backup og meta

ကျန်းမာစေဖို့ မနက်စောစော သောက်ပေးသင့်တဲ့ သောက်စရာတွေက

ကျန်းမာစေဖို့ မနက်စောစော သောက်ပေးသင့်တဲ့ သောက်စရာတွေက

ကျန်းမာတာကို မနှစ်သက်သူရယ်လို့ မရှိပါဘူး။ ကျန်းမာမှလည်း လုပ်ငန်းကိုင်ငန်းတွေကို ကောင်းစွာ လုပ်ကိုင်နိုင်မှာ ဖြစ်သလို နေ့စဉ်ဘဝကိုလည်း ပျော်ရွှင် ကျန်းမာစွာ ကျော်ဖြတ်နိုင်မှာပါ။ ဒါကြောင့်လည်း ကျန်းမာခြင်းသည် လာဘ်တစ်ပါးလို့ ဆိုကြတာပေါ့။ ဒီတစ်ခေါက်တော့ ကျန်းမာစေဖို့ မနက်စောစော သောက်ပေးသင့်တဲ့ သောက်စရာတွေက ဘာတွေလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

ကျန်းမာစေဖို့ မနက်စောစော သောက်ပေးသင့်တဲ့ သောက်စရာတွေက

ကျန်းမာစေဖို့ မနက်စောစော သောက်ပေးသင့်တဲ့ သောက်စရာတွေက

ကျန်းမာစေဖို့ မနက်စောစော သောက်ပေးသင့်တဲ့ သောက်စရာလေးတွေ ရှိပါတယ်။ ဒါတွေက ဘာတွေ ဖြစ်မလဲ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

သောက်ရေ

ခန္ဓာကိုယ် အတွင်းရော အပြင်ပါ ကျန်းမာစေဖို့ မနက်စောစောမှာ သောက်ပေးသင့်တဲ့ ပထမဆုံးသော သောက်စရာ တစ်ခုက သောက်ရေပါ။ သောက်ရေ သန့်သန့်လေးကို အိပ်ရာနိုးနိုးချင်းမှာ သောက်ပေးတာက အစာခြေစနစ်ကို ကျန်းမာစေပြီး ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးသလို ဇီဝကမ္မဖြစ်စဉ်တွေကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။

လက်ဖက်စိမ်း ရေနွေးကြမ်း

မနက် အိပ်ရာနိုးနိုးချင်းမှာ လက်ဖက်စိမ်း ရေနွေးကြမ်း ခပ်နွေးနွေးလေး တစ်ခွက်လောက် သောက်ပေးတာက စိတ်ရောကိုယ်ပါ ကျန်းမာစေနိုင်ပါတယ်။ အူနံရံတွေကို သန့်ရှင်းစေပြီး အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။

ကိုယ်တွင်းမှာ သွေးစီးဆင်းမှု ကောင်းစေပြီး ကိုယ်တွင်းအင်္ဂါတွေ ကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

ခရမ်းချဉ်သီး ဖျော်ရည်

သကြားနဲ့ လူလုပ်အချိုတွေ ရောမထားဘဲ သဘာဝ ခရမ်းချဉ်သီး စစ်စစ်ကို ကြိတ်ထားတဲ့ ခရမ်းချဉ်သီး ဖျော်ရည် တစ်ခွက်ကို မနက် အိပ်ရာ ထထချင်း သောက်ပေးတာက ဗီတာမင် C ပြည့်ဝစေပြီး စိတ်ရောကိုယ်ပါ တက်ကြွလန်းဆန်းစေနိုင်ပါတယ်။

အမျှင်ဓာတ် ကြွယ်ဝတာက အစာခြေစနစ် ကျန်းမာစေသလို ရုတ်တရက် သွေးချို မြင့်တက်တာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ အရေပြား ပြဿနာကင်းစေပြီး ခန္ဓာကိုယ်တွင်းက အဆီပိုတွေကိုလည်း ဖယ်ရှားပေးနိုင်မှာပါ။

အုန်းစိမ်းရည်

အိပ်ရာ နိုးနိုးချင်းမှာ သောက်ပေးသင့်တဲ့ နောက်ထပ် သောက်စရာ တစ်ခုကတော့ အုန်းစိမ်းရည်ပါ။ အုန်းစိမ်းရည်က ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေတာကြောင့်  နာတာရှည် ရောဂါဖြစ်နိုင်ခြေပေးနိုင်သလို ကိုယ်တွင်းက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ ပိုတက်ဆီယမ် ပါဝင်နေတာကြောင့် သွေးမတိုးအောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

ချင်း (ဂျင်း) ရေနွေးကြမ်း

ချင်း (ဂျင်း) လက်တစ်ဆစ်စာလောက် အပြားလေးကို ခပ်ဆတ်ဆတ် ထုပြီး ခွက်တစ်ခုထဲ ထည့်ပါ။ ပြီးရင် ရေနွေးဆူဆူကို လောင်းထည့်လို့ ၁၅ မိနစ်လောက် စိမ်ထားပြီး ရလာတဲ့ ချင်း (ဂျင်း) ရေနွေးကြမ်းကို ခပ်နွေးနွေး အချိန်မှာ သောက်ပေးတာကလည်း စိတ်ရောကိုယ်ပါ တက်ကြွ လန်းဆန်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

သွေးလည်ပတ်မှု ကောင်းစေပြီး ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်သလို အဆီပိုတွေကိုလည်း ဖယ်ရှားပေးနိုင်မှာ ဖြစ်ပါတယ်။

ထမင်းရည်

မနက် အိပ်ရာနိုးနိုးချင်းမှာ ထမင်းရည် ပူပူလေးကို ဆားလေးနည်းနည်း ထည့်ပြီး သောက်ပေးတာက အားပြည့်စေပြီး တစ်နေ့တာလုံး တက်ကြွ လန်းဆန်းစေမှာပါ။ အစာခြေစနစ်ကို ကျန်းမာစေသလို ကိုယ်တွင်း အဆိပ်အတောက်ကို ဖယ်ရှားပေးပြီး သွေးစီးဆင်းမှု ကောင်းစေပါတယ်။

သံဓာတ် အားနည်းတာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။

ကဲ ……. ကျန်းမာစေဖို့ မနက်စောစော သောက်ပေးသင့်တဲ့ သောက်စရာတွေက ကြိုက်နှစ်သက်တဲ့ သောက်စရာ တစ်ခုခုကို ရွေးချယ် သောက်သုံးလိုက်စို့နော်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

7 Simple Morning Drinks That Can Help You Start Your Day At Your Healthiest Best https://www.indiatimes.com/health/healthyliving/7-simple-morning-drinks-that-can-help-you-start-your-day-at-your-healthiest-best-353973.html Accessed Date 5 April 2022

Nutritionist-approved early morning drinks for a healthy gut https://timesofindia.indiatimes.com/life-style/health-fitness/diet/nutritionist-approved-early-morning-drinks-for-a-healthy-gut/photostory/79305618.cms Accessed Date 5 April 2022

ယခုပုံစံ

10/01/2024

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆီးချိုရှိသူတွေ ကို ရေဓာတ်ဖြည့်ပေးမယ့် သောက်စရာ (၆) မျိုး

Workout လုပ်ပြီးတဲ့အခါ အကောင်းဆုံး သောက်စရာတွေ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 10/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement