backup og meta

ဆိုဒီယမ် နိုက်ထရိုက် အန္တရာယ်

လူတော်တော်များများရဲ့ နေ့စဉ် စားသုံးမှုမှာ ပြုပြင်ထားတဲ့ အသားတွေက မပါဝင်ဘူးဆိုတာ ခပ်ရှားရှား ဖြစ်လာပါပြီ။ တိုးတက်လာတဲ့ ခေတ်အခြေအနေကြောင့် ချက်ပြုတ်ဖို့ အချိန်မပေးနိုင်တာ၊ အရသာရှိတယ်လို့ ယူဆတာ၊ ချက်ပြုတ်ရ လွယ်ကူတာ၊ တာရှည်ခံတာ စသဖြင့် အမျိုးမျိုးသော အကြောင်းအရင်းတွေနဲ့ ပြုပြင်ထားတဲ့ အသားတွေ၊ အသင့်စားတဲ့ အစားအစာတွေကို အရင်တုန်းကထက် ပိုပြီး စားလာကြပါတယ်။

ဒီလို စားသုံးမှုက လူကြီးတွေ ကြားမှာတင် တိုးလာတာလားဆိုတော့ မဟုတ်သေးပါဘူး။ ကလေးတွေ ကြားမှာလည်း တော်တော်လေး များလာတာပါ။ ဒီလို ပြုပြင်ထားတဲ့ အသားတွေ၊ ကြက်အူချောင်း၊ ဝက်ပေါင်ခြောက်တို့လိုမျိုး စားစရာတွေထဲမှာ ပါဝင်နေတဲ့ ဆိုဒီယမ် နိုက်ထရိုက်က ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ နေ့စဉ်စားသုံးမှုမှာ ထည့်သွင်းစားသုံးမိနေတဲ့ အစားအစာတွေထဲက ဆိုဒီယမ် နိုက်ထရိုက် အန္တရာယ် အကြောင်းလေး ပြောပြပေးချင်ပါတယ်။

နေ့စဉ် စားသုံးမှုတွေထဲက ဆိုဒီယမ် နိုက်ထရိုက် အန္တရာယ်

ပြုပြင်ထားတဲ့ အသားတွေထဲမှာ ကျန်းမာရေးနဲ့ မညီတဲ့ ပါဝင်ပစ္စည်းတွေ အများအပြား ပါဝင်နေတယ်ဆိုတာကို ထွေထွေထူးထူး ပြောစရာ မလိုအောင် လူတိုင်းနီးပါး သိထားပြီး ဖြစ်မှာပါ။ ဒီလို ပါဝင်ပစ္စည်းတွေထဲမှာ အဆိုးဆုံးက ဆိုဒီယမ် နိုက်ထရိုက် ပါ။ ဘာလို့ ဒီလို ပြောရတာလဲဆိုတော့ ဆိုဒီယမ် နိုက်ထရိုက်က ကင်ဆာဖြစ်စေနိုင်တဲ့ ဒြပ်ပေါင်း တစ်ခုအဖြစ် ပြောင်းလဲနိုင်လို့ပါ။

ဆိုဒီယမ် နိုက်ထရိုက် အန္တရာယ် က ဘယ်လောက်အထိ  ကြီးမားသလဲဆိုရင် ကင်ဆာ ဖြစ်စေနိုင်တာအပြင် အယ်လ်ဇိုင်းမားရောဂါ နဲ့ ဆီးချိုလိုမျိုး ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဆဲလ်တွေဆီ အောက်ဆီဂျင်ရောက်ရှိမှုကို လျော့ကျစေပြီး ကိုယ်တွင်းမှာ အဆိပ်အတောက်ဖြစ်စေနိုင်သလို အသက်အန္တရာယ် ထိခိုက်စေနိုင်တဲ့အထိ ပြင်းထန်တဲ့ ဆိုးကျိုးတွေကို ခံစားရစေနိုင်ပါတယ်။

ဆိုဒီယမ် နိုက်ထရိုက် (Sodium Nitrite) ဆိုတာ

ဆိုဒီယမ် နိုက်ထရိတ် အန္တရာယ်

ဆိုဒီယမ် နိုက်ထရိုက် – Sodium nitrite ဆိုတာက ပြုပြင်ထားတဲ့ အသားတွေထဲမှာ အတွေ့ရများတဲ့ ပါဝင်ပစ္စည်း တစ်ခုပါ။ တာရှည်ခံစေပြီး အန္တရာယ် ဖြစ်စေတဲ့ ဘက်တီးရီးယားတွေ ပေါက်ဖွားမှု မဖြစ်အောင် ကာကွယ်ပေးပါတယ်။ အငန်ဓာတ် ကဲစေဖို့နဲ့ အနီရဲရဲလေးနဲ့ အရောင်အသွေးလှစေဖို့ အတွက်လည်း ဆိုဒီယမ် နိုက်ထရိုက်ကို အသုံးပြုကြပါတယ်။

အစားအစာတွေကို တာရှည်ခံဖို့ဆို ဆိုဒီယမ် နိုက်ထရိုက် ထည့်သွင်းဖို့ လိုပါတယ်။ သင့်တင့်တဲ့ ပမာဏဆို ပြဿနာမရှိပါဘူး။ ဒါကြောင့်လည်း နိုင်ငံတကာ FDAတွေက ခွင့်ပြုပေးတာပါ။ ဒါပေမယ့် သတ်မှတ်ထားတဲ့ ပမာဏထက်များနေမယ်။ မကြာခဏစားသုံးမယ်ဆိုရင်တော့ ရေရှည်မှာ ကျန်းမာရေး ပြဿနာတွေ  ဖြစ်လာနိုင်ပါတယ်။

ဒီ ဆိုဒီယမ် နိုက်ထရိုက် ထဲမှာ နိုက်ထရိုက်လို့ခေါ်တဲ့ ဓာတ်တစ်မျိုး ပါဝင်နေပါတယ်။ နိုက်ထရိုက်က နိုက်ထရိုဂျင် အက်တမ် တစ်လုံး နဲ့ အောက်ဆီဂျင် အက်တမ် ၂ လုံးတို့ ပါဝင်ဖွဲ့စည်းထားတာပါ။ နိုက်ထရိတ်ပါတဲ့ အစားအစာတွေကို စားသုံးလိုက်တဲ့အခါ နိုက်ထရစ်အောက်ဆိုက်အဖြစ် ပြောင်းသွားပါတယ်။ ဒီပြောင်းလဲမှုက ကျန်းမာရေးကို ထိခိုက်စေတာပါ။

နိုက်ထရိုက်က nitrosamines လို့ခေါ်တဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အန္တရာယ်ရှိ ဒြပ်ပေါင်းအဖြစ် ပြောင်းလဲသွားတဲ့အခါ ကင်ဆာ၊ ဆီးချိုရောဂါလိုမျိုး နာတာရှည် ကျန်းမာရေး ပြဿနာတွေကို ခံစားရတာပါ။ နိုက်ထရိတ် ပါဝင်မှု များနေတဲ့ ပြုပြင်ထားတဲ့ အသားတွေကို အပူပြင်းပြင်းပေးလိုက်တဲ့အခါ ရောဂါဖြစ်စေနိုင်တဲ့ ဒြပ်ပေါင်းတွေ ဖြစ်ပေါ်တာပြီး ကျန်းမာရေးကို ထိခိုက်စေပါတယ်။

ဒါကြောင့် ဆိုဒီယမ် နိုက်ထရိုက် ပါဝင်မှု များတဲ့ အစားအစာတွေကို တတ်နိုင်သမျှ လျှော့စားပေးတာက နာတာရှည်ရောဂါတွေ မဖြစ်အောင် လျှော့ချပေးနိုင်မှာပါ။

ဆိုဒီယမ် နိုက်ထရိုက် အန္တရာယ်

ဆိုဒီယမ် နိုက်ထရိတ် အန္တရာယ်များတယ်လို့ ပြောရတာက

ဆိုဒီယမ် နိုက်ထရိုက် ပါဝင်မှု များတဲ့ အစားအစာတွေကို အပူပြင်းပြင်း ပေးလိုက်ချိန်မှာ ကင်ဆာ ဖြစ်စေနိုင်တဲ့ ဒြပ်ပေါင်းတွေ ထွက်လာပါတယ်။ ဒါကြောင့် ပြုပြင်ထားတဲ့ အသားတွေကို များများ စားလေလေ ကင်ဆာဖြစ်နိုင်ခြေ များလေလေပါ။

ဆိုဒီယမ် နိုက်ထရိုက် ပါဝင်မှု များတဲ့ ပြုပြင်ထားတဲ့ အသားတွေကို စားသုံးတာက အစာအိမ် ကင်ဆာ၊ အူမကြီး ကင်ဆာ၊ ရင်သား ကင်ဆာ၊ ဆီးအိမ် ကင်ဆာတွေကို ဖြစ်စေနိုင်ပါတယ်။

  •  ဆီးချို ဖြစ်စေနိုင်တယ်

ဆီးချိုဆိုတာ သွေးထဲက သ​ကြားဓာတ်ကို ဆဲလ်တွေ တစ်ရှူးတွေဆီကို ပို့ဆောင်ပေမယ့် အင်ဆူလင်ဟော်မုန်းကို ပန်ခရိယက လုံလောက်အောင် မထုတ်နိုင်တဲ့ အခြေအနေပါ။ ဒီလိုမျိုး သွေးတွင်းသကြားဓာတ် မြင့်တက်မှုက ဆီးချို ဖြစ်စေနိုင်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ ဆိုဒီယမ် နိုက်ထရိုက် များလာတာက ဆီးချို ဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။

  • အောက်ဆီဂျင် သယ်ပို့မှုကို အနှောင့်အယှက် ဖြစ်စေတယ်

သွေးဆဲလ်တွေက ခန္ဓာကိုယ်ရဲ့ နေရာအနှံ့ကို အောက်ဆီဂျင်တွေ ပို့ဆောင်ပေးပါတယ်။ ဒီလိုမျိုး သွေးဆဲလ်တွေ အလုပ်ကောင်းကောင်း လုပ်ဆောင်နိုင်စေဖိုဆိုရင် သံဓာတ် ပြည့်ဝဖို့ လိုပါမယ်။ ကိုယ်တွင်းမှာ သံဓာတ် မပြည့်ဝတာက ဆဲလ်နဲ့ တစ်ရှူးတွေကို အောက်ဆီဂျင် လုံလောက်အောင် မရရှိတာမျိုး ဖြစ်စေနိုင်ပါတယ်။ ပြာနှမ်းလာတာ၊ ခေါင်းကိုက်တာ၊ ခြေကုန်လက်ပမ်းကျတာ၊ ဖွံ့ဖြိုးမှု နှေးတာတွေကို ဖြစ်စေနိုင်ပါတယ်။

လေ့လာမှုတွေအရ နိုက်ထရိုက် များတဲ့ အစားအစာတွေ၊ ရေတွေက ခန္ဓာကိုယ်မှာ ရှိတဲ့ ဆဲလ်တွေနဲ့ တစ်ရှူးတွေဆီကို အောက်ဆီဂျင် ရောက်ရှိမှု နည်းစေပြီး အသက်အန္တရာယ် ထိခိုက်စေနိုင်ပါတယ်။

လေ့လာမှုတွေအရ ဆိုဒီယမ် နိုက်ထရိုက်က ကင်ဆာနဲ့ ဆီးချိုကိုတင် ဖြစ်စေတာ မဟုတ်ပါဘူး။ ဆိုဒီယမ် နိုက်ထရိတ် များစွာ စားသုံးတာက ဦးနှောက် ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဆိုဒီယမ် နိုက်ထရိတ် စားသုံးမှု များတဲ့သူတွေမှာ အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေက တော်တော်လေး များနေတာပါ။

ဆိုဒီယမ်နိုက်ထရိုက် ပါဝင်မှု များတဲ့ အစားအစာတွေ

ဆိုဒီယမ် နိုက်ထရိုက် ပါဝင်မှု များတဲ့ အစားအစာတွေက ပြုပြင်ထားတဲ့ အသားတွေပါ။ အသီးအရွက်တွေမှာတော့ ဆိုဒီယမ် နိုက်ထရိုက် ပါဝင်မှုက တော်တော်လေး နည်းပြီး ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ပမာဏ မဟုတ်ပါဘူး။

နေ့စဉ် စားသုံးမှုမှာ ဆိုဒီယမ် နိုက်ထရိုက် ပါဝင်မှုကို လျှော့ချချင်တယ်ဆိုရင် အခုပြောတာတွေကို တတ်နိုင်သမျှ လျှော့စားပါ။

  • ဝက်ပေါင်ခြောက်
  • ကြက်အူချောင်း
  • ဝက်အူချောင်း
  • ဟော့ဒေါ့
  • ဆလာမီ
  • ကြပ်တင်ထားတဲ့ အသားတွေ
  • ငါးခြောက်
  • အသင့်စား အသားပြားတွေ
  • အသား ဆားနယ်တွေပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

How Bad Is Sodium Nitrate for You? https://www.medicinenet.com/how_bad_is_sodium_nitrate_for_you/article.htm Accessed Date 23 August 2022

Sodium Nitrite Dangers You Can’t Afford to Ignore https://draxe.com/nutrition/sodium-nitrite/ Accessed Date 23 August 2022

The Harmful Effects of Sodium Nitrite in Food https://healthyeating.sfgate.com/harmful-effect-sodium-nitrite-food-11184.html Accessed Date 23 August 2022

Sodium Nitrite https://www.drugs.com/cdi/sodium-nitrite.html Accessed Date 23 August 2022

The Harmful Effect of Sodium Nitrite in Food https://www.livestrong.com/article/416466-the-harmful-effect-of-sodium-nitrite-in-food/ Accessed Date 23 August 2022

ယခုပုံစံ

30/08/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အသားစိမ်းတွေကို တာရှည်ခံအောင် ရေခဲသေတ္တာထဲ ဘယ်လိုသိမ်းထားသင့်လဲ

ကြာရှည်ခံအောင် ပြုပြင်ထားတဲ့ အသားတွေက ဘာကြောင့်မကောင်းတာလဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 30/08/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement