတဲ့အခါမျိးတွေမှာ ကျွန်တော်တို့တွေရဲ့ ဦးနှောက်က ဒိုဖာမင်လို့ခေါ်တဲ့ဓါတ် ပစ္စည်းလေးကို ထုတ်လွှတ်ပေးပါတယ်။ ရိုးရိုးရှင်းရှင်းပြောရမယ်ဆိုရင်တော့ သည်ဓါတ်ကစိတ်ကျေနပ်မှုကို […]


ဆေးလိပ်ဖြတ်ခြင်း

သင့်ကို ဆေးလိပ်သောက်ချင်စိတ်ဖြစ်ပေါ်စေတဲ့ အရာတွေကို သိအောင်ကြိုးစားပါ

ဆေးလိပ်ဖြတ်ဖို့ဆုံးဖြတ်တာက ကြီးမားတဲ့ဆုံးဖြတ်ချက်တစ်ရပ်ဖြစ်သလို စိန်ခေါ်မှုတွေလည်းကြီးမားပါတယ်။ သင့်အနီးဝန်းကျင်မှာ ဆေးလိပ်သောက်သုံးသူတွေရှိနေတာက ဆေးလိပ်ဖြတ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ကြီးကြီးမားမားထိခိုက်စေနိုင်ပါတယ်။ လူတိုင်းလူတိုင်းမှာ ဆေးလိပ်သောက်သုံးမှုကိုဖြစ်စေတဲ့ အကြောင်းရင်းခံတွေအမျိုးမျိုးရှိနေနိုင်ပါတယ်။ အသိမိတ်ဆွေတွေနဲ့တွေ့ဆုံတာလိုမျိုး နေ့စဉ်လုပ်ဆောင်နေကျအလေ့အထတွေနဲ့ စိတ်ဖိစီးမှုတွေကိုဖြေလျော့တဲ့အနေနဲ့ ဆေးလိပ်သောက်တာမျိုးတွေရှိတတ်ပါတယ်။ သင့်ကိုစီးကရက်သောက်စေရတဲ့အကြောင်းအရင်းတွေကို သိရှိအောင်လုပ်ဆောင်တာက သင့်ရဲ့စီးကရက်ဖြတ်မယ့် အစီအစဉ်ကိုပိုပြီးချောချောမောမောဖြစ်အောင်ကူညီပေးနိုင်မှာဖြစ်ပါတယ်။   ဆေးလိပ်သောက်ရတဲ့အကြောင်းအရင်းခံဆိုတာကဘာလဲ။ ပုံမှန်အားဖြင့်တော့ လူတစ်ဦးဟာဆေးလိပ်စသောက်တဲ့အချိန်မှာ သူတို့ဆေးလိပ်သောက်သုံးရတဲ့အကြောင်းရင်က အခြားအကြောင်းအရာအဖြစ်အပျက်တွေနဲ့ နီးနီးစပ်စပ် ဆက်စပ်နေနိုင်ပါတယ်။ အခြေခံအားဖြင့်တော့ ဆေးလိပ်သောက်သုံးသူတွေ့ရဲ့ အတွေ့အကြုံကို လေ့လာရသလောက်တော့ ဆေးလိပ်သောက်သုံးသူတွေကို ဆေးလိပ်သောက်စေရတဲ့အကြောင်းအရင်း အဓိကအားဖြင့် ၄ မျိုးရှိပါတယ်။ စိတ်ခံစားမှုကြောင့် ဆေးလိပ်သောက်ချင်တဲ့ဆန္ဒဖြစ်ပေါ်ရခြင်း စိတ်ဖိစီးမှုတွေနဲ့ စိတ်ထိခိုက်စရာအကြောင်းအရာတွေနဲ့ ကြုံတွေ့ရတဲ့အခါ လူတော်တော်များများဟာ စီးကရက်တစ်လိပ်လောက်သောက်ချင်လာတဲ့ စိတ်ဆန္ဒကိုဖျောက်ဖျက်ပစ်လို့မရနိုင်ဘူး ဖြစ်တတ်ပါတယ်။ စီးကရက်သောက်ချင်တဲ့ဆန္ဒက စိတ်ခံစားမှုကောင်းမွန်အောင် ဆေးလိပ်သောက်လိုက်တဲ့အခါ ဒါမှမဟုတ် မကောင်းတဲ့စိတ်ခံစားချက်ကို ဖျောက်ဖျက်ဖို့ ဆေးလိပ်တစ်လိပ်သောက်လိုက်တဲ့အခါ ဆေးလိပ်သောက်ချင်တဲ့ စိတ်ဆန္ဒကလျော့ပါးသွားပါ တယ်။ ကောင်းမွန်တဲ့စိတ်ခံစားချက်ရော မကောင်းမွန်တဲ့စိတ်ခံစားချက်ကပါ ဆေးလိပ်သောက်ဖြစ်အောင်လှုံ့ဆော်ပေးပါတယ်။ စိတ်ခံစားမှုဆိုင်ရာဆေးလိပ်သောက်ချင်စိတ်ဖြစ်ပေါ်မှုကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် […]


ဆေးလိပ်ဖြတ်ခြင်း

လိုက်ဒ် စီးကရက် ၏ ကင်ဆာ အန္တရာယ်

လူတွေဟာတဖြည်းဖြည်းနဲ့ ဆေးလိပ်သောက်ခြင်းကဖြစ်စေနိုင်တဲ့ ကျန်းမာရေးအန္တရာယ်တွေကို ဂရုပြုလာကြပြီး သူတို့ကို ဆေးရွက်ကြီးအသုံးမပြုချင်လာတဲ့ထိဖြစ်လာစေပါတယ်။ ဒီအချိန်မှာ ဆေးရွက်ကြီးကုမ္ပဏီတွေက သူတို့အကျိုးစီးပွားကိုကာကွယ်နိုင်ဖို့ စီးကရက်အသစ်တစ်မျိုးကို မိတ်ဆက်ပေးလိုက်ပါတယ်။ လိုက်ဒ်စီးကရက်တွေမှာ ဆေးရွက်ကြီးမှာပါဝင်တဲ့ ကတ္တရာ (tar) နဲ့ နီကိုတင်းတွေ အနည်းငယ်သာပါဝင်ပြီး ပိုပြီးအန္တရာယ်ကင်းတယ်လို့ ကြေငြာပါတယ်။ သူတို့ဟာ ကင်ဆာကိုကြောက်ပြီး ဆေးလိပ်မဖြတ်နိုင်တဲ့ ဆေးလိပ်သမားတွေအတွက် ပိုပြီးကောင်းတဲ့အဖြေပဲလို့ကြော်ငြာကြပါတယ်။ ဒါပေမယ့် နောက်ပိုင်းလေ့လာမှုတေအရတော့ ဒီလိုပြောင်းလဲလိုက်တဲ့စီးကရက်တွေမှာလည်း ကင်ဆာဖြစ်နိုင်ချေက အရင်စီးကရက်တွေအတိုင်း မပြောင်းမလဲရှိနေဆဲပါလို့ ဆိုထားပါတယ်။ ဆေးလိပ်သမားအများစုဟာ လိုက်ဒ် စီးကရက်တွေက ကျန်းမာရေးအတွက် ပိုပြီးစိတ်ချရတယ်လို့ ယုံကြည်တာကြောင့် လိုက်ဒ် စီးကရက်တေ ွဘက် ဦးလှည့်လိုက်ကြပါတယ်။ အနည်းဆုံးတော့ ဆေးရွက်ကြီးကုမ္ပဏီတွေရဲ့ သီအိုရီအရ နီကိုတင်းပမာဏနည်းခြင်းဟာ ကင်ဆာဖြစ်နိုင်ချေကိုလျော့နည်းသွားစေတယ်လို့အဓိပ္ပါယ်ရပါတယ်။ ဒီ လိုက်ဒ် စီးကရက်ကိုသောက်သုံးသူတွေဟာ ပိုပြီးချောမွေ့ပေါ့ပါးတဲ့မီးခိုးတွေဟာ လည်ချောင်းထဲဖြတ်သန်းသွားတာကို သတိပြုလိုက်မိကြတာက ကြော်ငြာတွေကို ပိုပြီးယုံကြည်စေလိုက်သလိုပါပဲ။ တကယ်တမ်း […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း