အာဟာရဆိုင်ရာ အချက်အလက်များ

နေ့တိုင်း အာဟာရ လိုအပ်ချက်ကြောင့် အစားအစာတွေကိုတော့ စားနေပါရဲ့။ ဗိုက်ဝသွားတာပဲ ရှိတယ် အစားအစာ တစ်ခုချင်းစီရဲ့ အာဟာရ တန်ဖိုးနဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို မသိဘူးဖြစ်နေတယ်ဆိုရင် ဒီကဏ္ဍလေးကနေ သိလိုတဲ့ အစားအစာလေးရဲ့ အာဟာရဆိုင်ရာ အချက်အလက်လေးတွေကို လေ့လာလို့ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အာဟာရဆိုင်ရာ အချက်အလက်များ

မတ်ပဲ ကျန်းမာရေးကောင်းကျိုး များသလား!

မတ်ပဲကို ချက်စားစား၊ ပြုတ်ပြီး သုပ်စားစား၊ ကြိတ်ပြီး မတ်ပဲကြော် မွမွလေးပဲ ကြော်စားစား စားလို့ကောင်းတဲ့ မတ်ပဲလေးကို သဘောကျ နှစ်ခြိုက်စွာ စားလေ့ရှိလား! ဒီလိုဆို မေးစရာ ရှိတာက မတ်ပဲက စားကောင်းရုံပဲလား မတ်ပဲ ကျန်းမာရေးကောင်းကျိုး များသလား! ဆိုတာပါ။  မတ်ပဲ ဆိုတာ မတ်ပဲဆိုတာက ပဲအမျိုးအစား တစ်ခုပါ။ အစိမ်းရောင်ဖျော့ဖျော့ ပဲလုံး သေးသေးလေးတွေပါ။ မြန်မာနိုင်ငံ နဲ့ အိန္ဒိယ အပါအဝင် အာရှနိုင်ငံ တော်တော်များများမှာ စားသုံးလေ့ရှိတဲ့ ပဲတစ်မျိုးပါ။ စားရတာ အရသာရှိသလို ကျန်းမာရေးကောင်းကျိုးလေးတွေ ရှိတာကြောင့် ရှေးယခင် ကာလတွေကတည်းက ဆေးဖက်ဝင် စားစရာ တစ်ခုအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။  https://hellosayarwon.com/herbals-alternatives/herbal-medicines/fenugreek-leaves-benefits/ မတ်ပဲရဲ့ အာဟာရ တန်ဖိုး မတ်ပဲမှာ အခုလို အာဟာရဓာတ်လေးတွေ ပါဝင်နေပါတယ်။  ပရိုတင်း အဆီဓာတ် ကစီဓာတ် အမျှင်ဓာတ် […]

အာဟာရဆိုင်ရာ အချက်အလက်များ ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

ဒန့်သလွန်ရွက်

ဟင်းခါးလေး ချက်သောက်သောက်၊ အာလူးလေးနဲ့ ကြော်စားစား စားလို့ ကောင်းတဲ့ ဒန့်သလွန်ရွက်လေးကို သဘောတကျ စားတတ်သူလေးတွေ ရှိလား ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဒန့်သလွန်ရွက် ဆိုတာ ဒန့်သလွန်ရွက် ဆိုတာက တောင်အာရှဒေသမှာ အပေါက်ရောက်များတဲ့ အပင်တစ်မျိုးဖြစ်ပြီး အခုနောက်ပိုင်းမှာတော့ အပူပိုင်းဒေသတော်တော်များများမှာပေါက်ရောက်လာပြီဖြစ်ပါတယ်။ ဒန့်သလွန်ပင်ရဲ့အရွက်ကို တိုင်းရင်းဆေးတွေထဲမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက အသုံးပြုခဲ့ကြပါတယ်။ ဒန့်သလွန်ပင်ဟာ ပင်စည်က အဖြူရောင်ဖြစ်ပြီး ကြွတ်ဆတ်တဲ့အကိုင်းအလက်တွေနဲ့ ဘဲဥပုံအစိမ်းရောင်အရွက်တွေပါရှိပါတယ်။ ဒန့်သလွန်ရွက်မှာ ပရိုတင်း၊ ကယ်လလ်ဆီယမ်၊ ဘီတာ ကယ်လ်ရိုတင်း၊ ဗီတာမင် စီ၊ ပိုတက်ဆီယမ်တို့လိုမျိုး အာဟာရဓာတ်များစွာ ပါဝင်ပါတယ်။ ဒန့်သလွန်ရွက်မှာ မှိုပိုးတွေကိုသေစေနိုင်တဲ့ အာနိသင် ရှိသလို ရောဂါပိုးတွေကိုလည်း တိုက်ဖျက်နိုင်တဲ့ အစွမ်း ရှိပါတယ်။ရောင်ရမ်းမှုကို လျော့ပါးစေနိုင်စွမ်းလည်း ရှိပါတယ်။ ဒန့်သလွန်ရွက်မှာပါတဲ့ အာဟာရဓာတ်တွေကဘာတွေလဲ ဒန့်သလွန်ရွက် နဲ့ ဒန့်သလွန်သီးတို့မှာ အာဟာရဓာတ်ကြွယ်ဝစွာပါဝင်ပြီး ခန္ဓာကိုယ်အတွက် […]


အာဟာရဆိုင်ရာ အချက်အလက်များ

အသည်းအမြစ် ကလီစာ တွေစားသုံးခြင်းက ကျန်းမာရေးအတွက် ကောင်းသလား

ကြက်အသည်းအမြစ် အပါအဝင် အတွင်း ကလီစာ အသားတွေကို ဝမ်းတွင်းသားလို့ခေါ်ကြပါတယ်။ အင်္ဂလိပ်လိုတော့ 'offal' လို့ခေါ်ကြပါတယ်။ အသားတွေရောင်းချဖို့ အကောင်ဖျက် ခုတ်ထစ်တဲ့အခါ ပဲ့ကျလာတဲ့ အမြီး၊ ခြေထောက်၊ ဝှေးစေ့စတဲ့ တိရစ္ဆာန်အစိတ်အပိုင်း အားလုံးကို"off fall" လို့ခေါ်ဆိုရာကဖြစ်ပေါ်လာတဲ့စကားလုံးဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာဆိုရင် အများစုက အသားတွေကိုသာ စားကြတာဖြစ်ပြီး ဝမ်းတွင်းသား ကလီစာတွေကို မစားကြပါဘူး။ ကလီစာတွေက ဘေးထွက်ဆိုးကျိုးတချို့ရှိနိုင်ပေမယ့် သူတို့မှာပါဝင်တဲ့ အာဟာရတန်ဖိုးတွေကြောင့် အကျိုးကျေးဇူးတွေလည်း များပါတယ်။ ကလီစာတွေနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့အချက်တွေကတော့ - ကလီစာတွေမှာ ဗီတာမင်နဲ့ အာဟာရဓာတ်တချို့ ကြွယ်ဝစွာ ပါဝင်ပါတယ်။ သူတို့ကို သေချာမသန့်စင်ရင်တော့ အူတွင်းဘက်တီးရီးယားတွေကို ထိခိုက်စေပါတယ်။ အမဲဦးနှောက်လို အတွင်းသားမျိုးကလည်း နွားရူးရောဂါ လို ရှားပါးရောဂါတွေကို ကူးစက်ပြန့်ပွားနိုင်တယ်လို့ သိကြပါတယ်။ အတွင်း ကလီစာ အစိတ်အပိုင်းတွေထဲမှာ ဘာတွေပါဝင်သလဲ အတွင်းသား ကလီစာတွေဆိုတာ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ပင်ပွား (Basil seed)

ပင်ပွားကို အရသာရှိပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတစ်မျိုးအနေနဲ့ အစားအသောက်တွေထဲမှာ ထည့်သွင်းစားသုံးနေတာကြောင့် ပင်ပွား ဆိုတာကို သိပြီးဖြစ်နိုင်သလို နာမည်ကိုတောင် မကြားဖူးတာမျိုးလည်း ရှိနိုင်ပါတယ်။ ပင်ပွားမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ ပါဝင်နေသလို ပရိုတင်းဓာတ်၊ ကာဗိုဟိုက်ဒရိတ်၊ အမျှင်ဓာတ်နဲ့ ခန္ဓာကိုယ်အကျိုးပြု အဆီဓာတ်တွေ ပါဝင်နေပါတယ်။ ပင်ပွားမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝစွာ ပါဝင်တာကြောင့် ဆီးချိုရောဂါ ထိန်းသိမ်းရာမှာ အထောက်အကူပြုနိုင်သလို အရေပြားအတွက်လည်း ကောင်းကျိုးပြုပါတယ်။ ပင်ပွား ကနေရရှိနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးလေးတွေနဲ့ သိထားသင့်တဲ့ သတိထားစရာ အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ပင်ပွား (Basil seed) ဆိုတာ ပင်ပွားစေ့ဆိုတာက ကမ္ဘာပေါ်မှာ လူသိများတဲ့ ဆေးဖက်ဝင်အပင်ဖြစ်တဲ့ ပင်စိမ်းပင်ရဲ့ အစေ့ဖြစ်ပါတယ်။ ပင်ပွားစေ့ကို အချိုပွဲတွေနဲ့ စားသောက်ဖွယ်ရာတွေထဲမှာ ထည့်သွင်းတည်ခင်းလေ့ရှိပါတယ်။ ပင်ပွားစေ့မှာ ခန္ဓာကိုယ်အကျိုးပြု ဓာတ်ပေါင်းတွေ အများအပြားပါဝင်ပြီး […]


အာဟာရဆိုင်ရာ အချက်အလက်များ

ယာကွန် (Yacon)

ယာကွန် (Yacon) ယာကွန်ပင်ဟာ ဆေးပညာဆိုင်ရာ လေ့လာမှုတွေအရ ဆီးချိုရောဂါအပေါ်မှာ ကောင်းကျိုးသက်ရောက်မှု တွေရှိတယ်ဆိုတဲ့တွေ့ရှိချက်တွေကြောင့်မကြာသေးခင်နှစ်တွေအတွင်းတဖြည်းဖြည်းနဲ့ လူသိများလာတဲ့ ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပါတယ်။ ယာကွန်ပင်ကသွေးတွင်းသကြားဓါတ်ကိုထိန်းညှိပေးပါတယ်။ ယာကွန် မှာ ဖလက်ဗနွိုက် flavanoid၊ ဖရက်တိုအိုလီဂိုဆက်ခရိုက် fructooligosaccharide နဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေအများအပြားပါဝင်တဲ့ ကျန်းမာရေး အတွက်အထောက်အကူပြုတဲ့အစားအစာတစ်မျိုးအနေနဲ့သတ်မှတ်ထားပါတယ်။ ယာကွန်ပင်ဟာ တောင်အမေရိကမျိုးရင်းအပင်တစ်မျိုးဖြစ်ပြီး နေကြာပင်နဲ့မျိုးစိတ်တူပါတယ်။ ယာကွန်ပင်မှာ သေးငယ်ပြီးအရောင်တောက်ပတဲ့ ဒေစီပန်းလိုမျိုးပန်းပွင့်လေးတွေပွင့်ကြပါတယ်။ ယာကွန်ပင်ကို ကျန်းမာရေးအတွက်အသုံးပြုတဲ့နေရာမှာ အရွက်ကိုအခြောက်ခံပြီး ရေနွေးကြမ်းထဲထည့်ပြီး သောက်သုံးတာမျိုးရှိသလို အမြစ် ( ယာကွန်ဥ) ကိုအစိမ်းစားသလို ဖျော်သောက်တာ။ မီးကင်စားတာနဲ့သုတ်စား တာမျိုးတွေလည်းရှိပါတယ်။ ယာကွန်ဥက ကြွပ်ရွပြီး ချိုပါတယ်။ ယာကွန် နဲ့ အာဟာရ ယာကွန်မှာ ကယ်လိုရီပါဝင်မှုနည်းပြီး ပရိုတင်း၊အမျှင်ဓါတ်နဲ့ ဗီတာမင် အေ၊ ဘီဝမ်း၊ ဘီတူး နဲ့ ဗီတာမင် စီလိုမျိုး ဗီတာမင် ဓါတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။ ယာကွန်ဥမှာ ကယ်လ်စီယမ်၊ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ချင်း (ဂျင်း) ၏ကျန်းမာရေးအကျိုးကျေးဇူးများ

ချင်း ဆိုတာက ဟင်းလျာတွေကို အနဲ့အရသာတိုးစေဖို့ အသုံးပြုကြသလို ဂျင်းကို အညှီနိုင်စေဖို့လည်း သုံးကြပါတယ်။ ချောင်းဆိုးတာ၊ ရင်ကျပ်တာတွေကို သက်သာစေဖို့နဲ့ လေဒီလေးတွေမှာဆိုရင် သွေးဆင်းမှန်စေဖို့ အသုံးပြုကြပါတယ်။ ဒီတစ်ခေါက်တော့ ဘက်စုံ အသုံးဝင်တဲ့ ချင်း ၏ကျန်းမာရေးအကျိုးကျေးဇူးများ အကြောင်း ပြောပြပေးချင်ပါတယ်။ ချင်း ဆိုတာ ချင်းဟာ တရုတ်၊ ဂျပန်၊ အိန္ဒိယ အပါအဝင် အပူပိုင်းနိုင်ငံတွေမှာ စတင်ပါတယ်။ သူ့မှာ ကျန်းမာရေး အကျိုးကျေးဇူးများပြားစွာ ပါဝင်တာကြောင့် သူ့ကို တောင်အမေရိက၊ အာဖရိကနဲ့ အရှေ့အလယ်ပိုင်းနေရာတွေနဲ့ တစ်ကမ္ဘာလုံးမှာ စိုက်ပျိုးလာကြပါတယ်။ ချင်း (ဂျင်း) ၏ကျန်းမာရေးအကျိုးကျေးဇူးများ ချင်း (ဂျင်း) ၏ကျန်းမာရေးအကျိုးကျေးဇူးများ ကတော့ ပျို့အန်ခြင်း HIV/ AIDS ဆေးတွေကြောင့် ပျို့အန်ခြင်းကို ဂျင်းနေ့စဉ် သောက်သုံးခြင်းအားဖြင့် သက်သာစေနိုင်ပါတယ်။ သုတေသနတွေက AIDS ကုသမှုမယူခင် တစ်နေ့ကို မိနစ် […]


အာဟာရဆိုင်ရာ အချက်အလက်များ

သခွားသီး - အခွံနွှာမလား သို့ မနွှာဘူးလား

သခွားသီး - အခွံနွှာမလား သို့ မနွှာဘူးလား သခွားသီးတွေဟာ အလွန်ကောင်းမွန်တဲ့ အသီးဖြစ်ပါတယ်။ သူတို့ရဲ့ အရသာနဲ့ အနံ့ဟာ စိတ်ကြည်လင်စေပြီး ဘယ်ဟင်းနဲ့ မဆိုလိုက်ဖက်ပါတယ်။ သူတို့ဟာ ကယ်လိုရီနည်းပါးတာကြောင့် သင့်ရဲ့ စားသောက်ပုံကို မထိခိုက်စေပဲ စားနိုင်ပါတယ်။ ဒါပေမယ့် သခွားသီးတွေနဲ့ပတ်သက်ပြီး သင့်ခေါင်းထဲမှာ ပေါ်လာနိုင်တဲ့ မေးခွန်းတစ်ခုကတော့ အခွံခွာသင့်လား၊ ဒီတိုင်းစားသင့်လားဆိုတာပဲ ဖြစ်ပါတယ်။ အချိန်အတော်များများမှာတော့ လူတွေဟာ သခွားသီးရဲ့ အပြင်ခွံက မာပြီး အစာခြေရခက်တာကြောင့် ခွာစားကြပါတယ်။ ဒါပေမယ့် သူတို့တွေဟာ သခွားသီးအခွံမှာပါတဲ့ အာဟာရတန်ဖိုးကို သတိမထားမိတာကြောင့် အခွံခွာစားကြတာဖြစ်ပါတယ်။ အမျှင်ဓါတ် သခွားသီးအခွံမှာ မပျော်ဝင်နိုင်တဲ့ အမျှင်ဓါတ်ပါဝင်ပြီး အူလှုပ်ရှားမှုတွေကို ကောင်းမွန်စေကာ ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။ သခွားသီးရဲ့ အထဲပိုင်းမှာ ပျော်ဝင်နိုင်တဲ့ အမျှင်ဓါတ်ပါဝင်တာကြောင့် အစာခြေစနစ်အတွက် ကောင်းမွန်ပါတယ်။ ဗီတာမင် ကေ အမျှင်ဓါတ်အပြင် သခွားသီးအခွံမှာ ဗီတာမင် ကေ ပါဝင်ပါတယ်။ ဗီတာမင်ကေဟာ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကျန်းမာရေးသောက်စရာ လက်ဖက်ရည်ကြမ်း

ကျန်းမာရေးသောက်စရာ လက်ဖက်ရည်ကြမ်း green tea ဟာ အရသာထူးကဲကောင်းမွန်တဲ့အပြင် အကျိုးကျေးဇူးတွေလည်း များစွာ ပေးနိုင်တဲ့အတွက် လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာကတည်းက လူကြိုက်များ ထင်ရှားခဲ့တာပါ။ green tea ရဲ့ သင်မသိလောက်သေးတဲ့ အဓိကကောင်းကျိုးအချို့ကို ဒီဆောင်းပါးလေးမှာ ဝေမျှပေးထားပါတယ်။ ကိုယ်ခံအားကို မြင့်မားစေတယ်။ green tea ကို နေ့စဉ်မှန်မှန်သောက်တဲ့သူတွေဟာ မသောက်တဲ့သူတွေနဲ့ယှဉ်ရင် (သာမန်ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးတွေကြောင့်ဖြစ်တဲ့) ဖျားတာနာတာမျိုး ဖြစ်ခဲတယ်လို့ လေ့လာချက်အမျိုးမျိုးအရ သိရှိရတဲ့အတွက် green tea ဟာ သင့်ရဲ့ ကိုယ်ခံအားကို မျှင့်တင်ပေးနိုင်တယ်ဆိုတာ အင်မတန်သိသာထင်ရှားနေပါတယ်။ ဒါဟာ catechins လို့ခေါ်တဲ့ ဒြပ်ပေါင်းတမျိုးကြောင့်ဖြစ်ပြီး အဆိုပါ ဒြပ်ပေါင်းဟာ လူကို အန္တရာယ်ပေးနိုင်တဲ့ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးတွေရန်ကနေ ဆဲလ်တွေကို အကာအကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် catechins ဟာ ဘက်တီးရီးယားတွေကနေ ထုတ်လုပ်တဲ့ အဆိပ်အတောက်တွေကိုလည်း ပြန်လည်တုံ့ပြန်တိုက်ခိုက်နိုင်စွမ်းရှိနေပါတယ်။ ဘက်တီးရီးယားကြောင့်သာမက အခြားသော ပိုးမွှားနဲ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

သံပုရာရည်ရဲ့ ကောင်းကျိုးဆိုးပြစ်များ

သံပုရာရည်ရဲ့ ကောင်းကျိုးဆိုးပြစ်များ ကို ဗဟုသုတ အနေနဲ့ သိရှိနိုင်စေဖို့ ဖော်ပြလိုက်ပါတယ်။ သံပုရာရည်ရဲ့ ကောင်းကျိုးဆိုးပြစ်များ သံပုရာရည်ဟာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ ဖြစ်တဲ့ ဗီတာမင် စီ နဲ့ citric acid တို့ကို ထောက်ပံ့ပေးနိုင်တဲ့ ရင်းမြစ် တခု ဖြစ်ပြီး ပမာဏအများကြီး သောက်သုံးစရာလည်း မလိုပါဘူး။ ချဉ်တဲ့ အသီးတွေကနေ flavanones ဓါတ်ကိုလည်း ရရှိနိုင်တဲ့ အတွက် သံပုရာရည်ရဲ့ ဓါတ်တိုးဆန့်ကျင် အာနိသင်ကို ပိုလာစေပါတယ်။ ဘယ်အရာမဆို တန်ဆေးလွန်ဘေး ဆိုတဲ့ အတိုင်းပဲ သံပုရာရည်ဟာ ကျန်းမာရေး အတွက် ကောင်းတယ် ဆိုပေမယ့် အလွန်အကျွံ သောက်သုံးရင်တော့ သွားတွေ ပျက်စီးတာ၊ အစာခြေလမ်းကြောင်း ထိခိုက်တာ အစရှိတဲ့ ပြဿနာတွေကို ဖြစ်ပေါ်စေပါလိမ့်မယ်။ ဗီတာမင် စီရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ အခြားသော ချဉ်တဲ့ အသီးတွေ နည်းတူ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဟင်းသီးဟင်းရွက်ကရတဲ့ အာဟာရတွေ မပျက်စီးအောင် ဘယ်လိုချက်ပြုတ်မလဲ

လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေစားသုံးခြင်းဖြင့် နာတာရှည်ရောဂါအများစုကို သက်သာပျောက်ကင်းစေနိုင်ပြီး ကျန်းမာရေးနဲ့ပတ်သက်တဲ့ တခြားကောင်းကျိုးတွေ အများကြီး ရရှိပါတယ်။ ဒါကြောင့် ဟင်းသီးဟင်းရွက်တွေ စားတဲ့အခါမှာ ပါဝင်တဲ့ အဟာရတွေအပြည့်အဝ ရရှိဖို့ အရေးကြီးပါတယ်။ အခုဖော်ပြသွားမှာကတော့ ဟင်းသီးဟင်းရွက်တွေကနေ အာဟာရအပြည့်အဝရအောင် ဘယ်လိုစားသောက်ရမလဲဆိုတာပါပဲ။ အလတ်ဆတ်ဆုံးကိုရွေးပါ။ လတ်ဆတ်မှလည်း ရေခဲသေတ္တာထဲမှာ အကြာကြီးခံမှာဖြစ်ပါတယ်။ အေးတဲ့နေရာမှာ ထားပါ။ ဟင်းသီးဟင်းရွက်အမျိုးအစား အားလုံးအတွက် ရေခဲသေတ္တာထဲ သိမ်းဖို့ မလိုပါဘူး။ မုန်ညင်းရွက်နဲ့ တခြားအစိမ်းရောင်အရွက်ရှိတဲ့ ဟင်းရွက်တွေက အစိုဓာတ်များတဲ့အတွက် ဟင်းသီးဟင်းရွက် ထည့်တဲ့ခွက်ထဲမှာသာ သိမ်းသင့်ပါတယ်။ ကြက်သွန်၊ အာလူးနဲ့ တခြားသော အမြစ်ပါတဲ့ အသီးအရွက်တွေကတော့ အေးပြီး စိုထိုင်းမှုမရှိတဲ့ နေရာတွေမှာ ထားနိုင်ပါတယ်။ အသီးအရွက်အားလုံးကို ရေခဲသေတ္တာထဲမထည့်ခင် ရေဆေးဖို့ မလိုပါဘူး။ ဥပမာအားဖြင့် မုန်လာဥလို အမြစ်ပါတဲ့ အသီးအနှံတွေက အပေါ်ယံ နည်းနည်းပါးပါး ပေးနေနိုင်ပါတယ်။ ဒါကို အနည်းငယ်ဖယ်ရှားလိုက်တာနဲ့ ဆဲလ်နံရံတွေပျက်ဆီးသွားပြီး […]


အာဟာရဆိုင်ရာ အချက်အလက်များ

လတ်ဆတ်သော နွားနို့ နှင့် နို့မှုန့်တို့၏ အာဟာရဆိုင်ရာ ခြားနားချက်

လတ်ဆတ်သော နွားနို့ နှင့် နို့မှုန့်တို့၏ အာဟာရဆိုင်ရာ ခြားနားချက် အကြောင်း လေ့လာလိုက်ရအောင်နော်။ နွားနို့ကို လတ်ဆတ်သော နို့ရည်ပုံစံမှစပြီး အခြောက်ခံထားတဲ့ (သို့) အမှုန့် ပြုလုပ်ထားတဲ့ အသင့်သောက် နို့မှုန့်ပုံစံ အထိ ပုံစံ အမျိုးမျိုးနဲ့ ရရှိနိုင်ပါတယ်။ ဒါကြောင့် ရိုးရိုးနွားနို့က ပိုကောင်းသလား၊ နို့မှုန့်က ပိုကောင်းသလား ဆိုတာနဲ့ ပတ်သတ်ပြီး မဝေခွဲနိုင် ဖြစ်နေကြပါတယ်။ ဒီဆောင်းပါးကို ဖတ်ပြီးရင်တော့ ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်သွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ လတ်ဆတ်သော နွားနို့ နှင့် နို့မှုန့်တို့၏ အာဟာရဆိုင်ရာ ခြားနားချက် လတ်ဆတ်သော နွားနို့ နှင့် နို့မှုန့်တို့၏ အာဟာရဆိုင်ရာ ခြားနားချက် တွေကတော့ နို့ရည်နဲ့ နို့မှုန့်တို့ရဲ့ အာဟာရပါဝင်မှု နွားနို့ နှင့် နို့မှုန့် နှစ်ခုလုံးမှာ လူသားတွေ လိုအပ်ချက် အတွက် မရှိမဖြစ် […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)