အာဟာရဆိုင်ရာ အချက်အလက်များ

နေ့တိုင်း အာဟာရ လိုအပ်ချက်ကြောင့် အစားအစာတွေကိုတော့ စားနေပါရဲ့။ ဗိုက်ဝသွားတာပဲ ရှိတယ် အစားအစာ တစ်ခုချင်းစီရဲ့ အာဟာရ တန်ဖိုးနဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို မသိဘူးဖြစ်နေတယ်ဆိုရင် ဒီကဏ္ဍလေးကနေ သိလိုတဲ့ အစားအစာလေးရဲ့ အာဟာရဆိုင်ရာ အချက်အလက်လေးတွေကို လေ့လာလို့ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အာဟာရဆိုင်ရာ အချက်အလက်များ

ခရမ်းသီးအခွံကို စားပေးရင် ကျန်းမာမှာလား!

ခရမ်းသီးကို ကြော်စား နှပ်စား ချဉ်ရည်ဟင်းထဲ ထည့်ချက်စား စသဖြင့် အမျိုးမျိုး စားကြပါတယ်။ ဒီလို စားကြရာမှာ ခရမ်းသီးကို အခွံနွှာပြီး စားကြတာမျိုး ရှိသလို အခွံမနွှာဘဲ အခွံကိုပါ ထည့်ချက်စားကြတာမျိုးလည်း ရှိကြပါတယ်။ ဒီလို စားတဲ့အခါ အခွံကို စားပေးရင် ဘာတွေ ဖြစ်နိုင်မလဲ! ခရမ်းသီးအခွံကို စားပေးရင် ကျန်းမာမှာလား! ဆိုတာကို ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။  ခရမ်းသီးခွံကို စားလို့ရလား! ခရမ်းသီးခွံကို စားလို့ရလား! ဆိုတော့ အားလုံးလည်း သိထားပြီးတဲ့အတိုင်း စားလို့ ရပါတယ်။ ခရမ်းသီးခွံကလည်း အာဟာရ ကြွယ်ဝသလို ကျန်းမာရေးအတွက်လည်း ကောင်းကျိုးများပါတယ်။ ခရမ်းသီးခွံမှာ အဆီဓာတ်၊ ကစီဓာတ်နဲ့ ဆိုဒီယမ် ပါဝင်မှု ကင်းပြီး ဗီတာမင် A၊ ဗီတာမင် C နဲ့ ဗီတာမင် B6၊ […]

အာဟာရဆိုင်ရာ အချက်အလက်များ ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

ကျန်းမာချင်ရင် ငါးစားပေးပါ

လူတော်တော်များများက ငါးစားရင်အရိုးစူးမှာကိုတွေးကြောက်ပြီး ငါးမစားကြပါဘူး။ ငါးက ကြက်သားတွေ၊အမဲသားတွေလိုမျိုး စားရတာအရမ်းကြီး အဆင်မပြေပေမယ့် ခန္ဓာကိုယ်အတွက်ကတော့တော်တော်လေး အကျိုးရှိပါတယ်။ ငါးစားပေးပါ ၊ ငါးစားရင် ဘယ်လိုကျန်းမာရေးအကျိုးကျေးဇူးတွေရရှိနိုင်လဲဆိုတာကိုပြောပြပေးပါရစေ။ ဘာကြောင့်ငါး စားသင့်တာလဲ ငါးမှာ ကယ်လ်လိုရီပါဝင်မှုနည်းပြီး ပရိုတင်းပါဝင်မှုများတာကြောင့် ဦးနှောက်အတွက် အကျိုးပြုပါတယ်။ ငါးမှာ ခန္ဓါကိုယ်အတွက် မရှိမဖြစ်အရေးပါတဲ့omega-3 fatty acid လည်းပါဝင်ပါတယ်။ လူရဲ့ခန္ဓယကိုယ်ကomega-3 fatty acid ကိုမထုတ်လုပ်နိုင်ပါဘူး။လေ့လာမှုတွအရomega-3 fatty acid က နှလုံးကိုကျန်းမာစေနိုင်သလို ခန္ဓါကိုယ်ကျန်းမာရေးအတွက်လည်းအရေးပါပါတယ်။ ငါးကိုမကြိုက်ဘူး ဆိုရင်တောင်မှ ခန္ဓါကိုယ်ကျန်းမာစေဖို့အတွက် တစ်ပတ်ကို တစ်ကြိမ် နှစ်ကြိမ်လောက်တော့ ငါးစားပေးသင့်ပါတယ်။ ကျန်းမာချင်ရင် ငါးစားပေးပါ ကျန်းမာချင်ရင် ငါးစားပေးပါ လို့ ပြောရတဲ့ အကြောင်းအရင်းက နှလုံးရောဂါမဖြစ်အောင်ကာကွယ်ပေးတယ် လေ့လာမှုတွေအရ တစ်ပတ်ကိုတစ်ကြိမ်ပုံမှန် ငါးစားသုံးတဲ့သူတွေက ပုံမှန်ထက် နှလုံးရောဂါဖြစ်နိုင်ခြေ ၅၀ ရာခိုင်နှုန်းနည်းနေတယ်၊လို့တွေ့ရှိခဲ့ရပါတယ်။ ငါးလုံးဝမစားသူတွေက ရံဖန်ရံခါ ငါးစားသူတွေထက် […]


အာဟာရဆိုင်ရာ အချက်အလက်များ

နေ့စဉ် စားသုံးနေတဲ့ ထမင်းက ခန္ဓာကိုယ်ကို ဘယ်လောက်ထိ အကျိုးပြုနေသလဲ

ထမင်းက မြန်မာလူမျိုးတွေ အဓိကစားသုံးတဲ့ အစားအစာတစ်ခုပါ။ ထမင်းက ဘယ်လိုအရောင်အဆင်း ဘယ်လိုအရသာရှိတယ်ဆိုတာကိုတော့ အထူးတလည်ပြောပြဖို့ လိုမယ်မထင်ပါဘူး။ တစ်နေ့ကို အနည်းဆုံး ၂ ကြိမ်လောက်စားဖြစ်နေတဲ့ ထမင်းက ခန္ဓာကိုယ်အတွက် ဘယ်လောက်တောင် အကျိုးပြုပေးနေလဲဆိုတာကိုတော့ သိပ်သတိမထားမိကြပါဘူး။ အရှေ့တောင်အာရှနိုင်ငံတွေက ပြည်သူတွေက ထမင်းကို အဓိကထားစားသုံးကြပါတယ်။ ဒီလိုမျိုး နေ့စဉ်စားသုံးဖြစ်နေတဲ့ ထမင်းက ခန္ဓာကိုယ်ကို ဘယ်လောက်ထိ အကျိုးပြုပေးနေလဲဆိုတာကို အခုဆောင်းပါးလေးထဲမှာပြောပြပေးချင်ပါတယ်။ ထမင်းကနေ ဘယ်လိုအာဟာရဓာတ်တွေ ရရှိနိုင်သလဲ ထမင်းမှာ ခန္ဓာကိုယ်အတွက် စွမ်းအင်ပေးတဲ့ ကာဗိုဟိုက်ဒရိတ်၊ ကိုယ်တွင်း ကယ်လ်ဆီယမ်နဲ့ ဖော့စဖရိတ်ဓာတ်တွေကို ထိန်းညှိပေးဖို့လိုအပ်တဲ့ အာဟာရဓာတ်တစ်မျိုးဖြစ်တဲ့ ဗီတာမင် D၊ အရိုးတွေ ကြံ့ခိုင်သန်စွမ်းဖို့အတွက် လိုအပ်တဲ့ ကယ်လ်ဆီယမ်၊ အစာတွေကို ကြေညက်စေဖို့နဲ့ အူလမ်းကြောင်းက အာဟာရဓာတ်တွေစုပ်ယူမှုကို အားဖြည့်ပေးတဲ့ အမျှင်ဓာတ်၊ ခန္ဓာကိုယ်ရဲ့ သွေးဆဲလ်တွေကို တိုးပွားစေနိုင်တဲ့ သံဓာတ်၊ […]


အာဟာရဆိုင်ရာ အချက်အလက်များ

Orange (လိမ္မော်သီး)

လိမ္မော်သီး (Orange)အခွံက လိမ္မော်ရောင် ဒါမှမဟုတ် အနီဘက်ခပ်သန်းသန်းဖြစ်နေတဲ့ လိမ္မော်ရောင်ရင့်ရင့်ဖြစ်တတ်ပါတယ်။ အရသာကလည်း ခံတွင်းရှင်းပြီးစားကောင်းပါတယ်။ ဗီတာမင် C နဲ့ ဓါတ်တိုးဆန့်ကျင် ပစ္စည်းတွေပါဝင်တာကြောင့်ခန္ဓါကိုယ်အတွက်တော်တော်လေးအကျိုးပြုတဲ့ အစားအသောက်တစ်ခုပါ။ လိမ္မော်သီးက ကယ်လ်လိုရီပါဝင်မှုနည်းပြီး အာဟာရဓါတ်လည်းအပြည့်အဝပါဝင်ပါတယ်။ သဘာဝအချိုဓါတ်ရရှိစေနိုင်တဲ့ သစ်သီးတစ်မျိုးလည်းဖြစ်ပါတယ်။ အာဟာရတန်ဖိုးလိမ္မော်သီးအရွယ်တော် တစ်လုံးမှာ ကယ်လ်လိုရီ ၈၀ ၊ ပိုတက်ဆီယမ် ၂၅၀ မီလီဂရမ်၊ ကာဗိုဟိုက်ဒရိတ် ၁၉ ဂရမ်၊ ပရိုတင်း ၁ ဂရမ်ပါဝင်ပြီး အဆီဓါတ်တော့ လုံးဝမပါဝင်ပါဘူး။ လိမ္မော်သီး တစ်လုံးက တစ်နေ့တာအတွက် လိုအပ်တဲ့ ဗီတာမင် C ၁၃၀ ရာခိုင်နှုန်း၊ ဗီတာမင် A ၂ ရာခိုင်နှုန်း၊ ကယ်လ်ဆီယမ် ၆ ရာခိုင်နှုန်းတိုပါဝင်ပါတယ်။ သံဓါတ် နဲ့ အဆီဓါတ်တော့မပါဝင်ပါဘူး။ ဒါ့အပြင် လိမ္မော်သီးမှာthiamin၊ riboflavin၊ niacin၊ […]


ကျန်းမာစွာ စားသောက်ခြင်း

ဒရင်ကောက်ပင်၏ အံ့ဖွယ်(၇)ချက်

မြန်မာအခေါ် ဒရင်ကောက်ပင်( fiddlehead) ဆိုတာ နူးညံ့ပြီး အရွက်ရဲ့ထိပ်မှာ အခွေအလိပ်သ လေးရှိတဲ့ ဖန်းပင်တစ်မျိုးပါ ။ သူ့ရဲ့ ပုံစံက ကြိုးတပ်တူရိယာတွေမှာ အများဆုံးတွေ့ရတတ်တဲ့ (ဥပမာ-တယော) ရဲ့ ထိပ်ဆုံးက အဆင်တန်ဆာလေးနဲ့ ဆင်တူပါတယ်။ သူ့ကို အစို့အညှောက်လေးတွေ ထွက်ခါစမှာ ခူးယူစားသုံးနိုင်ပါတယ်။ နွေဦးရာသီအစမှာ ဒရင်ကောက်ပင်တွေကို ပေါပေါများများ တွေ့ရတတ်ပါတယ်။ အညွန့်လေးတွေကိုခူးပြီး သုပ်စားလို့ပဲဖြစ်ဖြစ်၊ ကြော်စားလို့ပဲဖြစ်ဖြစ် အမျိုးမျိုးအဖုံဖုံ လုပ်စားနိုင်ပါတယ်။ ဒရင်ကောက်ပင်မှာ ဗီတာမင်အေ၊ဗီတာမင်စီ နဲ့ omega 3 တို့ ကြွယ်ဝစွာ ပါရှိတဲ့အတွက် ကျန်းမာရေးအတွက် များစွာ အထောက်အကူပြုနိုင်ပါတယ်။ သင်မသိသေးတဲ့ ဒရင်ကောက်ပင်ရဲ့ အံ့ဖွယ်အချက် (၇)ချက်ကို အောက်မှာ ဖော်ပြထားပါတယ်။ (၁) ဒရင်ကောက်ပင်ဟာ ကိုယ်အလေးချိန်ကျဆင်းရန် စွမ်းဆောင်ပေးနိုင်ပါတယ်။ အာဟာရဓါတ်ပါဝင်မှု သိပ်သည်းဆမြင့်တဲ့ ဒရင်ကောက်ပင် 100 g […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကာဗိုဟိုက်ဒရိတ် အမျိုးအစား ၂ မျိုး

ကာဘိုဟိုက်ဒရိတ်က စွမ်းအင်ကိုပေးပါတယ်။ လူရဲ့ကိုယ်က အဲဒီစွမ်းအင်ကို လူရဲ့လုပ်ငန်းစဉ်တွေ လည်ပတ်ဖို့အသုံးပြုပါတယ်။ သင်အစားအသောက်တွေစားသုံးတဲ့အခါ ကာဘိုဟိုက်ဒရိတ်ဘက်ကိုလည်း သတိထားသင့်ပါတယ်။ သူတို့က သင့်ရဲ့ သွေးချိုအဆင့်ကို သက်ရောက်နိုင်ပါတယ်။ ကာဗိုဟိုက်ဒရိတ် အမျိုးအစား ၂ မျိုး က ဘာတွေဖြစ်မလဲ အတူတူ ကြည့်လိုက်ရအောင်နော်။ ကာဗိုဟိုက်ဒရိတ် အမျိုးအစား ၂ မျိုး ကာဗိုဟိုက်ဒရိတ် အမျိုးအစား ၂ မျိုး က ဘာတွေဖြစ်မလဲ။ ကာဘိုဟိုက်ဒရိတ်တွေကဘာတွေလဲ ? လူရဲကိုယ်က ကာဘိုဟိုက်ဒရိတ်ကို Glucose လုပ်ဖို့သုံးပါတယ်။ သင့်ရဲ့ကိုယ်ဟာ glucose တွေကို ချက်ချင်းသုံးလိုက်နိုင်သလို အသည်းနဲ့ ကြွက်သားတွေထဲမှာလည်းသိုလှောင်ထားနိုင်ပါတယ်။ ကာဘိုဟိုက်ဒရိတ်ကို အောက်ပါအစားအစာတွေမှာ တွေ့နိင်ပါတယ် - သစ်သီးများ - ဟင်းသီးဟင်းရွက်များ - သကြား - ဆန်ပြောင်းအစေ့အဆန်များ - နို့ထွက်ထုတ်ကုန်များ ကာဘိုဟိုက်ဒရိတ် အမျိုးအစား နှစ်မျိုး ရှိပါတယ်။ ရိုးရှင်းတဲ့ ကာဘိုဟိုက်ဒရိတ် နဲ့ ရှုပ်ထွေးတဲ့ ကာဘိုဟိုက်ဒရိတ် ပါ။ ရှုပ်ထွေးတဲ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

Okra (ရုံးပတီသီး)

Okra (ရုံးပတီသီး) က ကျန်းမာရေးကို အခုလို ထောက်ကူပေးပါတယ်။ Okra (ရုံးပတီသီး) ဆိုတာ ရုံးပတီသီး ဆိုတာက ပန်းပွင့်တဲ့အပင်မျိုးဖြစ်ပြီး ကမ္ဘာ့နေရာတော်တော်များများမှာပေါက်ရောက်ကြပါတယ်။ ရုံးပတီသီးပင်က ဘယအပင်မျိုးရင်းဝင်လဲဆိုတာကိုတော့ အခုချိန်ထိသေသေချာချာမသိရသေးပါဘူး။ ရုံးပတီသီးကိုကြော်စားတာ၊ ချဉ်ဟင်းချက်စားတာနဲ့ ပဲဟင်းတွေထဲထည့်တာ၊ပြုတ်ပြီး အတို့အမြှုပ်အဖြစ်စားသုံးတာ။ ကင်ပြီးဖြစ်ဖြစ် ဆီပူထိုးပြီးဖြစ်ဖြစ် အချဉ်ရည်နဲ့တို့စားတာမျိုးလုပ်စားလို့ရပါတယ်။ ရုံးပတီသီးမှာ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေနိုင်တဲ့ အာဟာရဓါတ်တွေများစွာပါဝင်နေပြီး ရုံးပတီသီးကိုစားသုံးပေးရင်ဘာအကျိုးကျေးဇူးတွေရရှိ နိုင်မလဲဆိုတာကို သိရှိနိုင်စေဖို့ တင်ပြပေးလိုက်ပါတယ်။ ရုံးပတီသီးကနေရရှိနိုင်တဲ့ အာဟာရဓါတ်တွေ ရုံးပတီသီးမှာ ခန္ဓါကိုယ်အတွက်နေ့စဉ်လိုအပ်တဲ့ အမျှင်ဓါတ်တွေ ကြွယ်ဝစွာပါဝင်နေပြီး သဘာဝ ဝမ်းနုတ်ဆေးတစ်ခုလို့တောင် ဆိုရပါမယ်။ ဝမ်းချုပ်တာကို သက်သာစေနိုင်မှာဖြစ်ပါတယ်။ ရုံးပတီသီးမှာပါတဲ့ပျစ်ချွဲချွဲအစေးလေးတွေက အူမကြီးအတွင်း ချေဖျက်ပြီးအစာတွေကို ပို့ဆောင်ရာမှာချောဆီအနေနဲ့ လုပ်ဆောင်ပေးပြီး ဝမ်းသွားရတာကိုလွယ်ကူစေမှာဖြစ်ပါတယ်။ ရုံးပတီသီးမှာပါတဲ့ အမျှင်ဓါတ်က အူအတွင်းမှာရှိတဲ့ အကျိုးပြုဘက်တီးရီးယားတွေအတွက် အာဟာရဖြစ်စေပြီး အစာချေလမ်းကြောင်းရဲ့ရေဓါတ်ကို ထိန်းညှိပေးပါတယ်။ ရုံးပတီသီးမှာ အမြင်အာရုံနဲ့ အရေပြားကျန်းမာရေးအတွက် […]


အာဟာရဆိုင်ရာ အချက်အလက်များ

Spirulina Algae (စိမ်းပြာရေညှိ)

စိမ်းပြာရေညှိ (Spirulina Algae)စိမ်းပြာရေညှိက ကမ္ဘာမြေကြီးရဲ့ သက်တမ်းအရင့်ဆုံးသော သက်ရှိတစ်မျိုးလို့ဆိုရမှာပါတယ်။ စိမ်းပြာရေညှိက ကမ္ဘာ့လေထုအတွက်အောက်ဆီဂျင်ထုတ်ပေးတဲ့ တာဝန်ကို တစ်စိတ်တစ်ဒေသကနေထမ်းဆောင်ပေးနေပါတယ်။ စိမ်းပြာရေညှိက ကမ္ဘာ့ပထမတန်းစား အစားအသောက်တစ်ရပ်ဖြစ်ပြီး ကမ္ဘာ့မြေပေါ်က အာဟာရဓါတ်အကြွယ်ဝဆုံးသော အစားအစာတွေထဲက တစ်ရပ်ဖြစ်ပါတယ်။ စိမ်းပြာရေညှိမှာ ပရိုတင်းဓါတ် ၅၅ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းအထိပါဝင်ပြီး ခန္ဓါကိုယ် အတွက် မရှိမဖြစ်လိုအပ်တဲ့ အမိုင်နိုအက်ဆစ် ၈ မျိုး နဲ့ သိပ်အရေးမပါတဲ့ အမိုင်နိုအက်ဆစ် ၁၀ မျိုးလောက်ပါဝင်နေပါတယ်။gamma-linolenic acid (GLA) များစွာပါဝင်ပြီး ၊ ဘီတာကယ်လ်ရိုနွိုက်၊linoleic အက်ဆစ်၊arachidonic အက်ဆစ်၊ ဗီတာမင်B12၊ ကယ်လ်ဆီယမ်၊ဖော့ဖရိတ် နဲ့ အခြားအာဟာရဓါတ်များစွာပါဝင်ပါတယ်။ စိမ်းပြာရေညှိတစ်ခုတည်းမှာသာပါဝင်တဲ့ pigment-protein complex လည်းပါဝင်ပါတယ်   စိမ်းပြာရေညှိရဲ့ ကျန်းမာရေးအပေါ် သက်ရောက်မှုအာဟာရဓါတ်များစွာပါဝင်ခြင်း စိမ်းပြာရေညှိကရေချိုရောရေငန်မှာပါပေါက်ရောက်တဲ့ သက်ရှိသတ္တဝါတစ်မျိုးပါ။cyanobacterium ဘက်တီးရီးယားတစ်မျိုးလို့လည်းခေါ်ပါတယ်။ အပင်တွေနဲ့ဆင်တူတဲ့cyanobacterium ကနေရောင်ခြည်ကိုစုပ်ယူပြီး အစာချက်လုပ်မှုကနေတဆင့် […]


အာဟာရဆိုင်ရာ အချက်အလက်များ

Coconut Water (အုန်းစိမ်းရည်)

Coconut Water (အုန်းစိမ်းရည်) က ကျန်းမာရေးအတွက် အထောက်အကူပြုသလား! ဘယ်လို ကောင်းကျိုးတွေ ရှိလည်း ဆိုတာကို လေ့လာလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။ Coconut Water (အုန်းစိမ်းရည်) ဆိုတာ နှစ်ပေါင်းများစွာကတည်းက Coconut Water (အုန်းစိမ်းရည်) က ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာပေးစွမ်းနိုင်တယ်ဆိုတာကို သိရှိထားပြီးဖြစ်ပါတယ်။ အုန်းစိမ်းသီးတစ်လုံးမှာ အရည်ဓါတ် ၂၀၀ မီလီလီတာ ကနေ ၁,၀၀၀ မီလီလီတာ အထိပါဝင်ပါတယ်။ အုန်းစိမ်းရည်က အရာသာရှိပြီး ကယ်လိုရီပါဝင်မှုနည်းတဲ့ သဘာဝ အချိုရည်တစ်မျိုးပါ။ အုန်းစိမ်းရည်မှာ အုန်းသီးခြောက်အရည်ထက် အာဟာရဓါတ်ပိုမိုပါဝင်ပါတယ်။ အုန်းစိမ်းရည်မှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ အမိုင်နိုအက်ဆစ်၊ အင်ဇိုင်းတွေ၊ ဗီတာမင် ဘီဓါတ်တွေ၊ ဗီတာမင် စီ၊ သံဓါတ်၊ ကယ်လ်ဆီယမ်၊ပိုတက်ဆီယမ်၊မဂ္ဂနီဆီယမ်၊ မဂ္ဂနီ နဲပ ဇင့် ဓါတ်တွေလိုမျိုး သတ္တုဓါတ်တွေပါဝင်နေပါတယ်။ အုန်းစိမ်းရည်မှာပါတဲ့ အာဟာရဓါတ်တွေက ကိုယ်ခံအားစနစ်ကို တိုးမြှင့်ပေးပါတယ်။ […]


အာဟာရဆိုင်ရာ အချက်အလက်များ

Asparagus (ကညွတ်) ရဲ့ ကျန်းမာရေး အကျိုးကျေးဇူး

Asparagus (ကညွတ်) ဟာ အာဟာရဓာတ်တွေပြည့်ဝနေတဲ့ အစားအစာဖြစ်လို့ မကြာခဏ စားသောက်သင့်တဲ့ ဟင်းသီးဟင်းရွက်တစ်မျိုး ဖြစ်ပါတယ်။ ဒါ့အပြင် အဆီပါဝင်မှုက မရှိသလောက်ရှိပြီး ကယ်လိုရီလည်း အရမ်းနည်းပါတယ်။ ကျန်းမာရေးအကျိုးကျေးဇူးတွေက များလွန်းတဲ့အတွက် စားသုံးသင့်တဲ့ အသီးအရွက်တွေထဲမှာပါဝင်ပါတယ်။ Asparagus (ကညွတ်) ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ Asparagus (ကညွတ်) ကို စားပေးမယ်ဆိုရင် အရိုးသန်မာစေခြင်း ဗီတာမင်ကေ ရဲ့ အဓိကလုပ်ဆောင်ချက်က အရိုးသိပ်သည်းမှု ပိုကောင်းစေတာပဲဖြစ်ပါတယ်။ ကညွတ်တစ်ပန်းကန်စာမှာ တစ်နေ့တာအတွက်လိုအပ်တဲ့ ဗီတာမင်ကေပမာဏရဲ့  ၇၀ ရာခိုင်နှုန်း ပါဝင်ပါတယ်။ ကယ်လ်စီယမ်စုပ်ယူမှုကို ပိုအားကောင်းစေပြီး အရိုးပွရောဂါနဲ့ အရိုးကျိုးအက်မှုတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ရောင်ရမ်းမှုကို လျော့ကျစေခြင်း ကညွတ်က အမျိုးအစား၂ ဆီးချိုရောဂါ၊ ကင်ဆာရောဂါနဲ့ နှလုံးရောဂါတို့ကို ကာကွယ်နိုင်၊ ကုသနိုင်ပြီး ၎င်းမှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း glutathione က အိုမင်းရင့်ရော်မှုကိုနှေးကွေးစေပါတယ်။ ခရမ်းလွန်ရောင်ခြည် […]


အာဟာရဆိုင်ရာ အချက်အလက်များ

Guava (မာလကာသီး)

မာလကာသီးမာလကာသီးဟာ ကျန်းမာရေးအတွက်ကောင်းကျိုးများစွာရှိတဲ့အပြင်niacin၊ ဗီတာမင် C ၊ ဗီတာမင် A ၊သံဓါတ်၊ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ကယ်လ်စီယမ်နဲ့thiamine တို့ပါဝင်ပါတယ်။ မာလကာသီး ကလေပွခြင်းကိုသက်သာစေပြီး အစာကြေလွယ်စေ၊ အရောင်ကျစေတဲ့ အပြင် ပဋိဇီဝပိုးမွှားတွေကိုလည်းသေစေနိုင်ပါတယ်။ မာလကာသီးက ဝက်ခြံပျောက်စေ၊လိပ်ခေါင်းပျောက်စေ၊ ဆီးချိုဖြစ်နိုင်ခြေလျော့နည်းစေ၊ သန္ဓေရရှိနိုင်ခြေများစေပြီး ဝမ်းချုပ်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း၊ ဗိုက်အောင့်ခြင်း၊ အချဉ်ပေါက်ခြင်းတို့လို အစာချေဖျက်မှုဆိုင်ရာပြဿနာတွေကို သက်သာလျော့ပါးစေနိုင်ပါတယ်။ မာလကာသီးရဲ့အခွံနဲ့အစေ့မှာ ရောင်ရမ်းမှုကိုလျော့ကျစေပြီး ပဋိဇီဝပိုးမွှားတွေသေစေနိုင်စွမ်းရှိတဲ့ glycosides ၊carotenoids၊ နဲ့တခြားphenolic နဲ့flavonoidဒြပ်ပေါင်းတွေပါဝင်ပါတယ်။ ဒါ့အပြင် ဗိုက်ပြည့်စေတဲ့အသီးဖြစ်လို့ ကိုယ်အလေးချိန်လျှော့ချရာမှာ အထောက်အကူပေးပါတယ်။ အသီးထဲမှာ အစေ့သေးသေးလေးတွေ အများကြီးပါပေမယ့် အစာချေဖျက်နိုင်မှာမဟုတ်တာကြောင့် စားလို့မရဘဲ စွန့်ပစ်နေရပါတယ်။ မာလကာစေ့ကို ဒီအတိုင်းတော့ အသီးနဲ့အတူရောစားလို့မရပါဘူး။ အူအတက်ပေါက်မှာ စိုးရိမ်ရတာကြောင့် မစားရဲရင် ဖျော်ရည်မှာလိုမျိုး အသီးနဲ့အစေ့ကို ရောကြိတ်ပြီးစားနိုင်ပါတယ်။ မာလကာသီးရဲ့ ဆေးဖက်ဝင်အာနိသင်များမာလကာသီးအစေ့ကနေ ရရှိနိုင်မယ့်ဆေးဖက်ဝင်အာနိသင်တချို့ကတော့ – (၁) သွေးတိုးကိုကျစေနိုင် မာလကာမှာ ပါဝင်တဲ့ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)