backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ဆူးပုတ်ရွက် နဲ့ ကျန်းမာရေး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 11/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဆူးပုတ်ရွက် နဲ့ ကျန်းမာရေး

ပဲကြီးဟင်းချိုထဲ ထည့်ချက်လေ့ရှိသလို ဘဲဥနဲ့ ခေါက်ကြော်စားလေ့ရှိတဲ့ ဆူးပုတ်ရွက် က ဟင်းလျာတွေကို အရသာတိုးစေရုံပဲလား။ ကျန်းမာရေးအတွက်ရော ဘယ်လို အထောက်အကူပြုလဲဆိုတာကို သိချင်နေပြီလား။

ဒါဆိုရင်တော့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ ဒီတစ်ခေါက်တော့ နေ့စဉ်စားသုံးနေကျ ဟင်းလျာတွေထဲက တစ်ခုဖြစ်တဲ့ ဆူးပုတ်ရွက် နဲ့ ကျန်းမာရေး အကြောင်းလေး ပြောပြပေးချင်ပါတယ်။

ဆူးပုတ်ရွက် ဆိုတာ

ဆူးပုတ်ရွက် ဆိုတာ ဆူးပုတ်ပင်ရဲ့ အရွက်ပါ။ အနုအညွှန့်ကိုပဲ စားကြတာ များပါတယ်။ ရိုးတံမှာ အဆူးလေးတွေ ပါတတ်ပြီး အရွက်လေးတွေက သေးငယ်ပြီး ရွက်ဆိုင်လေးတွေ ပေါက်တတ်ပါတယ်။ ရိုးတံတွေ ဖြာပြီး ထွက်တတ်ပါတယ်။ အစိမ်းရောင် စိုစိုလေးပါ။ အရွက်က အနံ့တော့ နည်းနည်း ပြင်းပါတယ်။

အရွက်က နူးညံ့ပြီး ကြွပ်ကြွပ်လေးပါ။ အရသာကတော့ နည်းနည်း သက်ပါတယ်။

ဆူးပုတ်ရွက်မှာပါတဲ့ အာဟာရဓာတ်တွေ

ဆူးပုတ်ရွက်မှာ

ဆူးပုတ်ရွက် နဲ့ ကျန်းမာရေး

ဆူးပုတ်ရွက် နဲ့ ကျန်းမာရေး

ဆူးပုတ်ရွက်က ကျန်းမာရေး ကောင်းစေသလားဆိုတော့ ကောင်းပါတယ်။ ဆူးပုတ်ရွက်က အရွက်တင်မဟုတ်ပါဘူး။ ပင်စည်၊ အခေါက်တွေကအစ ဆေးဖက်ဝင်တာပါ။

သွားဖုံး ကျန်းမာစေနိုင်တယ်

ဆူးပုတ်က သွားဖုံးသွေးယိုတာတွေကို သက်သာစေပြီး သွားဖုံးတွေကို ကျန်းမာစေနိုင်ပါတယ်။ ခံတွင်းထဲက ပိုးတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

သွားတွေ ကြံ့ခိုင်စေတယ်

ကယ်လ်ဆီယမ် ပါဝင်နေတာကြောင့် သွားတွေကို ကြံ့ခိုင်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ခံတွင်းကျန်းမာစေဖို့လညိး ထောက်ကူပေးပါတယ်။

အရိုးတွေ သန်မာစေနိုင်တယ်

ကယ်လ်ဆီယမ် ပါဝင်နေတာကြောင့် အရိုးတွေကို သန်မာစေပြီး အရိုးပါးတာ၊ အရိုးပွတာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။

ပန်းနာရင်ကျပ် သက်သာစေတယ်

ဆူးပုတ်ကိုင်းက ကြိတ်ပြီး ပန်းနာရင်ကျပ် သက်သာစေဖို့ အသုံးပြုပေးလို့  ရပါတယ်။

ကိုယ်ခံအား ကောင်းစေနိုင်တယ်

ဗီတာမင် C ပါဝင်နေတာကြောင့် ကိုယ်ခံအား ကောင်းစေဖို့ ထောက်ကူပေးပါတယ်။ ဖျားနာတာ၊ အအေးမိတာတွေ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

ကိုယ်လက်ကိုက်ခဲတာတွေ သက်သာစေနိုင်တယ်

ဆူးပုတ်ရွက် နုနုလေးတွေကို စားပေးတာက ကိုယ်လက်ကိုက်ခဲတာတွေကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

သွေးအားကောင်းစေတယ်

သံဓာတ် ပါဝင်နေတာကြောင့် သွေးနီဥဆဲလ်တွေကို ဖြစ်ပေါ်စေပြီး သွေးအားကောင်းအောင် ထောက်ကူပေးပါတယ်။ ကိုယ်တွင်းမှာ အောက်ဆီဂျင် ပြည့်ဝစေဖို့ ထောက်ကူပေးပါတယ်။

ခေါင်းကိုက် သက်သာစေတယ်

အနံ့ပြင်းပေမယ့် ဆူးပုတ်ရွက်က ခေါင်းကိုက်သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

ဝမ်းပျက်ဝမ်းလျှော သက်သာစေတယ်

ဆူးပုတ်ပင် အခေါက်ကို သောက်ပေးတာက ဝမ်းပျက်ဝမ်းလျှောတာကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

အဆစ်ရောင်တာ သက်သာစေတယ်

ဆူးပုတ်ပင် အခေါက်ကို သွေးပြီး လိမ်းပေးတာ၊ သောက်ပေးတာက အဆစ်ရောင်တာကို သက်သာစေနိုင်ပါတယ်။

အစာခြေစနစ် ကျန်းမာစေတယ်

ဆူးပုတ်ရွက်က အစာကြေစေသလို အူတွေကို အာဟာရစုပ်ယူနိုင်စေဖို့နဲ့ လှုပ်ရှားမှု ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

ဘယ်သူတွေမစားသင့်ဘူးလဲ

ဆူးပုတ်ရွက်က ကျန်းမာရေးအတွက် အကျိုးများတယ် ဆိုပေမယ့်

  • ဆီးချိုရှိသူတွေ
  • သွေးတိုးရှိသူတွေ
  • ကလေးငယ်တွေ
  • ကိုယ်ဝန်ဆောင်မိခင်တွေ
  • ရောဂါအခံ တစ်ခုခု ရှိသူတွေအနေနဲ့ ဆရာဝန်နဲ့ သေချာ တိုင်ပင်ပြီးမှ စားသင့်ပါတယ်။

ဘေးထွက်ဆိုးကျိုး ရှိလား

ဆူးပုတ်ရွက်က ကျန်းမာရေးအတွက် အကျိုးများတာ မှန်ပေမယ့်  အလွန်အကျွံ စားသုံးမယ်ဆိုရင်

  • အော့အန်တာ
  • မအီမသာဖြစ်တာ
  • စိတ်ခံစားမှု မကောင်းတာမျိုးတွေ ခံစားရနိုင်ပါတယ်။

ကဲ ….. ဆူးပုတ်ရွက် နဲ့ ကျန်းမာရေး အ​ကြောင်းကို ပြည့်ပြည့်စုံစုံ သိလောက်ပြီ ထင်ပါတယ်နော်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 11/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement