အာဟာရဆိုင်ရာ အချက်အလက်များ

နေ့တိုင်း အာဟာရ လိုအပ်ချက်ကြောင့် အစားအစာတွေကိုတော့ စားနေပါရဲ့။ ဗိုက်ဝသွားတာပဲ ရှိတယ် အစားအစာ တစ်ခုချင်းစီရဲ့ အာဟာရ တန်ဖိုးနဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို မသိဘူးဖြစ်နေတယ်ဆိုရင် ဒီကဏ္ဍလေးကနေ သိလိုတဲ့ အစားအစာလေးရဲ့ အာဟာရဆိုင်ရာ အချက်အလက်လေးတွေကို လေ့လာလို့ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အာဟာရဆိုင်ရာ အချက်အလက်များ

ခရမ်းသီးအခွံကို စားပေးရင် ကျန်းမာမှာလား!

ခရမ်းသီးကို ကြော်စား နှပ်စား ချဉ်ရည်ဟင်းထဲ ထည့်ချက်စား စသဖြင့် အမျိုးမျိုး စားကြပါတယ်။ ဒီလို စားကြရာမှာ ခရမ်းသီးကို အခွံနွှာပြီး စားကြတာမျိုး ရှိသလို အခွံမနွှာဘဲ အခွံကိုပါ ထည့်ချက်စားကြတာမျိုးလည်း ရှိကြပါတယ်။ ဒီလို စားတဲ့အခါ အခွံကို စားပေးရင် ဘာတွေ ဖြစ်နိုင်မလဲ! ခရမ်းသီးအခွံကို စားပေးရင် ကျန်းမာမှာလား! ဆိုတာကို ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။  ခရမ်းသီးခွံကို စားလို့ရလား! ခရမ်းသီးခွံကို စားလို့ရလား! ဆိုတော့ အားလုံးလည်း သိထားပြီးတဲ့အတိုင်း စားလို့ ရပါတယ်။ ခရမ်းသီးခွံကလည်း အာဟာရ ကြွယ်ဝသလို ကျန်းမာရေးအတွက်လည်း ကောင်းကျိုးများပါတယ်။ ခရမ်းသီးခွံမှာ အဆီဓာတ်၊ ကစီဓာတ်နဲ့ ဆိုဒီယမ် ပါဝင်မှု ကင်းပြီး ဗီတာမင် A၊ ဗီတာမင် C နဲ့ ဗီတာမင် B6၊ […]

အာဟာရဆိုင်ရာ အချက်အလက်များ ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

လတ်ဆတ်သော နွားနို့ နှင့် နို့မှုန့်တို့၏ အာဟာရဆိုင်ရာ ခြားနားချက်

လတ်ဆတ်သော နွားနို့ နှင့် နို့မှုန့်တို့၏ အာဟာရဆိုင်ရာ ခြားနားချက် အကြောင်း လေ့လာလိုက်ရအောင်နော်။ နွားနို့ကို လတ်ဆတ်သော နို့ရည်ပုံစံမှစပြီး အခြောက်ခံထားတဲ့ (သို့) အမှုန့် ပြုလုပ်ထားတဲ့ အသင့်သောက် နို့မှုန့်ပုံစံ အထိ ပုံစံ အမျိုးမျိုးနဲ့ ရရှိနိုင်ပါတယ်။ ဒါကြောင့် ရိုးရိုးနွားနို့က ပိုကောင်းသလား၊ နို့မှုန့်က ပိုကောင်းသလား ဆိုတာနဲ့ ပတ်သတ်ပြီး မဝေခွဲနိုင် ဖြစ်နေကြပါတယ်။ ဒီဆောင်းပါးကို ဖတ်ပြီးရင်တော့ ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်သွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ လတ်ဆတ်သော နွားနို့ နှင့် နို့မှုန့်တို့၏ အာဟာရဆိုင်ရာ ခြားနားချက် လတ်ဆတ်သော နွားနို့ နှင့် နို့မှုန့်တို့၏ အာဟာရဆိုင်ရာ ခြားနားချက် တွေကတော့ နို့ရည်နဲ့ နို့မှုန့်တို့ရဲ့ အာဟာရပါဝင်မှု နွားနို့ နှင့် နို့မှုန့် နှစ်ခုလုံးမှာ လူသားတွေ လိုအပ်ချက် အတွက် မရှိမဖြစ် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဟင်းသီးဟင်းရွက်တို့၏စွမ်းအားသတ္တိ

ဟင်းသီးဟင်းရွက်များကိုစားသုံးပေးသင့်ကြောင်း ကျွန်ုပ်တို့အားလုံးမကြာခဏကြားဖူးကြသည်။ အစာအာဟာရ၏အစွမ်းသည် အံ့အားသင့်စရာကောင်းပြီးထိုအစားအစာများထဲတွင် ဟင်းသီးဟင်းရွက်များကထိပ်ဆုံးမှပါဝင်နေသည်။ သို့သော် ကျွန်ုပ်တို့နေ့စဉ်စားသမျှထဲတွင် ဟင်းသီးဟင်းရွက်များမှာအဓိကပါဝင်ခွင့်မရကြပါ။ လူအများစုကရိုးရှင်းလွယ်ကူသောဟင်းသီးဟင်းရွက်များအမယ်စုံအောင် စားပေးဖို့ရန် ပျက်ကွက်ကြသည်။ ကျန်းမားရေးအတွက် အဆီချခြင်းနှင့် အမျှင်ဓါတ်များသောဟင်းသီးဟင်းရွက်များစားဖို့အရေးဦးစားပေးလုပ်သင့်ပါသည်။ ဟင်းသီးဟင်းရွက်များက ကျွန်ုပ်တို့အတွက် ဘာတွေလုပ်ပေးသလဲ? ဟင်းသီးဟင်းရွက်တို့၏အရောင်မျိုးမျိုးသည် အထဲတွင်ပါဝင်သော ဓါတ်တိုးဆန့်ကျင်ပစ္စည်းအမျိုးမျိုးတို့ကြောင့်ဖြစ်သည်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်းအားလုံးနီးပါးသည် အပင်များတွင်အဓိကတွေ့ရတတ်သည်။ အသား၊ ငါးတို့တွင် ပါဝင်မှုနည်းပါးသည်။ အကြောင်းရင်မှာသတ္တဝါတို့သည်လည်းအပင်ကိုစားသုံးသူများဖြစ်ပြီး ကျွန်ုပ်တို့ကဲ့သို့ပင် ခန္ဓါကိုယ်၌ ဓါတုစွမ်းအင်အဖြစ်သိုလှောင်ထားသည်။ အပင်များကထုတ်လုပ်သော ဓါတ်တိုးဆန့်ကျင်ပစ္စည်းများသည် ခန္ဓါကိုယ်၏ဆဲလ်များကိုဖျက်ဆီးတတ်သောဓါတ်တိုးပစ္စည်းများကိုချေဖျက်နိုင်သည်။ ဤနည်းဖြင့်ကျန်းမာသော ခန္ဓါကိုယ်ဆဲလ်များကိုကာကွယ်ပေးသည်။ ထို့ကြောင့်လူသားတို့တွင်ဓါတ်တိုးပစ္စည်းများကိုကာကွယ်နိုင်သောအရံအတား သဘာဝအရမပါဝင်သည်ကိုတွေ့ရသည်။ ဟင်းသီးဟင်းရွက်သီးသန့်စားသူများ (သက်သက်လွတ်စားသူများ) သတိပြုရန် ဟင်းသီးဟင်းရွက်များသာပါဝင်သော အစားအစာတွင် သင့်တော်သောအချိုးအစားနှင့် စားနိုင်ပါကလုံလောက်သောအာဟာရကိုရရှိနေမည်ဖြစ်သည်။ အသားကိုရှောင်ကြဉ်စားသုံးသောကြောင့်အသားမှရသောအသားဓါတ် (ပရိုတိန်း)၊ ဇင့်ဓါတ်နှင့် သံဓါတ်တို့ကိုဟင်းသီးဟင်းရွက်မှ စားသုံးပေးရမည်ဖြစ်သည်။ နို့နှင့် နို့ထွက်ပစ္စည်းများကိုရှောင်ကြဉ်ပါကလည်း နို့မှရရှိသောကယ်လ်ဆီယမ်နှင့် ဗီတာမင် ဒီဓါတ်ကိုရရှိရန် အခြားမည်သည့်အစားအစာမှ ရနိုင်သည်ကိုစဉ်းစားရန်လိုအပ်သည်။ အသား၊ ငါးမှရရှိသောအစားအစာအားလုံးကိုရှောင်ကြဉ်မည်ဆိုပါကဗီတာမင် […]


အာဟာရဆိုင်ရာ အချက်အလက်များ

သံပုရာရည် က သင့်ကို နုပျိုစေမယ်ဆိုတာ ဟုတ်ရဲ့လား

သံပုရာရည် သောက်ခြင်းက သင့်ကိုနုပျိုစေပါတယ်။ သင့်မျက်နှာပေါ်က အရေးအကြောင်းတွေ၊ ဝက်ခြံတွေ၊ ချွေးပေါက်ကျယ်နေတာတွေကို သက်သာဖို့အတွက် သင်မနက်တိုင်း ဘာသောက်လေ့ရှိသလဲ စဉ်းစားကြည့်ပါ။ လက်ဖက်ရည်ပူပူ၊ ကော်ဖီ၊ ဒါမှမဟုတ်လည်း ရေတစ်ခွက်သောက်တဲ့လူ ရှိနိုင်ပါတယ်။ ဒါပေမယ့် သံပုရာရည်သောက်ဖို့တော့ စဉ်းစားသင့်ပါတယ်။ ဖန်ခွက်ထဲမှာ ရေနွေးပူပူလေးနဲ့ သံပုရာသီးတစ်ခြမ်း ထည့်သောက်မယ်ဆိုရင် ကောင်းကျိုးက နှစ်ဆတောင် ရနိုင်ပါသေးတယ်။ ဒါကြောင့် မနက်တိုင်း သံပုရာရည်သောက်ပြီး အသစ်ပြန်လည်မွေးဖွားလိုက်ပါ။ သံပုရာရည်က သင့်ကျန်းမာရေး၊ အထူးသဖြင့် သင့်အရေပြားကို လှပစေပါတယ်။ ဈေးလည်းမကြီးဘဲနဲ့ အိုမင်းရင့်ရော်မှုကို တားဆီးပေးနိုင်တဲ့ သဘာဝနည်းတစ်ခု ဖြစ်ပါတယ်။ သံပုရာရည် က တင်းတိပ်နဲ့ ဝက်ခြံကို သက်သာစေတယ် တခြားသော မယုံနိုင်စရာကောင်းတဲ့ အကျိုးကျေးဇူးတွေလည်း ရှိပါသေးတယ်။ တင်းတိပ်နဲ့ ဝက်ခြံတွေကို သက်သာစေတာမို့ အရေပြားဆရာဝန်တွေကလည်း ညွှန်းတတ်ကြပါတယ်။ ဒါကြောင့် အလှကုန်ပစ္စည်းအများစုမှာ သံပုရာပါနေတာပါ။ အဲဒီအပြင် သံပုရာသီးမှာပါတဲ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

သောက်သုံးရေကပေးတဲ့ ကျန်းမာရေး

တစ်နေ့တာမှာ အာခြောက်လို့၊ မောလို့ဆိုပြီး သောက်မိနေတဲ့ရေက ရေဆာပြေရုံ၊ အမောပြေစေရုံပဲလား။ ဒီလိုမဟုတ်ပါဘူးနော်။ သင်သောက်လိုက်တဲ့ ရေတစ်ခွက်စီတိုင်းက သင့်ကျန်းမာရေးကိုရော သင့်ခန္ဓာကိုယ်ကိုပါ အများကြီးအထောက်အပံ့ပေးနေပါတယ်နော်။ ဘယ်လိုတွေများထောက်ပံ့ပေးနေလဲ။ သိချင်တယ်ဆိုရင် ဒီဆောင်းပါးလေးကတဆင့် ပြောပြပေးမယ်နော်။ ခန္ဓာကိုယ်အတွက် ရေကဘယ်လောက်အတိုင်းအတာအထိအရေးပါလဲ............... ခန္ဓာကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းကိုရေနဲ့ဖွဲ့စည်းထားတာပါ။ ဒီလောက်တင်လားဆိုတော့ မဟုတ်ပါဘူး။ ကျွန်မတို့နေထိုင်ရာ ကမ္ဘာမြေကြီးရဲ့ ၇၁ ရာခိုင်နှုန်းကိုလည်းရေတွေနဲ့ဖွဲ့စည်းထားတာပါ။ ထမင်းအသက် ၇ ရက် ရေအသက် တစ်မနက်ဆိုတဲ့စကားလေးကလည်း ရေက ဘယ်လောက်ထိအရေးပါကြောင်းကိုဖော်ပြနေပါတယ်နော်။ တစ်နေ့ကို ရေဘယ်နှခွက်သောက်သင့်လဲ...... သင်က ပကတိကျန်းမာနေသူတစ်ဦးဖြစ်မယ်။ ပြောချင်တာကတော့ ကျောက်ကပ်ရောဂါရှိမနေဘူးဆိုရင် တစ်နေ့ကိုအနည်းဆုံးရေ ၈ ခွက်သောက်သင့်ပါတယ်။ ဒီထက်ပိုသောက်လို့လည်းရပါတယ်။ တကယ်လို့ ကျောက်ကပ်ရောဂါရှိနေမယ်ဆိုရင်တော့ ဆရာဝန်ညွှန်ကြားတဲ့အတိုင်းသောက်ပေးပါ။ သောက်ရေကပေးတဲ့ ကျန်းမာရေး............. ခန္ဓာကိုယ်ရဲ့ လုပ်ငန်းစဉ်တွေအကောင်းဆုံးလည်ပတ်နိုင်စေပြီး ကျန်းမာစေဖို့အတွက် ရေဓာတ်ပြည့်ဝနေဖို့လိုပါမယ်။ ရေကခန္ဓာကိုယ်အတွက် ဘာတွေများလုပ်ပေးလဲချင်ရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ်။ အဆစ်တွေလှုပ်ရှားရအဆင်ပြေစေတယ် အရိုးနုလေးတွေ၊ အဆစ်တွေနဲ့ ကျောရိုးဆစ်လေးတွေထဲမှာ ရေ ၈၀ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ရှီတာကီမှို ကြိုက်ကြလား

အသားပေါင်းတွေမှာ ထည့်တတ်သလို ဟော့ပေါ့စားတဲ့အခါမှာဖြစ်ဖြစ် ခေါက်ဆွဲပြုတ်၊ ကြာဇံပြုတ်တွေမှာဖြစ်ဖြစ် ထည့်စားလေ့ရှိကြတဲ့ ရှီတာကီမှို က စားလိုက်တိုင်းအရသာရှိမှုနဲ့အတူ ကျန်းမာရေးအကျိုးကျေးဇူးတွေကိုပါ ပေးစွမ်းနေပါတယ်။ ရှီတာကီမှိုဆိုတာက အာရှဒေသမှာလူကြိုက်များတဲ့ အစားအစာတွေထဲကတစ်ခုပေါ့။ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုရင် လူကြိုက်အများဆုံးစားစရာစာရင်းမှာ နံပါတ် ၂ ဒါမှမဟုတ် နံပါတ် ၃လောက်ကိုရှိနေတဲ့ စားစရာတစ်မျိုးပေါ့။ ရှီတာကီမှို ဆိုတာ ဝါးလိုက်ရင် အသားလိုမျိုးဝါးလို့ကောင်းပြီး မှိုဆိုတာထက်အရသာကို လေးလေးနက်နက်ပေးစွမ်းနိုင်တဲ့ ရှီတာကီမှိုက အညိုရောင်ရှိပြီး ခပ်ဝိုင်းဝိုင်းခပ်ထူထူသဏ္ဍာန်ရှိပါတယ်။ လတ်လတ်ဆတ်ဆတ်စားတာရှိသလို အခြောက်ခံပြီးမှ ရေပြန်စိမ်ပြီး စားတာမျိုးလည်းရှိပါတယ်။ အရှေ့အာရှဒေသမျိုးရင်းဝင်မှိုတစ်မျိုးပါ။ ဂျပန်မှာ အဓိကပေါက်ရောက်ပေမယ့် အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ စင်ကာပူနိုင်ငံနဲ့ တရုတ်နိုင်ငံတို့မှာလည်းပေါက်ရောက်ကြပါတယ်။ ရှီတာကီမှာပါတဲ့ အာဟာရဓာတ်တွေ ရှီတာကီက ကယ်လ်လိုရီပါဝင်မှုနည်းပြီး အမျှင်ဓာတ်ပါဝင်မှုများသလို ဗီတာမင် B နဲ့ အခြားသတ္တုဓာတ်များစွားလည်းပါဝင်နေပါသေးတယ်။ ကာဗိုဟိုက်ဒရိတ် ပရိုတင်း အမျှင်ဓါဩာတ် ရိုင်ဗိုဖလာဗင် နီကာဆင် ကော့ပါး ဗီတာမင် B5 […]


အာဟာရဆိုင်ရာ အချက်အလက်များ

ခရမ်းချဉ်သီး နီနီလေးကပေးတဲ့ကျန်းမာရေး

ဟင်းအနှစ်ရဖို့အတွက်ပဲဖြစ်ဖြစ်၊ ရေလေးစင်အောင်ဆေးပြီး အစိမ်းလိုက်ပဲ ဝါးစားစား၊ လက်ဖက်သုပ် နဲ့ အခြားသောအသုပ်တွေထဲပဲထည့်စားစား၊ ပုစွန်ခြောက်မှုန့်၊ ပဲမှုန့်၊ဆီချက်တို့နဲ့ပဲ သုပ်စားစားအရသာရှိတဲ့ ခရမ်းချဉ်သီး လေးကို ကြိုက်လား။ ဟင်းထဲမှာခရမ်းချဉ်သီးပါမှ စားတတ်တယ်ဆိုတဲ့သူဆိုရင်တော့ ​ကြိုက်တာတွေကို စားရင်းကျန်းမာရေးအကျိုးကျေးဇူးတွေရနိုင်တယ်ဆိုတော့ ဘယ်လောက်များပျော်စရာကောင်းလိုက်မလဲနော်။ အရောင်အသွေးလှတဲ့ ခရမ်းချဉ်သီး ကပေးတဲ့ကျန်းမာရေး ခရမ်းချဉ်သီးက အရောင်အသွေးလှတယ်၊ စားလိုက်ရင်ခပ်ချဉ်ချဉ်အရသာလေးရှိပြီး စားလို့ကောင်းတယ်ဆိုတာနဲ့တင်ပြီးသွားတာမဟုတ်ပါဘူး။ အခုလိုကျန်းမာရေး အကျိုးကျေးဇူးလေးတွေလည်း ပေးပါသေးတယ်။ အသားအရေ ကျန်းမာစေနိုင်တယ် ခရမ်းချဉ်သီးမှာ အသားအရေကို​ကြည်လင်စေနိုင်တဲ့ lycopene ကြွယ်ဝစွာပါဝင်နေပြီး အသားအရေထိန်းသိမ်းမှုအတွက်တော်တော်လေး အထောက်အကူပြုပေးနိုင်မှာပါ။ စားပေးလို့ရသလို အရေပြားပေါ်မှာ ခရမ်းချဉ်သီး ကပ်ပေးတာကလည်း အသားအရေကိုထိထိရောက်ရောက်ထိန်းသိမ်းရာရောက်ပါတယ်။ အသားအရေလေးကြည်ကြည်လင်လင်လေးလှချင်တယ်ဆိုရင်တော့ ခရမ်းချဉ်သီးလေးရဲ့ အကူအညီယူလိုက်ပါနော်။ ကင်ဆာ ကာကွယ်နိုင်စွမ်း ရှိတယ် ခရမ်းချဉ်သီးမှာ lycopene ပါဝင်နေတာကြောင့် ဆီးကျိတ်ကင်ဆာ၊ အူမကြီးကင်ဆာနဲ့ အစာအိမ်ကင်ဆာတွေမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ ကင်ဆာဆဲလ်တွေပွားမလာအောင်လည်း အကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်။ သတိထားရမှာက ခရမ်းချဉ်သီးက ချက်လိုက်တဲ့အခါမှ lycopene ပိုကြွယ်ဝသွားတာပါ။ ဒါကြောင့် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ချိုချိုချဉ်ချဉ် ရှောက်ချိုသီးလေး စားရအောင်

ရှောက်ချိုသီးလေး ကို အကွင်းလိုက်လေးလှီး။ ဆားလေးနည်းနည်း၊ သကြားပါတယ်ဆိုရုံလေးထည့်၊ ငရုတ်သီးအရောင်တင်မှုန့်လေးနဲ့ မွှေပြီးစားရတာကိုကြိုက်တယ်ဟုတ်။ ဖျော်ရည်ဖျော်သောက်ရင်လည်း ချိုချိုချဉ်ချဉ်လေးနဲ့ တော်တော်လေးခံတွင်းရှင်းစေတယ်နော်။ ဒီစားကောင်းတဲ့ ရှောက်ချိုသီးလေးကို စားသာစားနေရတယ်။ ဘာအကျိုးကျေးဇူးတွေများပေးလဲဆိုတာ သိချင်တယ်ဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။ ရှောက်ချိုသီး ဆိုတာ ရှောက်ချိုသီး ဆိုတာက ရှောက်သီး၊ သံပုရာသီး၊ လိမ္မော်သီးတို့နဲ့ မျိုးရင်းတူတဲ့ အသီး တစ်မျိုးပါ။ အခွံက အစိမ်းရောင် ရင့်ရင့်၊ အစိမ်းရောင်ဖျော့ဖျော့ နဲ့ အဝါရောင် သန်းတာအထိ အမျိုးမျိုး ရှိနိုင်ပါတယ်။ အပေါ်ခွံအောက်မှာ ကျွဲကောသီးလိုမျိုး ဂွမ်းသား နည်းနည်းပါတတ်ပြီး အဖြူရောင် ဂွမ်းသားကို ဖယ်လိုက်ရင်တော့ လိမ္မော်သီးလိုမျိုး ပုံစံကို တွေ့ရမှာပါ။ ရှောက်ချိုသီး ကလည်း အမွှာလေးတွေနဲ့ပဲ ဆိုပေမယ့် လိမ္မော်သီးလို ခွာစားလို့ မရပါဘူး။ အကွင်းလိုက် လှီးပြီး ဒါမှမဟုတ် အစိတ်လေးတွေ စိတ်ပြီး […]


အာဟာရဆိုင်ရာ အချက်အလက်များ

သံပရာခွံကိုပါ ဝါးစားသင့်တဲ့အကြောင်းအရင်း

အနံ့မွှေးမွှေးလေးနဲ့ ချဉ်တဲ့အရသာကြောင့် လန်းဆန်းမှုကိုပေးတဲ့ သံပရာသီးကို စားတဲ့အခါ အရည်ကိုပဲ ညှစ်ပြီး စားကြတာ များတယ်နော်။ အခွံကိုတော့ ဒီအတိုင်း ထားလိုက်တာ များပါတယ်။ တကယ်တော့ သံပရာသီးက အတွင်းသားတင်မဟုတ်ဘဲ အခွံမှာပါ ကျန်းမာရေးအတွက် အထောက်အကူပြုပေးနိုင်တဲ့ဓာတ်တွေ ပါဝင်နေပါတယ်။ သံပရာခွံ ဆိုတာ သံပရာခွံ ဆိုတာကို ထွေထွေထူးထူး ပြောနေစရာ မလိုအောင် သိထားပြီး ဖြစ်မှာပါ။ အနံ့မွှေးပြီး အရသာ ချဉ်ချဉ်လေးနဲ့ ခံတွင်းရှင်းတဲ့ သံပုရာသီးရဲ့ အခွံပါ။ အစိမ်းရောင် ရင့်ရင့်၊ အစိမ်းရောင် ဖျော့ဖျော့နဲ့ အဝါရောင်အထိ အမျိုးမျိုး ရှိနိုင်ပါတယ်။ ခါးသက်သက် အရသာရှိပေမယ့် ဆေးဖက်ဝင်ပါတယ်။ သံပရာခွံ မှာပါတဲ့ အာဟာရဓာတ်တွေ သံပရာသီးက အရွယ်အစားအားဖြင့် သေးငယ်ပေမယ့် အခွံကရော အတွင်းသားကပါ ကျန်းမာရေးအကျိုးကျေးဇူးတွေ တော်တော်လေး များပါတယ်။ သံပရာခွံမှာ ကယ်လ်လိုရီ၊ ကာဗိုဟိုက်ဒရိတ်၊ […]


အာဟာရဆိုင်ရာ အချက်အလက်များ

အိုင်အိုဒင်း ကြွယ်ဝတဲ့အစားအစာ (၆) မျိုး

ခန္ဓာကိုယ် ကျန်းမာစေဖို့အတွက် နေ့စဉ် စားသုံးမှုကနေ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ပြည့်ဝဖို့ လိုပါမယ်။ သတ္တုဓာတ်တွေ ပြည့်ဝဖို့ဆိုတဲ့ထဲမှာ အိုင်အိုဒင်း ပြည့်ဝစေဖို့ကလည်း အရေးကြီးပါတယ်။ ဒီတော့ အိုင်အိုဒင်း ဆိုတာ ဘာလဲ။ ဘယ်လို အစားအစာတွေကနေ အိုင်အိုဒင်းကို ရရှိနိုင်မလဲဆိုတာကို ပြောပြပေးပါမယ်။ အိုင်အိုဒင်းဆိုတာ အိုင်အိုဒင်းက ခန္ဓါကိုယ်အတွက်အရေးပါတဲ့ သတ္တုဓါတ်တစ်မျိုးပါ။ ဒီအရေးပါတဲ့ အိုင်အိုဒင်း ကို အစားအသောက်ကနေတဆင့်ရရှိနိုင်ပါတယ်။ အိုင်အိုဒင်းကို အဓိကလိုအပ်တဲ့အစိတ်အပိုင်းက သိုင်းရွိုက်ဂလင်းပါ။ ခန္ဓာကိုယ်အတွက်အရေးပါတဲ့ သိုင်းရွိုက်ဟော်မုန်းတွေကို ထုတ်လွှတ်ဖို့အတွက် အိုင်အိုဒင်းကိုလုံလောက်စွာရရှိဖို့လိုပါမယ်။ ဒီတစ်ခေါက်တော့ အိုင်အိုဒင်း ကြွယ်ဝတဲ့အစားအစာ လေးတွေ အကြောင်း ပြောပြပေးချင်ပါတယ်။ အိုင်အိုဒင်း ကြွယ်ဝတဲ့အစားအစာ (၆) မျိုး အိုင်အိုဒင်း လုံလောက်စွာရရှိဖို့ဘာတွေစားမလဲ............ ဆိုပြီး စဉ်းစားရခက်နေပြီလား။ ဒါဆိုရင် အိုင်အိုဒင်း ကြွယ်ဝတဲ့ အစားအစာ တွေကို ကြည့်လိုက်ပါဦး။ (၁) ရေညှိ ဓါတ်တိုးဆန့်ကျင်အာနိသင်၊ ဗီတာမင် […]


အာဟာရဆိုင်ရာ အချက်အလက်များ

စပါးလင် စားရင်းရမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေ

စပါးလင်ကို မြန်မာတွေအကြိုက် မုန့်ဟင်းခါးထဲမှာ ထည့်ချက်ကြသလို ငါးဟင်း၊ အသားဟင်းတွေ ထဲမှာပါ ထည့်ချက်စား ကြပါတယ်။ အညှီအဟောက် နိုင်သလို ခံတွင်းလည်း ရှင်းစေတဲ့ စပါးလင်လေးက စားလို့ ကောင်းရုံတင် မဟုတ်ဘဲ အခုလို ကျန်းမာရေး အကျိုးကျေးဇူးလေးတွေလည်း ပေးပါသေးတယ်။ ဘယ်လို အာဟာရဓာတ်တွေ ရနိုင်လဲ စပါးလင် အရွယ်တော် တစ်ချောင်းစာမှာ • ရေဓာတ် • ပရိုတင်း • အဆီဓာတ် • ကာဗိုဟိုက်ဒရိတ် • ကယ်လ်ဆီယမ် • သံဓာတ် • မဂ္ဂနီဆီယမ် • ဖော့စဖရိတ် • ပိုတက်ဆီယမ် • ဆိုဒီယမ် • ဇင့် • ဗီတာမင် C • သီရာမင်း • ရိုင်ဗိုဖလာပင် • နီကာဆင် • ဗီတာမင် B • ဖောလိတ် • ဗီတာမင် A • ဗီတာမင် D တို့ပါဝင်ပါတယ်။ စပါးလင် ကပေးတဲ့ ကျန်းမာရေး စပါးလင် စားရင်းရမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေက ကိုလက်စထရောကျစေနိုင်တယ် စပါးလင် ပုံမှန် စားသုံးပေးမှုက […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)