အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဝိတ်ချချင်တယ်၊ ကိုယ်အလေးချိန် တက်ချင်တယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ BMI ကို ထိန်းထားချင်တယ်။ ဒီ ရည်မှန်းချက်လေးတွေ အောင်မြင်စေဖို့ စားသောက်နည်းလေးတွေကို ဒီကဏ္ဍလေးမှာ လေ့လာလို့ ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

တူးနေတာတွေ စားမိရင် ကင်ဆာဖြစ် တတ်သလား

အကင်စားတဲ့အခါကျရင် တူးနေတဲ့နားလေးက ကြွပ်ကြွပ်ရွရွလေးနဲ့မို့ တခြားနေရာထက်စာရင် သူ့ကို ပိုစားချင်ကြတယ်။ တူးလို့ထွက်လာတဲ့အနံ့ကတောင် မွှေးသလိုလို ထင်ကြတယ်ဟုတ်။ လူကြီးတွေကတော့ တူးနေတာတွေ မစားနဲ့။ တူးနေတာတွေ စားမိရင် ကင်ဆာဖြစ် တတ်တယ်လို့ ဆိုကြတယ်။ ဒါက တကယ်ပဲလား။ တူးတဲ့အခါ ဒီလိုဓာတုပစ္စည်းတွေ ထွက်လာပါတယ် တူးတဲ့အခါ Acrylamide, HCAsနဲ့ PAHsဆိုတဲ့ ဓာတုပစ္စည်း ၃မျိုးထွက်လာပါတယ်။ တူးတာတွေ စားမိရင် ကင်ဆာဖြစ် တတ်တယ်ဆိုတဲ့ စကားကလည်း ဒီဓာတုပစ္စည်းတွေကြောင့် ဖြစ်လာတာပဲ ဖြစ်ပါတယ်။ Acrylamide ကတော့ သကြားဓာတ်ပါတဲ့ အစားအစာတွေ (ဥပမာ ဂလူးကို့စ်၊ ဖရက်စ်တို့) နဲ့ asparagine လို့ခေါ်တဲ့ အမိုင်နိုအက်စစ်တို့ ဓာတ်ပြုရာက ဖြစ်လာတာပါ။ လွယ်လွယ်ပြောရရင် ပေါင်မုန့်တို့၊ အာလူးတို့လို အစားအစာတွေကို အပူချိန်ပြင်းပြင်းနဲ့ အချိန်ကြာကြာ ချက်ပြုတ်တဲ့အခါ ထွက်လာတဲ့ ဓာတုပစ္စည်းပါ။ HCAsနဲ့ […]

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ ကို ရှာဖွေမည်။

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အစပ်စားပြီးရင် ဒါတွေ မလုပ်ပါနဲ့။

ငရုတ်သီး စပ်စပ်လေး၊ ဘာလေး စားစား စပ်စပ်လေးဆိုမှ ခံတွင်းတွေ့တယ်ဆိုတဲ့ သူလေးတွေရှိလား ..... အစပ် စားတယ်။ ပြီးရင် ဗိုက်အောင့်တယ်ဆိုတဲ့ သံသရာထဲမှာ ပျော်မွေ့ရင်း အစပ်တွေကို စားမိနေတယ်ဆိုရင်တော့ ရေရှည်မှာ အစာအိမ်နဲ့ အူလမ်းကြောင်းကို ထိခိုက်လာနိုင်တယ်ဆိုတာ သတိရစေချင်ပါတယ်။ ဒါကြောင့် အစပ်စားပြီးရင် ဒါတွေ မလုပ်ပါနဲ့။ ဒီတော့ အစပ်စားရင်း အစာအိမ်နဲ့ အူလမ်းကြောင်းကို ထိခိုက်မှု နည်းနိုင်သမျှနည်းအောင် ဘယ်အချက်လေးတွေကို သတိထားရမလဲဆိုတာလေးတွေကို ပြောပြပေးချင်ပါတယ်။ အစပ်က အစာအိမ်ကို ထိခိုက်စေနိုင်သလား ....... ငရုတ်သီးက ဗီတာမင် C ကြွယ်ဝတာကြောင့် ကိုယ်ခံအား ကောင်းစေတယ်။ အသားအရေ လှစေတယ်ဆိုပေမယ့် အလွန်အကျွံ စားရင်တော့ အစာအိမ်နဲ့ အူလမ်းကြောင်းကို ထိခိုက်စေနိုင်ပါတယ်။ အစပ် အလွန်အကျွံစားတာက ရင်ပူတာလိုမျိုး အစာခြေစနစ် ပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။ ငရုတ်သီး ဆိုတဲ့နေရာမှာ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဆိုဒါ သောက်ပေးတဲ့အခါ

ယနေ့ခေတ်မှာ အများစု လက်ခံထားကြတာက ဆိုဒါ ဆိုရင် ကျန်းမာရေးကို ထိခိုက်စေတဲ့ အရာလို့ပေါ့။ ဆိုဒါထဲမှာ သကြားတွေ အများကြီးပါဝင်နေတယ်။ ဒီတော့ ဆိုဒါသောက်ရင် နာတာရှည် ရောဂါတွေ ဖြစ်ကြတဲ့ အမျိုးအစား (၂) ဆီးချိုရောဂါနဲ့ အဝလွန်တာကို ဖြစ်စေမယ်လို့ပေါ့။ ဆိုဒါက ဒီလောက် ဆိုးတာတော့ မဟုတ်ပါဘူး။ ဆိုဒါကို တစ်ခါတလေ သောက်သုံးတာက ကျန်းမာရေးကို မထိခိုက်စေပေမယ့် အချိုတွေ၊ ကဖင်းတွေ ထည့်သွင်းထုတ်လုပ်ထားတဲ့ ဆိုဒါတွေကို အလွန်အကျွံ သောက်သုံးတာက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဆိုဒါ သောက်ပေးတဲ့အခါ ဆိုဒါသီးသန့် သောက်သုံးတာက အပေါ်မှာ ပြောခဲ့သလို ကျန်းမာရေးကို မထိခိုက်စေနိုင်ပါဘူး။ ဆိုဒါက တစ်နည်းအားဖြင့် ပြောမယ်ဆိုရင်တော့ Carbonated water ပါ။ ကာဗွန်ပါဝင်နေတာကြောင့် ကျန်းမာရေးကို အထောက်အကူပေးနိုင်ပါတယ်။ ဆိုဒါ သောက်တာက ကျန်းမာရေးကို ဘယ်လို ထောက်ကူပေးလဲဆိုတာကို […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကိုယ့်ကိုယ်ကို ရေသောက်ဖို့ ဘယ်လိုသတိပေးမလဲ။

ခန္ဓာကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းက ရေဓာတ်နဲ့ ဖွဲ့စည်းထားတာကြောင့် တစ်နေ့တာမှာ လုံလောက်တဲ့ ရေဓာတ်ရဖို့က အရေးကြီးပါတယ်။ ဒါပေမယ့် အများစုက တစ်နေ့တာ ရေလိုအပ်ချက်ကို ပြည့်မီအောင် မသောက်မိတတ်ကြပါဘူး။ ဒါကြောင့် ရေသောက်ဖို့ ကိုယ့်ကိုယ်ကို သတိပေးနေဖို့ လိုပါတယ်။ ရေသောက်ဖို့ ဘာကြောင့်အရေးကြီးတာလဲ။ ခန္ဓာကိုယ်တစ်ခုလုံးက ဇီဝဖြစ်စဉ်တွေ ကောင်းကောင်း အလုပ်လုပ်နိုင်ဖို့ ရေဓာတ်က လိုအပ်ပါတယ်။ ရေဓာတ်လုံလုံလောက်လောက် မရဘူးဆိုရင် ခန္ဓာကိုယ်မှာ ရေဓာတ်ခမ်းခြောက်လာပြီး ပါးစပ်ခြောက်တာ၊ ခေါင်းကိုက်တာ၊ ခေါင်းမူးတာ၊ နုံးတာ၊ မျက်တွင်းချောင်တာ၊ သွေးပေါင်ကျတာ၊ ရင်တုန်တာ၊ ကယောင်ကတမ်းတွေ ဖြစ်တာအထိ  ဖြစ်လာနိုင်ပါတယ်။ တစ်နေ့ ရေဘယ်လောက် သောက်ကြမလဲ။ ဒါက သိပ်ကို ယေဘုယျ ဆန်တဲ့ မေးခွန်းပါ။ ပြောနေကျစကားကတော့ တစ်နေ့ကို ရေ၈ဖန်ခွက်ဆိုပေမယ့် ဒါက လူတိုင်းအတွက်တော့ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ကိုယ်အလေးချိန်၊ ကိုယ်လက်လှုပ်ရှားမှု၊ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဘီယာ သောက်ရင်း ကျန်းမာကြမယ်။

ဘီယာ သောက်ရင် ကောင်းတယ်လို့ ပြောလိုက်တော့ ဘီယာကြိုက်သူတွေအတွက်တော့ သတင်းကောင်းတစ်ရပ်လိုဖြစ်ပြီး အရမ်း ဝမ်းသာသွားမယ် ထင်ပါတယ်။ လူတွေက လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်း များစွာကာလတွေကတည်းက ဘီယာကို သောက်သုံးခဲ့ကြတာပါ။ ဒီလို သိတ်အပန်းဖြေစရာ အနေနဲ့ သောက်သုံးနေကြတဲ့ ဘီယာက ကျန်းမာရေးအတွက် ဘယ်လို အထောက်အကူပြုပေးလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ ဘီယာမှာပါတဲ့ အာဟာရဓာတ်တွေက ဘာတွေလဲ။ အယ်လ်ကိုဟောပါတဲ့ သောက်စရာ တစ်မျိုးဖြစ်တဲ့ ဘီယာမှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ ကယ်လ်လိုရီ ပရိုတင်း ကာဗိုဟိုက်ဒရိတ် နီကာဆင် Riboflavin ခိုလင်း ဖောလိတ် မဂ္ဂနီဆီယမ် ဖော့စဖရိတ် ဆီလီနီယမ် ဗီတာမင် B12 တို့ ပါဝင်နေပါတယ်။ ဘီယာ သောက်ရင်း ကျန်းမာကြမယ်။ ဘီယာသောက်တာက အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။ ကိုယ်အလေးချိန် ထိန်းပေးတယ်။ ဘီယာကို […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဆောင်းရာသီမှာ ကျန်းမာစေဖို့ စားပေးသင့်တဲ့ အသီးအနှံတွေ

ဆောင်းရာသီက အေးအေးလေးနဲ့ ပတ်ဝန်းကျင်က ခြောက်သွေ့ သန့်ရှင်းနေပေမယ့် အေးလွန်းတာက ဗိုင်းရပ်စ်တွေရဲ့ သက်တမ်းကို ရှည်စေပြီး ရောဂါတွေ ဖြစ်စေနိုင်ပါတယ်။ ဒီလို ဖြစ်တာကို ကာကွယ်ဖို့ ဘယ်လို လုပ်ရမလဲဆိုပြီး စိတ်ညစ်နေပြီလား။ ဒါဆိုရင်တော့ ဆောင်းရာသီမှာ ကျန်းမာစေဖို့ စားပေးသင့်တဲ့ အသီးအနှံတွေ အကြောင်း ပြောပြပေးမှာဖြစ်လို့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ ဆောင်းရာသီမှာ ကျန်းမာစေဖို့ စားပေးသင့်တဲ့ အသီးအနှံတွေ ဆောင်းရာသီမှာ ကျန်းမာစေဖို့ စားပေးသင့်တဲ့ အသီးအနှံတွေ က ဘာတွေများဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်လား။ သစ်တော်သီး သစ်တော်သီးမှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာ​ကြောင့် အစာခြေစနစ်ထဲက အကျိုးပြု ဘက်တီးရီးယားတွေကို ကျန်းမာစေပြီး အာဟာရ လုံလောက်ပြည့်ဝစွာ ရရှိစေတာကြောင့် ကိုယ်ခံအား ကောင်းစေပါတယ်။ အမျှင်ဓာတ် ကြွယ်ဝမှုက ကိုယ်ခံအားဆဲလ်တွေကို အားဖြည့်ပေးပါတယ်။ ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းပေးပြီး […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

V-day မှာပေးကြတဲ့ ချောကလက် ကိုယ်ခံအားကို ဘယ်လို ထောက်ကူပေးသလဲ။

V-day မှာ တစ်ဦးကို တစ်ဦး ချစ်ခြင်းမေတ္တာကို ပြသတဲ့အနေနဲ့ ပေးလေ့ရှိတဲ့ ချောကလက်က စားလို့ကောင်းရုံပဲလား အခုလိုမျိုး ကိုယ်ခံအား ကောင်းဖို့ အင်မတန် အရေးကြီးနေတဲ့ကာလမှာရော ချောကလက်က ကိုယ်ခံအားကို အားဖြည့်ပေးနိုင်မလားဆိုတာကို အတူတူ ကြည့်လိုက်ရအောင်လား ...... V-day မှာပေးကြတဲ့ ချောကလက် ကိုယ်ခံအားကို ဘယ်လို ထောက်ကူပေးသလဲ။ ၂၀၂၀ ခုနှစ် အစောပိုင်းမှာကတည်းက ကိုဗစ်ဖြစ်ပွားမှုတွေ အများအပြားရှိနေပြီး အဆိုးဆုံးအနေနဲ့ အသက်ဆုံးရှုံးနိုင်တာကြောင့် ကိုဗစ်ကို ကာကွယ်ဖို့က အရေးကြီးတဲ့အရာ ဖြစ်လို့လာပါတယ်။ ကိုဗစ်ကို ကာကွယ်တယ်ဆိုတဲ့နေရာမှာ ကာကွယ်ဆေးတွေ ရှိပေမယ့် ထပ်ပြီး ဗီဇပြောင်းလာတဲ့ မျိုးစိတ်တွေကြောင့် ကိုဗစ်ကို ကာကွယ်နိုင်မယ့် အကောင်းဆုံး နည်းလမ်းက ကိုယ်ခံအားကောင်းအောင် လုပ်ဖို့ပဲ ဖြစ်လာပါတော့တယ်။ ချောကလက်က ကိုယ်ခံအားကို ကောင်းစေနိုင်သလား ..... ချောကလက်က ကိုယ်ခံအားကို ကောင်းစေနိုင်ပါတယ်။ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ရေနွေးကြမ်းက ဆေးဖက်ဝင်တယ်ဆိုသော်ငြားလည်း

ရေနွေးကြမ်းက မြန်မာလူမျိုး တော်တော်များများ နှစ်နှစ်ခြိုက်ခြိုက် သောက်သုံးလေ့ရှိတဲ့ သောက်စရာ တစ်ခုပါ။ ဧည့်သည် လာလာ၊ နေ့ခင်း အပျင်းပြေ တစ်ခုခု စားရင်းဖြစ်ဖြစ်၊ မိသားစု စကားဝိုင်းဖွဲ့ကြတဲ့အခါမှာဖြစ်ဖြစ် ရေနွေးကြမ်းကို သောက်လေ့ရှိပါတယ်။ ဒီလို သောက်လေ့ရှိတဲ့ ရေနွေးကြမ်းက ကျန်းမာရေး အကျိုးကျေးဇူးတွေ အတော်လေးတော့ များတာပါ။ ဒီလို အကျိုးကျေးဇူးများတဲ့ ဆိုတဲ့ ရေနွေးကြမ်းကို အပန်းလည်း မကြီးဘဲ ကျန်းမာရေး အကျိုးကျေးဇူးတွေလည်း များတယ်ဆိုပြီး အများကြီး သောက်မိနေတဲ့ သူတွေများ ရှိလား ...... ဒါဆိုရင်တော့ တန်ဆေး လွန်ဘေးဆိုတဲ့ စကားလေးကို သတိရစေချင်ပါတယ်။ ဒီတစ်ခေါက်တော့ ရေနွေးကြမ်း အများကြီး သောက်တာက ကျန်းမာရေးကို ဘယ်လို ထိခိုက်စေလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ရေနွေးကြမ်းက ဆေးဖက်ဝင်တယ်ဆိုသော်ငြားလည်း ရေနွေးကြမ်းသောက်တာက အသားအရေကစလို့ ခန္ဓာကိုယ်ကို နာတာရှည်ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးတယ်ဆိုတာကို […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အသားအရေ လှဖို့ ရေနွေးကြမ်း သောက်ကြစို့

အသားအရေ ကျန်းမာ ကောင်းမွန်မှုက အလှတိုးစေတဲ့ အချက်တစ်ခုပါ။ အသားအရေ လှပမှုက အများကြားမှား ထင်းခနဲ လှပနေစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အသားအရေ လှပဖို့က မိန်းကလေးတွေမှာပဲ လိုအပ်တာ မဟုတ်ပါဘူး။ အမျိုးသားတွေမှာလည်း အသားအရေ လှပကျန်းမာဖို့ လိုပါတယ်။ အသားအရေ လှပဖို့အတွက် အသားအရေ ထိန်းသိမ်းတဲ့ ပစ္စည်းတွေကို သုံးရမယ် မဟုတ်လား။ ယောကျ်ားလေးတွေအတွက်ကျ တစ်မျိုးကြီးလို့ ထင်နေစရာ ရှိပါတယ်။ တကယ်ကတော့ အသားအရေထိန်းသိမ်းဖို့က လူတိုင်း ကျား၊ မ မရွေး လုပ်ရမယ့် အရာတစ်ခုပါ။ အသားအရေ လှပဖို့ အသားအရေ ထိန်းသိမ်းတဲ့ ပစ္စည်းတွေကပဲ လုပ်ဆောင် ပေးနိုင်တာလား ....... အသားအရေ လှပဖို့ အသားအရေ ထိန်းသိမ်းတဲ့ ပစ္စည်းတွေကပဲ လုပ်ဆောင် ပေးနိုင်တာလား ....... ဆိုတော့ မဟုတ်ပါဘူး။ အသားအရေ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကော်လာဂျင် သောက်ပြီးရင် ရေများများ သောက်ပေးသင့်လား .......

ကော်လာဂျင် ဆိုတာက အရင်က မကြားဖူးသလောက်ပါ။ အခုနောက်ပိုင်းတော့ လေဒီလေးတွေရဲ့ နှုတ်ဖျားမှာ ရေပန်းစားလာသလို ဈေးကွက်ထဲမှာလည်း အမျိုးအစား စုံစုံလင်လင်ကို ရရှိနိုင်နေပါပြီ။ ကော်လာဂျင်က လေဒီ အများစုရဲ့ အလှအပအတွက် အဓိက တာဝန်ယူပေးနေတဲ့အရာလေး တစ်ခုပေါ့။ အခုနောက်ပိုင်း အသားအရေ လှပစေဖို့ဆိုပြီး ကော်လာဂျင် သောက်သုံးသူတွေ အတော်လေး များလာပါတယ်။ ကော်လာဂျင်ဆိုတာကို အတော်များများက သိထားပြီးဖြစ်မှာပါ။ ဒီတော့ ကော်လာဂျင်အကြောင်းထက် ဒီတစ်ခေါက်တော့ ကော်လာဂျင် သောက်ပြီးရင် ဘာကြောင့် ရေများများ သောက်ပေးဖို့ ပြောရလဲဆိုတာလေးကို ပြောပြပေးချင်ပါတယ်။ ကော်လာဂျင် ဆိုတာ ဘာလဲ .... ကော်လာဂျင် ဆိုတာက အရွယ်တင်နုပျိုစေပြီး လှပနေစေတဲ့ ပရိုတင်းတစ်မျိုးပေါ့။ အလှအပအတွက် အားဖြည့်ပေးနေတဲ့ ဇာတ်ကောင်လေးဆိုလည်း မမှားပါဘူး။ ခန္ဓာကိုယ်မှာရှိနေတဲ့ ပရိုတင်း တစ်မျိုး ဖြစ်ပြီး အရေပြား၊ အရိုး၊ ကြွက်သား၊ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ငန်တာလေးမှ စားချင်နေမိတဲ့ အကြောင်းအရင်း

အချို၊ အချဉ်၊ အဖန်၊ အခါး၊ အစပ်၊ အငန်ဆိုတဲ့ အရသာတွေထဲမှာ အငန်မှ အငန် ဘာစားစား ငန်ငန်လေးမှ စားချင်နေမိတယ် ဆိုတဲ့ သူလေးတွေ ရှိလား...... ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ဆိုတာ သေချာနေပါပြီ။ ကဲ ........ ဘာကြောင့်များ ငန်တာလေးကိုမှ စားချင်နေတာလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ အငန်ကို ဘာကြောင့် ခံတွင်းတွေ့ကြတာလဲ..... အငန်ဓာတ်က တော်တော်လေး စွဲလမ်းစေနိုင်တဲ့ အရသာ တစ်ရပ်ပါ။ ဦးနှောက် နဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းအများစုက အငန်ဓာတ်ကို နှစ်ခြိုက်ကြပါတယ်။ အကြောင်းကတော့ ဆားဓာတ်က သူတို့ကို ရှင်သန်စေနိုင်လို့ပါ။ ဆား၊ အငန်ဓာတ်က  တကယ်တော့ ခန္ဓာကိုယ် ရှင်သန်ဖို့ မရှိမဖြစ် လိုအပ်တဲ့ အရာ တစ်ခုပါ။ မရှိမဖြစ် လိုအပ်တဲ့အရာ ဆိုပေမယ့် လူတစ်ယောက်အနေနဲ့ ကျန်းမာစေဖို့ဆိုရင် တစ်နေ့ကို […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)