backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ဓာတ်ဆားတွေက နေမကောင်းဖြစ်မှသောက်ရတာလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 08/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဓာတ်ဆားတွေက နေမကောင်းဖြစ်မှသောက်ရတာလား

ဓာတ်ဆားသောက်တယ်ဆိုရင် ဝမ်းလျှောနေလို့လား။ နေမကောင်းဘူးလား စသဖြင့် မေးတာမြန်းတာ ခံရမှာပါ။ ဘာကြောင့်လဲဆိုတော့ ဓာတ်ဆားဆိုတာ နေမကောင်းတဲ့သူတွေပဲ သောက်ရတယ်လို့ သိထားကြတာကိုး။ ဓာတ်ဆားတွေက နေမကောင်းတဲ့အချိန်ပဲသောက်ရတာလား။ သာမန်အချိန်တွေမှာရော သောက်လို့မရဘူးလား။

ဓာတ်ဆားတွေမှာ ဘာတွေပါဝင်သလဲ။

ဓာတ်ဆားတွေမှာ ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ ဆားဓာတ်တွေဖြစ်တဲ့ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကလိုရိုက်၊ မဂ္ဂနီဆီယမ်၊ ကယ်ဆီယမ် စတာတွေပါဝင်ပါတယ်။ တချို့ ဓာတ်ဆားတွေမှာ ဂလူးကို့စ်လို့ခေါ်တဲ့ သကြားဓာတ်ပါပါတယ်။ ဒါတွေကို ရေနဲ့ ဖျော်ပြီးသောက်လိုက်တဲ့အခါ ခန္ဓာကိုယ်ထဲကို ဓာတ်ဆားတွေ၊ ရေတွေ၊ သကြားဓာတ်တွေ ရောက်သွားပြီး ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ပါတယ်။

ဓာတ်ဆား သောက်ရတဲ့ ရည်ရွယ်ချက်

ဓာတ်ဆားရဲ့ အဓိကအလုပ်ကတော့ ဆုံးရှုံးသွားတဲ့ ရေနဲ့ ဆားဓာတ်တွေကို ပြန်လည်ဖြည့်တင်းပေးတာပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ရေနဲ့ ဓာတ်ဆား ဆုံးရှုံးတဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်တဲ့ ဝမ်းလျှောတာ၊ အန်တာ၊ ဖျားနာတာတွေမှာ သောက်ဖို့ ဆရာဝန်တွေက ညွှန်ကြားတာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီလိုနေမကောင်းဖြစ်မှ မဟုတ်ဘဲ ရေနဲ့ ဓာတ်ဆား ဆုံးရှုံးတဲ့ ဘယ်လိုအခြေအနေမျိုးမှာမဆို သောက်လို့ရပါတယ်။ နေမကောင်းဖြစ်မှ မဟုတ်ပါဘူး။ လူက ကျန်းမာနေပေမယ့် ဒီလိုအခြေအနေမျိုးမှာဆိုရင် ရေနဲ့ ဆားဓာတ်ဆုံးရှုံးနိုင်လို့ ဓာတ်ဆား သောက်ဖို့ လိုပါတယ်။ သောက်လည်း သောက်သင့်ပါတယ်။

  • လေ့ကျင့်ခန်းအပြင်းအထန်လုပ်တဲ့သူ
  • ချွေးထွက်များတဲ့သူ
  • နေပူထဲမှာ အကြာကြီးအလုပ်လုပ်တဲ့သူတွေ
  • တစ်နေကုန်အလုပ်တွေများပြီး အစာစားဖို့ လွတ်သွားတဲ့သူတွေ (ဂလူးကို့စ်ပါတဲ့ ဓာတ်ဆားတွေကို အလွယ်ဆုံး ဖြေရှင်းနည်းအနေနဲ့ သွေးတွင်းသကြားဓာတ်ထိုးကျမသွားအောင် သောက်နိုင်ပါတယ်။ ပြီးရင်တော့ အစားစားဖို့ လိုပါတယ်။)
  • ဆီးဆေး၊ ဝမ်းနှုတ်ဆေးတွေ သောက်နေတဲ့သူတွေ
  • အရက်အလွန်အကျွံသောက်တတ်သူတွေက နေမကောင်းတာ မဟုတ်ပေမယ့် သောက်ဖို့ လိုအပ်ပါတယ်။

ဒါကြောင့် ဓာတ်ဆားတွေက နေမကောင်းဖြစ်မှ သောက်ရတဲ့ လူမမာစာမဟုတ်ဘဲ ရေနဲ့ ဓာတ်ဆား ဆုံးရှုံးတဲ့ ဘယ်လိုအခြေအနေမျိုးမှာမဆို သောက်လို့ရပါတယ်။

သင့်ခန္ဓာကိုယ်က ဓာတ်ဆား လိုအပ်နေပြီလို့ ပြသနေတဲ့လက္ခဏာများ

ဓာတ်ဆားတွေက နေမကောင်းဖြစ်မှသောက်ရတာလား

တစ်ခါတလေ ကိုယ်ကကျန်းမာနေပေမယ့် ခန္ဓာကိုယ်ထဲမှာ ဓာတ်ဆား မလုံလောက်လို့ ဖြည့်ဖို့ လိုအပ်နေပြီလို့ အချက်ပြနေတာ ရှိပါတယ်။ ဒါမျိုးဆို ကိုယ်က နေမကောင်း မဖြစ်တာ မှန်ပေမယ့် ဓာတ်ဆား သောက်ဖို့ လိုအပ်ပါတယ်။ ဥပမာ

  • အကြောင်းအရင်းမရှိဘဲ မကြာခဏ ခေါင်းကိုက်တာ
  • နုံးပြီး ခေါင်းတွေ မူးနေတာ
  • အားမရှိသလို ခံစားရတာ
  • အရိုးအဆစ်တွေနာတာ
  • ကြွက်တက်တာ
  • ကြွက်သားတွေ နာပြီး ညောင်းနေတာ စတဲ့အခြေအနေတွေကလည်း ရေနဲ့ ဓာတ်ဆားမလုံလောက်လို့ ဖြစ်နိုင်ပါတယ်။

ဒီလိုလက္ခဏာတွေခံစားနေရရင်လည်း ဓာတ်ဆားသောက်ပြီး ခဏအနားယူကြည့်ပါ။ အများစုက ပြန်သက်သာသွားကြပါတယ်။ တကယ်လို့ ရက်ရှည်ခံစားနေရမယ်။ တခြားလက္ခဏာတွေလည်း ရှိနေမယ်ဆိုရင်တော့ ကျန်းမာရေးပြဿနာတစ်ခုခုကြောင့်လားဆိုတာ သိရအောင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

ဆားဓာတ်ချို့တဲ့ခြင်းရဲ့ နောက်ဆက်တွဲပြဿနာ

ကိုယ်ထဲမှာ ဆားဓာတ်တွေ ချို့တဲ့နေပြီ။ ဒါပေမယ့် ကိုယ်က နေကောင်းနေတာကြောင့် ဓာတ်ဆားတွေကို ပြန်မဖြည့်ဘူးဆိုရင် ဓာတ်ဆားတွေ တဖြည်းဖြည်း လျော့နည်းလာပြီး

ဒါကြောင့် နေကောင်းနေပေမယ့် ကိုယ်ထဲက ဆားဓာတ်ချို့တဲ့တဲ့ လက္ခဏာတွေကို သတိထားပြီး ပြန်လည်ဖြည့်ပေးဖို့ လိုပါတယ်။

ဓာတ်ဆားဆိုတာ နေမကောင်းဖြစ်တဲ့သူတွေအတွက်လား

ဓာတ်ဆားကို အန်တဲ့သူ၊ ဝမ်းလျှောတဲ့သူ၊ ဖျားနာနေတဲ့သူတွေ သောက်ရတယ်ဆိုပေမယ့် နေမကောင်းဖြစ်မှ သောက်ရတဲ့ ဓာတ်စာမဟုတ်ပါဘူး။
ရေနဲ့ ဓာတ်ဆားဆုံးရှုံးတဲ့ အခြေအနေ၊ ကိုယ်ထဲမှာ ဓာတ်ဆားလျော့နည်းနေတဲ့ ဘယ်အခြေအနေမှာမဆို သောက်လို့ရပါတယ်။ နေကောင်းနေပေမယ့် မိမိမှာ ရေနဲ့ ဓာတ်ဆားဆုံးရှုံးနိုင်တဲ့ ပြဿနာရှိနေရင်၊ ဓာတ်ဆားလျော့နည်းနေတဲ့ လက္ခဏာတွေ ရှိနေရင် ဓာတ်ဆားသောက်ပြီး ပြန်ဖြည့်တင်းပေးဖို့ လိုပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 08/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement