ကျန်းမာစေမည့်အလေ့အကျင့်များ

ကျန်းမာတဲ့ အလေ့အကျင့်တွေဆိုတာ သင့်ကျန်းမာရေးကို အကျိုးပြုစမြဲပါပဲ။ သင့်ရဲ့ နေထိုင်စားသောက်မှု ပုံစံကို ပြောင်းလဲမယ်ဆိုရင် အရေးကြီးဆုံးက ကောင်းတဲ့ အကျင့်နဲ့ မကောင်းတဲ့ အကျင့်ကို ခွဲခြားသိဖို့ပါပဲ။ ဒီစာမျက်နှာမှာ ကောင်းတဲ့ အလေ့အကျင့်တွေနဲ့ သူတို့ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစေမည့်အလေ့အကျင့်များ

မတော်တဆ ဓာတ်ဆီပါးစပ်ထဲ ဝင်တဲ့အခါ

ဓာတ်ဆီအပါအဝင် ဒီဇယ်ဆီ၊ ရေနံဆီ စတာတွေက ဟိုက်ဒရိုကာဗွန်ပါတဲ့ အရည်တွေဖြစ်ပြီး မီးလောင်လွယ်၊ လောင်စားလွယ်ပါတယ်။ ဒီအရည်တွေက ခန္ဓာကိုယ်ထဲကို မတော်တဆ ဝင်လာတဲ့အခါ အဆိပ်သင့်တတ်ပါတယ်။ ဒါကြောင့် မတော်တဆ ဓာတ်ဆီပါးစပ်ထဲ ဝင်တဲ့အခါ ဒါမှမဟုတ် အငွေ့တွေကို ရှူမိတဲ့အခါ ဘယ်လိုရှေးဦးသူနာပြုစုနည်းနဲ့ ကူညီပေးရမလဲဆိုတာကို ပြောပြပေးပါမယ်။ မတော်တဆ ဓာတ်ဆီ အဆိပ်သင့်နိုင်တဲ့ အကြောင်းအရင်းများ ဓာတ်ဆီက ခန္ဓာကိုယ်ထဲကို ဝင်နိုင်တဲ့ နည်း ၃ခုရှိပါတယ်။ ရှူမိတာရယ်၊ သောက်မိတာရယ်၊ အရေပြားနဲ့ ထိတွေ့မိတာရယ်ပါ။ ဓာတ်ဆီဆိုင်မှာ အကြာကြီး တန်းစီနေရင်း ဒါမှမဟုတ် ဓာတ်ဆီဆိုင်မှာ အလုပ်လုပ်ရင်း အချိန်ကြာကြာနဲ့ အများကြီး ရှူမိတာမျိုး ရှိနိုင်သလို အရေပြားပေါ်မှာ အများကြီး ပေကျံသွားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကလေးတွေမှာ မတော်တဆ အိမ်မှာ ဓာတ်ဆီပုလင်းကို ယူပြီး သောက်မိတာမျိုး ရှိနိုင်သလို လူကြီးတွေမှာလည်း မတော်တဆ […]

ကျန်းမာစေမည့်အလေ့အကျင့်များ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစေမည့်အလေ့အကျင့်များ ကို ရှာဖွေမည်။

ရှေးဦးသူနာပြုစုခြင်း

ခြေဖဝါးဒဏ်ရာတွေကို ဘယ်လိုကုသမလဲ

နေ့စဉ် သင့်ကို နေရာအနှံ့ခေါ်သွားနိုင်ဖို့အတွက် သင့်ခြေထောက်တွေဟာ အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ ဒါပေမယ့် သင်ဟာ နာကျင်မှု မရရှိမချင်း သူတို့အကြောင်းကို သိပ်စဉ်းစားမိမှာ မဟုတ်ပါဘူး။ သင့်ခြေထောက် ဒဏ်ရာရရှိခြင်းကို ကုသဖို့နဲ့ ပိုဆိုးခြင်းကနေ ကာကွယ်နိုင်ဖို့အတွက် ဒီဆောင်းပါးက ခြေထောက် ဒဏ်ရာရရှိခြင်းတွေကို ကုသဖို့ အချက်အလက်တွေကိုပေးမှာ ဖြစ်ပါတယ်။   အဖြစ်များတဲ့ ခြေဖဝါးဒဏ်ရာရရှိမှုများ Plantar fasciitis ဟာ ခြေဖဝါးခုံးနာကျင်မှုရဲ့ အဖြစ်အများဆုံး အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ သူဟာ မနက်ပိုင်းမှာ ပိုဆိုးနိုင်ပြီး တဖြည်းဖြည်း ပြန်ကောင်းလာနိုင်ပါတယ်။ Plantar fasciitis အတွက် ကုသမှုတွေကတော့ နာကျင်မှုသက်သာစေဖို့ အကိုက်အခဲပျောက်ဆေးသောက်ခြင်း၊ ဖြေဖဝါးကို အနားပေးခြင်း၊ ခြေဖဝါးခုံးကို ထောက်ပံ့မှုပေးနိုင်တဲ့ ဖိနပ်တွေကို ဝတ်ဆင်ခြင်း၊ ခြေဖဝါးနဲ့ ခြေဖနောင့်ကြွက်သားတွေကို ဆန့်ထုတ်စေခြင်း၊ ခြေဖနောင့်ကို တစ်နေ့ ဆယ်မိနစ်လောက် ရေခဲကပ်ခြင်းတွေပဲ ဖြစ်ပါတယ်။ တကယ်လို့ Plantar fasciitis […]


ဆေးလိပ်ဖြတ်ခြင်း

သင့်ဖခင် ဆေးလိပ်ဖြတ်အောင် သင်ဘယ်လို အားပေးကူညီမလဲ

နှစ်စဉ်နှစ်တိုင်း ဆေးရွက်ကြီးကို သုံးစွဲခြင်းကြောင့် ကမ္ဘာနှင့်တစ်ဝှမ်း ခြောက်သန်းမျှသော လူများ သေဆုံးနေရပါတယ်။ ဒီလိုသေဆုံးမှုမျိုးရဲ့ (၆၀၀,၀၀၀) သောသေဆုံးမှုများဟာ ဆေးလိပ်ငွေ့ကို ရှူရိုက်ခြင်း ကြောင့်ဖြစ်ပါတယ်။ ဆေးရွက်ကြီးကို သုံးစွဲခြင်းဟာ ရောဂါအမျိုးအစားပေါင်း (၂၅)မျိုးလောက်ရဲ့ အဓိကအကြောင်း အရင်းဖြစ်ပါတယ်။ အကယ်၍ သင်ဟာ ဆေးလိပ်သောက်သူရဲ့ ကလေး (၁)ဦးဖြစ်ခဲ့လျှင် သင့်မိဘကို ၎င်းတို့ရဲ့ ကျန်းမာရေးအတွက်သာမက မိမိကျန်းမာရေးအတွက်ပါ ကောင်းမွန်စေရန် ဆေးလိပ်ဖြတ်ခိုင်းသင့်ပါတယ်။ တကယ်တော့ ဆေးလိပ်ဖြတ်ဖို့ဆိုတာ ဆေးလိပ်သောက်သုံးသူက လိုလိုလားလားနှင့်ဖြတ်လိုသော ဆန္ဒရှိမှ အဆင်ပြေပါတယ်။ ဒီလိုဆန္ဒမျိုးဖြစ်ပေါ်လာအောင် အောက်ပါအချက်များဖြင့် တိုက်တွန်းမှုပြုကြည့်ပါ။ သင့်ဖခင်နှင့် တိုင်ပင်ဆွေးနွေးပါ။ အချိန်ကောင်းကိုရှာပြီး သင့်ဖခင်နှင့် သေသေချာချာထိုင်ပြီး စကားပြောဆွေးနွေးကြည့်ပါ။ သင်က သင့်ဖခင်ကို ဆေးလိပ်ဖြတ်စေလိုပြီး ဘာကြောင့်ဖြတ်သင့်သလဲဆိုတာ ပြောပြပါ။ သင့်ဖခင်က လိုလိုလားလား နှင့်ဆွေးနွေး လိုစိတ်ရှိမရှိမေးမြန်းပါ။ ဆေးလိပ်ဖြတ်တာနှင့် ပတ်သက်ပြီး မေးခွန်းများနှင့် လိုက်နာနိုင်လောက်တဲ့ သင့်တော်သော နည်းလမ်းများကို […]


ဆေးလိပ်ဖြတ်ခြင်း

ဆေးလိပ်သောက်ခြင်းကို ဖြတ်ရန် နည်းလမ်းများ

အသည်းကင်ဆာ။ ဆေးလိပ်သောက်ခြင်းကို ဖြတ်ရန် နည်း လမ်းများ လေ့လာချက်အရ အသည်းကင်ဆာ ဖြစ်ပွားမှု ၁၂၅ ခု တွင် တစ်ဝက်နီးပါးသည် ဆေးလိပ်သောက်ခြင်းနှင့် ဆက်စပ် စေသည်။ ဆေးလိပ်သောက်ခြင်းသည် အသည်းကင်ဆာ ဖြစ်နိုင်ချေကို မြင့်တက်စေသည်။ သင်သည် ထိုအချက်ကို နားလည်သော်လည်း ဆေးလိပ်ဖြတ်ရန်မှာ စိန်ခေါ်မှုတစ်ခု ဖြစ်သည်။ စိတ်မပူပါနှင့်။ အောက်ပါ နည်းလမ်းများကို လိုက် နာခြင်းသည် ဆေးလိပ်ဖြတ်ရန် တတ်နိုင်သလောက် ကူညီ ပေးနိုင်သည်။ သင့်အကြောင်းပြချက်ကို ရှာပါ။ တွန်းအားရရန် သင်သည် ဆေးလိပ်ဖြတ်ရန် အားကောင်းသော ကိုယ်ရေးကိုယ်တာ အကြောင်းပြချက် တခု ချရေးရန် လိုအပ်သည်။ သင်သည် ဘာကြောင့် ဆေး လိပ်ဖြတ်လိုသည်ကို စာရင်းတစ်ခုပြုလုပ်ပြီး သင်လိုအပ်တိုင်း ဖတ်ပါ။ ဘာကြောင့် ဆေးလိပ်ဖြတ်လိုသည်ကို သင့်ကိုယ် သင် သတိပေးပါ။ မိသားစုကို ကာကွယ်ခြင်း၊ သင်ချစ်သော […]


ရှေးဦးသူနာပြုစုခြင်း

ဓါတ်မတည့်မှုဖြစ်ခြင်း အတွက် ရှေးဦးသူနာပြုစုမှုများ

သင့်ခန္ဓါကိုယ်ထဲရှိ ကိုယ်ခံအားစနစ်သည် သင့်ကိုနေမကောင်းဖြစ်စေမည့် ပြင်ပမှရောဂါပိုးများကို တိုက်ခိုက်နိုင်စွမ်းရှိသည်။ တခါတရံတွင် သင့် ကိုယ်ခံအားစနစ်သည် သင့်အပေါ်သက်ရောက်လာသော အရာများကို တုန့်ပြန်မှုလွန်ကဲရာမှ ဓါတ်မတည့်မှုဖြစ်လာရခြင်းဖြစ်သည်။ သင်သည် အစားအစာ၊ ဆေးဝါးနှင့် ပတ်ဝန်းကျင် စသည်တို့နှင့် ဓါတ်မတည့်မှုများခံစားရနိုင်ပါသည်။   ဘယ်အချိန်မှာ ရှေးဦးပြုစုမှုကို လိုအပ်သလဲ။ ဓါတ်မတည့်မှုကို ပြင်းထန်စွာခံစားနေရသော လူနာများနှင့် အောက်ပါလက္ခဏာများရှိလျှင်ရှေးဦးပြုစုရန် လိုအပ်သည်။ အသက်ရှုကျပ်လာခြင်း နှင့် တရွှီရွှီမြည်နေခြင်း အသံသြလာခြင်း၊ စကားပြောရခက်ခြင်း လည်ချောင်းထဲတွင် ကျပ်ပြီး အသက်ရှုမဝတော့ခြင်း နှုတ်ခမ်း၊ လျှာနှင့် လည်ချောင်းများ ဖောင်းရောင်လာခြင်း နှလုံးခုန်၊ သွေးခုန်မြန်လာခြင်း ပျို့ခြင်း၊ ဗိုက်အောင့်ခြင်း၊ အန်ခြင်း သတိလစ်သွားခြင်း စိုးရိမ်စိတ်များခြင်း၊ ခေါင်းမူးခြင်း သွေးလန့်ပြီး သွေးပေါင်ရုတ်တရက်ကျခြင်း ပြင်းဓါတ်စွာဓါတ်မတည့်ခြင်းကြောင့် အထက်ပါလက္ခဏာများ ခံစားရပါက Epinephrine ဆေး၂ လုံးကိုထိုးရန် ဆောင်ထားသင့်သည်။   ပြင်းထန်စွာ ဓါတ်မတည့်ခြင်းနှင့်ပက်သက်ပြီး သိထားသင့်သော အရာများ ပြင်းဓါတ်စွာဓါတ်မတည့်ခြင်းကြောင့် သွေးလန့်ပြီး […]


ရှေးဦးသူနာပြုစုခြင်း

ကြွက်တက်ခြင်းဆိုတာ ဘာလဲ၊ ဖြစ်လာရင် ဘယ်လိုသက်သာအောင်လုပ်မလဲ

ကြွက်တက်ခြင်း(muscle cramp )ဆိုတာ ပြင်းပြင်းထန်ထန် နာကျင်စေတဲ့ ကြွက်သားရုတ်တရက် တောင့်တင်းခြင်း၊ ကျုံ့ခြင်းဝေဒနာဖြစ်ကာ စက္ကန့်အနည်းငယ်ကနေ မိနစ်အတော်ကြာတဲ့အထိ ကြာမြင့်တတ်ပါတယ်။ များသောအားဖြင့် ခြေထောက်မှာဖြစ်လေ့ရှိပါတယ်။ ညအိပ်စဉ်ကြွက်တက်ခြင်းက ပုံမှန်အားဖြင့် ခြေသလုံးကြွက်သားမှာ ရုတ်တရက်ဆတ်ခနဲဖြစ်ခြင်း၊တောင့်တင်းသွားခြင်းဖြစ်ပါတယ်။ တခါတရံပေါင်နဲ့ခြေဖဝါးမှာဖြစ်လာတတ်ပြီး အများအားဖြင့် အိပ်ပျော်နေစဉ်နဲ့ မနက်အိပ်ရာနိုးချိန်မှာဖြစ်လေ့ရှိပါတယ်။ ဘာကြောင့်ဖြစ်ရတာလဲ ကြွက်တက်ရတဲ့အကြောင်းရင်းကို အတိအကျမပြောနိုင်သေးပါဘူး။ ဒါပေမယ့်နေထိုင်မှု အနေအထားနဲ့ လှုပ်ရှားမှု၊ လုပ်ဆောင်မှုတွေကြောင့်ဖြစ်လာတတ်ပါတယ်။ ဥပမာ - လေ့ကျင့်ခန်းကြောင့်၊ ထိခိုက်မှုကြောင့်၊ ကြွက်သားကိုအသုံးပြုမှုများတာကြောင့်၊ ကိုယ်ဝန်ဆောင်ခြင်း။ ကြွက်တက်ခြင်းဟာ ကယ်လ်စီယမ်နဲ့ မဂ္ဂနီဆီယမ်တို့လို သတ္ထုဓါတ်တွေချို့တဲ့မှုကြောင့်၊ အထူးသဖြင့် ကိုယ်ဝန်လရင့်လာချိန်မှာဖြစ်လာတတ်ပါတယ်။ အအေးဓါတ်များတဲ့အချိန်၊ အထူးသဖြင့်အေးစိမ့်တဲ့ရာသီဥတုမှာဖြစ်တတ်ပါတယ်။ သွေးလည်ပတ်မှုဆိုင်ရာရောဂါတွေ၊ကျောက်ကပ်ရောဂါ၊ သိုင်းရွိုက်ရောဂါ၊ အာရုံကြောနှင့်ကြွက်သားများဆုတ်ယုတ်ပျက်စီးမှုရောဂါ(multiple sclerosis) တို့ိလို တခြားရောဂါတွေကြောင့်၊အိပ်နေစဉ်အတွင်းခြေထောက်အနေအထားမမှန်တာ မညီမညာမျက်နှာပြင်တစ်ခုမှာ အချိန်ကြာကြာရပ်နေတာ၊ အချိန်ကြာကြာထိုင်တာ၊ သွေးတွင်းမှာ ပိုတက်စီယမ်၊ကယ်လ်စီယမ်၊နဲ့တခြားသတ္ထုဓါတ်တွေ မလုံလောက်တာ၊ ရေဓါတ်ခန်းခြောက်ခြင်း၊ စိတ်ငြိမ်ဆေး၊ သန္ဓေတားဆေး၊ ဆီးဆေး၊statins […]


ရှေးဦးသူနာပြုစုခြင်း

Spider Bite (ပင့်ကူကိုက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Spider Bite (ပင့်ကူကိုက်ခြင်း) ကဘာလဲ။ လူအများစုပင့်ကူကြောက်ကြပေမယ့် ပင့်ကူတွေက သူတို့ကိုမထိခိုက်မခြင်း ကိုက်ခဲပါတယ်။ ပင့်ကူအများစုဟာ အန္တရာယ်မရှိတတ်ဘဲ တခါတရံမှာတော့ ဓါတ်မတည့်ခြင်းကဲ့သို့ လကဏာတွေတွေ့ရတတ်ပါတယ်။ ပင့်ကူကိုက်တာမမြင်လိုက်ဘဲ အဖုများ၊ ကိုက်ရာ၊ ယားဖုများ၊ နီရဲခြင်းတို့သာ ဖြစ်လာတတ်တာဖြစ်တယ်။ ထိုအချက်တွေဟာ ပိုးမွှားကိုက်တာမှစလို့ အဖုပေါက်ခြင်း၊ အရေပြားပိုးဝင်ခြင်း တို့ကြောင့်လည်းဖြစ်နိုင်ပါတယ်။ ကိုက်သွားသောပိုးကောင်ကိုဖမ်းမိတာ၊ တိကျတဲ့လက္ခဏာတွေပြတာမဟုတ်ရင် ဆေးဖက်ဆိုင်ရာကျွမ်းကျင်သူတွေတောင် ဘာကြောင့်ထိုကဲ့သို့လက္ခဏာတွေဖြစ်လာရသလဲ သေချာမှာမဟုတ်ပါဘူး။ ပင့်ကူအများစုကအဆိပ်မရှိသလို သူတို့အစွယ်တွေဟာ လူတွေကိုအန္တရာယ်ပေးဖို့ သေးငယ်လွန်းပါတယ်။ ယားယံခြင်း၊ နီရဲခြင်းတွေဟာ တစ်ပတ်အတွင်းပျောက်သွားမှာဖြစ်တယ်။ ဒါပေမယ့် တချို့ပင့်ကူတွေကတော့ အဆိပ်ရှိနိုင်တာကြောင့် သင့်ရရှိသောလက္ခဏာတွေကိုသတိထားကြည့်သင့်ပါတယ်။ Spider Bite (ပင့်ကူကိုက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ချေကိုတက်စေတဲ့အရာတွေ၊ အကြောင်းအချက်တွေကို ရှောင်ခြင်းဖြင့် ထိန်းသိမ်းနိုင်တယ်။ အသေးစိတ်ကို ဆရာဝန်နဲ့တိုင်ပင်ကြည့်နိုင်ပါတယ်။ လက္ခဏာများSpider Bite (ပင့်ကူကိုက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အကိုက်ခံရသောနေရာတွင်ရောင်ရမ်းခြင်း ယားခံ၊ စူးခြင်း ထုံခြင်း၊ ကျဉ်ခြင်း အဆိပ်ရှိပင့်ကူတွေကတော့- ကိုက်ရာနေရာတွင်နာကျင်ခြင်း အဆစ်များနာခြင်း၊ တောင့်တင်းခြင်း ကြွက်သားများတောင့်ခြင်း ဗိုက်နာခြင်း၊ ပျို့ခြင်း အန်ခြင်း ဖျားခြင်း၊ ချမ်းတုန်ခြင်း အသက်ရှူရခက်ခြင်း၊ မျိုရခက်ခြင်း အနာဖြစ်ခြင်း၊ […]


ဆေးလိပ်ဖြတ်ခြင်း

ဆေးလိပ်ဖြတ်ရန်အတွက် အပ်စိုက်ကုထုံး

ကမ္ဘာတစ်ဝှမ်းက လူတွေအကုန်လုံး ဆေးလိပ်ဖြတ်ဖို့ ကျိန်တွယ်ပြောဆိုမှုတွေဆိုတာ မှုတ်ထုတ်လိုက်တဲ့ မီးခိုးငွေ့တွေ ပျံ့လွင့်သွားတာ ကြည့်နေရသလိုပါပဲ။ ဆေးလိပ်မှာ ပါဝင်တဲ့ နီကိုတင်းက စွဲလမ်းစေတတ်တာကြောင့် ဆေးလိပ်ဖြတ်ဖို့ဆိုတာ ခက်ခဲပါတယ်။ ဆေးလိပ်ဖြတ်ဖို့အတွက် အခြားနည်းလမ်းတခုဖြစ်တဲ့ အပ်စိုက်ကုထုံးကို ယုံကြည်လက်ခံလာတဲ့ လူဦးရေ တိုးပွားနေပါတယ်။ သူ့ရဲ့ စွဲလမ်းမှုဖြစ်စဉ်အပေါ် ထိန်းချုပ်နိုင်ခြင်းနဲ့ ကိုင်တွယ်နိုင်ခြင်းတို့ကြောင့် အပ်စိုက်ကုထုံးဟာ မူးယစ်ဆေးစွဲခြင်းတွေအတွက် ထိရောက်တဲ့ ကုထုံးတစ်ခု ဖြစ်လာပါပြီ။ ဆေးလိပ်စွဲခြင်း အပါအဝင် မူးယစ်ဆေးစွဲတာတွေကို ကုသပျောက်ကင်းစေတဲ့ အပ်စိုက်ကုထုံးဟာ တကယ်တော့ အံ့သြစရာ မဟုတ်ပါဘူး။ ဒါပေမယ် ဆေးလိပ်ပြတ်ပြီး လုံးဝပြန်မသောက်ဖြစ်အောင် ကုသပေးတဲ့နေရာမှာတော့ တကယ် အသုံးဝင်ပါတယ်။ ဆေးလိပ်ကင်းစင်ပြီး ကျန်းကျန်းမာမာနဲ့ နေထိုင်လိုတဲ့အတွက်ကြောင့် ဆေးလိပ်ဖြတ်လိုပါလျှင် အပ်စိုက်ကုထုံးက သင့်ကို ထိန်းချုပ်မှု ပေးနိုင်မှာပါ။   အပ်စိုက်ကုထုံးက သင့်ကို ဘယ်လို ဆေးလိပ်ပြတ်စေနိုင်မလဲ အပ်စိုက်ကုထုံးက လူတွေ ဆေးလိပ်ဖြတ်တဲ့အခါ ကြုံတွေ့နေကြဖြစ်တဲ့ […]


ဆေးလိပ်ဖြတ်ခြင်း

ဆေးလိပ်သောက်ခြင်းနှင့် စိတ်ကျန်းမာရေး

ဆေးလိပ်သောက်ခြင်းကြောင့် အဆုတ်နဲ့ နှလုံးဆိုင်ရာ ရောဂါတွေဖြစ်စေတယ်ဆိုတာ ကျွန်တော်တို့ အားလုံးသိပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာကိုရော ဘယ်လိုဆိုးကျိုးတွေ ရှိနိုင်ပါသလဲ ?   စွဲလမ်းစေခြင်း ဆေးလိပ်မသောက်ရင် မနေနိုင်အောင် စွဲလမ်းမှုဟာ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုကြောင့် ဖြစ်ပါတယ်။ ဆေးလိပ်သောက်တဲ့အခါ ရရှိတဲ့ နီကိုတင်းဓါတ်က ဆယ်စက္ကန့်အတွင်း သင်ရဲ့ဦးနှောက်ထဲ ရောက်ရှိသွားပြီး ပိုကောင်းတဲ့ စိတ်ခံစားမှုနဲ့ အာရုံစူးစိုက်မှုကို ရရှိစေပါတယ်။ ဒီနည်းလမ်းက ဆေးလိပ်သမားတွေကို စိတ်အပန်းပြေစေပါတယ်။ ဒါပေမယ့် ခဏခဏသောက်ဖြစ်တဲ့ လူတွေအတွက် ဒီလိုအခြေအနေကို ရရှိစေဖို့ နီကိုတင်းဓါတ်ကို ပိုမိုပြီး လိုအပ်လာပါတယ်။ ဦးနှောက်ကနေ နီကိုတင်းဓါတ်လိုလာပြီဆိုတာကို အချက်ပေးပြီး ဆေးလိပ်ထပ်သောက်ဖို့ ခိုင်းစေပါတယ်။ ဒီလိုနဲ့ပဲ ခန္ဓါကိုယ်ထဲမှာ နီကိုတင်း သံသရာလည်ပါတော့တယ်။ စိုးရိမ်ပူပန်စိတ်ဖြစ်စေခြင်း စိုးရိမ်ပူပန်စိတ်က နောက်ထပ်စိတ်ပိုင်းဆိုင်ရာ ပြသနာတစ်ခုပါ။ ဆေးလိပ်က ဆေးလိပ်သမားတွေအတွက် စိတ်သက်သာရာ ရစေတဲ့အရာတစ်ခုအဖြစ် ယုံကြည်နေကြတဲ့အတွက် သူတို့အတွက် စိတ်ပူပန်ကြောင့်ကြမှုတွေ […]


ဆေးလိပ်ဖြတ်ခြင်း

ဆေးလိပ်ပြန်သောက်မိသူအတွက် နည်းလမ်းကောင်းများ

ဆေးလိပ်ဖြတ်ဖို့ တစ်ယောက်တည်း ကြိုးစားနေမယ်ဆို ခက်ခဲကောင်း ခက်ခဲနိုင်ပါတယ်။ ဆေးလိပ်တစ်ခါတော့ပြတ်သွားနိုင်ပြီး ပြန်သောက်နိုင်ခြေလည်း များပါတယ်။ ဒါကြောင့် ဆေးလိပ်လုံးဝပြတ်သွားဖို့အတွက် မိဘဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေက ဝန်းရံပေးဖို့ လိုပါတယ်။ ဒီတစ်ခေါက်တော့ ဆေးလိပ်ပြန်သောက်မိသူအတွက် နည်းလမ်းကောင်းများ အကြောင်းလေး ပြောပြပေးချင်ပါတယ်။ ဆေးလိပ်ပြန်သောက်မိသူအတွက် နည်းလမ်းကောင်းများ ဆေးလိပ်ပြန်သောက်မိသူအတွက် နည်းလမ်းကောင်းများ ကတော့ တဖြည်းဖြည်း ဖြတ်ပါစေ။ ဘယ်လိုရင်းနှီးတဲ့သံယောဇဉ်ရှိရှိ ဆေးလိပ်သမားတွေအတွက် ဆေးလိပ်ဖြတ်ခိုင်းဖို့ ကြိုးစားတာက ခက်ခဲပါတယ်။ အကယ်၍ သင့်အနေနဲ့ တခုခုကို ကြိုးပမ်းရယူမယ်လို့ ဆုံးဖြတ်ထားပြီး မလုပ်နိုင်ခဲ့ရင် ခံစားနေရသလို ဆေးလိပ်သမားတွေလည်း အတူတူပဲဖြစ်ပါတယ်။ ဒါကြောင့် ဒီအခြေအနေမျိုးမှာ ဒေါသတကြီးနဲ့ ပြုမူတုံ့ပြန်တာက မှားယွင်းတဲ့ လုပ်ဆောင်ချက်ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် သူတို့နဲ့ စကားပြောကြည့်ပြီး သူတို့ ခံစားချက်ကို နားလည်အောင်လုပ်ပါ။ ကိုယ်ချင်းစာစိတ်နဲ့အတူ သူတို့ဆေးလိပ်ဖြတ်ဖူးခဲ့တဲ့ အချိန်တွေကို အသိအမှတ်ပြုပေးပါ။ စကားများများပြောတာက အမြဲတမ်းအလုပ်မဖြစ်နိုင်ပေမယ့် လိုတဲ့အချိန်မှာ […]


ဆေးလိပ်ဖြတ်ခြင်း

လူတွေဘာကြောင့် ဆေးလိပ်သောက်ကြသလဲ

လူတွေဘာကြောင့် ဆေးလိပ်သောက်ကြသလဲ ...... ဆေးလိပ်သောက်ခြင်းဟာ ဒီနေ့ခေတ် လူမှုပတ်ဝန်းကျင်မှာ စွဲလန်းဖွယ်ရာတစ်ခုအဖြစ် ရှိနေဆဲပါ။ သင့်ပတ်ဝန်းကျင်မှာ ရှိတဲ့ လူတော်တော်များများ အသက်အရွယ်မရွေး ဆေးလိပ်ကို နှစ်နှစ်ခြိုက်ခြိုက်သောက်နေကြတာကို သင်တွေ့ရမှာပါ။ လူတွေဘာကြောင့် ဆေးလိပ်သောက်ကြသလဲ လူတွေဘာကြောင့် ဆေးလိပ်သောက်ကြသလဲ ..... သူတို့ ဘာလို့ ဆေးလိပ်သောက်သလဲ သင်စဉ်းစားဖူးပါသလား။ လူငယ်ပိုင်းဆေးလိပ်သမားများနှင့် သူတို့အကြောင်းပြချက် လူတွေက ဆေးလိပ်ကို အကြောင်းအမျိုးမျိုးကြောင့် သောက်ဖြစ်နေကြပါတယ်။ လူငယ်တွေကတော့ ဆေးလိပ်သောက်တာကို စတိုင်ကျတယ်လို့ ထင်ကြပါတယ်။ ဆေးလိပ်သောက်တာက လူငယ်ကြိုက် ရုပ်ရှင်နဲ့ သီချင်းတွေမှာလည်း ပါဝင်တာဖြစ်တာကြောင့် သူတို့သဘောကျတဲ့ အနုပညာရှင်တွေအတိုင်း အထာကျကျနဲ့ အတုခိုးတတ်ကြပါသေးတယ်။ မိဘတွေနဲ့ အစ်ကိုအစ်မတွေအပါအဝင် ပတ်ဝန်းကျင်မှာ ဆေးလိပ်သောက်တဲ့လူကြီးတွေ ရှိရင် ပိုပြီး ဆေးလိပ်သောက်ဖို့ ပိုပြီး အခွင့်အလမ်းများပါတယ်။ အပေါင်းအသင်းတွေက ဆေးလိပ်သောက်တဲ့အခါမှာ လူငယ်သဘာဝအတိုင်း လိုက်သောက်လေ့ရှိပါတယ်။ နောက်ပြီး လူငယ်သဘာဝအတိုင်း တားမြစ်ချက်တွေကို ကျော်လွန်စွန့်စားချင်တဲ့စိတ် ရှိတဲ့အတွက် လူငယ်ဘဝက […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း