Secondary Drowning ဒါမှမဟုတ် Delayed Drowning လို့ ခေါ်တဲ့ နောက်ကျရေနစ်ခြင်းကတော့ Dry Drowning နဲ့ အနည်းငယ် ကွာခြားပါတယ်။ သူကတော့ ကလေးငယ် ရှူသွင်းလိုက်မိတဲ့ ရေတွေဟာ ပွင့်နေတဲ့ လေလမ်းကြောင်းအတိုင်း အဆုတ်ထဲကို ရောက်ရှိ နေရာယူသွားတာ ဖြစ်ပါတယ်။
အဆိုပါ အဆုတ်ထဲက ရေတွေဟာ သွေးထဲကို အောက်ဆီဂျင်ရောက်ရှိအောင် ပို့ဆောင်ပေးတဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေကို အဟန့်အတား ဖြစ်စေပြီး နောက်ဆုံး ဦးနှောက်ဆီကို အောက်ဆီဂျင် လုံလောက်စွာ မရတော့ပဲ အသက်ပါသွားတာဖြစ်ပါတယ်။ ဒီအခြေအနေကို ‘Pulmonary Edema‘ လို့လည်း ခေါ်ကြပါတယ်။
Secondary Drowning ဟာ ဖြစ်ပေါ်ချိန်ပိုမိုနောက်ကျတတ်ပြီး ရေမွန်းပြီး ၁ နာရီကနေ ၇၂နာရီကြား ကာလအတွင်းမှာ ဖြစ်ပျက်လေ့ရှိပါတယ်။
ကုန်းပေါ်မှာ ရေမနစ်စေဖို့ဆိုရင်
သတိထားဖို့ လိုအပ်တာက Dry Drowning နဲ့ Secondary Drowning နှစ်မျိုးလုံးဟာ ကလေးတွေမှာသာမက လူကြီးတွေမှာလည်း ဖြစ်နိုင်တယ်ဆိုတာပါပဲ။ ဒါပေမယ့် လူကြီးတွေမှာကတော့ ဖြစ်နိုင်ခြေ အတော်လေး နည်းပါးလှပါတယ်။
ရေနစ်တဲ့ ဖြစ်စဉ်တွေ အားလုံးထဲမှာ ဒီလိုပုံစံနဲ့ ရေနစ်တာဟာ ၁ ရာခိုင်နှုန်းနဲ့ ၂ ရာခိုင်နှုန်း အကြားမှာသာ ရှိနိုင်ပါတယ်။
ဒီရေနစ်ခြင်းဖြစ်စဉ် နှစ်ခုလုံးမှာ တူညီတဲ့ လက္ခဏာတွေကတော့ အသက်ရှူရ ခက်ခဲတာ၊ ချောင်းဆိုးတာ၊ ရင်ဘတ်အောင့်တာ၊ အလွန့်အကျွံ ပင်ပန်းနွမ်းနယ်လာတာတွေပါပဲ။
ဒီလို ရှေ့ပြေးလက္ခဏာတွေ ကြုံဆုံလာရပြီဆိုရင် တတ်နိုင်သမျှ အနီးစပ်ဆုံး ကျန်းမာရေးဌာနဆီကို သွားရောက် ပြုစုကုသဖို့ လိုအပ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။