backup og meta

သံပုရာရည် က သင့်ကို နုပျိုစေမယ်ဆိုတာ ဟုတ်ရဲ့လား

Written by Dr. Phio Thiha · သားဖွားပညာ · Phyo Clinic (Pazundaung)


21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သံပုရာရည် က သင့်ကို နုပျိုစေမယ်ဆိုတာ ဟုတ်ရဲ့လား

    သံပုရာရည် သောက်ခြင်းက သင့်ကိုနုပျိုစေပါတယ်။ သင့်မျက်နှာပေါ်က အရေးအကြောင်းတွေ၊ ဝက်ခြံတွေ၊ ချွေးပေါက်ကျယ်နေတာတွေကို သက်သာဖို့အတွက် သင်မနက်တိုင်း ဘာသောက်လေ့ရှိသလဲ စဉ်းစားကြည့်ပါ။ လက်ဖက်ရည်ပူပူ၊ ကော်ဖီ၊ ဒါမှမဟုတ်လည်း ရေတစ်ခွက်သောက်တဲ့လူ ရှိနိုင်ပါတယ်။ ဒါပေမယ့် သံပုရာရည်သောက်ဖို့တော့ စဉ်းစားသင့်ပါတယ်။

    ဖန်ခွက်ထဲမှာ ရေနွေးပူပူလေးနဲ့ သံပုရာသီးတစ်ခြမ်း ထည့်သောက်မယ်ဆိုရင် ကောင်းကျိုးက နှစ်ဆတောင် ရနိုင်ပါသေးတယ်။ ဒါကြောင့် မနက်တိုင်း သံပုရာရည်သောက်ပြီး အသစ်ပြန်လည်မွေးဖွားလိုက်ပါ။

    သံပုရာရည်က သင့်ကျန်းမာရေး၊ အထူးသဖြင့် သင့်အရေပြားကို လှပစေပါတယ်။ ဈေးလည်းမကြီးဘဲနဲ့ အိုမင်းရင့်ရော်မှုကို တားဆီးပေးနိုင်တဲ့ သဘာဝနည်းတစ်ခု ဖြစ်ပါတယ်။

    သံပုရာရည် က တင်းတိပ်နဲ့ ဝက်ခြံကို သက်သာစေတယ်

    တခြားသော မယုံနိုင်စရာကောင်းတဲ့ အကျိုးကျေးဇူးတွေလည်း ရှိပါသေးတယ်။ တင်းတိပ်နဲ့ ဝက်ခြံတွေကို သက်သာစေတာမို့ အရေပြားဆရာဝန်တွေကလည်း ညွှန်းတတ်ကြပါတယ်။ ဒါကြောင့် အလှကုန်ပစ္စည်းအများစုမှာ သံပုရာပါနေတာပါ။ အဲဒီအပြင် သံပုရာသီးမှာပါတဲ့ ဗီတာမင်စီက ရောဂါပိုးတွေ မဝင်အောင်လည်း ကာကွယ်ပေးပါတယ်။ မီးအပူလောင်မိရင်လည်း သံပုရာသီးနဲ့ ပျားရည်ကိုရောပြီး လိမ်းပေးရင်သက်သာပါတယ်။

    သံပုရာရည်က အရေးအကြောင်းတွေကို သက်သာစေတယ်

    သံပုရာသီးဟာ ဗီတာမင်စီ ရစေနိုင်ပါတယ်။ အဲဒါက အရေးအကြောင်းတွေကို လျော့ပါးစေသလို ပျက်စီးသွားတဲ့ အရေပြားကိုလည်း ပြန်လည်ပြုပြင်ပေးပါတယ်။ အရေပြားရဲ့ ကျုံ့ကျယ်နိုင်စွမ်းဟာ အသက်(၄၀)ရောက်ရင် ရပ်တန့်သွားပါတယ်။ ဒါကြောင့်မို့ ဆယ်ကျော်သက်အရွယ်မှာ ကိုယ့်အရေပြားကို ဂရုစိုက်ဖို့လိုပြီး မနက်တိုင်း သံပုရာရည်သောက်တဲ့ အလေ့အကျင့်ကောင်းကို မွေးထားသင့်ပါတယ်။

    သံပုရာရည် က အဆိပ်အတောက်တွေကို ပြေစေတယ်

    နောက်ပြီး သံပုရာမှာ အဆိပ်အတောက်တွေကို ပြေစေတဲ့ ဓါတ်တွေပါဝင်တာမို့ အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးပါတယ်။ သင့်အရေပြားကို ၁၀နှစ်လောက် နုပျိုစေမယ့်အပြင် အစာချေစနစ်၊ ဆံပင်ကို အကျိုးပြုပေးသလို၊ ဆီးချို၊ အဖျား၊ သွေးတိုးနဲ့ တခြားကျန်းမာရေးပြဿနာ တော်တော်များများကိုလည်း ကာကွယ်ပေးပါတယ်။

    သံပုရာရည် က ကိုယ်ခံအားကောင်းစေတယ်

    သံပုရာမှာ ပါဝင်တဲ့ ဗီတာမင်စီက သင့်ရဲ့ ကိုယ်ခံအားကို ပိုမိုကောင်းမွန်စေပြီး ပိုးဝင်ခြင်းကို ကာကွယ်ပေးပါတယ်။ အယ်ကာလီဓါတ်နဲ့ ပိုတက်ဆီယမ်ကလည်း သင့်ကို စွမ်းအင်တွေ ရစေပါလိမ့်မယ်။

    သင့်အစာအိမ်ထဲ ဘာမှမရှိသေးခင်မှာ သံပုရာရည်သောက်ခြင်းက အဆိပ်အတောက်တွေကို ရှင်းလင်းပေးပါတယ်။ ဆီးခဏခဏသွားခြင်းအားဖြင့် ခန္ဓါကိုယ်ထဲက အဆိပ်အတောက်တွေကို လျော့နည်းစေပါတယ်။ အစာအိမ်အောင့်တာ၊နာတာတွေကိုလည်း သက်သာစေပါတယ်။

    သံပုရာရည်က အဆီကျစေတယ်

    သင်က အဝလွန်နေမယ်၊ ဝိတ်လျှော့ချင်နေမယ်ဆိုလည်း ဒါက နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။ သံပုရာသီးမှာပါတဲ့ စီထရစ်အက်ဆစ်က ကဆီဓါတ်စုပ်ယူမှုကို နှေးစေပြီး အဆီချေဖျက်မှုကို မြန်ဆန်စေပါတယ်။ ပိုပြီး ထိရောက်မှုရှိဖို့အတွက် ရေအေးအစား ရေနွေးနဲ့သောက်တာကတော့ ပိုကောင်းပါတယ်။

    သံပုရာရည် က ဆံပင်တွေကို သန်စွမ်းစေတယ်

    နောက်ပြီး သင့်ဆံပင်တွေကိုလည်း သန်စွမ်းစေတာမို့ ထိပ်ပြောင်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ဗောက်ထခြင်းတို့ကို သက်သာစေသလို သင့်ဆံပင်ကိုလည်း လှပစေပါတယ်။

    သံပုရာသီးမှာ သဘာဝအာနိသင်တွေ မြောက်များစွာ ရှိတာ ငြင်းလို့မရပါဘူး။ ဒါကြောင့် နေ့စဉ် သံပုရာရည်ကို သောက်ခြင်းဖြင့် များပြားလှတဲ့ အကျိုးကျေးဇူးတွေနဲ့အတူ မယုံကြည်လောက်အောင် ပြောင်းလဲသွားတာကို သတိထားမိပါလိမ့်မယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Dr. Phio Thiha

    သားဖွားပညာ · Phyo Clinic (Pazundaung)


    21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement