ရေဓာတ်ခမ်းခြောက်မှုက ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် မှတ်ဉာဏ်ကောင်းမွန်ပြီး အတွေးစိတ်ကူးတွေဆန်းသစ်စေဖို့ရေသောက်ပေးပါ။ တွေးရကြပ်လာရင် ရေသောက်လိုက်ပါ။
ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးနိုင်တယ်
ရေကို အရေပြားရဲ့အတွင်းလွှာမှာ သိမ်းဆည်းထားပါတယ်။ ခန္ဓာကိုယ်က ပူလာတဲ့အခါ ဒီသိမ်းဆည်းထားတဲ့ ရေတွေက ချွေးအဖြစ်နဲ့ထွက်လာပြီး ခန္ဓာကိုယ်ရဲ့ အပူချိန်ကို ထိန်းညှိပေးပါတယ်။ အပူရှပ်တာတွေမဖြစ်စေဖို့ဆိုရင်လည်း ရေကိုလုံလောက်အောင်သောက်သုံးဖို့လိုပါမယ်။
အစာခြေစနစ်ကို ကျန်းမာစေနိုင်တယ်
အူမကြီးကောင်းကောင်းလုပ်ဆောင်နိုင်စေဖို့ ကရေဓာတ်လုံလောက်စွာရရှိဖို့လိုပါမယ်။ တကယ်လို့ရေဓာတ်ပြည့်ဝမှုမရှိတဲ့အခါ အစာအိမ်အက်ဆစ်တွေက ပြင်းနေတာမျိုး၊ အူတွေက အာဟာရစုပ်ယူနိုင်စွမ်းကျတာနဲ့ ဝမ်းချုပ်တာတွေခံစားရနိုင်ပါတယ်။ ရေသောက်နည်းတာက အစာမကြေတာ၊ ရင်ပူတာတွေကိုလည်း ဖြစ်စေနိုင်ပါသေးတယ်။
ကိုယ်တွင်းကအဆိပ်အတောက်တွေဖယ်ရှားပေးတယ်
ရေက ချွေး၊ ဆီး၊ ဝမ်းတို့ကနေတဆင့် ကိုယ်တွင်းက အဆိပ်အတောက်တွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။
သွေးပေါင်ထိန်းညှိပေးတယ်
ကိုယ်တွင်းမှာ ရေဓာတ်နည်းတာက သွေးကိုပျစ်စေပြီး သွေးပေါင်ချိန်ကို တိုးစေနိုင်ပါတယ်။ ဒါကြောင့် သွေးတိုးတာကိုသက်သာစေပြီး သွေးပေါင်ချိန်ကို ထိ်းညှိချင်တယ်ဆိုရင် ရေကို လုံလောက်တဲ့ပမာဏရအောင် သောက်ပါ။
အသက်ရှုလမ်းကြောင်းကျန်းမာစေနိုင်တယ်
ရေဓာတ်ခမ်းခြောက်တဲ့အခါ အသက်ရှုလမ်းကြောင်းတလျှောက်ခြောက်သွေ့မှုတွေဖြစ်ပြီး ဓာတ်မတည့်တာနဲ့ ပန်းနာရင်ကျပ်ရောဂါတွေကိုပိုဖြစ်စေနိုင်ပါတယ်။
ကိုယ်တွင်းမှာ အာဟာရဓာတ်တွေပြန့်နှံ့ရောက်ရှိမှုကိုကောင်းစေတယ်
ရေကအာဟာရဓာတ်တွေကို ပျော်ဝင်စေပြီး ခန္ဓာကိုယ်အနှံ့စီးဆင်းရောက်ရှိမှုကိုကောင်းစေပါတယ်။
ကျောက်ကပ်မပျက်စီးအောင် ကာကွယ်ပေးတယ်
ကျောက်ကပ်က ကိုယ်တွင်းအရည်ဓာတ်ကို ထိန်းညှိပေးဖို့ အဓိကတာဝန်ယူထားတဲ့ အစိတ်အပိုင်းလေးတွေပါ။ ရေသောက်နည်းတာက ကျောက်ကပ်မှာကျောက်တည်တာအပါအဝင် အမျိုးမျိုးသော ကျောက်ကပ်ပြဿနာတွေကိုခံစားရစေနိုင်ပါတယ်။
ဝိတ်ကျစေနိုင်တယ်
သင်က ဝိတ်ချနေတာဆိုရင်တော့ ရေသာက်ပါလို့ပြောပါရစေ။ အကြောင်းကတော့ ရေသောက်တာက ကိုယ်အလေးချိန်ကျဖို့အကောင်းဆုံးထောက်ပံ့ပေးနိုင်လို့ပါ။ အစားမစားခင်ရေသောက်ခြင်းက အများကြီးမစားမိအောင်ကာကွယ်ပေးနိုင်သလို ဗိုက်ပြည့်တယ်လို့လည်း ခံစားရစေနိုင်ပါတယ်။
ကဲ..အဖိုးအခမများတဲ့ရေက ကျန်းမာရေးအတွက်တော်တော်လေးအထောက်အကူပြုနိုင်တယ်ဆိုတော့ ဘာမှမစဉ်းစားနဲ့တော့ အခုကစပြီး သတိလေးထားလို့ ရေကို တစ်နေ့ အနည်းဆုံး ၈ ခွက်တော့ သောက်ဖြစ်အောင်သောက်ဖို့ တိုက်တွန်းပါရစေနော်။
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။