အရေပြားကျန်းမာရေး –niacin လို့ခေါ်တဲ့ဒြပ်ပေါင်းက ဝက်ခြံပျောက်ကင်းစေပြီး အရေပြားရောင်ရမ်းမှုကိုလျော့ပါးစေပါတယ်။
ဓါတ်တိုးဆန့်ကျင်ပစ္စည်း glutathione ကfree radicalsတွေကို ခုခံတိုက်ခိုက်ပြီး အရေပြားနေလောင်မှုကို ကာကွယ်ပေးတဲ့အပြင် အနာကျက်မြန်စေပါတယ်။ကော့ပါးနဲ့ ဗီတာမင်B12ကြောင့်လည်း အရွယ်မတိုင်မီ ဆံပင်ဖြူခြင်း၊ ဆံပင်ပါးခြင်းကို ကာကွယ်ပေးပါတယ်။
ရာသီသွေးမှန်စေခြင်း –အမျိုးသမီးတွေ ရာသီလာချိန်မှာဖြစ်တဲ့ဝေဒနာတွေ၊ ကိုက်ခဲတာတွေ၊သွေးဆင်းများတာတွေကို သက်သာစေပါတယ်။
မျိုးအောင်စေခြင်း – ဗီတာမင် အီးက အမျိုးသမီးနဲ့ အမျိုးသား အားလုံးမှာ လိင်ဟော်မုန်းနဲ့ဆဲလ်တွေရဲ့အရည်အသွေးကို တိုးတက်စေပါတယ်။ သုက်ပိုးတွေကိုကျန်းမာစေပြီး သားအိမ်အမြှေးတွေကို ထူထဲစေပါတယ်။ ဗီတာမင် စီက သုက်ပိုးဆဲလ်တွေကို အားဖြည့်ပေးပြီး သုက်ပိုးအရေအတွက်ကိုတိုးစေပါတယ်။ folateကြောင့် ဆဲလ်တွေကို သန္ဓေအောင်ဖို့လိုအပ်တဲ့ မှန်ကန်တဲ့ ခရိုမိုဆုန်းတည်ဆောက်ပုံရရှိစေ ပါတယ်။
အဆစ်အမြစ်နာ – အဆစ်အမြစ်နာရောဂါ၊ အထူးသဖြင့်လေးဖက်နာရောဂါကို ကညွတ်က ကာကွယ်ပေးပါတယ်။niacin က အရိုးအဆစ်ရောင်ရမ်းမှုကိုလျော့ကျစေပြီးကော့ပါးက တွယ်ဆက်တစ်ရှူးတွေကိုပြန်လည်ကောင်းမွန်စေတာကြောင့် နာကျင်မှုတွေ၊တောင့်တင်းမှုတွေကို သက်သာစေနိုင်ပါတယ်။
သွေးတိုးကျစေခြင်း –သွေးဖိအားနဲ့ပတ်သက်တဲ့ အာနိသင်တွေရှိတဲ့ မဂ္ဂနီဆီယမ်ပါဝင်တာကြောင့်သွေးတိုးကိုထိန်းနိုင်ပြီး ကယ်လ်ဆီယမ်နဲ့ Rutinကြောင့်လည်း ပိုအကျိုးရှိစေတာဖြစ်ပါတယ်။
တီဘီရောဂါကိုကုသနိင် –လေပြွန်ရောင်ရောဂါနဲ့ တီဘီရောဂါတို့ကို ကုသရာမှာ ကညွတ်ရဲ့အမြစ်က ထိရောက်တဲ့အာနိသင်ရှိတယ်လို့ သိကြပါတယ်။ ကညွတ်အမြစ်က အဆုတ်ထဲက တစ်ရှူးတွေရဲ့ လုပ်ဆောင်ချက်ကိုကောင်းမွန်စေပြီး လည်ချောင်းပိုးဝင်ခြင်းတွေကို သက်သာစေပါတယ်။
သွေးကြောကျန်းမာရေးကို ကောင်းမွန်စေခြင်း – ဗီတာမင် B6ကြောင့်homocysteineကိုထိန်းပေးနိုင်ပါတယ်။homocysteine ပမာဏမြင့်မားရင်သွေးကြောဆိုင်ရာရောဂါတွေဖြစ်စေနိုင်ပြီးသွေးကြောထဲက အဆီတွေစုပုံကာသွေးလည်ပတ်မှုကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။
ကိုယ်ခံအားကို ကောင်းစေခြင်း – ရောဂါတွေကိုတိုက်ထုတ်နိုင်ပြီး ခန္ဓါကိုယ်ကိုထိခိုက်စေမယ့်ဘေးက ကာကွယ်ပေးနိုင်ဖို့ ကိုယ်ခံအား ကောင်းဖို့ လိုပါတယ်။ ဗီတာမင်စီကြောင့် ကိုယ်ခံအားကိုကောင်းစေပြီး အအေးမိခြင်းနဲ့ဗိုင်းရပ်စ်တွေကူးစက်မခံရအောင် ကာကွယ်ပေးပါတယ်။Thiamine ဓါတ်က အစာချေလမ်းကြောင်းနံရံကြွက်သားတွေကို အထောက်အကူပေးပြီး အာဟာရဓါတ်စုပ်ယူမှုအတွက် လိုအပ်တဲ့ဟိုက်ဒရိုကလိုရစ်အက်စစ်ကိုထုတ်ပေးနိုင်ပါတယ်။
သတိပြုရန်
ကျန်းမာရေးအကျိုးေကျးဇူးများတယ်ဆိုပေမယ့် ကညွတ်ကို စားတာများလွန်းရင်လည်းဘေးဖြစ်နိုင်တဲ့အတွက် တန်ဆေးလွန်ဘေး ဆိုတာကို သတိချပ်သင့်ပါတယ်။ တချို့လူတွေမှာဆို ဓါတ်မတည့်မှုကြောင့် နည်းနည်းလောက်စားရုံနဲ့ ဒုက္ခရောက်တတ်ပါတယ်။
ဓါတ်မတည့်မှုလက္ခဏာပျော့ရင်တော့ အရေပြားနဲ့မျက်စိမှာ ယားယံနီရဲစေနိုင်ြင်္ပီး ဗိုက်အောင့်ဗိုက်နာဖြစ်တတ်ပါတယ်။ပြင်းထန်လာရင်တော့ နှာပိတ်ခြင်း၊ဖောရောင်ခြင်း၊ချွဲကြပ်ခြင်း၊ ပန်းနာ၊ ဝမ်းလျှောခြင်း၊ခေါင်းမူးခြင်းတို့ဖြစ်လာနိုင်ပါတယ်။
တချို့မှာလည်း ဆီးအနံ့ပြင်းလွန်းတာတွေရှိတတ်ပါတယ်။ ကညွတ်က ဆီးရွှင်စေပြီးခန္ဓါကိုယ်ထဲမှာ လီသီယမ်ဓါတ်တွေများစေနိုင်တာကြော်င့ အများကြီးစားရင် လီသီယမ်များခြင်းရဲ့ဆိုးကျိုးတွေ ရှိလာစေနိုင်ပါတယ်။ စားသုံးမှုလွန်ကဲရင် သန္ဓေသားရဲ့ဖွံ့ဖြိုးမှုကိုထိခိုက်စေပြီး မိခင်နို့ကိုပါ အဆိပ်အတောက်ဖြစ်စေနိုင်တာကြောင့် ကိုယ်ဝန်ဆောင်တွေနဲ့ နို့တိုက်မိခင်တွေအနေနဲ့ အာဟာရအဖြစ်သာစားသင့်ပြီးဆေးဝါးအဖြစ်အများကြီးမစားသင့်ပါဘူး။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။