backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ဒရင်ကောက်ပင် ကပေးတဲ့ ကျန်းမာရေး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 08/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဒရင်ကောက်ပင် ကပေးတဲ့ ကျန်းမာရေး

ဒရင်ကောက်ပင် ဆိုတာက နေ့စဉ် စားသုံးနေကျ ကန်စွန်းရွက်တွေလိုမျိုး တရင်းတနှီး မရှိပေမယ့် လုံးဝ မရင်းနှီးတာမျိုးတော့ မဟုတ်ပါဘူး။ ကြားဖူးနားဝတော့ ရှိသလို နည်းနည်းကျဉ်းကျဉ်းလောက်တော့ စားဖူးမိနိုင်ပါတယ်။ ပုံစံလေး ဆန်းတဲ့ ဆေးဖက်ဝင် အပင်အနေနဲ့ လူသိများလာတဲ့ ဒရင်ကောက်ပင်က ကျန်းမာရေးကို ဘယ်လို ထောက်ကူပေးနိုင်လဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

ဒရင်ကောက်ပင် ဆိုတာ

ဒရင်ကောက်ပင် ဆိုတာက ရိုးတံ ခပ်ပျော့ပျော့နဲ့ နွယ်ပင်လိုပုံစံ ရှိတဲ့ အပင်ငယ်လေးတွေပါ။ ထိပ်ပိုင်းမှာ အရွက်လိပ်ခွေခွေလေးတွေက ” ဋ ” ပုံစံ ဖြစ်နေတာကြောင့် ဒရင်ကောက်ပင်လို့ ခေါ်ကြတာပါ.

ဒရင်ကောက်ပင်ကို စားသုံးတဲ့အခါ အရွက်ဖျား ထိပ်ပိုင်း နုနုခွေခွေလေးတွေကိုပဲ စားကြတာ များပါတယ်။ ဟင်းသီးဟင်းရွက် တစ်မျိုးအဖြစ် ဒေသခံ အမေရိက လူမျိုးတွေနဲ့ ပြင်သစ်နိုင်ငံ မြောက်ပိုင်း ဒေသခံတွေက လွန်ခဲ့တဲ့ ရာစုနှစ်တွေကတည်းက စားသုံးခဲ့ကြပါတယ်။

ဒရင်ကောက်ပင်လေးရဲ့ အာဟာရတန်ဖိုး

ပုံစံလေးက ချစ်ဖို့ကောင်းသလို စားလို့လည်း ကောင်းတဲ့ ဒရင်ကောက်ပင်လေးမှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။

ဒရင်ကောက်ပင် ကပေးတဲ့ ကျန်းမာရေး

ဒရင်ကောက်ပင် ကပေးတဲ့ ကျန်းမာရေး

ကြော်စားလို့ရသလို ပြုတ်ပြီး သုပ်စားလို့လည်း ရတဲ့ ဒရင်ကောက်ပင် က ကျန်းမာရေးကို အခုလို ထောက်ကူပေးပါတယ်။

ကိုယ်ခံအား ကောင်းစေတယ်။

ဒရင်ကောက်ပင်မှာ ဗီတာမင် C ပါဝင်နေတာကြောင့် ကိုယ်ခံအားကို ကောင်းစေပြီး ဖျားနာတာ၊ အအေးမိတာ၊ စိတ်ဖိစီးမှုကြောင့် နေထိုင်မကောင်းဖြစ်တာတွေကို သက်သာစေနိုင်ပါတယ်။ ဗီတာမင် C ပြည့်ဝမှုက ကျန်းမာရေးကို အတော်လေး ထောက်ကူပေးနိုင်ပါတယ်။

ဝိတ်ကျစေနိုင်တယ်။

အမျှင်ဓာတ် ပါဝင်တာကြောင့် အဆာခံနိုင်စေပြီး ကယ်လ်လိုရီနဲ့ အဆီဓာတ်ပါဝင်မှု နည်းတာက ကိုယ်အလေးချိန် မတက်အောင် ထိန်းပေးပြီး ဝိတ်ကျစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

သွေးပေါင်ချိန် ထိန်းညှိပေးတယ်။

ပိုတက်ဆီယမ် ပါဝင်မှုက သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်တာကြောင့် သွေးတိုးကျစေဖို့ ထိထိရောက်ရောက် ထောက်ကူပေးနိုင်ပါတယ်။

ကင်ဆာ ကာကွယ်ပေးနိုင်တယ်။

ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကင်ဆာမဖြစ်စေဖို့ ကာကွယ်ပေါ်သလို ကင်ဆာဆဲလ်တွေ ပြန့်ပွားတာမျိုး မဖြစ်စေဖို့လည်း တားဆီးပေးနိုင်ပါတယ်။

သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်တယ်။

ဒရင်ကောက်ပင်မှာ copper နဲ့ သံဓာတ် ပါဝင်နေတာကြောင့် သွေးနီဥဆဲလ်တွေ ဖြစ်ပေါ်စေဖို့ ထောက်ကူပေးပြီး သွေးအားနည်းရောဂါ မဖြစ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။

မျက်လုံး ကျန်းမာစေတယ်။

ဗီတာမင် A ပါဝင်နေတာကြောင့် အမြင်အာရုံ ကျန်းမာစေပြီး မျက်လုံး ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ကြက်မျက်သင့်တာ၊ အသက်အရွယ်ကြောင့် အမြင်အာရုံ ထိခိုက်တာတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

ခေါင်းတစ်ခြမ်း ကိုက်တာကို သက်သာစေနိုင်တယ်။

ဒရင်ကောက်ပင်မှာ ဗီတာမင် B2 ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ခေါင်းတစ်ခြမ်း ကိုက်တာကို သက်သာစေနိုင်ပါတယ်။ ခေါင်းကိုက်တာကို သက်သာစေဖို့လည်း စားပေးလို့ ရပါတယ်။

အရိုးတွေ သန်မာစေနိုင်တယ်။

ကယ်လ်ဆီယမ် နဲ့ မဂ္ဂနီဆီယမ် ပါဝင်နေတာကြောင့် အရိုးတွေကို သန်မာစေနိုင်ပြီး အရိုးပါးတာ၊ အရိုးပွတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

အရောင်ကျစေနိုင်တယ်။

အဆစ်တွေ ကြွက်သားတွေနဲ့ ခန္ဓာကိုယ်တွင်းကိုယ်ပမှာဖြစ်တဲ့ ရောင်ရမ်းမှုတွေကို သက်သာစေဖို့အတွက် ဒရင်ကောက်ပင်ကို စားသုံးပေးလို့ ရပါတယ်။

ဘယ်သူတွေ မစားသင့်ဘူးလဲ။

ဒရင်ကောက်ပင်က ကျန်းမာရေးအတွက် အကျိုးများတယ်ဆိုပေမယ့် အစိမ်းမစားသင့်ပါဘူး။

  • ကိုယ်ဝန်ဆောင်တွေ
  • နို့တိုက်မိခင်တွေ
  • ရောဂါအခံရှိသူတွေ
  • ကျန်းမာရေး အခြေအနေ တစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရသူတွေအနေနဲ့ ဆရာဝန်နဲ့ သေချာ တိုင်ပင်ပြီးမှ စားသင့်ပါတယ်။ အလွန်အကျွံမစားမိဖို့လည်း သတိပြုသင့်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 08/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement