ဝမ်းပျက်ဝမ်းလျှော သက်သာစေနိုင်တယ်
ဝမ်းပျက်ဝမ်းလျှောဖြစ်နေတာကို သက်သာချင်တယ်ဆိုရင် ဝမ်းပျက်ဝမ်းလျှောဖြစ်ဖြစ်ချင်းမှာ ကြက်ဟင်းခါးညွန့်ကြိတ်ရည်ကို သောက်ပေးလို့ရပါတယ်။
ပန်းနာရင်ကျပ်ရောဂါ သက်သာစေနိုင်တယ်
ပန်းနာရင်ကျပ်ရောဂါကို သက်သာစေဖို့ဆိုရင် ကြက်ဟင်းခါးညွန့်နဲ့ ပင်စိမ်းရွက်တို့ကို ဆတူရောလို့ ကြိတ်ပြီး ရလာတဲ့အနှစ်ကို ပျားရည်နဲ့ ရောပြီး လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာ မနက်ခင်းမှာ စားသုံးပေးပါ။ ကာကွယ်ဖို့ရော ကုသဖို့ပါ အသုံးပြုလို့ရပါတယ်။
လည်ချောင်းနာတာ သက်သာစေနိုင်တယ်
လည်ချောင်းနာတာကို သက်သာစေဖို့အတွက်လည်း ရေနွေးဆူဆူထဲကို ကြက်ဟင်းခါးညွန့်နဲ့ ပင်စိမ်းရွက်တို့ကို ထည့်လို့ ၁၅ မိနစ်လောက်ထားပြီး ပျားရည်အနည်းငယ်ထည့်လို့ သောက်ပေးလို့ရပါတယ်။ အဖျားရှိခဲ့ရင်လည်း ဒီနည်းက အသုံးဝင်ပါတယ်။
အဆစ်ရောင်နာ သက်သာစေနိုင်တယ်
အဆစ်တွေရောင်ရမ်းနာကျင်နေတာကို သက်သာစေဖို့ဆိုရင် ကြက်ဟင်းခါးညွန့်ကို ကြိတ်လို့ရလာတဲ့ အရည်ထဲကို ပျားရည်နည်းနည်းထည့်လို့ သောက်ပေးလို့ရပါတယ်။
အသည်းရောင် အသားဝါ သက်သာစေနိုင်တယ်
အသည်းရောင်အသားဝါရှိသူတွေ အနေနဲ့လည်း သက်သာစေဖို့ ကြက်ဟင်းခါးညွန့်ကို စားသုံးပေးလို့ရပါတယ်။
အရေပြားပြဿနာ သက်သာစေနိုင်တယ်
အရေပြားပြဿနာအမျိုးမျိုးအတွက်လည်း ကြက်ဟင်းခါးညွန့်ကို ကြိတ်ခြေပြီး လိမ်းပေးလို့ရပါတယ်။ အပူလောင်တာကနေစလို့ အနာတွေဖြစ်တာအထိ အရေပြားပြဿနာ အမျိုးမျိုး အတွက် ကြက်ဟင်းခါးညွန့်ကို အသုံးပြုပေးလို့ရပါတယ်။
လက်ဖျားခြေဖျားတွေပူတာ သက်သာစေနိုင်တယ်
လက်ဖျားခြေဖျားတွေမှာ ပူသလိုလို စပ်ဖျဉ်းဖျဉ်းဖြစ်တာမျိုးတွေကို သက်သာစေဖို့လည်း ကြက်ဟင်းခါးညွန့်ကြိတ်ရည်ကို လိမ်းပေးလို့ရပါတယ်။
သွေးတိုးကျစေနိုင်တယ်
သွေးတိုးရှိသူတွေအနေနဲ့ သွေးပေါင်ချိန်ကို ထိန်းညှိနိုင်ဖို့ဆိုရင် ကြက်ဟင်းခါးညွန့်ကို စားပေးလို့ ရပါတယ်။ ရေနွေးကြမ်းအနေနဲ့ သောက်ပေးလို့လည်း ရပါတယ်။
ကဲ ….. ဒါကြောင့် ကြက်ဟင်းခါးညွန့်စားပေးသင့်တယ်လို့ ပြောရတာပါ။
ဘယ်သူတွေ မစားသုံးသင့်ဘူးလဲ။
ကြက်ဟင်းခါးညွန့်က ကျန်းမာရေးအတွက် အကျိုးများတာ မှန်ပေမယ့်
- အရမ်းငယ်သေးတဲ့ ကလေးငယ်တွေ
- နို့တိုက်မိခင်တွေ
- ရောဂါအခံရှိသူတွေ
- ကျန်းမာရေး အခြေအနေ တစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရသူတွေက ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသုံးသင့်ပါတယ်။
အလွန်အကျွံစားသုံးတာကိုလည်း ရှောင်သင့်ပါတယ်။ ကြက်ဟင်းခါးညွန့်က ဆေးဖက်ဝင်တတယ်ဆိုပေမယ့် ကောင်းကျိုးဆိုးကျိုးတွေကို တိတိကျကျ လေ့လာဖို့ လိုသေးတာကြောင့် ရောဂါတစ်ခုခုခံစားရတဲ့အခါ တတ်ကျွမ်းနားလည်သူနဲ့သာ ကုသသင့်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။