ကာဗွန်မိုနောက်ဆိုက် (Carbon monoxide )ဟာ အနံ့ရော အရသာပါမရှိတဲ့ အဆိပ်ရှိတဲ့ ဓါတ်ငွေ့တစ်မျိုးဖြစ်ပါတယ်။ ကာဗွန်မိုနောက်ဆိုက် ကို ပမာဏ အများကြီး ရှူသွင်းမိခြင်းဟာ အန္တရာယ် ရှိပါတယ်။ ကာဗွန်မိုနောက်ဆိုက် ကို ရှူသွင်းလိုက်ရင် သူဟာ သွေးထဲဝင်သွားပြီး ဟီမိုဂလိုဘင် နဲ့ ပေါင်းကာ ကာဗွန်ဆီဟီမိုကလိုဘင် (Carboxyhemoglobin) ဖြစ်သွားပါတယ်။ ဟီမိုဂလိုဘင် ဟာ အောက်ဆီဂျင်ကို ကိုယ်ခန္ဓါ အစိတ်အပိုင်းတွေကို သယ်ဆောင်ပေးပါတယ်။ ကာဗွန်ဆီဟီမိုကလိုဘင် (Carboxyhemoglobin) ဖြစ်သွားရင် အောက်ဆီဂျင် သယ်နိုင်စွမ်းတွေ လျော့နည်းလာပါတယ်။ အောက်ဆီဂျင် မလုံလောက်မှုဟာ ဆဲလ်တွေကို ပျက်စီးစေပြီး သေစေနိုင်ပါတယ်။
လောင်စာတွေ မီးလောင်ကျွမ်းတဲ့အခါ ကာဗွန်မိုနောက်ဆိုက် ပါဝင်တဲ့ အခိုးအငွေ့တွေ ထွက်လာပါတယ်။ ကာဗွန်မိုနောက်ဆိုက် အိမ်အတွင်းမှာ ပိတ်မိခြင်းဟာ လူတွေနဲ့ တိရိစ္ဆာန်တွေအတွက် အန္တရာယ်ရှိပါတယ်။
ကာဗွန်မိုနောက်ဆိုက် ပမာဏအနည်းငယ်နဲ့ ထိတွေ့ခြင်းဟာ မြင်ရလောက်တဲ့ လက္ခဏာတွေ မပြတတ်ပါဘူး။ မပြင်းထန်တဲ့ ကာဗွန်မိုနောက်ဆိုက် အဆိပ်သင့်ခြင်းဟာ ခေါင်းကိုက်တာလောက်ပဲ ဖြစ်စေတတ်ပါတယ်။ ဖြစ်နိုင်တဲ့ လက္ခဏာတွေကတော့ ခေါင်းမူးခြင်း၊ ပျို့အန်ခြင်း၊ အားနည်းခြင်း၊ ဗိုက်နာခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူကျပ်ခြင်းနဲ့ စိတ်ရှုပ်ခြင်းတို့ပဲ ဖြစ်ပါတယ်။ ကာဗွန်မိုနောက်ဆိုက် ပမာဏ အများကြီး ရှူမိတယ်ဆိုရင် ဒါဟာ သင့်ကို ဒုက္ခရောက်စေပြီး သေစေနိုင်ပါတယ်။ အိပ်နေစဉ် (သို့) အရက်မူးနေတဲ့သူတွေမှာ ကာဗွန်မိုနောက်ဆိုက် အဆိပ်သင့်ခြင်းဟာ အခြားလက္ခဏာတွေ သတိမထားနိုင်ခင်မှာပဲ သေစေနိုင်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။