နို့မှုန့် တစ်ခွက်မှာတော့ ဗီတာမင် B12 ဝ.၉ မိုက်ခရိုဂရမ် နဲ့ ဗီတာမင်B5 ဝ.၈ မီလီဂရမ် ပါဝင်ပါတယ်။ ဗီတာမင်B5က ဆဲလ်အမြှေးပါးများ ကျန်းမာစေရန် ကူညီပေးပါတယ်။ ဗီတာမင်B12က အောက်ဆီဂျင် သယ်ယူပို့ဆောင်ခြင်းအတွက် အလွန် အရေးပါပါတယ်။
လတ်ဆတ်တဲ့ နွားနို့မှာ နို့မှုန့်ထက် ဖော့စ်ဖောရပ်စ်နဲ့ ဆီလီနီယမ်လည်း ပိုမို ပါဝင်ပါတယ်။ ဖော့စ်ဖောရပ်စ်နဲ့ ဆီလီနီယမ် သတ္တုဓာတ်များက ဆဲလ်အမြှေးပါး၊ ဇီဝရုပ်ဖြစ်ပျက်ခြင်း၊ အင်ဇိုင်းလုပ်ဆောင်မှုများအတွက် အကျိုးပြုပါတယ်။
လတ်ဆတ်တဲ့ နို့တစ်ခွက်မှာ ဆီလီနီယမ် ၇.၆ မိုက်ခရိုဂရမ်နဲ့ ဖော့စ်ဖောရပ်စ် ၄၇ မီလီဂရမ် ပါဝင်ပါတယ်။ နို့မှုန့် တစ်ခွက်မှာ ဆီလီနီယမ် ၆.၃ မိုက်ခရိုဂရမ်နဲ့ ဖော့စ်ဖောရပ်စ် ၂၇ မီလီဂရမ် ပါဝင်ပါတယ်။
လူအများစုက လတ်ဆတ်တဲ့ နို့ရည်ကို ပိုမို အရသာတွေ့ကြပါတယ်။
- နို့မှုန့်ရဲ့ အကျိုးကျေးဇူးများ
လတ်ဆတ်တဲ့ နို့ရည်ကို အချိန်ကြာကြာ သိမ်းဆည်းမထားနိုင်ပေမယ့် နို့မှုန့်ကိုတော့ ကြာရှည်စွာ သိမ်းဆည်းထားနိုင်ပါတယ်။
နို့မှုန့်ကို ရေခဲသေတ္တာထဲတွင် ထိန်းသိမ်းထားရန် မလိုအပ်သလို သူ့ရဲ့ အာဟာရ တန်ဖိုးကိုလည်း အချိန်ကြာမြင့်စွာ ထိန်းသိမ်းထားနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။