ကျန်းမာစေမည့်အလေ့အကျင့်များ

ကျန်းမာတဲ့ အလေ့အကျင့်တွေဆိုတာ သင့်ကျန်းမာရေးကို အကျိုးပြုစမြဲပါပဲ။ သင့်ရဲ့ နေထိုင်စားသောက်မှု ပုံစံကို ပြောင်းလဲမယ်ဆိုရင် အရေးကြီးဆုံးက ကောင်းတဲ့ အကျင့်နဲ့ မကောင်းတဲ့ အကျင့်ကို ခွဲခြားသိဖို့ပါပဲ။ ဒီစာမျက်နှာမှာ ကောင်းတဲ့ အလေ့အကျင့်တွေနဲ့ သူတို့ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစေမည့်အလေ့အကျင့်များ

မတော်တဆ ဓာတ်ဆီပါးစပ်ထဲ ဝင်တဲ့အခါ

ဓာတ်ဆီအပါအဝင် ဒီဇယ်ဆီ၊ ရေနံဆီ စတာတွေက ဟိုက်ဒရိုကာဗွန်ပါတဲ့ အရည်တွေဖြစ်ပြီး မီးလောင်လွယ်၊ လောင်စားလွယ်ပါတယ်။ ဒီအရည်တွေက ခန္ဓာကိုယ်ထဲကို မတော်တဆ ဝင်လာတဲ့အခါ အဆိပ်သင့်တတ်ပါတယ်။ ဒါကြောင့် မတော်တဆ ဓာတ်ဆီပါးစပ်ထဲ ဝင်တဲ့အခါ ဒါမှမဟုတ် အငွေ့တွေကို ရှူမိတဲ့အခါ ဘယ်လိုရှေးဦးသူနာပြုစုနည်းနဲ့ ကူညီပေးရမလဲဆိုတာကို ပြောပြပေးပါမယ်။ မတော်တဆ ဓာတ်ဆီ အဆိပ်သင့်နိုင်တဲ့ အကြောင်းအရင်းများ ဓာတ်ဆီက ခန္ဓာကိုယ်ထဲကို ဝင်နိုင်တဲ့ နည်း ၃ခုရှိပါတယ်။ ရှူမိတာရယ်၊ သောက်မိတာရယ်၊ အရေပြားနဲ့ ထိတွေ့မိတာရယ်ပါ။ ဓာတ်ဆီဆိုင်မှာ အကြာကြီး တန်းစီနေရင်း ဒါမှမဟုတ် ဓာတ်ဆီဆိုင်မှာ အလုပ်လုပ်ရင်း အချိန်ကြာကြာနဲ့ အများကြီး ရှူမိတာမျိုး ရှိနိုင်သလို အရေပြားပေါ်မှာ အများကြီး ပေကျံသွားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကလေးတွေမှာ မတော်တဆ အိမ်မှာ ဓာတ်ဆီပုလင်းကို ယူပြီး သောက်မိတာမျိုး ရှိနိုင်သလို လူကြီးတွေမှာလည်း မတော်တဆ […]

ကျန်းမာစေမည့်အလေ့အကျင့်များ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစေမည့်အလေ့အကျင့်များ ကို ရှာဖွေမည်။

ရှေးဦးသူနာပြုစုခြင်း

Alcohol Poisoning (အရက်အဆိပ်သင့်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Alcohol Poisoning (အရက်အဆိပ်သင့်ခြင်း) ကဘာလဲ။ အရက်အဆိပ်သင့်ခြင်းဆိုတာ ဆိုးရွားတဲ့ အခြေအနေဖြစ်ပြီး အချိန်အနည်းငယ်အတွင်းမှာ အရက်အများအပြားသောက်မိရင် ဖြစ်တတ်ပါတယ်။ အများအပြားသောက်သုံးခြင်း၊ လျင်မြန်စွာ သောက်သုံးခြင်း စတာတွေဟာ အသက်ရှူနှုန်း၊ နှလုံးခုန်နှုန်း၊ ကိုယ်ခန္ဓါအပူချိန်၊ ပျို့သည့်တုံ့ပြန်မှု စတာတွေကို လွှမ်းမိုးပြီး သတိမေ့မျောခြင်း၊ သေဆုံးခြင်း ဖြစ်ပွားနိုင်ပါတယ်။ လူကြီးဖြစ်စေ၊ ကလေးဖြစ်စေ အရက်ပါဝင်တဲ့ အိမ်တွင်း အသုံးအဆောင်တွေကို မတော်တဆဖြစ်ဖြစ်၊ တမင်ဖြစ်ဖြစ် သောက်မိရင်လည်း ဖြစ်ပွားနိုင်ပါတယ်။ အရက်အဆိပ်သင့်မှုဖြစ်ရင် အရေးပေါ်ဆေးကုသဖို့ လိုအပ်ပါတယ်။   Alcohol Poisoning (အရက်အဆိပ်သင့်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ငယ်ရွယ်သူများဟာ အရက်ကို ပိုပြီး အလွန်အကျွံ သောက်တတ်တာကြောင့် ဖြစ်ပွားနှုန်းပိုများတတ်ပါတယ်။ အမျိုးသားများဟာ အမျိုးသမီးများထက် သောက်သုံးမှုပိုများတာကြောင့် အရက်အဆိပ်သင့်မှု ပိုများတတ်ပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။ ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများAlcohol Poisoning (အရက်အဆိပ်သင့်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ တွေ့ရများတဲ့ လက္ခဏာအချို့ကတော့ […]


ရှေးဦးသူနာပြုစုခြင်း

Cyanide poisoning (ဆိုင်ရာနိုက် အဆိပ်သင့်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Cyanide poisoning (ဆိုင်ရာနိုက် အဆိပ်သင့်ခြင်း) ကဘာလဲ။ ဆိုင်ရာနိုက်ဟာ ရှားပါးပြီး သေစေနိုင်သောအဆိပ် ဖြစ်တယ်။ ဒီအဆိပ်က ကိုယ်ခန္ဓါထဲတွက်လိုအပ်တဲ့ အောက်စီဂျင်ကို သုံးလို့မရအောင် လုပ်နိုင်ပါတယ်။ ဆိုက်ရာနိုက်တွေကို ဟိုက်ဒရိုဂျင်ဆိုင်ရာနိုက်ဓါတ်ငွေ့၊ အခဲ၊ ပိုတက်စီယမ်ဆိုင်ရာနိုက်နဲ့ ဆိုဒီယမ်ဆိုင်ယာနိုက်တွေမှာ တွေ့နိုင်ပါတယ်။ Cyanide poisoning (ဆိုင်ရာနိုက် အဆိပ်သင့်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ပြည့်စုံသောသတင်းအချက်အလက်ရရန် ဆရာဝန်နှင့်ဆွေးနွေးပါ။ လက္ခဏာများCyanide poisoning (ဆိုင်ရာနိုက် အဆိပ်သင့်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အဆိပ်မိခြင်းဧ။် လက္ခဏာများ ဆိုင်ရာနိုက်အဆိပ်သင့်ခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ။ ဆိုင်ရာနိုက်အဆိပ်မိတာကို သိဖို့ကခက်ပါတယ်။ ဆိုင်ရာနိုက်အဆိပ်ကိုစားမိတာက အစာတွေက အသက်ရှူလမ်းကြောင်းပိတ်ပြီး အစာနင်တာနဲ့ ပုံစံတူပါတယ်။ ဆိုင်ရာနိုက်အဆိပ်က ဆဲလ်တွေရှင်သန်ဖို့ လိုအပ်တဲ့အောက်စီဂျင်ကို ဆဲလ်တွေဆီမရောက်အောင် လုပ်ပါတယ်။ ဆိုင်ရာနိုက်အဆိပ်မိတဲ့ပုံစံက သင်တောင်တက်ပြီးနောက်၊ သို့မဟုတ် အမြင့်တနေရာကိုတက်ပြီးနောက် ဖြစ်ပေါ်လာတဲ့အခြေအနေနဲ့ ပုံစံတူပါတယ်း ဒါ့အပြင်- တကိုယ်လုံး အားနည်းခြင်း အာရုံထွေပြားခြင်း   အလွန်အမင်းအိပ်ခြင်း သတိလစ်မေ့မျောခြင်း မောပန်းခြင်း ခေါင်းကိုက်ခြင်း မူးဝေခြင်း အန်ခြင်း ဗိုက်အောင့်ခြင်း တက်ခြင်း တို့ကိုလည်း ဖြစ်စေနိုင်ပါတယ်။ ပုံမှန်အားဖြင့် ဆိုင်ရာနိုက်အဆိပ်ကို စားမိတဲ့အခါ ၊ အလွန်လျှင်မြန်ပြီး […]


ရှေးဦးသူနာပြုစုခြင်း

Swallowed object (ပြင်ပပစ္စည်း မတော်တဆမျိုချမိခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Swallowed object (ပြင်ပပစ္စည်း မတော်တဆမျိုချမိခြင်း) ကဘာလဲ။ ဘယ်သူမဆို ပြင်ပအရာဝတ္ထုတစ်ခုခုကို မှားမျိုချမိတတ်ပါတယ်။ ဒီအခါ အစာလမ်းကြောင်းက ပစ္စည်းပေါ်သက်ရောက်မှုတွေဖြစ်ပြီး ခန္ဓါကိုယ်ကနေအလိုလျောက် ထွက်သွားတတ်ပါတယ်။ အချို့ ကိစ္စတွေမှာတော့ တစ်နေတတ်တာ လမ်းတစ်လျောက်မှာ ဒဏ်ရာဖြစ်စေတာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်ရင်တော့ သင့်အနေနဲ့ ဆရာဝန်နဲ့ပြသဖို့လိုလာပါလိမ့်မယ်။ အခြေအနေပေါ်မူတည်ပြီး ခွဲစိတ်ဖို့လည်း လိုပါလိမ့်မယ်။ Swallowed object (ပြင်ပပစ္စည်း မတော်တဆမျိုချမိခြင်း) က ဘယ်လောက်အဖြစ်များသလဲ အဖြစ်များပြီး အသက်မရွေးထိခိုက်နိုင်ပါတယ်။ ကလေးတွေနဲ့ နို့စို့အရွယ်တွေဟာ စပ်စုလိုပြီး တွေ့သမျှပါးစပ်ထဲထည့်တတ်တဲ့ အကျင့် ရှိတာကြောင့် ပိုဖြစ်တတ်ပါတယ်။ ပိုသိလိုပါက သင့်ဆရာဝန်နဲ့ တိုင်ပင်ပါ။ လက္ခဏာများSwallowed object (ပြင်ပပစ္စည်း မတော်တဆမျိုချမိခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ပြင်ပပစ္စည်း မှားယွင်းမျိုချမိတဲ့ symptom တွေကဘာတွေလဲ?     – နင်နေခြင်း – အသက်မရူနိုင်ဖြစ်ခြင်း – ချောင်းဆိုး ခြင်း – နှာချေခြင်း တကယ်လို့ ကလေးတစ်ယောက် က ပြင်ပအရာမျိုချမိလို့ လည်ပင်းမှာ […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

Gym သွားရင် မိတ်ကပ်မလိမ်းသင့်တဲ့ အကြောင်းရင်း

Gym သွားရင် မိတ်ကပ် လိမ်းတာက မျက်နှာ အသားအရေ အတွက် မကောင်းပါဘူး။ ဒါဟာ Gym သွားနေကျ လေဒီလေးတွေ သိထားသင့်တဲ့ အချက် တစ်ချက်ဖြစ်ပါတယ်။ ဘယ်ကို သွားသွား၊ ဘာပဲ လုပ်လုပ် လှနေဖို့က မိန်းကလေးတွေအလေးထားကြတဲ့ အရာပဲလေ။ အားကစား ဝတ်စုံလေးနဲ့ ဆယ်လ်ဖီ ဆွဲတာလေးလည်း ပါတာပေါ့။ နည်းနည်းပါးပါး ဖြီးလိမ်းထားမှ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိသလို ခံစားရတယ် မဟုတ်ဘူးလား။ Gym သွားရင် မိတ်ကပ်မလိမ်းသင့်တဲ့ အကြောင်းရင်း တချို့တွေ ကျတော့လည်း ညနေမှ အလုပ်က အပြန် ဝင်ရတာဆိုတော့ မနက်တည်းက ပြင်ဆင်ထားတဲ့အတိုင်း gym ကို ရောက်လာရပါတယ်။ အပြေးအလွှားနဲ့မို့ မိတ်ကပ်ဖျက်ဖို့ အချိန်ကမရ၊ ဝတ်စုံလေး အမြန်လဲပြီး အချိန်ရှိတုန်း ဝင်ကစားရတာမျိုးပေါ့။ ဒါပေမယ့် မိတ်ကပ်တွေနဲ့ […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

ခေါင်းချွေးနံ့နံခြင်း ဘာကြောင့်ဖြစ်ရသလဲ

ခေါင်းချွေးနံ့နံခြင်း ဘာကြောင့်ဖြစ်ရသလဲ ....... ကိုယ့်ဆံပင်က အနံ့ပြင်းပြင်းရှိနေတယ်ဆိုရင်တော်တော်လေးနေရခက်ကြပါတယ်။ ခေါင်းနားကပ်တိုင်း အနံ့ထွက်နေမှာပေါ့။ ဒါပေမယ့် ဒါကို သတိထားမိတာက ကိုယ်တစ်ယောက်တည်း မဟုတ်လောက်ပါဘူး။ ဘေးနားက သူငယ်ချင်းတွေ၊ မိသားစု၊ လုပ်ဖော်ကိုင်ဖက်တွေအပြင် လိုင်းကားအတူစီးသူတွေပါ သတိထားမိပြီဆိုရင်တော့ ပြဿနာရှိလာပါပြီ။ ခေါင်းက နံနေတယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလည်း ကျဆင်းပြီး လူတွေနားသွားတိုင်း ငါဆံပင်က နံနေမလားဆိုပြီး မလုံမလဲဖြစ်ရပါတယ်။ ခေါင်းလည်းပုံမှန်လျှော်နေလျက်နဲ့ ဒီလိုဘာကြောင့်နံနေရတာလဲ။ အရေးကြီးတဲ့အချက်ကတော့ ခေါင်းလျှော်ပြီးတာတောင် အနံ့ဆိုးကကျန်နေသေးတယ်ဆိုရင် ဆံပင်က နံတာမဟုတ်ဘဲ ဦးရေပြားက အနံ့ထွက်နေတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒါဆိုရင် ဆံပင်ကိုရော၊ ဦးရေပြားကျန်းမာရေးကိုပါ ဂရုစိုက်ရတော့မှာဖြစ်ပါတယ်။ ခေါင်းချွေးနံ့နံခြင်း ဘာကြောင့်ဖြစ်ရသလဲ ခေါင်းချွေးနံ့နံခြင်း ဘာကြောင့်ဖြစ်ရသလဲ ...... ခေါင်းချွေးနံရတဲ့ ဖြစ်နိုင်ခြေအများဆုံး အကြောင်းရင်း(၈)ခုကို ဖော်ပြလိုက်ပါတယ်။ (၁) ခေါင်းမှန်မှန်မလျှော်ခြင်း ခေါင်းမလျှော်ဘဲနေလေ ဦးရေပြားမှာ အဆီတွေ ပိုပြန်လေ ဖြစ်ပါတယ်။ ခေါင်းမလျှော်ဘဲ ၃ ရက်ကျော်လာပြီဆိုရင် […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

မနက်ခင်းရေချိုး တာက ကျန်းမာရေးကိုထိခိုက်စေနိုင်လား

တော်တော်များများက မနက်ခင်းရေချိုး ရတာကို မကြိုက်ကြပါဘူး။ မနက်ခင်းမှာ ရေကအရမ်းအေးတာကြောင့်လည်း မချိုးကြတာပါ။ မနက်ခင်း ရေစောစောချိုးတာက ရေအေးအေး၊ လေအေးအေးနဲ့ ထိတွေ့စေလို့ ဖျားတာနာတာနဲ့ အဆစ်ရောင်တာတွေလိုမျိုး ရောဂါတွေ ဖြစ်လာမယ်လို့ အများစုက လက်ခံထားကြတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီအတွေးတွေက ရာနှုန်းပြည့် မမှန်ပါဘူး။ မနက်ခင်းမှာ ရေချိုး တာက ခန္ဓာကိုယ်အတွက် ကောင်းကျိုးတွေ ရှိနေပါတယ်။ မနက်စောစောရေချိုးတာကို ဘာလို့ကောင်းတယ်လို့ ပြောရလဲဆိုတာကို နည်းနည်းလောက်ပြောပြပေးမယ်နော်။ မနက်ခင်းရေချိုး ပေးရင် ရေချိုးတာက တစ်ကိုယ်ရည်သန့်ရှင်းမှုအတွက် အရေးပါတဲ့ အရာတစ်ခုပါ။ လူတစ်ယောက်ဟာ တစ်နေ့ကို အနည်းဆုံးရေတစ်ကြိမ်လောက်တော့ ချိုးသင့်ပါတယ်။ အချို့က မနက်ခင်းရေချိုးရတာ နှစ်သက်ပြီး အချို့ကတော့ ညပိုင်းချိုးရတာကို နှစ်သက်ကြပါတယ်။ တစ်နေ့တာ လုပ်ငန်းဆောင်တာတွေ မစတင်ခင်မှာ ရေချိုးပေးတာက တစ်နေကုန်သန့်ရှင်းလန်းဆန်းမှုကို ရရှိစေမှာဖြစ်ပါတယ်။ မနက်စောစောရေချိုးတာက ခန္ဓာကိုယ်အတွက် ဘယ်လိုအကျိုးပြုလဲဆိုတာကို […]


ရှေးဦးသူနာပြုစုခြင်း

ကာဗွန်မိုနောက်ဆိုက် အဆိပ်သင့်ခြင်း

ကာဗွန်မိုနောက်ဆိုက် (Carbon monoxide ) ဆိုတာဘာလဲ။ ကာဗွန်မိုနောက်ဆိုက် (Carbon monoxide )ဟာ အနံ့ရော အရသာပါမရှိတဲ့ အဆိပ်ရှိတဲ့ ဓါတ်ငွေ့တစ်မျိုးဖြစ်ပါတယ်။ ကာဗွန်မိုနောက်ဆိုက် ကို ပမာဏ အများကြီး ရှူသွင်းမိခြင်းဟာ အန္တရာယ် ရှိပါတယ်။ ကာဗွန်မိုနောက်ဆိုက် ကို ရှူသွင်းလိုက်ရင် သူဟာ သွေးထဲဝင်သွားပြီး ဟီမိုဂလိုဘင် နဲ့ ပေါင်းကာ ကာဗွန်ဆီဟီမိုကလိုဘင် (Carboxyhemoglobin) ဖြစ်သွားပါတယ်။ ဟီမိုဂလိုဘင် ဟာ အောက်ဆီဂျင်ကို ကိုယ်ခန္ဓါ အစိတ်အပိုင်းတွေကို သယ်ဆောင်ပေးပါတယ်။ ကာဗွန်ဆီဟီမိုကလိုဘင် (Carboxyhemoglobin) ဖြစ်သွားရင် အောက်ဆီဂျင် သယ်နိုင်စွမ်းတွေ လျော့နည်းလာပါတယ်။ အောက်ဆီဂျင် မလုံလောက်မှုဟာ ဆဲလ်တွေကို ပျက်စီးစေပြီး သေစေနိုင်ပါတယ်။ ကာဗွန်မိုနောက်ဆိုက် (Carbon monoxide ) ဘယ်က လာသလဲ။ လောင်စာတွေ မီးလောင်ကျွမ်းတဲ့အခါ ကာဗွန်မိုနောက်ဆိုက် ပါဝင်တဲ့ […]


ရှေးဦးသူနာပြုစုခြင်း

ကလေးငယ်အတွက်အသင့်တော်ဆုံးဖြစ်မယ့် ပလာစတာ ဒါမှမဟုတ် ပတ်တီးရွေးချယ်မယ်

ကလေးငယ်တွေက မွေးကင်းစကနေလမ်းမလျှောက်ခင်အချိန်ထိကတော့ သူတို့လေးတွေထိခိုက်ဒဏ်ရာမရအောင် ထိန်းသိမ်းပေးဖို့က အရမ်းတော့မခက်လှပါဘူး။ ဒါပေမယ့် လမ်းလျှောက်စမ်းတဲ့အရွယ်ကနေ ပြေးလွှားဆော့တတ်တဲ့အရွယ်မှာတော့ထိခိုက်ဒဏ်ရာမရအောင်ဂရုစိုက်ပေးဖို့ဆိုတာက နည်းနည်းခက်ခဲလာပြီလို့ပြောရပါမယ်။ ကလေးဆိုတာကလည်း အငြိမ်မနေ ဆော့နေတတ်ကြတာပါ။ ဒါကြောင့် သူတို့လေးတွေကိုထိခိုက်ဒဏ်ရာမရအောင်လုပ်ဖို့ကမလွယ်တာကြောင့် ဘယ်လိုဂရုစိုက်ပေးရမလဲဆိုတာကို သိထားဖို့တော့လိုပါမယ်။ ကလေးတွေမှာထိခိုက်ဒဏ်ရာရရင် ဘယ်လိုဂရုစိုက်မလဲ အလန့်ပြေအောင်လုပ်ပေးပါ ကလေးမှာ ထိခိုက်ဒဏ်ရာရတဲ့အခါ အရင်ဆုံးလုပ်ရမှာကသူတို့လေးတွေလန့်သွားခဲ့ရင် အလန့်ပြေအောင်ချော့ပေးဖို့ပါ။ ပြီးရင်တော့ရေနည်းနည်းလောက်တိုက်ပေးရပါမယ်။ လက်တွေကို ဆေးကြောပါ ကလေးရဲ့အနာကို မကိုင်တွယ်ခင်မှာ အရင်ဆုံးလက်တွေကို သန့်စင်အောင်ဆေးကြောရပါမယ်။ အနာကိုကိုင်တွယ်မယ့်လက်ကို သန့်ရှင်းအောင်လုပ်တာက အနာကိုပိုးမဝင်အောင် ကာကွယ်ပြီးသားဖြစ်သွားမှာဖြစ်ပါတယ်။ သွေးတိတ်အောင်လုပ်ပေးပါ ကလေးက သွေးထွက်တဲ့အနာမျိုးရထားတာဆိုရင်တော့သွေးတိတ်အောင်လုပ်ပေးရပါမယ်။ အဝတ်သန့်သန့်လေးတစ်ခုနဲ့ အနာပေါ်ကို ဖိပေးတာမျိုး၊ ရေခဲဝတ်ကပ်ပေးတာမျိုး၊ရေအေးအေးလေးနဲ့ဆေးပေးတာမျိုးလုပ်ပေးရပါမယ်။ သွေးတိတ်သွားစေဖို့အတွက် အနာပေါ်ကို ၅မိနစ်ကနေ ၁၀ မိနစ်လောက်အထိဖိထားပေးပါ။ အချိန်တော်တော်ကြာတဲ့အထိမှ သွေးမတိတ်ဘူးဆိုရင်တော့ ဆရာဝန်နဲ့ပြသကြည့်ရပါမယ်။ အနာကို သန့်စင်ပေးရပါမယ် အနာကို ပိုးဝင်တာမျိုးမဖြစ်စေဖို့အတွက် အကောင်းဆုံးလုပ်နိုင်မယ့်တစ်ခုက အနာကို သန့်စင်ပေးဖို့ပါ။ အနာကိုရေသန့်သန့်လေး၊ ဆပ်ပြာလေးသုံးပြီးသန့်စင်ပေးလို့ရပါတယ်။ အရက်ပြန်နဲ့သုတ်တာ၊ hydrogen peroxide သုံးတာမျိုးမလုပ်ပါနဲ့။ အနာကိုစပ်ဖျဉ်းဖျဉ်းဖြစ်စေနိုင်သလို တစ်ရှူးတွေပျက်စီးစေနိုင်တာကြောင့်ပါ။ antibiotic […]


ရှေးဦးသူနာပြုစုခြင်း

အနာကို သန့်စင်ဖို့ Hydrogen Peroxide သို့မဟုတ် အရက်ပြန်ကိုသုံးသင့်သလား

Hydrogen Peroxide သို့မဟုတ် အရြက်ပန်နဲ့ အနာကိုသန့်စင်တာကောင်းသလား hydrogen peroxide သို့မဟုတ် အရက်ပြန်နဲ့ အနာကိုသန့်စင်ပေးတာက အမှန်တကယ်တော့ အရေပြားတစ်ရှူးတွေကိုထိခိုက်ပျက်စီးစေပြီး အနာကျက်နှေးစေပါတယ်။ အရက်ပြန်နဲ့hydrogen peroxide နှစ်မျိုးစလုံးက ဘက်တီးရီးယားတွေကိုသေစေနိုင်တဲ့ ထိရောက်တဲ့ ပိုးသတ်ဆေးတွေဖြစ်လို့ အသုံးများကြပါတယ်။   Hydrogen Peroxide Hydrogen peroxide ကို အရေပြားပြတ်ရှရာ၊ပေါက်ပြဲဒဏ်ရာတွေအတွက် အသုံးပြုလေ့ရှိကြပေမယ့် တကယ်တမ်းရောဂါပိုးသေစေဖို့လည်း စိတ်မချရတဲ့အပြင် တစ်ရှူးတွေကိုထိခိုက်စေနိုင်တယ်လို့ပြောကြပါတယ်။ ထိခိုက်ရှနာတွေလို အသေးစားဒဏ်ရာတွေကိုသန့်စင်ဖို့အတွက် အကောင်းဆုံးကရေအလျင်နဲ့လောင်းချဆေးကြောတာပါပဲ။ ဆပ်ပြာအပျော့စားလည်းသုံးနိုင်ပါတယ်။ အသေးစားဒဏ်ရာတွေကို အမှုန်အမွှားတွေ၊ အညစ်အကြေးတွေ၊ ဘက်တီးရီးယားပိုးတွေကိုဖယ်ရှားနိုင်ဖို့ မိနစ်အနည်းငယ်ကြာအောင်ရေဆေးပေးရပါမယ်။ Hydrogen peroxide က အနာထဲမှာ အမှုန်တွေကပ်မကျန်အောင်၊သွေးစတွေကိုဖယ်သုတ်ဖို့ အနာကိုအစိုဓါတ်ပေးပြီး နှူးတဲ့နည်းနဲ့ သန့်စင်ပေးပါတယ်။ အရေပြားကဆဲလ်သေတွေကိုလည်း ဖယ်ရှားပေးပါတယ်။ ဒါပေမယ့် သူက အနာကျက်စေဖို့ အကျိုးြ့ပုတဲ့ တွယ်ဆက်တစ်ရှူးကိုပြန်လည်တည်ဆောက်ပေးတဲ့fibroblasts ဆဲလ်တွေကိုလည်း ပျက်စီးစေပါတယ်တဲ့။ ဒါ့ကြောင့်ပဲ မကြာခဏမသုံးဖို့ အကြံပြုလာကြတာဖြစ်ပါတယ်။ Hydrogen […]


ရှေးဦးသူနာပြုစုခြင်း

ပလာစတာတွေ၊ ပတ်တီးတွေက အနာပိုးမဝင်အောင်ဘယ်လိုကာကွယ်ပေးသလဲ

ကိုယ့်မှာ အသေးစားထိခိုက်ဒဏ်ရာရထားရင်ပဲဖြစ်ဖြစ် ကြီးကြီးမားမားထိခိုက်ဒဏ်ရာရထားရင်ပဲဖြစ်ဖြစ် လိုအပ်တဲ့ကုသစောင့်ရှောက်မှုကိုမြန်မြန်ဆန်ဆန်လုပ်ဆောင်နိုင်ဖို့ကအရေးကြီးပါတယ်။ အချို့ထိခိုက်မိတဲ့ဒဏ်ရာတွေကိုနေအိမ်မှာပဲကုသလို့ရပါတယ်။ အနာကနက်မယ်၊ သွေးတအားထွက်နေမယ်ဆိုရင်တော့ တတ်ကျွမ်းနားလည်တဲ့သူနဲ့ပြသပေးဖို့လိုပါမယ်။နောက်ထပ်သတိထားရမှာတစ်ခုက ထိခိုက်ဒဏ်ရာတွေရလာတဲ့အခါ အနာပိုးဝင်တာမျိုးမဖြစ်အောင် အနာကိုသေသေချာချာဂရုစိုက်ဖို့ပါ။ အနာဖြစ်တဲ့အခါ အများကြီးဂရုမစိုက်နိုင်ရင်တောင်မှ အနာကိုသန့်စင်ဆေးကြောပြီး ပလာစတာကပ်ပေးတာမျိုးလုပ်ပေးမယ်ဆိုရင် နောက်ဆက်တွဲပိုးဝင်တာမျိုးမဖြစ်အောင်ကာကွယ်ပြီးဖြစ်ပါလိမ့်မယ်။ အနာကြီးရင်တော့ ပတ်တီးစည်းပေးတာမျိုးလုပ်ရပါမယ်။ ပလာစတာတွေ၊ပတ်တီးတွေက အနာထဲကိုပိုးမဝင်အောင်အကာအကွယ်ပေးနိုင်စွမ်းရှိကြပါတယ်။ ထိခိုက်ဒဏ်ရာအမျိုးအစားတွေ အရေပြားပေါက်ပြဲဒဏ်ရာ - အရေပြားအတွင်းပိုင်းအထိအောင်ထိခိုက်မိတဲ့ဒဏ်ရာမျိုးပါ။ ချွန်ထက်တဲ့ အရာတွေကိုကိုင်တွယ်အသုံးပြုရင်းက ထိခိုက်မိနိုင်ပါတယ်။ ဒီလိုမျိုးထိခိုက်ဒဏ်ရာတွေရတဲ့အခါ အနာနက်ရင်နက်သလောက်သွေးထွက်များနိုင်ပါတယ်။ ပြတ်ရှဒဏ်ရာ - ဓါးနဲ့ထိရှမိတာကြောင့်ဖြစ်နိုင်တဲ့ထိခိုက်ဒဏ်ရာမျိုးပါ။ အပေါ်ယံအရေပြားပြတ်ရှသွားတာဖြစ်တာကြောင့် အနာမရင်းစေဖို့နဲ့ အနာထဲကိုပိုးဝင်တာမျိုးမဖြစ်အောင်သေချာဂရုစိုက်ဖို့လိုပါလိမ့်မယ်။ ပွန်းပဲ့ဒဏ်ရာ - မာကျောကြမ်းတမ်းတဲ့မျက်နှာပြင်တစ်ခုခုနဲ့ပွတ်တိုက်မိတဲ့အခါမျိုးမှာ အရေပြားပွန်းပဲ့တာမျိုးဖြစ်နိုင်ပါတယ်။ ပုံမှန်အားဖြင့်တော့ ပွန်းပဲ့ဒဏ်ရာတွေကသွေးသိပ်ထွက်လေ့မရှိကြပါဘူး။ ဒါပေမယ့် ပိုးဝင်ကူးစက်တာမျိုးမဖြစ်အောင်သေသေချာချာဂရုစိုက်ဖို့တော့ လိုပါမယ်။ အရေပြားမှာ အပေါက်ဖြစ်စေတဲ့ထိုးစိုက်ဒဏ်ရာ - သံ၊အပ်၊ရေခဲခွဲတံလိုမျိုး ချွန်ထက်တဲ့အရာတွေနဲ့ ထိုးမိတာကြောင့်ဖြစ်တဲ့ထိခိုက်ဒဏ်ရာမျိုးပါ။သေနတ်ကျည်ဆန်မှန်တာကြောင့်လည်းဖြစ်နိုင်ပါသေးတယ်။ ဒီလိုဒဏ်ရာမျိုးကသွေးအများကြီးမထွက်ပေမယ့် ကိုယ်တွင်းအင်္ဂါတွေပျက်စီးစေနိုင်လောက်တဲ့အထိတော့ နက်တတ်ပါတယ်။ တကယ်လို့သင့်အနေနဲ့ အခုလိုထိခိုက်ဒဏ်ရာမျိုးရမယ်ဆိုရင်တော့ ဆရာဝန်ထံသွားပြတာကအကောင်းဆုံးဖြစ်ပါလိမ့်မယ်။မေးခိုင်ကာကွယ်ဆေးထိုးဖို့လည်းလိုအပ်ပါမယ်။ ထိခိုက်ဒဏ်ရာရတဲ့အခါဘယ်လိုဂရုစိုက်မလဲ ထိခိုက်ဒဏ်ရာတစ်ခုခုရလာတဲ့အခါ အရင်ဆုံးလုပ်ရမှာက […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း