backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ချင်း (ဂျင်း) ၏ကျန်းမာရေးအကျိုးကျေးဇူးများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 08/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ချင်း (ဂျင်း) ၏ကျန်းမာရေးအကျိုးကျေးဇူးများ

ချင်း ဆိုတာက ဟင်းလျာတွေကို အနဲ့အရသာတိုးစေဖို့ အသုံးပြုကြသလို ဂျင်းကို အညှီနိုင်စေဖို့လည်း သုံးကြပါတယ်။ ချောင်းဆိုးတာ၊ ရင်ကျပ်တာတွေကို သက်သာစေဖို့နဲ့ လေဒီလေးတွေမှာဆိုရင် သွေးဆင်းမှန်စေဖို့ အသုံးပြုကြပါတယ်။ ဒီတစ်ခေါက်တော့ ဘက်စုံ အသုံးဝင်တဲ့ ချင်း ၏ကျန်းမာရေးအကျိုးကျေးဇူးများ အကြောင်း ပြောပြပေးချင်ပါတယ်။

ချင်း ဆိုတာ

ချင်းဟာ တရုတ်၊ ဂျပန်၊ အိန္ဒိယ အပါအဝင် အပူပိုင်းနိုင်ငံတွေမှာ စတင်ပါတယ်။ သူ့မှာ ကျန်းမာရေး အကျိုးကျေးဇူးများပြားစွာ ပါဝင်တာကြောင့် သူ့ကို တောင်အမေရိက၊ အာဖရိကနဲ့ အရှေ့အလယ်ပိုင်းနေရာတွေနဲ့ တစ်ကမ္ဘာလုံးမှာ စိုက်ပျိုးလာကြပါတယ်။

ချင်း (ဂျင်း) ၏ကျန်းမာရေးအကျိုးကျေးဇူးများ

ချင်း (ဂျင်း) ၏ကျန်းမာရေးအကျိုးကျေးဇူးများ ကတော့

  • ပျို့အန်ခြင်း

HIV/ AIDS ဆေးတွေကြောင့် ပျို့အန်ခြင်းကို ဂျင်းနေ့စဉ် သောက်သုံးခြင်းအားဖြင့် သက်သာစေနိုင်ပါတယ်။ သုတေသနတွေက AIDS ကုသမှုမယူခင် တစ်နေ့ကို မိနစ် ၃၀ လောက်ကြိုပြီး ဂျင်းအသုံးပြုခြင်းဟာ ပျို့အန်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

ဂျင်းကို ခွဲစိတ်အပြီးမှာလည်း ပျို့အန်ခြင်းကို ကာကွယ်ဖို့ အသုံးပြုနိုင်ပါတယ်။ ခွဲစိတ်မှုမပြုခင် တစ်နာရီကြိုပြီး ဂျင်း ၁-၅ ဂရမ်လောက် အသုံးပြုထားသူတွေဟာ ခွဲစိတ်မှုအပြီး ၂၄ နာရီအတွင်း ပျို့အန်နှုန်းနည်းပါးပါတယ်။

အော့အန်နေတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာလည်း ဂျင်း အသုံးပြုနိုင်ပါတယ်။ ဂျင်းကို ငုံဆေး၊ သကြားလုံးအဖြစ် အသုံးပြုခြင်းဟာ ကိုယ်ဝန်ဆောင်တွေအတွက် စိတ်ချရပါတယ်။

ဒါပေမယ့် ပိုစိတ်ချရာ ကိုယ်ဝန်ဆောင်စဉ် ဖြည့်စွက်စာနဲ့ ဆေးတွေ မသောက်ခင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ဒါ့ပြင် ဂျင်းမှာပါတဲ့ phenolic compounds တွေဟာ အစာခြေလမ်းကြောင်း ပြဿနာတွေကို သက်သာစေပြီး တံတွေးနဲ့ သည်းခြေရည်ကို ပိုထွက်စေတယ်လို့ ဆိုပါတယ်။

  • ရာသီလာစဉ် နာကျင်ခြင်း

ဂျင်းဟာ ရာသီလာစဉ် အကောင်းဆုံးဆေးပဲဖြစ်ပါတယ်။ ရာသီစလာလာချင်း ပထမသုံးရက်မှာ ဂျင်း ၁၅၀၀ မီလီဂရမ်ကို သုံးကြိမ်ခွဲပြီး သောက်ခြင်းဟာ ရာသီလာခြင်းကြောင့် နာကျင်မှုကို သက်သာစေတယ်လို့ ဆိုပါတယ်။

အမျိုးသမီး ၆၂%ကတော့ ရာသီလာစဉ် ပထမသုံးရက်အတွင်း ginger extract (Zintoma and Goldaru) ကို တစ်နေ့လေးကြိမ် အသုံးပြုခြင်းဟာ ရာသီလာစဉ် နာကျင်မှုကို သိသိသာသာ သက်သာစေတယ်လို့ ဆိုပါတယ်။

ဂျင်းဟာ အကိုက်အခဲပျောက်ဆေးတွေဖြစ်တဲ့ ibuprofen နဲ့ mefenamic acid လိုမျိုး အစွမ်းထက်ပါတယ်။ နာကျင်မှုသက်သာစေတဲ့ အစွမ်းနဲ့ ပတ်သက်ပြီး ဂျင်းဟာ ကြွက်သားနာကျင်မှုကို ၂၅% သက်သာစေပါတယ်။

  • ကားမူးခြင်း၊ ပင်လယ်မူးခြင်း

လေ့လာမှုတွေက ဂျင်းဟာ ကားမူးခြင်း၊ ပင်လယ်မူးခြင်းတွေအတွက် သက်သာတယ်လို့ သက်သေမပြနိုင်ပေမယ့် လူအတော်များများကတော့ ခရီးမသွားခင် ဂျင်းသောက်ခြင်းဟာ သက်သာတယ်လို့ ဆိုပါတယ်။

လေ့လာမှုတစ်ခုက ဂျင်းဟာ ကားမူးခြင်းကြောင့် ဗိုက်မကောင်းခြင်းကို သက်သာစေတဲ့ ဆေးတစ်မျိုးဖြစ်တဲ့ dimenhydrinate ထက် ပိုကောင်းတယ်လို့ ဆိုပါတယ်။

ဆိုးကျိုးရှိသလား

ဂျင်းကို စားခြင်း၊ သောက်ခြင်းဟာ လူအတော်များများအတွက် စိတ်ချရပါတယ်။ ဒါပေမယ့် အချို့အခြေအနေတွေမှာတော့ ဂျင်းဟာ ရင်ပူခြင်း၊ ဝမ်းလျှောခြင်း၊ ဗိုက်မကောင်းခြင်း အစရှိတဲ့ ပျော့တဲ့ ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။

အချို့အမျိုးသမီးတွေက ရာသီ အများကြီးလာခြင်းကို ခံစားရနိုင်ပါတယ်။ ဂျင်းကို လိမ်းဆေးအဖြစ် ခဏတာမှန်ကန်စွာ အသုံးပြုခြင်းဟာလည်း စိတ်ချရတယ်လို့ ယူဆရပါတယ်။

ကိုယ်ဝန်ဆောင်တွေ၊ နို့တိုက်မိခင်တွေမှာတော့ ကောင်းကျိုး၊ ဆိုးကျိုး ချိန်ဆနိုင်ဖို့ ဆရာဝန်ကို တိုင်ပင်သင့်ပါတယ်။ ဂျင်းဟာ သွေးရောဂါရှိသူတွေမှာ သွေးထွက်နှုန်းမြင့်စေပြီး နှလုံးရောဂါကို ပိုဆိုးစေနိုင်ပါတယ်။

ဘယ်သူတွေ မစားသင့်ဘူးလဲ

သင့်မှာ ဆီးချိုရှိတယ်ဆိုရင်တော့ သူဟာ အင်ဆူလင်နဲ့ သွေးသကြားဓါတ်ပမာဏကို ထိခိုက်နိုင်တာကြောင့် ဆရာဝန်နဲ့ အရင် တိုင်ပင်သင့်ပါတယ်။ ဆေးပမာဏ ပြောင်းလဲမှုတွေ လိုအပ်နိုင်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 08/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement