အာဟာရဆိုင်ရာ အချက်အလက်များ

နေ့တိုင်း အာဟာရ လိုအပ်ချက်ကြောင့် အစားအစာတွေကိုတော့ စားနေပါရဲ့။ ဗိုက်ဝသွားတာပဲ ရှိတယ် အစားအစာ တစ်ခုချင်းစီရဲ့ အာဟာရ တန်ဖိုးနဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို မသိဘူးဖြစ်နေတယ်ဆိုရင် ဒီကဏ္ဍလေးကနေ သိလိုတဲ့ အစားအစာလေးရဲ့ အာဟာရဆိုင်ရာ အချက်အလက်လေးတွေကို လေ့လာလို့ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အာဟာရဆိုင်ရာ အချက်အလက်များ

ခရမ်းသီးအခွံကို စားပေးရင် ကျန်းမာမှာလား!

ခရမ်းသီးကို ကြော်စား နှပ်စား ချဉ်ရည်ဟင်းထဲ ထည့်ချက်စား စသဖြင့် အမျိုးမျိုး စားကြပါတယ်။ ဒီလို စားကြရာမှာ ခရမ်းသီးကို အခွံနွှာပြီး စားကြတာမျိုး ရှိသလို အခွံမနွှာဘဲ အခွံကိုပါ ထည့်ချက်စားကြတာမျိုးလည်း ရှိကြပါတယ်။ ဒီလို စားတဲ့အခါ အခွံကို စားပေးရင် ဘာတွေ ဖြစ်နိုင်မလဲ! ခရမ်းသီးအခွံကို စားပေးရင် ကျန်းမာမှာလား! ဆိုတာကို ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။  ခရမ်းသီးခွံကို စားလို့ရလား! ခရမ်းသီးခွံကို စားလို့ရလား! ဆိုတော့ အားလုံးလည်း သိထားပြီးတဲ့အတိုင်း စားလို့ ရပါတယ်။ ခရမ်းသီးခွံကလည်း အာဟာရ ကြွယ်ဝသလို ကျန်းမာရေးအတွက်လည်း ကောင်းကျိုးများပါတယ်။ ခရမ်းသီးခွံမှာ အဆီဓာတ်၊ ကစီဓာတ်နဲ့ ဆိုဒီယမ် ပါဝင်မှု ကင်းပြီး ဗီတာမင် A၊ ဗီတာမင် C နဲ့ ဗီတာမင် B6၊ […]

အာဟာရဆိုင်ရာ အချက်အလက်များ ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

Cashew (သီဟိုဠ်စေ့)

သီဟိုဠ်စေ့ကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးများသီဟိုဠ်စေ့က နှလုံးကျန်းမာရေး၊ အာရုံကြောကျန်းမာရေး၊ ကြွက်သားလုပ်ဆောင်ချက်ကောင်းမွန်စေခြင်း၊တို့လို ကျန်းမာရေးအကျိုးကျေးဇူးတွေအပြင်သွေးအားနည်းခြင်း၊ ဆီးချိုရောဂါတို့လိုရောဂါအခြေအနေတွေကိုပါ သက်သာလျော့ပါးစေနိုင်တဲ့ အစေ့အဆံတစ်မျိုးဖြစ်ပါ တယ်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်တာကြောင့်လည်းသွေးနီဥဆဲလ်ဖြစ်ပေါ်မှုကို ကူညီပေးပြီး ကိုယ်ခံအားကိုကောင်းစေပါတယ်။   သီဟိုဠ်စေ့ရဲ့အာဟာရတန်ဖိုးသီဟိုဠ်စေ့မှာ အာဟာရဓါတ်ပြည့်ဝတဲ့အပြင်ကော့ပါး၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ သံဓါတ်၊ပိုတက်စီယမ်နဲ့ဇင့်အပါအဝင် သတ္ထုဓါတ်တွေနဲ့ ပရိုတင်းတွေပါဝင်ပါတယ်။ သူ့မှာ ဗီတာမင်C ၊B1(thiamin)၊ B2(riboflavin) ၊B3(niacin)၊B6၊ folate ၊ ဗီတာမင် E(alpha-tocopherol) နဲ့ ဗီတာမင် K(phylloquinone) တို့ပါဝင်တဲ့အပြင် သင့်တင့်စွာ စားသုံးမယ်ဆိုရင် monounsaturated အဆီတွေနဲ့polyunsaturated အဆီတွေ၊ အကျိုးပြုကိုလက်စထရောတွေကိုကောင်းမွန်စွာထိန်းသိမ်းနိုင်ပါတယ်။   ကျန်းမာရေးအကျိုးကျေးဇူးများသီဟိုဠ်စေ့ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့ – (၁) နှလုံးရောဂါကာကွယ်ပေးခြင်း သီဟိုဠ်စေ့ဟာ အဆီမှာပျော်ဝင်လွယ်တဲ့ ဗီတာမင် A ၊ D၊E ၊ K တို့ကို စုပ်ယူနိုင် ဦးနှောက်ဖွံ့ဖြိုးမှုနဲ့သွေးခဲပိတ်ဆို့ခြင်းတို့အတွက် အရေးပါတဲ့ အကျိုးပြုအဆီတွေ၊ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့သွေးခဲပိတ်ဆို့မှုအတွက် အဓိကကျတဲ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

စားသောက်ကုန်ပါ အညွှန်းများကို နားလည်အောင်ဖတ်ခြင်း

အာဟာရပြည့်ပြီး မျှတသည့် အစားအစာပမာဏဖြင့် နှလုံးရောဂါ၊ လေဖြတ်ခြင်းနှင့် တစ်ချို့သောကင်ဆာများလို ရုပ်ပိုင်းဆိုင်ရာ ပြဿနာများဖြစ်နိုင်ချေကို လျော့ချပေးနိုင်ပါသည်။ စားသောက်ကုန်ပါအညွှန်းများတွင် အစာနှင့်ပါတ်သတ်သည့် အချက်အလက်များဖြစ်သော အာဟာရတန်ဖိုး၊ ပါဝင်ပစ္စည်းနှင့် ကယ်လိုရီပမာဏတို့ ပါဝင်ပါသည်။ ထို့ကြောင့် စားသောက်ကုန်များတွင်ပါသော အညွှန်းစာကို မဝယ်ယူခင် သေချာဖတ်ခြင်းက မိသားစုအတွက် လုံလောက်သည့် အာဟာရများရရှိရန် စမတ်ကျကျ ရွေးချယ်နိုင်မည်ဖြစ်သည်။   အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) နှင့် ယူအက်စ် စိုက်ပျိုးရေးဌာန (USDA) တို့သည် ထုပ်ပိုးရောင်းချသည့်အစားအစာများ၏အညွှန်းများ၌ အစာတွင်ပါသော အာဟာရဆိုင်ရာ အချက်အလက်များကို ဖတ်ရသောပုံစံနှင့် ထည့်ရန် များသောအားဖြင့် အထုပ်၏ နောက်ကျောဖက် သို့မဟုတ် အတွင်းထဲတွင် ထည့်ခိုင်းပါသည်။ အောက်၌ အစားအစာအညွှန်းများတွင် ပါတတ်သော အချက်အလက်တစ်ချို့ကို ဖော်ပြထားပါသည်။   နေ့စဉ်လိုအပ်ချက်၏%ဖြင့်ပြခြင်း (%DV) ဤအချက်၌ သင်တစ်နေ့တာလိုအပ်မည့် အာဟာရ၏ရည်ညွှန်းပမာဏကို ရာခိုင်နှုန်းဖြင့်ဖော်ပြထားခြင်းဖြစ်သည်။ များသောအားဖြင့် တစ်နေတာလိုအပ်ချက် ၂၀၀၀၀ […]


အာဟာရဆိုင်ရာ အချက်အလက်များ

မယ်ဇလီ

ဆေးဖက်ဝင်အောင်ဆိုပြီး အရသာရှိရှိ ဟင်းခါးချက်သောက်လေ့ရှိတဲ့ မယ်ဇလီဟင်းချိုကနေ ဘယ်လိုကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိစေနိုင်လဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ မယ်ဇလီ (Senna) မယ်ဇလီက ဆေးဖက်ဝင်အပင်တစ်မျိုးပါ၊ အရွက်နဲ့အသီးဆေးဖော်ရာမှာအသုံးပြုပါတယ်။ မယ်ဇလီဟာ FDA ကအသိအမှတ်ပြုထားတဲ့ဆေးညွှန်းမလိုတဲ့ ဝမ်းနုတ်ဆေးတစ်မျိုးဖြစ်ပါတယ်။ ဝမ်းချုပ်တာကို သက်သာစေဖို့အတွက် နဲ့ စအိုကနေပိုက်ထည့်ပြီးမှန်ပြောင်းဖြင့်ကြည့်နည်း (colonoscopy) မလုပ်ဆောင်ခင်အူမကြီးအတွင်းသန့်ရှင်းစေဖို့အတွက်အသုံးပြုပါတယ်။ မယ်ဇလီကို နာတာရှည်အူလမ်းကြောင်းဆိုင်ရာ ပြဿနာစု (irritable bowel syndrome)၊ လိပ်ခေါင်းရောဂါ (hemorrhoids) နဲ့ ကိုယ်အလေးချိန်ကျဆင်းစေဖို့အတွက်လည်း အသုံးပြုပါတယ်။ဆေးဖက်ဝင်တယ်ဆိုတဲ့အချက်ကြောင့် နှစ်ခြိုက်စွာစားသုံးနေကြတဲ့ မယ်ဇလီရဲ့ ကျန်းမာရေးအကျိုးကျေးဇူးအချို့ကိုမျှဝေပေးလိုက်ပါတယ်။ မယ်ဇလီကနေ ဘာအကျိုးကျေးဇူးတွေရရှိနိုင်သလဲ မယ်ဇလီက ကျန်းမာရေးကို အခုလို ထောက်ကူပေးပါတယ်။ ၁. အရေပြားရောဂါတွေကိုသက်သာစေခြင်း မယ်ဇလီရဲ့ အဆီကအရေးပြားပေါ်မှာဖြစ်တတ်တဲ့ နီမြန်းရောင်ရမ်းမှုတွေကို သက်သာစေပါတယ်။ အရွက်ကိုကြိတ်ခြေပြီး ရလာတဲ့အနှစ်ကိုပွေး၊အနာနဲ့အပူလောင်နာတွေအတွက်အသုံးပြုနိုင်ပါတယ်။ မယ်ဇလီမှာ ဘက်တီးရီးယားတွေကိုသေစေနိုင်တဲ့ အာနိသင်ရှိတာကြောင့် အရေပြားဆိုင်ရာရောဂါတွေ (သို့) အရေပြားပေါ်မှာဖြစ်တဲ့ အသေးစားကူးစက်ရောဂါတွေကိုကုသရာမှာ အထောက်အကူပြုပါတယ်။ မယ်ဇလီရွက် အနှစ်ကို ဝက်ခြံလိုမျိုး အရေပြားဆိုင်ရာ ကူးစက်ရောဂါတွေနဲ့နှင်းခူလိုမျိုး […]


အာဟာရဆိုင်ရာ အချက်အလက်များ

ငုံးဥ ကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူး

ကြက်ဥ၊ ဘဲဥ၊ ငုံးဥ လိုမျိုး ဥအမျိုးမျိုး ရှိတဲ့အထဲကမှ ငုံးဥကို အကြိုက်ဆုံးလား .... ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ငုံးဥ ဆိုတာ ငုံးဥ ဆိုတာ ငုံးငှက်ကလေးတွေရဲ့ဥလေးတွေဖြစ်ပါတယ်။ ငုံးငှက်လေးတွေကမြေပြင်မှာ လျင်လျင်မြန်မြန် သွားလာနိုင်ပြီး တခါတလေတော့ ပျံတတ်ပါတယ်။ ငုံးဥက ကြက်ဥထက် တော်တော်လေး သေးပြီး အခွံပေါ်မှာ အမဲရောင် အစက်လေးတွေ ပါဝင်ပါတယ်။ အလေးချိန်အားဖြင့် ကြက်ဥ နဲ့ ဘဲဥတွေထက် ပေါ့ပေမယ့် အာဟာရဓါတ် ကတော့ တော်တော်လေး ပိုများပါတယ်။ ငုံးဥ ကနေပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ ငုံးဥမှာ အာဟာရဓါတ် ကြွယ်ဝစွာ ပါဝင်ပြီး ကျန်းမာရေးကို အထောက်အကူ ပြုနိုင်တာကြောင့် နေ့စဉ် စားသုံးတဲ့ အစားအသောက်တွေထဲမှာ ထည့်သွင်းစားသုံးပေးမယ်ဆိုရင် ရရှိလာနိုင်မယ့် အကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက်ပါတယ်။ အမြင်အာရုံ ကောင်းမွန်စေခြင်း ငုံးဥမှာ အမြင်အာရုံကိုကောင်းမွန်အောင်အားဖြည့်ပေးတဲ့ ဗီတာမင်အေ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ထောပတ်သီး (Avocado)

နွားနို့နဲ့ ဖျော်ပဲသောက်သောက်၊ ဒီအတိုင်းပဲ စားစား၊ အသားလွှာပြီး ဆူရှီထဲ ထည့်စားစား၊ သကြားနဲ့ပဲ တို့စားစား စားလို့ ကောင်းတဲ့ ထောပတ်သီး လေးကို ကြိုက်ကြလား ....... ဒီနေရမှာ အဖြေက 'yes'ဆိုရင် ဆောင်းပါးလေးက သင့်အတွက်ပါ။ ထောပတ်သီး (Avocado) ဆိုတာ ထောပတ်သီး ဆိုတာက ထောပတ်ပင်ရဲ့ အသီးပါ။ အပြင်ခွံ အညိုရောင်၊ ဒါမှမဟုတ် အစိမ်းရောင် ရှိပါတယ်။ အတွင်းသားကတော့ ထောပတ်လို အဝါရောင်ဖျော့ဖျော့ ဒါမှမဟုတ် အစိမ်းရောင် နုနု အနှစ်လေးတွေပါ။ ထောပတ်ပင်က အပင်ကြီးမျိုးဖြစ်ပြီး အသီးတွေက အခိုင်လို်က သီးတတ်ပါတယ်။ အသီးက ခပ်ဝိုင်းဝိုင်းလေးတွေ ရှိသလို ရှည်မြောမြောလေးတွေလည်း ရှိပါတယ်။ အရွယ်အစားကတော့ အမျိုးမျိုး ရှိနိုင်ပါတယ်။ ထောပတ်သီးမှာ ဘာတွေပါလဲ စားလို့ကောင်းတဲ့ ထောပတ်သီးမှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ ပိုတက်ဆီယမ် […]


အာဟာရဆိုင်ရာ အချက်အလက်များ

အုန်းစိမ်းရည်က ကျန်းမာရေးအတွက် အထောက်အကူပြုသလား

နှစ်ပေါင်းများစွာကတည်းက အုန်းစိမ်းရည်က ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာပေးစွမ်းနိုင်တယ်ဆိုတာကို သိရှိထားပြီးဖြစ်ပါတယ်။ အုန်းစိမ်းသီးတစ်လုံးမှာ အရည်ဓါတ် ၂၀၀ မီလီလီတာ ကနေ ၁,၀၀၀ မီလီလီတာ အထိပါဝင်ပါတယ်။ အုန်းစိမ်းရည်က အရသာရှိပြီး ကယ်လိုရီပါဝင်မှုနည်းတဲ့ သဘာဝ အချိုရည်တစ်မျိုးပါ။ အုန်းစိမ်းရည်မှာ အုန်းသီးခြောက်အရည်ထက် အာဟာရဓါတ်ပိုမိုပါဝင်ပါတယ်။ အုန်းစိမ်းရည်မှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ အမိုင်နိုအက်ဆစ်၊ အင်ဇိုင်းတွေ၊ ဗီတာမင် ဘီဓါတ်တွေ၊ ဗီတာမင် စီ၊ သံဓါတ်၊ ကယ်လ်ဆီယမ်၊ပိုတက်ဆီယမ်၊မဂ္ဂနီဆီယမ်၊ မဂ္ဂနီ နဲ့ ဇင့် ဓါတ်တွေလိုမျိုး သတ္တုဓါတ်တွေပါဝင်နေပါတယ်။ အုန်းစိမ်းရည်မှာပါတဲ့ အာဟာရဓါတ်တွေက ကိုယ်ခံအားစနစ်ကို တိုးမြှင့်ပေးပါတယ်။ အုန်းစိမ်းရည်မှာပါတဲ့cytokinin လို့ခေါ်တဲ့ အပင်ဟော်မုန်းတစ်မျိုးကလည်း အရွယ်တင်နုပျိုစေသလို ဘက်တီးရီးယားတွေနဲ့ကင်ဆာရောဂါတွေကို တိုက်ဖျက်နိုင်တဲ့အစွမ်းလည်းရှိပါ တယ်။ အုန်းစိမ်းရည်က ကျန်းမာရေးအတွက် ဘယ်လိုအထောက်အကူပေးနိုင်သလဲဆိုတဲ့အချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်။ အုန်းစိမ်းရည်က နေရရှိနိုင်တဲ့ကျန်းမာရေးအကျိုးကျေးဇူးများ ခန္ဓါကိုယ်ကိုရေဓါတ်ဖြည့်ပေးခြင်း အုန်စိမ်းရည်က အပူဒဏ်ေကြာင့်ဖြစ်တဲ့ရေငတ်တာကိုပြေစေနိုင်တဲ့ သဘာဝအချိုရည်တစ်မျိုးပါ။ အုန်းစိမ်းရည်မှာပါတဲ့electrolyte compositionတွေကြောင့် ဝမ်းလျှောတာ၊အော့အန်တာနဲ့အလွန်အမင်း […]


အာဟာရဆိုင်ရာ အချက်အလက်များ

သပွတ်သီးရဲ့ဆေးဖက်ဝင် အာနိသင်များ

သပွတ်သီးဟာ သူ့ရဲ့အာဟာရအာနိသင်ကြောင့် အာရှတလွှားနဲ့ အမေရိကန်မှာ စိုက်ပျိုးစားသုံးနေကြတဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ သပွတ်သီးကို နုတဲ့အချိန်မှာ ချက်ပြုတ်စားသောက်လို့ရပြီး အသီးကရင့်လာတဲ့အချိန်ကျရင် အရောင်ရင့်လာပြီးအမျှင်တွေယှက်နေတဲ့ သပွတ်အူကို ပန်းကန်ဆေး၊ အိုးတိုက်တဲ့ အစအဖြစ် အသုံးပြုကြပါတယ်။ သူ့မှာ ကာဗိုဟိုက်ဒရိတ်နဲ့ ဗီတာမင်အေ အပြင် ပိုတက်စီယမ်၊မဂ္ဂနိစ်၊ကော့ပါး၊ ဗီတာမင် B6၊ ဗီတာမင် စီတို့လည်းပါဝင်ပါတယ်။ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ ဗီတာမင်တွေ၊ အာဟာရဓါတ်တွေနဲ့ အဆီဓါတ်၊ သတ္ထုဓါတ်တွေပါဝင်တဲ့သပွတ်သီးဟာ စွယ်စုံအသုံးဝင်တဲ့သဘာဝပစ္စည်းဖြစ်ပါတယ်။ အလှအပရေးရာမှာဆို အရောင်ကျစေဖို့နဲ့ အသားအရေအဆိပ်ထုတ်ဖို့ သပွတ်သီးအမှုန့်ကို အလှကုန်ပစ္စည်းတွေမှာသုံးကြပါတယ်။ အမျိုးသမီးတွေမှာ ရာသီသွေး ထိန်ရင်လည်း သပွတ်သီးက အကျိုးပြုပါတယ်။ ကလေးငယ်ရှိတဲ့မိခင်တွေမှာလည်း နို့ထွက်များစေတယ်လို့ ဆိုပါတယ်။ တခါတရံကျရင် သပွတ်သီးအတွင်းသားကို အရေပြားမှာပွတ်ပေးရင် အရေပြားဆဲလ်သေတွေကို ဖယ်ရှားပြီး အသားအရေကို ဝင်းလက်စေတယ်လို့ပြောကြပါတယ်။ သပွတ်အူနဲ့ပြုလုပ်ဖန်တီးထားတဲ့Luffa charcoal ကို မျက်နှာနဲ့ မျက်လုံးတဝိုက်ရေယုန်တွေပေါ် လိမ်းကြတယ်လို့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဗောက်သီး ( Cape Gooseberry)

ဗောက်သီးမှာ ကိုယ်အလေးချိန်လျှော့ချပေးခြင်း၊ ခန္ဓါကိုယ်တွင်းကအဆိပ်အတောက်တွေကိုပြေစေခြင်း၊ဆီးချိုဝေဒနာကိုထိန်းညှိပေးနိုင်ခြင်း၊ ကျောက်ကပ်လုပ်ငန်းဆောင်တာတွေကိုတိုးမြှင့်ပေးနိုင်ခြင်း၊ပြင်းထန်တဲ့ဝေဒနာအချို့ကနေ ကာကွယ်ပေးနိုင်ခြင်း၊နှလုံးကျန်မာသန်စွမ်းမှုကိုတိုးမြှင့်ပေးခြင်း၊ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေခြင်းတို့ဖြစ်ပေါ်အောင်လုပ်ဆောင်ပေးနိုင်တဲ့အစွမ်းရှိပါတယ်။ ဗောက်သီး ( Cape Gooseberry) ဆိုတာ ဗောက်သီး ( Cape Gooseberry) ဆိုတာက ပူဖောင်းလို အခွံလေးတွေကာရံထားတဲ့ အတွင်းထဲက အဝါရောင်စိုစို အသီးလေးပါ။ ခရမ်းချဉ်သီးလေးတွေနဲ့ ဆင်တူပြီး အရသာက ချိုချိုချဉ်ချဉ်လေးပါ။ ခံတွင်းရှင်းစေနိုင်ပါတယ်။ ဗောက်သီးမှာ ဘာတွေပါလဲ! ဗောက်သီး ကချိုချိုချဉ်ချဉ်လေးနဲ့အရသာရှိတာကြောင့် အချိုပွဲတွေ၊ကိတ်မုန့်၊သကြားလုံးတွေနဲ့ မုန့်တွေပြုလုပ်ရာမှာထည့်သွင်းအသုံးပြုကြသလို သရေစာအနေနဲ့လည်းဗောက်သီးကို အစိမ်းစားတာမျိုးတွေရှိပါတယ်။ဗောက်သီးမှာ ကယ်လိုရီပမာဏနည်းပါးပြီး ဗီတာမင် နဲ့ သတ္တုဓါတ်တွေလည်းအတော်အသင့်ပါဝင်ပါတယ်။ဗောက်သီးမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်နေပြီး ကျန်းမာရေးအတွက်အထောက်အကူပြုတဲ့Polyphenols နဲ့ carotenoidတွေလည်းပါဝင်ပါတယ်။ ဗောက်သီးကနေရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးများ ဆီးချို(Diabetes)- ဗောက်သီးမှာ fructose ကြွယ်ဝစွာပါဝင်တာကြောင့် ဆီးချိုဝေဒနာသည်တွေစားသုံးဖို့သင့်တော်ပါတယ်။ ရောင်ရမ်းမှုကိုသက်သာစေခြင်း - ဗောက်သီးမှာ polyphenol နဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်တာကြောင့် ပန်းနာရင်ကျပ်သက်သာစေတဲ့ဆေး၊ချောင်းဆိုးပျောက်ဆေး၊ အနာကျက်ဆေး၊ သန်ကျဆေး၊ရောင်ရမ်းမှုသက်သာစေတဲ့ဆေး၊ဝမ်းပျော့ဆေး၊ဝမ်းနုတ်ဆေးတွေထုတ်လုပ်ရာမှာအသုံးပြုသလို အစာအိမ်ဝေဒနာတွေအတွက်လည်းအသုံးပြုလို့ရပါတယ်။ သွေးတိုးရောဂါ (Hypertension) ကိုထိန်းညှိ -ဗောက်သီးမှာpolyphenols ၊ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဇီးဖြူသီး (Goose Berry)

ဇီးဖြူသီးကို ဖျော်ရည်လုပ်သောက်တာ၊ ကြော်စားတာ၊ ထောင်းစားတာမျိုးတွေ ရှိပါတယ်။ဆေးဖက်ဝင်တဲ့အသီး တစ်မျိုးလို့လည်း ဆိုကြပါတယ်။ ဇီးဖြူသီးမှာ ဗီတာမင် C နဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်ပါတယ်။ ဇီးဖြူသီးကို နေ့စဉ်မှန်မှန် စားသုံးမယ်ဆိုရင် သက်ရှည်ကျန်းမာစေမယ်လို့လည်း ဆိုပါတယ်။ ဇီးဖြူသီးရဲ့ ကျန်းမာရေးအပေါ် ဘယ်လိုအကျိုးပြုတာလဲ ဆိုတာကို သိရှိနိုင်စေဖို့ ရှာဖွေသိရှိထားတာလေးတွေကို မျှဝေပေးလိုက်ပါတယ်။ ဇီးဖြူသီး ဆိုတာ ဇီးဖြူသီးက လူတိုင်းနဲ့ ရင်းနှီးပြီးသား အသီးတစ်မျိုးပါ။ အရောင်လေး လှသလို ပုံစံလေးကလည်း ချစ်စရာကောင်းပါတယ်။ အစိမ်းရောင်ဖျော့ဖျော့လေးနဲ့ ကြည်ကြည်လေးပါ။ အရသာက ဖန်သလိုလို ရှိပေမယ့် ကျန်းမာစေတဲ့ အာနိသင်တေါကတော့ အပြည့်ပါပဲ။ ဇီးဖြူသီးကို ထောင်းစားလို့ရသလို သနပ်ထည့်စားတာ၊ အချဉ်စိမ်စားတာအမျိုးမျိုးစားလို့ ရပါတယ်။ ကြော်စားကြတာလည်း ရှိပါတယ်။ ဇီးဖြူသီးမှာ ဘာတွေပါလဲ ဇီးဖြူသီး (Goose Berry) မှာ ရေဓာတ် အဆီဓာတ် ပရိုတင်း အမျှင်ဓာတ် ကာဗိုဟိုက်ဒရိတ် […]


အာဟာရဆိုင်ရာ အချက်အလက်များ

သီဟိုဠ်စေ့ ကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူး ၉ ချက်

သီဟိုဠ်စေ့ ကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူး တွေက ဘာတွေဖြစ်မလဲဆိုတာကို သိရှိနိုင်စေဖို့ အခုပဲ လေ့လာလိုက်ပါ။ သီဟိုဠ်စေ့က နှလုံးကျန်းမာရေး၊ အာရုံကြောကျန်းမာရေး၊ ကြွက်သားလုပ်ဆောင်ချက်ကောင်းမွန်စေခြင်း၊တို့လို ကျန်းမာရေးအကျိုးကျေးဇူးတွေအပြင်သွေးအားနည်းခြင်း၊ ဆီးချိုရောဂါတို့လိုရောဂါအခြေအနေတွေကိုပါ သက်သာလျော့ပါးစေနိုင်တဲ့ အစေ့အဆံတစ်မျိုးဖြစ်ပါ တယ်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်တာကြောင့်လည်းသွေးနီဥဆဲလ်ဖြစ်ပေါ်မှုကို ကူညီပေးပြီး ကိုယ်ခံအားကိုကောင်းစေပါတယ်။ သီဟိုဠ်စေ့ ဆိုတာ သီဟိုဠ်စေ့ ဆိုတာက သီဟိုဠ်သီးရဲ့ အစေ့ပါ။ လှော်ပြီး စားလေ့ရှိကြပြီး ဆိမ့်ဆိမ့်ချိုချိုလေးပါ။ အချိုပွဲတွေမှာ ထည့်စားကြသလို သူ့ချည်း သက်သက်လည်း စားကြပါတယ်။ သီဟိုဠ်စေ့ရဲ့အာဟာရတန်ဖိုး သီဟိုဠ်စေ့မှာ အာဟာရဓါတ်ပြည့်ဝတဲ့အပြင်ကော့ပါး၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ သံဓါတ်၊ပိုတက်စီယမ်နဲ့ဇင့်အပါအဝင် သတ္ထုဓါတ်တွေနဲ့ ပရိုတင်းတွေပါဝင်ပါတယ်။ သူ့မှာ ဗီတာမင်C ၊B1(thiamin)၊ B2(riboflavin) ၊B3(niacin)၊B6၊ folate ၊ ဗီတာမင် E(alpha-tocopherol) နဲ့ ဗီတာမင် K(phylloquinone) တို့ပါဝင်တဲ့အပြင် သင့်တင့်စွာ စားသုံးမယ်ဆိုရင် monounsaturated အဆီတွေနဲ့polyunsaturated အဆီတွေ၊ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)