backup og meta

လူတွေဘာကြောင့် ဆေးလိပ်သောက်ကြသလဲ

လူတွေဘာကြောင့် ဆေးလိပ်သောက်ကြသလဲ

လူတွေဘာကြောင့် ဆေးလိပ်သောက်ကြသလဲ …… ဆေးလိပ်သောက်ခြင်းဟာ ဒီနေ့ခေတ် လူမှုပတ်ဝန်းကျင်မှာ စွဲလန်းဖွယ်ရာတစ်ခုအဖြစ် ရှိနေဆဲပါ။ သင့်ပတ်ဝန်းကျင်မှာ ရှိတဲ့ လူတော်တော်များများ အသက်အရွယ်မရွေး ဆေးလိပ်ကို နှစ်နှစ်ခြိုက်ခြိုက်သောက်နေကြတာကို သင်တွေ့ရမှာပါ။

လူတွေဘာကြောင့် ဆေးလိပ်သောက်ကြသလဲ

လူတွေဘာကြောင့် ဆေးလိပ်သောက်ကြသလဲ ….. သူတို့ ဘာလို့ ဆေးလိပ်သောက်သလဲ သင်စဉ်းစားဖူးပါသလား။

လူငယ်ပိုင်းဆေးလိပ်သမားများနှင့် သူတို့အကြောင်းပြချက်

လူတွေက ဆေးလိပ်ကို အကြောင်းအမျိုးမျိုးကြောင့် သောက်ဖြစ်နေကြပါတယ်။ လူငယ်တွေကတော့ ဆေးလိပ်သောက်တာကို စတိုင်ကျတယ်လို့ ထင်ကြပါတယ်။

ဆေးလိပ်သောက်တာက လူငယ်ကြိုက် ရုပ်ရှင်နဲ့ သီချင်းတွေမှာလည်း ပါဝင်တာဖြစ်တာကြောင့် သူတို့သဘောကျတဲ့ အနုပညာရှင်တွေအတိုင်း အထာကျကျနဲ့ အတုခိုးတတ်ကြပါသေးတယ်။

မိဘတွေနဲ့ အစ်ကိုအစ်မတွေအပါအဝင် ပတ်ဝန်းကျင်မှာ ဆေးလိပ်သောက်တဲ့လူကြီးတွေ ရှိရင် ပိုပြီး ဆေးလိပ်သောက်ဖို့ ပိုပြီး အခွင့်အလမ်းများပါတယ်။ အပေါင်းအသင်းတွေက ဆေးလိပ်သောက်တဲ့အခါမှာ လူငယ်သဘာဝအတိုင်း လိုက်သောက်လေ့ရှိပါတယ်။

နောက်ပြီး လူငယ်သဘာဝအတိုင်း တားမြစ်ချက်တွေကို ကျော်လွန်စွန့်စားချင်တဲ့စိတ် ရှိတဲ့အတွက် လူငယ်ဘဝက တားမြစ်ခံရထားတဲ့ ဆေးလိပ်ကို စမ်းသပ်သောက်သုံးတတ်ကြပါတယ်။

ကလေးလူငယ်တွေအတွက် ဆေးလိပ်သောက်ဖို့ လုံလောက်တဲ့အချက်တွေ ရှိနေနိုင်ပြီး တစ်ခါတစ်ရံ ခိုးသောက်ဖို့ အကြောင်းဖန်လာပါတော့တယ်။

အရွယ်ရောက်ပြီးဆေးလိပ်သောက်သူများ

အရွယ်ရောက်သူများအဖို့တော့ သူတို့ဘာကြောင့် ဆေးလိပ်သောက်သလဲဆိုတာ ပြောဖို့ ပိုပြီး နက်နဲတဲ့ အကြောင်းတွေ ရှိပါတယ်။

ဆေးလိပ်သောက်ခြင်းကနေတဆင့် နီကိုတင်းဓါတ်ကို ကျွန်တော်တို့ ခန္ဓါကိုယ်ကရရှိပါတယ်။ ဒီနီကိုတင်းဓါတ်က ခန္ဓါကိုယ်မှာရှိတဲ့ နာ့ဗ်ကြောကို လှုံ့ဆော်ပေးပြီး dopamine ဆိုတဲ့ ဓါတုဓါတ်တစ်မျိုးကို ထုတ်လွှတ်စေခြင်းဖြင့် လူကို ကျေနပ်ပျော်ရွှင်စေပါတယ်။

ဆေးလိပ်သောက်ခြင်းဖြင့် ကောင်းမွန်တဲ့ ခံစားချက်တွေကို မိနစ်အနည်းငယ်တော့ ရရှိစေတဲ့ သဘောပါပဲ။ ဒါပြီးရင်တော့ သက်သောင့်သက်သာမဖြစ်တာ ဂနာမငြိမ်တာမျိုးတွေ ဖြစ်လာပြီး နောက်ထပ်တစ်လိပ် ထပ်သောက်ဖို့ ဦးတည်ပါတော့တယ်။

ခန္ဓါကိုယ်က နီကိုတင်းဓါတ်ကို ရသွားမှ နေသာထိုင်သာ ဖြစ်သွားပါတယ်။ ဆေးလိပ်သမားတွေက ဆေးလိပ်သောက်လို့ ဖြစ်ပေါ်လာတဲ့ ကောင်းမွန်တဲ့ ခံစားချက်ကို ပိုမိုကြာရှည်ဖို့အတွက် နီကိုတင်းဓါတ်ကို မြှင့်တင်ဖို့ လိုလာပါတယ်။

ဆေးလိပ်ကို အချိန်ကြာကြာသောက်ခဲ့တဲ့လူတွေ ဆေးလိပ်ဖြတ်ချင်တဲ့အခါမှာ နီကိုတင်းဓါတ်ကို လျှော့ချဖို့ လိုပါတယ်။ ဒါဆို အရွယ်ရောက်ပြီးလူတွေကို ဘယ်လိုအချက်တွေက တွန်းအားပေးနေလဲ ကြည့်ရအောင်ပါ။

လူတွေက အရွယ်ရောက်လာတာနဲ့အမျှ မိသားစုအရေး၊ အချစ်ရေး၊ အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေမှာ လုံးပန်းရင်ဆိုင်လာရပါတယ်။

ဒါတွေက ဖိအားတွေဖြစ်လာတဲ့အခါမှာ စိတ်ကို ခဏတစ်ဖြုတ်အနားပေးဖို့ အချိန်လိုအပ်ပြီး စိတ်ထဲမှာ သက်သောင့်သက်သာဖြစ်အောင် ပြုလုပ်ဖို့ လိုပါတယ်။ တချို့ကတော့ ဖိအားနဲ့ စိတ်ပင်ပန်းမှုတွေကို ဖြေဖို့ အရက်သောက်တတ်ကြပြီး တချို့ကတော့ ဆေးလိပ်သောက်ပါတယ်။

တချို့က နှစ်ခုစလုံးလုပ်ကြပါတယ်။ ပထမဆုံး ဆေးလိပ်ကို မီးညှိချိန်မှာတော့ ဖိအားတွေနဲ့ စိတ်ရှုပ်ထွေးမှုဒဏ်တွေကို သည်းမခံနိုင်တော့လို့ သောက်ကြပြီး ဆေးလိပ်မသောက်ရတဲ့အခါမှာ သက်သောင့်သက်သာမဖြစ်စေတာကို မသိလို့ သောက်ဖို့ ကြိုးစားကြခြင်းဖြစ်ပါတယ်။

ဆေးလိပ်သောက်သူတွေထဲမှာ လျှပ်စစ်ဆေးလိပ် (E-cigar) အသုံးပြုသူတွေလည်း ရှိပါတယ်။ သူတို့တွေကို vaper လို့ခေါ်ပါတယ်။

ဆေးလိပ်နဲ့ယှဉ်ရင် နီကိုတင်းပါဝင်မှု နည်းတဲ့အတွက် အန္တရာယ်သိပ်မဖြစ်စေဘူး ထင်ရပေမယ့် လူငယ်တွေအတွက်တော့ ဆေးလိပ်သောက်တဲ့ အလေ့အထ ရှုရှိုက်တဲ့ အလေ့အကျင့်တွေနဲ့ နီကိုတင်းကို တရားဝင်ရင်းနီးစေသလိုဖြစ်နေပါတယ်။

vape သောက်တာက ခေတ်လူငယ်တွေအကြား အထာကျတဲ့ စတိုင်တစ်ခု ဖြစ်နေပါတယ်။

ဆေးလိပ်က ယေဘူယျအားဖြင့်တော့ ဆိုးဝါးပါတယ်။ ဆေးလိပ်သောက်သမားတွေအတွက်တော့ နီကိုတင်း တစ်ဖြည်းဖြည်းလျှော့ချသွားပြီး ဆေးလိပ်လုံးဝဖြတ်ဖို့ ဆုံးဖြတ်ချက်ချဖို့ လိုအပ်ပါတယ်။

ဆေးလိပ်မသောက်ဖူးသေးတဲ့ သူတွေအတွက် ဘယ်လိုပဲအခြေအနေဖြစ်ပါစေ စမသောက်ဖို့ ပြောချင်ပါတယ်။ စိတ်ကျေနပ်သာယာဖို့က ကိုယ်တိုင်ကြိုးစားပြီး ရရှိတဲ့အရာတစ်ခုဖြစ်သင့်ပြီး ဓါတုပစ္စည်းတစ်ခုခုအပေါ်မှီခိုနေရတာမျိုး မဖြစ်သင့်ပါဘူး။

Hello Health Group သည် မည်သည့်ကျန်းမာရေးဝန်ဆောင်မှုကိုမျှ မပေးပါ။ အကယ်၍ မိမိကျန်းမာရေးနှင့် ပတ်သက်ပြီး မူမမှန်မှုတစ်ခုခုရှိသည်ထင်ပါက ဆရာဝန်၊ ဆရာမနှင့် တိုင်ပင်ဆွေးနွေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Reference: “Why People Smoke”
http://healthliteracy.worlded.org/docs/tobacco/Unit3/1why_people_smoke.html Accessed October 29, 2016
“Why People Start Smoking and Why It’s Hard to Stop” http://www.cancer.org/cancer/cancercauses/tobaccocancer/why-people-start-using-tobacco Accessed October 31, 2016

ယခုပုံစံ

21/11/2023

Written by Dr. Phio Thiha

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လူတွေဘာကြောင့် ဆေးလိပ်သောက်ကြသလဲ

ဆေးလိပ်သောက်ခြင်းကို ဖြတ်ရန် နည်းလမ်းများ


Written by

Dr. Phio Thiha

သားဖွားပညာ · Phyo Clinic (Pazundaung)


21/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement