ကျန်းမာစေမည့်အလေ့အကျင့်များ

ကျန်းမာတဲ့ အလေ့အကျင့်တွေဆိုတာ သင့်ကျန်းမာရေးကို အကျိုးပြုစမြဲပါပဲ။ သင့်ရဲ့ နေထိုင်စားသောက်မှု ပုံစံကို ပြောင်းလဲမယ်ဆိုရင် အရေးကြီးဆုံးက ကောင်းတဲ့ အကျင့်နဲ့ မကောင်းတဲ့ အကျင့်ကို ခွဲခြားသိဖို့ပါပဲ။ ဒီစာမျက်နှာမှာ ကောင်းတဲ့ အလေ့အကျင့်တွေနဲ့ သူတို့ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစေမည့်အလေ့အကျင့်များ

မတော်တဆ ဓာတ်ဆီပါးစပ်ထဲ ဝင်တဲ့အခါ

ဓာတ်ဆီအပါအဝင် ဒီဇယ်ဆီ၊ ရေနံဆီ စတာတွေက ဟိုက်ဒရိုကာဗွန်ပါတဲ့ အရည်တွေဖြစ်ပြီး မီးလောင်လွယ်၊ လောင်စားလွယ်ပါတယ်။ ဒီအရည်တွေက ခန္ဓာကိုယ်ထဲကို မတော်တဆ ဝင်လာတဲ့အခါ အဆိပ်သင့်တတ်ပါတယ်။ ဒါကြောင့် မတော်တဆ ဓာတ်ဆီပါးစပ်ထဲ ဝင်တဲ့အခါ ဒါမှမဟုတ် အငွေ့တွေကို ရှူမိတဲ့အခါ ဘယ်လိုရှေးဦးသူနာပြုစုနည်းနဲ့ ကူညီပေးရမလဲဆိုတာကို ပြောပြပေးပါမယ်။ မတော်တဆ ဓာတ်ဆီ အဆိပ်သင့်နိုင်တဲ့ အကြောင်းအရင်းများ ဓာတ်ဆီက ခန္ဓာကိုယ်ထဲကို ဝင်နိုင်တဲ့ နည်း ၃ခုရှိပါတယ်။ ရှူမိတာရယ်၊ သောက်မိတာရယ်၊ အရေပြားနဲ့ ထိတွေ့မိတာရယ်ပါ။ ဓာတ်ဆီဆိုင်မှာ အကြာကြီး တန်းစီနေရင်း ဒါမှမဟုတ် ဓာတ်ဆီဆိုင်မှာ အလုပ်လုပ်ရင်း အချိန်ကြာကြာနဲ့ အများကြီး ရှူမိတာမျိုး ရှိနိုင်သလို အရေပြားပေါ်မှာ အများကြီး ပေကျံသွားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကလေးတွေမှာ မတော်တဆ အိမ်မှာ ဓာတ်ဆီပုလင်းကို ယူပြီး သောက်မိတာမျိုး ရှိနိုင်သလို လူကြီးတွေမှာလည်း မတော်တဆ […]

ကျန်းမာစေမည့်အလေ့အကျင့်များ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစေမည့်အလေ့အကျင့်များ ကို ရှာဖွေမည်။

ဆေးလိပ်ဖြတ်ခြင်း

လိုက်ဒ် စီးကရက် ၏ ကင်ဆာ အန္တရာယ်

လူတွေဟာတဖြည်းဖြည်းနဲ့ ဆေးလိပ်သောက်ခြင်းကဖြစ်စေနိုင်တဲ့ ကျန်းမာရေးအန္တရာယ်တွေကို ဂရုပြုလာကြပြီး သူတို့ကို ဆေးရွက်ကြီးအသုံးမပြုချင်လာတဲ့ထိဖြစ်လာစေပါတယ်။ ဒီအချိန်မှာ ဆေးရွက်ကြီးကုမ္ပဏီတွေက သူတို့အကျိုးစီးပွားကိုကာကွယ်နိုင်ဖို့ စီးကရက်အသစ်တစ်မျိုးကို မိတ်ဆက်ပေးလိုက်ပါတယ်။ လိုက်ဒ်စီးကရက်တွေမှာ ဆေးရွက်ကြီးမှာပါဝင်တဲ့ ကတ္တရာ (tar) နဲ့ နီကိုတင်းတွေ အနည်းငယ်သာပါဝင်ပြီး ပိုပြီးအန္တရာယ်ကင်းတယ်လို့ ကြေငြာပါတယ်။ သူတို့ဟာ ကင်ဆာကိုကြောက်ပြီး ဆေးလိပ်မဖြတ်နိုင်တဲ့ ဆေးလိပ်သမားတွေအတွက် ပိုပြီးကောင်းတဲ့အဖြေပဲလို့ကြော်ငြာကြပါတယ်။ ဒါပေမယ့် နောက်ပိုင်းလေ့လာမှုတေအရတော့ ဒီလိုပြောင်းလဲလိုက်တဲ့စီးကရက်တွေမှာလည်း ကင်ဆာဖြစ်နိုင်ချေက အရင်စီးကရက်တွေအတိုင်း မပြောင်းမလဲရှိနေဆဲပါလို့ ဆိုထားပါတယ်။ ဆေးလိပ်သမားအများစုဟာ လိုက်ဒ် စီးကရက်တွေက ကျန်းမာရေးအတွက် ပိုပြီးစိတ်ချရတယ်လို့ ယုံကြည်တာကြောင့် လိုက်ဒ် စီးကရက်တေ ွဘက် ဦးလှည့်လိုက်ကြပါတယ်။ အနည်းဆုံးတော့ ဆေးရွက်ကြီးကုမ္ပဏီတွေရဲ့ သီအိုရီအရ နီကိုတင်းပမာဏနည်းခြင်းဟာ ကင်ဆာဖြစ်နိုင်ချေကိုလျော့နည်းသွားစေတယ်လို့အဓိပ္ပါယ်ရပါတယ်။ ဒီ လိုက်ဒ် စီးကရက်ကိုသောက်သုံးသူတွေဟာ ပိုပြီးချောမွေ့ပေါ့ပါးတဲ့မီးခိုးတွေဟာ လည်ချောင်းထဲဖြတ်သန်းသွားတာကို သတိပြုလိုက်မိကြတာက ကြော်ငြာတွေကို ပိုပြီးယုံကြည်စေလိုက်သလိုပါပဲ။ တကယ်တမ်း […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

သင့်ရဲ့ မိတ်ကပ်brushတွေကို ဘယ်လိုသန့်စင်မလဲ

သင့်ရဲ့ မိတ်ကပ်ဆွဲတံ brush တွေကိုဘယ်လိုသန့်စင်မလဲ။ ဘယ် brush က အသားအရေညိုဖို့ အတွက်သုံးပြီးဘယ် brush ကိုတော့ အမည်းစက်ဖုံ း ဖို့ အတွက် သုံးတယ်ဆိုတာကိုတော့ သင်သိနေပါပြီ။ ဒါပေမဲ့ သင့်မိတ်ကပ် brush တွေကို သန့်စင်သင့်တယ် ဆိုတာကိုရော သင်သိပါသလား။ မိတ်ကပ်brushတွေကို သန့်စင်ခြင်းဟာသင့်ရဲ့ နေ့စဉ် အလှအပရေးရာထိန်းသိမ်းမှုထဲမှာ ပုံမှန် အစိတ်အပိုင်းတစ်ခု အနေနဲ့ ပါဝင်သင့်ပါတယ်။ သင့် brush တွေကို အသုံးပြုတဲ့အခါမှာ မိတ်ကပ်တွေ၊ အဆီတွေ ဖုန်မှုန့်တွေနဲ့ ဘက်တီးရီးယားတွေတောင်မှ brushရဲ့ အမွှေးတွေကြားမှာ ကပ်ငြိနေနိုင်ပါတယ်။ ဒါကြောင့် သာမန် စဉ်းစားကြည့်ရင်တောင် ဒီအဆင့်ကို မလုပ်တာက ချွေးပေါက်တွေပိတ်စေပြီး စိတ်ရှုပ်ထွေးစရာကောင်းတဲ့ အခြေအနေတွေဖြစ်လာစေနိုင်ပါ တယ်။ တကယ်အဆင့်မှီပြီးကောင်းတဲ့ မိတ်ကပ် brush တွေဈေးကြီးတာကို […]


ရှေးဦးသူနာပြုစုခြင်း

အနာကို ကုသရာမှာ အိုင်အိုဒင်းရဲ့ အသုံးဝင်ပုံ

အိုင်အိုဒင်းဆိုတာ ဓါတုပစ္စည်းတစ်မျိုးဖြစ်ပြီး ခန္ဓါကိုယ်ကလိုအပ်ပေမယ့် ကိုယ်တိုင်မထုတ်လုပ်နိုင်တဲ့ဓါတ်ဖြစ်ပါတယ်။ ဒါ့ကြောင့် လိုအပ်နေတဲ့ အိုင်အိုဒင်းပမာဏကို အစားအစာကနေပဲရရှိနိုင်ပါတယ်။ ဒါပေမယ့် အစားအစာတွေမှာ အိုင်အိုဒင်းပါဝင်မှုနည်းပါးကြသလို ပင်လယ်ရေညှိမှာပဲ ပါဝင်မှုများပါတယ်။ အိုင်အိုဒင်းချို့တဲ့ခဲ့ရင် သိုင်းရွိုက်ေဟာ်မုန်းနဲ့ပတ်သက်တဲ့ရောဂါတွေနဲ့ တခြားရောဂါအခြေအနေတွေဖြစ်လာစေနိုင်ပါတယ်။ ဒါ့ကြောင့် အိုင်အိုဒင်းချို့တဲ့ခြင်းကို ကာကွယ်နိုင်ဖို့ အိုင်အိုဒင်းဆားကို ထုတ်လုပ်ကြတာဖြစ်ပါတယ်။ အိုင်အိုဒင်းကို အစားအသောက်မှာမဟုတ်ဘဲပြင်ပသုံးဆေးဝါးအနေနဲ့ ပိုးသတ်ဆေးအဖြစ်လည်း သုံးကြပါတယ်။ ထိခိုက်ဒဏ်ရာ၊ ကွဲရာ ရှရာ အသေးစားတွေမှာ ပိုးမဝင်စေဖို့ ၊ဘက်တီးရီးယားေတွသေစေဖို့အိုင်အိုဒင်းဆေးရည်ကို သုံးကြပါတယ်။ အနာအတွက်သုံးတဲ့ အိုင်အိုဒင်းက - တင်ချာ ဆေးရည် ကပ်ခွာ ဂျဲလ် ပုံစံတွေနဲ့ ရှိပါတယ်။ ဘာလို့သုံးကြတာလဲ အနာကို ပိုးသတ်ဖို့အတွက်ပါ။ သာမန်အပေါ်ယံ အရေပြား ထိခိုက်ရှနာေတွ၊ မကျက်သေးတဲ့အနာတွေနဲ့ ဒဏ်ရာများကို ပိုးဝင်ခြင်းမှ ကာကွယ်ဖို့၊ကုသဖို့အတွက် အိုင်အိုဒင်းကိုသုံးသလို အနာ၊ ဒဏ်ရာ ပတ်ဝန်းကျင်မှာ ဘက်တီးရီးယားပေါက်ဖွားမှုကို လျှော့ချပေးပါတယ်။ အနာကျက်စေဖို့လည်း ပါပါတယ်။ […]


ရှေးဦးသူနာပြုစုခြင်း

အဆိပ်ရှိတဲ့အကောင်ကိုက်ရင် ဘယ်လိုလုပ်ရမလဲ

ပွင့်လင်းရာသီ ရောက်လာပြီ ဆိုရင်ကျေးငှက်တိရစ္ဆာန်လေးတွေ ပျော်ရွှင်မြူးထူးနေတာကို တွေ့မြင်နိုင်ပြီ ဖြစ်သလို ပျားပိတုန်းလေးတွေ ပျံဝဲနေတာကိုလည်း တွေ့မြင်ကြရမှာပါ။ နွေရာသီက ပျော်ရွှင်စရာ ကောင်းတာလေးတွေ ရှိသလို အပြည့်အဝကြီး ပျော်ရွှင်စရာတွေပဲ ရှိနေတာတော့ မဟုတ်ပါဘူး။ နွေရာသီမှာ အင်းဆက် ကိုက်ခံရတာ အပါအဝင် ဝမ်းရောဂါနဲ့ အခြား ရောဂါတွေကိုပါ ခံစားရနိုင် ပါသေးတယ်။ ဒီထဲမှာမှ အခု တစ်ခေါက်မှာ အဆိပ်ရှိတဲ့အကောင်ကိုက်ရင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို ပြောပြပေးပါရစေ။ အဆိပ်ရှိတဲ့အကောင်ကိုက်ရင် ဘယ်လိုလုပ်ရမလဲ အဆိပ်ရှိတဲ့အကောင်ကိုက်ရင် ဘယ်လိုလုပ်ရမလဲ ဆိုတော့ အဆိပ်ရှိတဲ့အကောင် အထူးသဖြင့် အင်းဆက် ကိုက်တဲ့အခါ အရေပြားမှာ အပေါက်လေးတွေ ဖြစ်သွားနိုင်သလို အပေါ်ယံ အရေပြား စုတ်ပြဲသွားတာမျိုး ဖြစ်နိုင်ပါတယ်။ အင်းဆက် ကိုက်ခံရတဲ့အခါ အရေပြားမှာ ယားယံတာတွေ မအီမသာ ဖြစ်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ အင်းဆက်တွေက […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား........

ဆောင်းအေးလာရင် တွေဝေမိတာ တစ်ခု ရှိတယ်ဟုတ်။ လူတိုင်းတော့ မဟုတ်ပေမယ့် အချို့ အအေးဒဏ်ကို ကြောက်တဲ့သူတွေကတော့ တွေဝေမယ် ထင်ပါတယ်နော်။ ဆောင်းအေးတဲ့အခါ စိတ်ထဲမှာ အထပ်ထပ်အခါခါ ဆုံးဖြတ်ရခက်နေတာက ရာသီဥတုကလည်း အေးလိုက်တာ၊ ရေချိုးရ ကောင်းမလား။ မချိုးရကောင်းမလား ဆိုတဲ့ ကိစ္စပါ။ ဒါဆိုရင်​တော့ စဉ်းစားရ မကြပ်အောင် Helloဆရာဝန်ပရိသတ်ကြီးကို အဖြေထုတ်ပေးမယ်နော်။ ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား........ ဆိုတော့ ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား........ ဆိုတော့ ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား........ ဒီအဖြေကို ရေချိုးရ မကြိုက်တဲ့ သူတွေကတော့ သဘောမတွေ့လောက်ပေမယ့် အဖြေကတော့ ဆောင်းအေးနေရင်တောင် ရေချိုးလိုက်ပါလို့ပဲ ပြောပါရစေနော်။ အကြာကြီးတော့ စိမ်မချိုးနဲ့ပေါ့။ ရေချိုးပါလို့ ပြောရတာက ဘာကြောင့်များလဲလို့ မေးခွန်းထုတ်ချင်နေသူလေးတွေ ဒီဆောင်းပါးမှာ ဆက်ပြောပြပေးထားတယ်နော်။ ဆောင်းအေးပေမယ့် ရေချိုးပါလို့ပြောရတဲ့အကြောင်းအရင်း ဆောင်းအေးနေပေမယ့် ရေချိုးပါလို့ပြောရတာက ဒီအကြောင်းတွေကြောင့်ပါ။ လန်းဆန်းစေတယ် ဆောင်းတွင်းမှာ အေးလို့ဆိုပြီး […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

ရေချိုးခြင်းအကြောင်းသိကောင်းစရာ

ရေချိုးတာက တစ်နေ့တာတိုင်းမှာ လုပ်သင့်တဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုတွေထဲကတစ်ခုနော်။  ဒါပေမယ့် ဒီလိုဆိုတာနဲ့ တစ်နေ့တစ်ခါမဖြစ်မနေရေချိုးဖို့လိုလို့လား။ ရာသီဥတုအေးနေလို့ ရေမချိုးတာကောင်းမယ်။ နေမကောင်းရင်တောင် ရေချိုးမှဖြစ်မှာလား ဆိုပြီး ရေချိုးတာနဲ့ပတ်သက်လို့ ခေါင်းထဲမှာ ..လား....လား..ပေါင်းစွာနဲ့ မေးခွန်းထုတ်မိနေတာလေးတွေရှိရင် ဒီဆောင်းပါးလေးဖတ်ကြည့်နော်။ ရေက တစ်နေ့ကိုဘယ်နှကြိမ်လောက်တောင်ချိုးရမှာလဲ......... ပုံမှန်အားဖြင့်ကတော့ တစ်နေ့ကို ရေတစ်ကြိမ်ချိုးရင်လုံလောက်ပါတယ်။ ဒါပေမယ့် ညစ်ပေတဲ့အရာတွေကို ထိတွေ့မိတာမျိုး၊ နံစော်နေတာမျိုး နဲ့ သန့်ရှင်းရေးလုပ်ဖို့လိုအပ်တဲ့အချိန်မှာတော့ ရေချိုးတာကို မဖြစ်မနေလုပ်ဖို့လိုမှာပါ။ တစ်နေ့ကို အနည်းဆုံး ရေတစ်ကြိမ်၊ အများဆုံး ၂ ကြိမ်အထိချိုးလို့ရပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးအတွက်တော့ ရေချိုးပေးတာက ကောင်းတဲ့အလေ့အထတစ်ခုပါ။ ဘာကြောင့် ရေချိုးပါလို့ ပြောရတာလဲ............ ရေချိုးတာက အပေါ်မှာပြောခဲ့သလို တစ်ကိုယ်ရေသန့်ရှင်းရေးအတွက်လိုအပ်တဲ့အချက်ပါ။ ရေချိုးတယ်ဆိုတဲ့နေရာမှာလည်း ရေအေးနဲ့ရေချိုးတာ၊ ရေနွေးနဲ့ရေချိုးတာဆိုပြီး အမျိုးမျိုးရှိနိုင်ပါတယ်။ ဒါပေမယ့် ဘယ်လိုပဲရေချိုးချိုး အခုလို အကျိုးကျေးဇူးလေးတွေရရှိနိုင်ပါတယ်။ ကိုယ်ခံအားစနစ်ကို ကျန်းမာစေနိုင်တယ် ကြွက်သားတွေနာကျင်ကိုက်ခဲမှုကိုလျော့ပါးစေနိုင်တယ် ပေါ့ပါးလန်းဆန်းစေနိုင်တယ် ရောင်ရမ်းမှုကို သက်သာစေနိုင်တယ် […]


ရှေးဦးသူနာပြုစုခြင်း

ကလေးတွေမှာ ထိခိုက်ရှနာ ဘယ်လိုအရေးပေါ်ဂရုစိုက်မလဲ

မသိနားမလည်သေးဘဲ ပျော်ရွှင်ဖို့၊ ပြေးလွှားဆော့ကစားဖို့လောက်သာ သိတဲ့ ကလေးဘဝကို အမြဲပြန်လည်တောင့်တလေ့ရှိကြပါတယ်။ ရင့်ကျက်လာချိန်မှာ စိတ်ပင်ပန်းလာတဲ့အခါတိုင်း အပူအပင်ကင်းတဲ့ ကလေးဘဝပြန်ရောက်ချင်တယ်ပဲ တဖွဖွညည်းကြတယ်။ကလေးဆိုတာ အပူအပင်တော့ ကင်းရင်ကင်းနိုင်ပေမယ့် ထိခိုက်ဒဏ်ရာတွေ၊ အနာတွေနဲ့တော့ မကင်းနိုင်တာသေချာပါတယ်။ အနည်းဆုံးတော့ ချော်မလဲဖူးတဲ့ကလေးမရှိသလောက်ပဲလေ။ အဲ့လို ထိခိုက်မိတဲ့အခါမျိုးမှာ အနာပဲ နောက်တော့ကျက်သွားမှာပေါ့ ဆိုပြီး ပေါ့ပေါ့ဆဆမထားသင့်ပါဘူး။ နာကျင်ရသက်သာအောင် ကလေးကို ဘယ်လိုဂရုစိုက်ပေးဖို့လိုမလဲဆိုတာ မိဘတွေ သိထားဖို့လိုပါတယ်။ ဒါမှ ကိုယ့်သားသမီးလေးတွေမှာ အပူအပင်ရော နာကျင်မှုရော ကင်းတဲ့ပျော်ရွှင်တဲ့ကလေးဘဝကို ပိုင်ဆိုင်နိုင်မှာပါ။ကလေးမှာ တစ်ခုခုထိခိုက်လာပြီဆိုရင် အရင်ဆုံး -ဒဏ်ရာအနေအထားကို ကြည့်ပါဒဏ်ရာကသေးလား၊ ကြီးလား၊ နက်လား၊ ရှတဲ့ဒဏ်ရာလား၊အကိုက်ခံရတာလား၊ အချွန်နဲ့စူးထားတာလား၊ ပွန်းပဲ့ရုံပဲလား အရင်စစ်ဆေးပါ။ အနာသေးသေးဆို အိမ်မှာပဲ ကိုယ်တိုင်ပြုစုကုသပေးလို့ရပေမယ့် ဒဏ်ရာကြီးရင်၊ နက်ရင်၊ ဒဏ်ရာက မျက်နှာမှာဖြစ်ရင်(မျက်လုံးနား) ဆရာဝန်နဲ့အမြန်ဆုံးပြပါ။အနာကိုသန့်စင်ပါ လက်ကိုစင်အောင်ဆေးကြောပါ။ အနာကို […]


ရှေးဦးသူနာပြုစုခြင်း

ထိခိုက်ဒဏ်ရာ အမာရွတ်မကျန်စေဖို့ ဘယ်လိုဂရုစိုက်ရမလဲ

မတော်တဆပဲဖြစ်ဖြစ်၊ ခွဲစိတ်မှု ကြောင့်ဖြစ်ဖြစ် အရေပြားမှာဖြစ်လာသမျှ ဒဏ်ရာအနာတရအားလုံးကို ခန္ဓါကိုယ်ကပြန်လည်ပြုပြင်ဖို့ လုပ်ဆောင်ပါတယ်။ အနာကကျက်လာပြီဆိုတာနဲ့ အနာကျက်ခြင်းဖြစ်စဉ်ရဲ့သဘာဝအတိုင်း အသားတက်လာတဲ့အမာရွတ်ကလည်းဖြစ်လာနိုင်ပါတယ်။ အမာရွတ်သိသာတယ်မသိသာဘူးဆိုတာ အနာဘယ်လောက်ကောင်းကောင်းကျက်သလဲဆိုတာပေါ်မူတည်ပါတယ်။ ခွဲစိတ်မှုချုပ်ရိုးအမာရွတ်တွေနဲ့ ဒူးခေါင်း၊တံတောင်ဆစ်တို့လို အရိုးအဆစ်တွေမှာဖြစ်တဲ့အမာရွတ်တွေကတော့ရှောင်လွှဲရခက်ပါတယ်။တော်တန်ရုံအသေးစားကွဲရှဒဏ်ရာလေးတွေကတော့ အိမ်မှာကုသရင်းပဲ အနာကျက်တဲ့အခါ အမာရွတ်မကျန်အောင်၊ သိပ်မသိသာအောင် ဂရုစိုက်ပေးဖို့ရပါတယ်။ အမာရွတ်မကျန်အောင် ဘယ်လိုဂရုစိုက်ပေးမလဲ အနာကို ဆေးပါ အရင်ဆုံး လက်ကိုဆပ်ပြာနဲ့သေချာဆေးပါ။ ပြီးမှ ထိခိုက်ဒဏ်ရာကို အညစ်အကြေးတွေကင်းစင်အောင်ရေနဲ့ဆေးကြောပါ။ အနာတဝိုက်ကိုတော့ ဆပ်ပြာနဲ့ဆေးလို့ရပါတယ်။ အနာက လက်မှာဖြစ်တာဆိုရင် အနာကို ဆပ်ပြာနဲ့ တိုက်ရိုက်မထိအောင် သတိထားဆေးပါ။ အသေးစားဒဏ်ရာလေးတွေကိုဆေးဖို့ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်၊ အိုင်အိုဒင်း ဒါမှမဟုတ် အရက်ပြန်တို့လိုပြင်းတဲ့ဆေးရည်တွေသုံးဖို့မလိုပါဘူး။ ပိုဆိုးစေနိုင်ပါတယ်။ရေသန့်သန့်နဲ့ဆို လုံလောက်ပါတယ်။ သွေးတိတ်အောင်လုပ်ပါ အနာကိုသွေးတိတ်စေဖို့ ပိုးသတ်ထားတဲ့ gauze ဂွမ်းစ သို့မဟုတ် အဝတ်သန့်သန့်နဲ့အသာအယာဖိပါ။သွေးတိတ်တဲ့အထိ ဆက်ပြီးဖိထားပေးပါ။ ဖိထားတဲ့အခါမှာလည်းသွေးတိတ်ပြီလားလို့ လက်လွှတ်ပြီး အနာကိုခဏခဏမကြည့်ပါနဲ့။ ဖိထားတဲ့အဝတ်ဖယ်လိုက်တာနဲ့သွေးပြန်ထွက်လာနိုင်လို့ပါ။gauze သို့မဟုတ် အဝတ်မှာသွေးထပ်မစိုတော့ဘူးဆိုရင် ရပါပြီ။gauze မှာ စိုရွှဲတဲ့အထိသွေးထွက်နေတယ်ဆိုရင် အသစ်မလဲပါနဲ့။ အသစ်ကို အပေါ်ကထပ်ပြီးအုပ်ဖိပါ။ အနာကို […]


ရှေးဦးသူနာပြုစုခြင်း

ကလေးကို ထိခိုက်ဒဏ်ရာမရအောင် ဘယ်လိုကာကွယ်ရမလဲ

ကလေးဆိုတာဆော့မှာပဲ၊ပြေးလွှားကစားရင်း ထိမိခိုက်မိတာလည်းရှိမှာပဲ။ အဆော့သန်တဲ့ကလေးတွေမှာ ပွန်းပဲ့ဒဏ်ရာနဲ့မကင်းတာ သဘာဝပေမယ့် မတော်တဆကြောင့် ထိခိုက်ဒဏ်ရာရတဲ့ကလေးတွေလည်းရှိတတ်ပါတယ်။ ပွန်းတာပဲ့တာလောက်ကတော့ အချိန်တန်ရင်ပျောက်သွားမှာပေါ့ ဆိုပြီး ဒီအတိုင်းလွှတ်ထားလို့တော့မဖြစ်ပါဘူး။ အနာသေးသေးလေးကနေလည်း အနာပိုးဝင်ပြီးမေးခိုင်လိုမျိုးရောဂါတွေအထိဖြစ်လာနိုင်လို့ပါ။ အန္တရာယ်ဆိုတာ ဘာမှန်းသေချာမသိသေးတဲ့အရွယ်တွေမို့ အုပ်ထိန်းသူမိဘတွေအနေနဲ့ ဂရုစိုက်ကာကွယ်ပေးသင့်တယ်လေ။ မတော်တဆမှုတွေက ကလေးရဲ့နောက်ပိုင်းဘဝမှာ ဆိုးရွားတဲ့အကျိုးဆက်တွေရှိလာစေနိုင်တယ်။ လက်ရှိ ချို့ယွင်းချက်ရှိနေသူတချို့မှာ ငယ်ဘဝကဖြစ်ခဲ့တဲ့မတော်တဆမှုတွေက အကြောင်းရင်းခံဖြစ်နေတတ်တာ အများကြီးပါ။ ဥပမာ ငယ်ငယ်ကရေနွေးပူလောင်ခဲ့လို့ မျက်နှာအမာရွတ်နဲ့နေသွားရသူတွေ၊ ငယ်ငယ်က မတော်တဆဦးခေါင်းထိခိုက်မှုကြောင့် ဉာဏ်ရည်ချို့ယွင်းသွားသူတွေလိုမျိုး။ အသက်တမျှချစ်ခင်ရတဲ့ ကိုယ့်ရင်သွေးလေးတွေ ဒီလိုမကောင်းတဲ့အကျိုးဆက်ဖြစ်မလာအောင်လို့ စိုးရိမ်ကြမယ့်သူတွေချည်းပါ။ ဒါ့ကြောင့် ထိခိုက်ဒဏ်ရာ သေးသေးကြီးကြီး မပေါ့ဆကြပါနဲ့။ ဆေးပညာတိုးတက်တဲ့ခေတ်ဖြစ်ပြီး အကောင်းဆုံးဆေးပလာစတာနဲ့ဆေးဝါးတွေ အလွယ်တကူရရှိနိုင်တယ်ဆိုပေမယ့် မဖြစ်ခင်က ကြိုတင်ကာကွယ်ပေးတာ အကောင်းဆုံးပါပဲ။ ကလေးတွေကို ထိခိုက်ဒဏ်ရာအန္တရာယ်က ဘယ်လိုကာကွယ်စောင့်ရှောက်မလဲ ကလေးပြေးလွှားဆော့ကစားတဲ့ဧရိယာတဝိုက် ကြမ်းပြင်မှာ ကစားစရာအရုပ်တွေ၊ကော်ဇော၊ ကြိုးခွေ စတဲ့ ရှုပ်ရှုပ်ထွေးထွေးပစ္စည်းတွေမရှိအောင်ရှင်းထားပေးပါ။ အချွန်အတက်ပါတဲ့ပစ္စည်းတွေကိုဝေးဝေးထားတာ၊ ခုံနဲ့စားပွဲထောင့်စွန်းတွေကို ဖုံးအုပ်ထားတာတွေ လုပ်ထားသင့်ပါတယ်။ […]


ရှေးဦးသူနာပြုစုခြင်း

ဆီးချိုရှိသူတွေမှာ ဖြစ်လာတဲ့ထိခိုက်ဒဏ်ရာ ဘယ်လိုဂရုစိုက်ပေးမလဲ

ကိုယ့်မှာ ဆီးချိုရောဂါရှိနေပြီလားဆိုတာ စပြီး သံသယဝင်ကြတဲ့အချက်က ဆီးသွားများတာနဲ့ အနာကျက်နှေးတာပဲဖြစ်ပါတယ်။ ဒီလက္ခဏာနှစ်ခုရှိနေရင်ပဲ ဆီးချိုသွေးချိုတိုင်းတာဆေးစစ်ကြည့်ကြတော့တာပါပဲ။ ဟုတ်ပါတယ်။ ဆီးချိုေဝဒနာရှင်တွေမှာရောဂါကြောင့်အနာလေးတွေဖြစ်လာတတ်တဲ့အပြင် သာမန်ထိရှအနာလေးတွေတောင် ကျက်ဖို့ကြာတတ်ပါတယ်။ ဒါ့ကြောင့် ဓါးရှတာ၊ခြစ်မိတာ၊ ပွန်းရှတာ၊ ပွန်းပဲ့တာ သာမန်အသေးစားထိခိုက်ဒဏ်ရာလေးတွေကိုတောင် သူများထက်ပိုဂရုစိုက်ရပါတယ်။ အခန့်မသင့်လို့ အနာရင်းပြီး ပိုးဝင်ခဲ့ရင်နောက်ဆက်တွဲပြဿနာက ခြေလက်ဖြတ်တောက်ရတဲ့အထိ ပိုဆိုးလာနိုင်ပါတယ်။ ဆီးချိုဝေဒနာရှင်တွေက ဘယ်လိုထိခိုက်ဒဏ်ရာပဲဖြစ်ဖြစ် အနာပိုးမဝင်အောင်သေချာဂရုစိုက် သတိထားသင့်ပါတယ်။ အနာမှာ နီရဲ၊ရောင်ရမ်းပြီးပြည်တည်လာတာလိုမျိုး လက္ခဏာတွေဖြစ်လာသလားစောင့်ကြည့်ပါ။ လက္ခဏာတွေ့ရတာနဲ့ ဆရာဝန်ပြပြီး မှန်ကန်တဲ့ကုသစောင့်ရှောက်မှုခံယူရပါမယ်။ တော်တန်ရုံအနာအသေးစားတွေကိုတော့ အချိန်နှေးရင်နှေးပါစေ၊ သူ့အလိုလိုအနာကျက်တဲ့အထိ ကိုယ့်ဘာသာစနစ်တကျဂရုစိုက်ပေးနိုင်ရင် အနာပိုးဝင်ခြင်းအန္တရာယ် ရှောင်လွှဲနိုင်ပါလိမ့်မယ်။ အနြာဖစ်လာရင် အမြန်လုပ်ဆောင်ဖို့ ပွန်းရာ၊ခြစ်ရာလေးပဲဖြစ်ဖြစ် ထိခိုက်အနာတစ်ခုခုဖြစ်လာတာနဲ့ ဒီအဆင့်တွေလုပ်ကြည့်ပါ - အနာကိုရေနဲ့ အရင်ဆေးကြောသန့်စင်ပါ။ အနာကိုထိတွေ့မယ့်လက်ကို ဆပ်ပြာနဲ့သေချာဆေးကြောပါ။ အနာထည့်ဆေးantisepticsတွေထည့်တာ၊ အရက်ပြန်နဲ့သန့်စင်တာ၊ အိုင်အိုဒင်းထည့်တာတွေ မလုပ်ပါနဲ့။ အရေပြားကို ပိုထိစေပါတယ်။ ဆရာဝန်ညွှန်ကြားတဲ့ဆေး ဒါမှမဟုတ် ပဋိဇီဝပိုးသတ်ဆေးခရင်မ်ထည့်ပါ။ အဓိကက ပိုးမဝင်စေဖို့အရေးကြီးတာကြောင့် […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း