
ရှမ်းချဉ်ထဲက ပဲပိုးတီ စားကောင်းရုံပဲလား။ ဆိုတော့ မဟုတ်ပါဘူး။ အခုလိုလေး ဆေးဖက်ဝင်ပါသေးတယ်။
ပရိုတင်း ပါဝင်နေတာကြောင့် အရိုးနဲ့ ကြွက်သားတွေကို သန်မာစေနိုင်သလို ကိုယ်ခံအား ကောင်းစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဗီတာမင် C ကလည်း ကိုယ်ခံအားကောင်းစေဖို့ အားဖြည့်ပေးနိုင်ပါတယ်။
အမျှင်ဓာတ် ကြွယ်ဝတာကြောင့် ဝမ်းမချုပ်စေဖို့ ကာကွယ်ပေးသလို အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းစေနိုင်ပါတယ်။ အူနံရံတွေရဲ့ အာဟာရ စုပ်ယူမှု ကောင်းစေပြီး အစာခြေစနစ် ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
ပဲပိုးတီမှာ အရိုးနဲ့သွားတွေ ကြံ့ခိုင်သန်မာစေဖို့ မရှိမဖြစ် လိုအပ်တဲ့ သတ္တုဓာတ် ဖြစ်တဲ့ ကယ်လ်ဆီယမ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အရိုးနဲ့ သွားတွေ သန်မာစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။
ပိုတက်ဆီယမ် ပါဝင်နေတာကြောင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး သွေးစီးဆင်းမှု ကောင်းမွန်စေနိုင်ပါတယ်။ သွေးမတိုးစေဖို့ ကာကွယ်ပေးနိုင်ပါတယ်။
သံဓာတ် ပါဝင်နေတာကြောင့် သွေးအားနည်းတာမျိုး သံဓာတ်ချို့တဲ့တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။
ဗီတာမင် C နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေတာကလည်း အရေပြားကို ကျန်းမာစေပြီး ဓာတ်တိုးပစ္စည်းတွေကြောင့် အသားအရေပြား ထိခိုက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။
ပဲပိုးတီမှာ ဗီတာမင် A ပါဝင်နေတာကြောင့် မျက်လုံးနဲ့ အမြင်အာရုံကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
ဘယ်သူတွေ မစားသုံးသင့်ဘူးလဲ။
ပဲပိုးတီက ကျန်းမာရေးအတွက် အကျိုးများတာ မှန်ပေမယ့်
- အရမ်းငယ်သေးတဲ့ ကလေးငယ်တွေ
- ကိုယ်ဝန်ဆောင်တွေ
- နို့တိုက်မိခင်တွေ
- ရောဂါအခံရှိသူတွေ
- ကျန်းမာရေး အခြေအနေ တစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရသူတွေက ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသုံးသင့်ပါတယ်။ ပမာဏများများ စားခြင်းကိုလည်း ဆင်ခြင်သင့်ပါတယ်။
ကဲ ……. တကြွပ်ကြွပ်နဲ့ ဝါးလို့ကောင်းတဲ့ ရှမ်းချဉ်ထဲက ပဲပိုးတီ စားကောင်းရုံပဲ ဆိုတာထက် ပိုပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။