အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဝိတ်ချချင်တယ်၊ ကိုယ်အလေးချိန် တက်ချင်တယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ BMI ကို ထိန်းထားချင်တယ်။ ဒီ ရည်မှန်းချက်လေးတွေ အောင်မြင်စေဖို့ စားသောက်နည်းလေးတွေကို ဒီကဏ္ဍလေးမှာ လေ့လာလို့ ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

တူးနေတာတွေ စားမိရင် ကင်ဆာဖြစ် တတ်သလား

အကင်စားတဲ့အခါကျရင် တူးနေတဲ့နားလေးက ကြွပ်ကြွပ်ရွရွလေးနဲ့မို့ တခြားနေရာထက်စာရင် သူ့ကို ပိုစားချင်ကြတယ်။ တူးလို့ထွက်လာတဲ့အနံ့ကတောင် မွှေးသလိုလို ထင်ကြတယ်ဟုတ်။ လူကြီးတွေကတော့ တူးနေတာတွေ မစားနဲ့။ တူးနေတာတွေ စားမိရင် ကင်ဆာဖြစ် တတ်တယ်လို့ ဆိုကြတယ်။ ဒါက တကယ်ပဲလား။ တူးတဲ့အခါ ဒီလိုဓာတုပစ္စည်းတွေ ထွက်လာပါတယ် တူးတဲ့အခါ Acrylamide, HCAsနဲ့ PAHsဆိုတဲ့ ဓာတုပစ္စည်း ၃မျိုးထွက်လာပါတယ်။ တူးတာတွေ စားမိရင် ကင်ဆာဖြစ် တတ်တယ်ဆိုတဲ့ စကားကလည်း ဒီဓာတုပစ္စည်းတွေကြောင့် ဖြစ်လာတာပဲ ဖြစ်ပါတယ်။ Acrylamide ကတော့ သကြားဓာတ်ပါတဲ့ အစားအစာတွေ (ဥပမာ ဂလူးကို့စ်၊ ဖရက်စ်တို့) နဲ့ asparagine လို့ခေါ်တဲ့ အမိုင်နိုအက်စစ်တို့ ဓာတ်ပြုရာက ဖြစ်လာတာပါ။ လွယ်လွယ်ပြောရရင် ပေါင်မုန့်တို့၊ အာလူးတို့လို အစားအစာတွေကို အပူချိန်ပြင်းပြင်းနဲ့ အချိန်ကြာကြာ ချက်ပြုတ်တဲ့အခါ ထွက်လာတဲ့ ဓာတုပစ္စည်းပါ။ HCAsနဲ့ […]

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ ကို ရှာဖွေမည်။

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဆိုဒီယမ် နိုက်ထရိုက် အန္တရာယ်

လူတော်တော်များများရဲ့ နေ့စဉ် စားသုံးမှုမှာ ပြုပြင်ထားတဲ့ အသားတွေက မပါဝင်ဘူးဆိုတာ ခပ်ရှားရှား ဖြစ်လာပါပြီ။ တိုးတက်လာတဲ့ ခေတ်အခြေအနေကြောင့် ချက်ပြုတ်ဖို့ အချိန်မပေးနိုင်တာ၊ အရသာရှိတယ်လို့ ယူဆတာ၊ ချက်ပြုတ်ရ လွယ်ကူတာ၊ တာရှည်ခံတာ စသဖြင့် အမျိုးမျိုးသော အကြောင်းအရင်းတွေနဲ့ ပြုပြင်ထားတဲ့ အသားတွေ၊ အသင့်စားတဲ့ အစားအစာတွေကို အရင်တုန်းကထက် ပိုပြီး စားလာကြပါတယ်။ ဒီလို စားသုံးမှုက လူကြီးတွေ ကြားမှာတင် တိုးလာတာလားဆိုတော့ မဟုတ်သေးပါဘူး။ ကလေးတွေ ကြားမှာလည်း တော်တော်လေး များလာတာပါ။ ဒီလို ပြုပြင်ထားတဲ့ အသားတွေ၊ ကြက်အူချောင်း၊ ဝက်ပေါင်ခြောက်တို့လိုမျိုး စားစရာတွေထဲမှာ ပါဝင်နေတဲ့ ဆိုဒီယမ် နိုက်ထရိုက်က ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ နေ့စဉ်စားသုံးမှုမှာ ထည့်သွင်းစားသုံးမိနေတဲ့ အစားအစာတွေထဲက ဆိုဒီယမ် နိုက်ထရိုက် အန္တရာယ် အကြောင်းလေး […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

သွေးနီဥဆဲလ်တွေ ကျန်းမာစေဖို့

သွေးနီဥဆဲလ်တွေ က ခန္ဓာကိုယ်မှာရှိတဲ့ တစ်ရှူးတွေ နဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေဆီကို အောက်ဆီဂျင်တွေ ပို့ဆောင်ပေးဖို့နဲ့ ဆဲလ်တွေနဲ့ အဆုတ်တွေဆီကနေ ကာဗွန်ဒိုင်အောက်ဆိုက်ဒ်တွေကို သယ်ယူပေးဖို့ သွေးကြောတွေထဲမှာ လှည့်ပတ်နေပါတယ်။ အောက်ဆီဂျင်တွေက ခန္ဓာကိုယ်မှာ အင်အားပြည့်ဝနေစေဖို့ လုပ်ဆောင်ပေးသလို ဆဲလ်တွေ ရှင်သန်စေဖို့ လုပ်ဆောင်ပေးပါတယ်။ တကယ်လို့ ကိုယ်တွင်းမှာ သွေးနီဥဆဲလ်တွေ နည်းနေပြီဆိုရင် ဖြစ်ဖြစ်၊ သွေးနီဥဆဲလ်တွေက လုပ်ငန်းဆောင်တာတွေကို ကောင်းကောင်း မလုပ်ဆောင်နိုင်တော့ရင် ဖြစ်ဖြစ် ခန္ဓာကိုယ်မှာ အားနည်းလာပြီး အန္တရာယ်ရှိတဲ့ အနေအထား ဖြစ်စေနိုင်ပါတယ်။ သွေးနီဥဆဲလ် ဆိုတာ သွေးနီဥဆဲလ် ဆိုတာက သွေးဖြူဥ၊ သွေးရည်ကြည်၊ သွေးဥမွှားတွေ နည်းတူ သွေးအတွက် အရေးပါတဲ့ အရာတစ်ခုပါ။ သွေးနီဥဆဲလ်တွေထဲမှာ ဟီမိုဂလိုဘင်လို့ ခေါ်တဲ့ ပရိုတင်း တစ်မျိုး ပါဝင်နေပြီး အဆုတ်တွေ နဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေဆီကို […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဓာတ်ဆားတွေက နေမကောင်းဖြစ်မှသောက်ရတာလား

ဓာတ်ဆားသောက်တယ်ဆိုရင် ဝမ်းလျှောနေလို့လား။ နေမကောင်းဘူးလား စသဖြင့် မေးတာမြန်းတာ ခံရမှာပါ။ ဘာကြောင့်လဲဆိုတော့ ဓာတ်ဆားဆိုတာ နေမကောင်းတဲ့သူတွေပဲ သောက်ရတယ်လို့ သိထားကြတာကိုး။ ဓာတ်ဆားတွေက နေမကောင်းတဲ့အချိန်ပဲသောက်ရတာလား။ သာမန်အချိန်တွေမှာရော သောက်လို့မရဘူးလား။ ဓာတ်ဆားတွေမှာ ဘာတွေပါဝင်သလဲ။ ဓာတ်ဆားတွေမှာ ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ ဆားဓာတ်တွေဖြစ်တဲ့ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကလိုရိုက်၊ မဂ္ဂနီဆီယမ်၊ ကယ်ဆီယမ် စတာတွေပါဝင်ပါတယ်။ တချို့ ဓာတ်ဆားတွေမှာ ဂလူးကို့စ်လို့ခေါ်တဲ့ သကြားဓာတ်ပါပါတယ်။ ဒါတွေကို ရေနဲ့ ဖျော်ပြီးသောက်လိုက်တဲ့အခါ ခန္ဓာကိုယ်ထဲကို ဓာတ်ဆားတွေ၊ ရေတွေ၊ သကြားဓာတ်တွေ ရောက်သွားပြီး ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ပါတယ်။ ဓာတ်ဆား သောက်ရတဲ့ ရည်ရွယ်ချက် ဓာတ်ဆားရဲ့ အဓိကအလုပ်ကတော့ ဆုံးရှုံးသွားတဲ့ ရေနဲ့ ဆားဓာတ်တွေကို ပြန်လည်ဖြည့်တင်းပေးတာပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ရေနဲ့ ဓာတ်ဆား ဆုံးရှုံးတဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်တဲ့ ဝမ်းလျှောတာ၊ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

မနက်စောစော ကော်ဖီ သောက်ခြင်း နဲ့ ကျန်းမာရေး

မနက်ခင်းလေးကို ကော်ဖီ သောက်ရတာက အရသာရှိလှတဲ့ မနက်ခင်း အလေ့အထလေး တစ်ခုပါ။ အိပ်ရာထ မျက်နှာသစ်ပြီးတာနဲ့ ကော်ဖီပူပူလေး သောက်လိုက်ရမှ စိတ်ကျေနပ်တယ်။ တစ်နေကုန်ကို အလုပ်တွေ ကောင်းကောင်း လုပ်နိုင်တယ်ဆိုတဲ့ သူလေးတွေ ရှိလား ...... ဒီတစ်ခေါက်တော့ မနက်စောစော ကော်ဖီ သောက်ခြင်း နဲ့ ကျန်းမာရေး အကြောင်းကို ပြောပြပေးမှာမို့ မနက်ခင်း ကော်ဖီ သောက်ဖို့ ကော်ဖီခွက်ကို မကိုင်ခင် ဒီဆောင်းပါးလေးကို အရင်ဖတ်ကြည့်လိုက်ပါ။ ကော်ဖီ ကျန်းမာစေသလား...... ကော်ဖီက သောက်ရေပြီးရင် လူကြိုက် အများဆုံး သောက်စရာ တစ်မျိုးပါ။ ကော်ဖီကို မသောက်တဲ့သူက ခပ်ရှားရှားပါ။ ကော်ဖီက ကျန်းမာစေတာကြောင့်လည်း ပါတာပေါ့။ ကော်ဖီ စိတ်ရော ကိုယ်ပါ ကျန်းမာစေပါတယ်။ ကော်ဖီ စစ်စစ်က နှလုံး ကျန်းမာစေနိုင်သလို တက်​ကြွလန်းဆန်းစေနိုင်ပါတယ်။ ပင်ပန်းမှုတွေကို ပြေပျောက်စေပြီး […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

နွေပူပူမှာ စားပေးသင့်တဲ့ ဟင်းသီးဟင်းရွက်လေးတွေ

နွေပူလာရင် အတော်လေး နေရခက်တာပါ။ နေပူချိန် အရမ်းပြင်းတဲ့အခါ နေ့ခင်းဘက်မှာ ပူသလို ညဘက်တွေမှာလည်း အရမ်းပူပါတယ်။ ဒီလို ပူပြင်းနေချိန်မှာ ကျန်းမာပြီး ခန္ဓာကိုယ်က အပူချိန်ကို ခံနိုင်စေဖို့ စားပေးသင့်တဲ့ အသီးအနှံလေးတွေက သပ်သပ်ကို ရှိတာပါ။ ဒီတော့ နွေပူပူမှာ စားပေးသင့်တဲ့ ဟင်းသီးဟင်းရွက်လေးတွေ က ဘာတွေများ ဖြစ်မလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ နွေရာသီမှာ မှန်ကန်စွာ စားသောက်မိဖို့ လိုပါမယ် နွေပူပူမှာ အပူအစပ်တွေ၊ အချဉ်ကဲတာ၊ အငန်ကဲတာတွေကို ရှောင်ဖို့ လိုသလို ရေဓာတ် ခမ်းခြောက်စေနိုင်တဲ့ ကော်ဖီ၊ လက်ဖက်ရည်နဲ့ အချိုရည်တော်တော်များများကိုလည်း မသောက်သုံးသင့်ပါဘူး။ နောက်တစ်ချက်ကတော့ ရေဓာတ်ပြည့်ဝစေမယ့် အသီးအနှံတွေ စားပေးဖို့နဲ့ ရေများများသောက်ပေးဖို့ပါ။ အုန်းစိမ်းရည်လိုမျိုး သဘာဝ အချိုရည်လေးတွေကိုလည်း သောက်သုံးပေးလို့ ရပါတယ်။ နွေရာသီမှာ ဆီကြော်စာတွေ စားတာကလည်း နေထိုင်မကောင်း ဖြစ်စေနိုင်ပါတယ်။ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကျန်းမာစေဖို့ မနက်စောစော သောက်ပေးသင့်တဲ့ သောက်စရာတွေက

ကျန်းမာတာကို မနှစ်သက်သူရယ်လို့ မရှိပါဘူး။ ကျန်းမာမှလည်း လုပ်ငန်းကိုင်ငန်းတွေကို ကောင်းစွာ လုပ်ကိုင်နိုင်မှာ ဖြစ်သလို နေ့စဉ်ဘဝကိုလည်း ပျော်ရွှင် ကျန်းမာစွာ ကျော်ဖြတ်နိုင်မှာပါ။ ဒါကြောင့်လည်း ကျန်းမာခြင်းသည် လာဘ်တစ်ပါးလို့ ဆိုကြတာပေါ့။ ဒီတစ်ခေါက်တော့ ကျန်းမာစေဖို့ မနက်စောစော သောက်ပေးသင့်တဲ့ သောက်စရာတွေက ဘာတွေလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ကျန်းမာစေဖို့ မနက်စောစော သောက်ပေးသင့်တဲ့ သောက်စရာတွေက ကျန်းမာစေဖို့ မနက်စောစော သောက်ပေးသင့်တဲ့ သောက်စရာလေးတွေ ရှိပါတယ်။ ဒါတွေက ဘာတွေ ဖြစ်မလဲ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ သောက်ရေ ခန္ဓာကိုယ် အတွင်းရော အပြင်ပါ ကျန်းမာစေဖို့ မနက်စောစောမှာ သောက်ပေးသင့်တဲ့ ပထမဆုံးသော သောက်စရာ တစ်ခုက သောက်ရေပါ။ သောက်ရေ သန့်သန့်လေးကို အိပ်ရာနိုးနိုးချင်းမှာ သောက်ပေးတာက အစာခြေစနစ်ကို ကျန်းမာစေပြီး ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးသလို ဇီဝကမ္မဖြစ်စဉ်တွေကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။ လက်ဖက်စိမ်း […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

သောက်သုံးရေက ဘေးမကင်းဘူးဆိုတာကို သိရှိနိုင်မယ့် လက္ခဏာတွေက ဘာတွေလဲ

ရေအသက် တစ်မနက်ပါ။ ခန္ဓာကိုယ်မှာ ရေဓာတ်က ၆၀% ကျော်ပါဝင်နေတာကြောင့် ရေဓာတ်က ပြည့်ဝဖို့က အတော်လေး အရေးကြီးတာပါ။ ရေဓာတ်ပြည့်ဝဖို့ ရေသောက်တယ်ဆိုတဲ့နေရာမှာလည်း ကျန်းမာဖို့ဆိုရင် သန့်ရှင်းတဲ့ သောက်သုံးရေ ကို သောက်ဖြစ်ဖို့ လိုပါမယ်။ သောက်ရေဆိုတိုင်း ရေသန့်တာမဟုတ်သလို ရေကြည်တိုင်းလည်း ရေသန့်လို့ မဆိုသာပါဘူး။ ဒီတစ်ခေါက်တော့ နေ့စဉ် သောက်သုံးနေတဲ့ သောက်သုံးရေက သန့်ရဲ့လား။ ဘေးကင်းရဲ့လား။ ဘေးမကင်းဘူးဆိုရင် ဘယ်လို လက္ခဏာတွေ တွေ့ရနိုင်လဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖော်ပြပေးသွားပါမယ်။ သောက်သုံးရေက ဘေးမကင်းဘူးဆိုတာကို သိရှိနိုင်မယ့် လက္ခဏာတွေက ဘာတွေလဲ ရေက အသက်ရှင်နေထိုင်ရေးအတွက် အတော်လေး အရေးပါပါတယ်။ ချက်ပြုတ်ဖို့ရော လျှော်ဖွတ်ဖို့ရော၊ သောက်ဖို့ရော၊ ချိုးဖို့ရောပေါ့။ ဒီလို အသုံးပြုနေရတဲ့ ရေတွေက သန့်ရှင်းဖို့ လိုပါမယ်။ အထူးသဖြင့် ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်ပေးနေတဲ့ သောက်ရေပေါ့။ ဒီတော့ နေ့စဉ် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

နွေပူပူအတွက် သောက်စရာ

နွေပူပူမှာ ရင်ကို အေးမြသွားစေမယ့် သောက်စရာလေးတွေကို လူတိုင်း တောင့်တမိမယ် ထင်ပါတယ်။ ဒီတစ်ခေါက်တော့ နွေပူပူမှာ လူတိုင်း တောင့်တမိတတ်တဲ့ သောက်စရာ အေးအေးလေးတွေထဲက ကျန်းမာရေးနဲ့ ညီညွတ်ပြီး နွေအပူဒဏ်ကို သက်သာစေမယ့် သောက်စရာလေးတွေ အကြောင်း ပြောပြပေးချင်ပါတယ်။ နွေပူပူအတွက် သောက်စရာ ဘာတွေများ ဖြစ်မလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်လား။ နွေပူပူအတွက် သောက်စရာ မကြာခင်မှာ နွေရောက်လာတော့မှာပါ။ အပူချိန်တွေက အခုချိန်ကတည်းက စပြီး မြင့်တက်စပြုနေပါပြီ။ ချွေးတွေ တအား ထွက်တာ၊ ခြေကုန်လက်ပမ်းကျတာ၊ နေရထိုင်ရတာ ငြီးစီစီ ဖြစ်တာတွေကို ခံစားနေရတာ လူတိုင်းနီးပါးပါ။ ဒီတော့ နွေပူပူအတွက် သောက်စရာ ကောင်းကောင်းလေးတွေကို သိထားဖို့တော့ လိုပြီနော်။ ဒီလို ကာလမှာ ကျန်းမာနေစေဖို့ဆိုရင် ရေဓာတ်ပြည့်ဝဖို့ လိုပါမယ်။ ဒီလို ရေဓာတ် ပြည့်ဝအောင် ဖြည့်တင်းတဲ့နေရာမှာလည်း […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

Electrolytes ကြွယ်ဝဖို့ စားပေးသင့်တာလေးများ

Electrolytes ဆိုတဲ့စကားကို ဓာတ်ဆားရည်နဲ့ တွဲမြင်ကြမယ်ထင်ပါတယ်။ အားကစားတွေ ပြင်းပြင်းထန်ထန်လုပ်ပြီးချိန်မှာ ဆုံးရှုံးသွားတဲ့ ရေဓာတ်နဲ့ Electrolytesတွေကို ပြန်ဖြည့်ဖို့ဆိုပြီး ဓာတ်ဆားရည်ကို သောက်ကြတယ်လေ။ ဒီလိုဆို မေးစရာရှိတာက Electrolytes ကို ဓာတ်ဆားကနေပဲ ရနိုင်တာလား။ အခြား အစားအစာ အရင်းအမြစ်တွေကနေရော မရနိုင်ဘူးလားလို့ပါ။ ဒီအဖြေလေးကို သေသေချာချာ သိရှိနိုင်ဖို့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ရအောင်နော်။ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာ အများစုအတွက် electrolytes ကို လိုအပ်ပါတယ်။ Electrolytesဆိုတာ အာရုံကြောတွေ၊ ကြွက်သားတွေ ကျန်းမာစေဖို့ ကောင်းစွာ လှုပ်ရှား လုပ်ဆောင်နိုင်စေဖို့၊ သွေးပေါင်ချိန် ထိန်းညှိဖို့၊ ရေဓာတ်ပြည့်ဝနေစေဖို့ Electrolytes က မရှိမဖြစ်ပါပဲ။ Electrolytes တွေက အစားအစာတွေထဲမှာ မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓာတ်တွေအနေနဲ့ ရှိနေပါတယ်။ ဥပမာပြောပြရရင် Electrolytes တွေက အစားအစာတွေထဲမှာ ကယ်လ်ဆီယမ် ကလိုရိုက် မဂ္ဂနီဆီယမ် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အသားအရေ လှချင်လား ..... ကန်စွန်းရွက် စားပါ

ကန်စွန်းရွက်၊ ကန်စွန်းပလိန်းတွေကို ထမင်းပူပူလေးနဲ့ တွဲစားရတာ အတော်လေး အရသာရှိပါတယ်။ ဒီလို အရသာရှိတဲ့ ကန်စွန်းရွက်လေးက အစာခြေစနစ်ကို ကျန်းမာစေနိုင်သလို ကျန်းမာရေးအတွက် အကျိုးကျေးဇူး များတယ်ဆိုတာကိုတော့ သိထားပြီးသားဖြစ်မှာပါ။ ဒါပေမယ့် ကန်စွန်းရွက်လေးက အသားအရေ လှပစေတယ်ဆိုတာကိုတော့ သိသူနည်းဦးမယ် ထင်ပါတယ်။ ဒါကြောင့် အသားအရေ လှချင်တယ်ဆိုရင် ကန်စွန်းရွက် စားပေးလို့ ရကြောင်း သတင်းကောင်းလေး ပါးချင်ပါတယ်။ ကန်စွန်းရွက် ဆိုတာ ကန်စွန်းရွက် ဆိုတာ ထွေထွေထူးထူး ပြောပြစရာ မလိုဘဲ လူတိုင်း လိုလို သိပြီး ဖြစ်မှာပါ။ အရွက်ရော ရိုးတံပါ စိမ်းနေပြီး အရွက် ချွန်ချွန်လေးနဲ့ အရိုးပွပွလေး ရှိသလို အရွက် ဖားဖားနဲ့ အရိုးပွပွ ကန်စွန်းတွေလည်း ရှိပါတယ်။ ရေထဲမှာ ပေါက်ရောက်တတ်ကြပြီး မြေကြီးမှာ ပေါက်တဲ့ ကန်စွန်းလည်း ရှိပါတယ်။ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)