backup og meta

မနက်ခင်းရေချိုး တာက ကျန်းမာရေးကိုထိခိုက်စေနိုင်လား

မနက်ခင်းရေချိုး တာက ကျန်းမာရေးကိုထိခိုက်စေနိုင်လား

တော်တော်များများက မနက်ခင်းရေချိုး ရတာကို မကြိုက်ကြပါဘူး။ မနက်ခင်းမှာ ရေကအရမ်းအေးတာကြောင့်လည်း မချိုးကြတာပါ။ မနက်ခင်း ရေစောစောချိုးတာက ရေအေးအေး၊ လေအေးအေးနဲ့ ထိတွေ့စေလို့ ဖျားတာနာတာနဲ့ အဆစ်ရောင်တာတွေလိုမျိုး ရောဂါတွေ ဖြစ်လာမယ်လို့ အများစုက လက်ခံထားကြတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီအတွေးတွေက ရာနှုန်းပြည့် မမှန်ပါဘူး။ မနက်ခင်းမှာ ရေချိုး တာက ခန္ဓာကိုယ်အတွက် ကောင်းကျိုးတွေ ရှိနေပါတယ်။ မနက်စောစောရေချိုးတာကို ဘာလို့ကောင်းတယ်လို့ ပြောရလဲဆိုတာကို နည်းနည်းလောက်ပြောပြပေးမယ်နော်။

မနက်ခင်းရေချိုး ပေးရင်

ရေချိုးတာက တစ်ကိုယ်ရည်သန့်ရှင်းမှုအတွက် အရေးပါတဲ့ အရာတစ်ခုပါ။ လူတစ်ယောက်ဟာ တစ်နေ့ကို အနည်းဆုံးရေတစ်ကြိမ်လောက်တော့ ချိုးသင့်ပါတယ်။ အချို့က မနက်ခင်းရေချိုးရတာ နှစ်သက်ပြီး အချို့ကတော့ ညပိုင်းချိုးရတာကို နှစ်သက်ကြပါတယ်။ တစ်နေ့တာ လုပ်ငန်းဆောင်တာတွေ မစတင်ခင်မှာ ရေချိုးပေးတာက တစ်နေကုန်သန့်ရှင်းလန်းဆန်းမှုကို ရရှိစေမှာဖြစ်ပါတယ်။ မနက်စောစောရေချိုးတာက ခန္ဓာကိုယ်အတွက် ဘယ်လိုအကျိုးပြုလဲဆိုတာကို ဆက်ကြည့်လိုက်ရအောင်ပါ။

  • စိတ်ကိုလန်းဆန်းစေနိုင်တယ်

မနက်ခင်းရေချိုးရင် အအေးမိတာ၊ တုပ်ကွေးဖြစ်တာတွေ ဖြစ်နိုင်တယ်ဆိုတဲ့ အယူအဆက အပြည့်အဝမမှန်ပါဘူး။ မနက်ခင်းမှာ ရေအေးအေးလေးချိုးလိုက်တာက စိတ်ရောလူပါ လန်းဆန်းသွားစေနိုင်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်တစ်ခုလုံးကို သက်သောင့်သက်သာဖြစ်စေပါတယ်။

  • ခန္ဓာကိုယ်ကို သန့်ရှင်းစေနိုင်တယ်

မနက်ခင်းရေချိုး တာကနေ ရရှိနိုင်မယ့် နောက်ထပ်အကျိုးကျေးဇူးတစ်ခုက ခန္ဓာကိုယ်ကို သန့်ရှင်းစေတာပါ။ ညဘက်မှာ ချွေးတွေ၊ Skin careတွေ လိမ်းပြီး အိပ်ထားတာဆိုတော့ မနက်ပိုင်းမှာ ရေချိုးလိုက်ရင် ခန္ဓာကိုယ်ကသန့်ပြီး နေလို့ ကောင်းမှာ ဖြစ်ပါတယ်။

မနက်ခင်း စောစောမှာ ရေချိုး ပေးတာက ကိုယ်ခံအားစနစ်ကို တိုးတက်ကောင်းမွန်အောင် အထောက်အကူ ပေးပါတယ်။ လေ့လာမှု အချို့အရ မနက်ခင်းမှာ ရေအေးအေးလေးနဲ့ ချိုးပေးတာက သွေးဖြူဥဆဲလ်တွေကို တိုးပွားစေပြီး ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေနိုင်တယ်လို့ သိရပါတယ်။ ဗိုင်းရပ်စ်တွေ၊ ဘက်တီးရီးယားတွေကြောင့် ကျန်းမာရေး ထိခိုက်နိုင်ခြေကိုလည်း လျော့ကျစေနိုင်ပါတယ်။

  • ကြွက်သားတွေ နာတာကို သက်သာစေတယ်

ညဘက်မှာ ခန္ဓာကိုယ်ကို ခွေခေါက်ပြီး အိပ်တာ၊ အိပ်တာ ပုံစံမကျတာ ရှိရင် မနက်ကျရင် ကြွက်သားတွေ တင်းပြီး နာနေမှာပါ။ ‌မနက်ခင်းမှာ ရေကြက်သီးနွေးနဲ့ ရေချိုးလိုက်တာက ကြွက်သားတွေ ပြေလျော့စေပြီး နာကျင်မှုကို သက်သာစေပါတယ်။

မနက်ခင်းရေချိုး ပေးတာက ခန္ဓာကိုယ်တွင်းက သွေးလည်ပတ်မှုကို ကောင်းမွန်စေနိုင်ပါတယ်။ ညဘက်မှာ မလှုပ်မယှက် အကြာကြီး လှဲနေတဲ့အတွက် အိပ်ရာနိုးလာတဲ့အခါ ခန္ဓာကိုယ် သွေးလည်ပတ်မှုက သိပ်မကောင်းဘဲ ဖြစ်နေတာမျိုး ဖြစ်နိုင်ပါတယ်။ တကယ်လို့ မနက်ခင်းစောစောမှာ ရေချိုးလိုက်မယ်ဆိုရင်တော့ ခန္ဓာကိုယ်က သက်သောင့်သက်သာ ဖြစ်သွားမှာ ဖြစ်ပါတယ်။ သွေးလည်ပတ်မှုကိုလည်း ပိုမို ကောင်းမွန်စေနိုင်ပြီး ခန္ဓာကိုယ်ကိုလည်း ကျန်းမာစေနိုင်မှာ ဖြစ်ပါတယ်။

  • ခန္ဓာကိုယ် တစ်ရှူးတွေကို ကျန်းမာစေနိုင်တယ်

မနက်ခင်းရေချိုး တာက ခန္ဓာကိုယ်မှာရှိတဲ့ တစ်ရှူးတွေကို ကျန်းမာစေနိုင်ပါတယ်။ မနက်ခင်းတိုင်း နေ့စဉ် ရေချိုးပေးမယ်ဆိုရင် အသားအရေကို ကောင်းမွန်စေပြီး ခြောက်သွေ့မှု ကင်းစင်စေမှာလည်း ဖြစ်ပါတယ်။ မနက်ခင်းမှာ ရေအေးနဲ့ ရေချိုးပေးတာက မျက်ကွင်းညိုတာနဲ့ မျက်နှာ အသားအရ မညီညာတာတွေကိုလည်း လျော့ပါးသက်သာစေနိုင်ပါတယ်။ ဒါတင်ပဲလား ဆိုတော့ မဟုတ်သေးပါဘူး။ မနက်ခင်းမှာ ရေချိုးတာက ခြေသည်းလက်သည်းတွေကို ကျန်းမာစေနိုင်ပြီး ခြောက်သွ့ကွဲအက်တာတွေကနေ ကင်းဝေးစေမှာ သေချာပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://hellogiggles.com/lifestyle/shower-night-vs-morning/

http://mottonen.blogspot.com/2016/04/bathing-in-early-morning-there-are-many.html

http://www.lifehack.org/381960/10-scientifically-proven-health-benefits-taking-bath

ယခုပုံစံ

04/03/2024

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မနက်ခင်းစောစောထတတ်သည့်အကျင့်ပျိုးထောင်သင့်ပုံ

သင်လုပ်မိနိုင်တဲ့ ရာသီအသားအရေထိန်းသိမ်းမှု အမှား ၈ချက်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Aye Thi Mon မှ ရေးသားသည်။ · 04/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement