ကလေးမျိုချတာကို ကိုယ်တိုင် မျက်မြင်မိတာ ဖြစ်နိုင်ပါတယ်။ ဘေးနားမှာ သူမျိုချထားတဲ့ ပစ္စည်းနဲ့အတူပေါ့။ ဒါမှမဟုတ် ကလေး မျက်နှာပျက်နေတာ၊ ဗိုက်အောင့်တာ၊ အန်တာ စတာတွေကြောင့် သတိထားမိနိုင်ပါတယ်။
သူတို့ပါးစပ်မှာ ပေကျံနေတာတွေ၊ အနံ့တွေထွက်နေတာကြောင့်လည်း သတိထားမိနိုင်ပါတယ်။ တစ်ခါတစ်လေ ဘာလက္ခဏာမှ မပြဘဲ ရက်ပိုင်းလောက်နေမှ ပြတာလည်း ရှိပါတယ်။
မတော်တဆ ဆေးမျိုချ မိတဲ့ ကလေးတွေအတွက် အရေးပေါ် ပြုစုနည်း
အကောင်းဆုံးကတော့ ဆေးရုံပြဖို့ စီစဉ်ပါ။ ဒါမှမဟုတ် အရေးပေါ်ကားခေါ်ပါ။ မျိုချထားတာ ဘယ်နှရက်ကြာကြာ၊ ကလေးက ဘယ်လောက်ကောင်းကောင်းပါ။ ကလေးက လောလောဆယ်မျိုချထားတယ်ဆိုရင် အရင်ဆုံး လုပ်ရမှာက
- လူကြီးက စိတ်အေးအေးထားပါ။ လူကြီးက ပြာနေရင် ကလေးက ကြောက်နေပါလိမ့်မယ်။ တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်ဖို့ ပြင်ဆင်ပါ။
- ကလေးကို ဘာမျိုလိုက်တာလဲဆိုတာ မေးပါ။ ပါးစပ်ထဲမှာ ရှိရင် ထွေးထုတ်ခိုင်းပါ။ ဒါမှမဟုတ် ဖြည်းဖြည်းထုတ်ပေးပါ။ ကလေးကို မလန့်ပါစေနဲ့။
- ပြီးတော့ ကလေးမျိုချလိုက်တာ ဘာလဲ၊ ဘယ်လောက်များများမျိုချလိုက်တာလဲ။ ဘယ်တုန်းက မျိုချလိုက်တာလဲဆိုတာ သိအောင်လုပ်ပါ။
- ပြီးရင် ကလေးကို ပွေ့ပိုက်ထားပြီး ချော့မြူပေးပါ။
- ဆေးရုံသွားဖို့ ပြင်တာ၊ ဆေးရုံကားခေါ်တာ လုပ်ပါ။ မျိုချတဲ့ ပစ္စည်းကိုပါ တစ်ပါတည်း ယူသွားပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။