ဇီးပန်းသီးလေးက ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတာကြောင့် ဓာတ်တိုးပစ္စည်းတွေကြောင့် ခန္ဓာကိုယ်ကို မထိခိုက်စေဖို့ ကာကွယ်ပေးပါတယ်။ ကင်ဆာ ကာကွယ်ပေးသလို ကင်ဆာဆဲလ်တွေ ကြီးထွားတာမျိုး မဖြစ်စေဖို့လည်း ဟန့်တားပေးနိုင်ပါတယ်။ သားဥအိမ်ကင်ဆာ၊ သားအိမ်ခေါင်း ကင်ဆာ၊ အသည်းကင်ဆာ၊ အူမကြီးကင်ဆာနဲ့ အရေပြားကင်ဆာတွေ မဖြစ်စေဖို့ ထောက်ကူပေးပါတယ်။
ပိုတက်ဆီယမ် ကြွယ်ဝပြီး ဆိုဒီယမ် ပါဝင်မှု နည်းတာကြောင့် နှလုံးကျန်းမာစေပြီး သွေးပေါင်ချိန်ကို ထိန်းညှိပေးပါတယ်။ သွေးကြောတွေကို ပြေလျော့စေပြီး သွေးကြောတွေထဲမှာ အဆီတွေဖြစ်တာ သွေးကြောကျဉ်းတာမျိုးတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။
နှလုံးကျန်းမာစေသလို နှလုံးသွေးကြောကျဉ်းတာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ သွေးမတိုးအောင်လည်း ကာကွယ်ပေးပါတယ်။
သွေးလည်ပတ်မှု ကောင်းစေတယ်ဆိုတာက ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေဆီကို အောက်ဆီဂျင် ကြွယ်ဝတဲ့ သွေးတွေ လုံလောက်စွာ ပေးပို့ပေးပြီး အင်အား ပြည့်ဝနေစေတာပါ။
ဇီးပန်းသီးမှာ ပိုတက်ဆီယမ်၊ ဖော့စဖရိတ်၊ မဂ္ဂနိ့၊ သံဓာတ်၊ ဇင့်တို့ ပါဝင်နေတာကြောင့် နှလုံးကျန်းမာစေပါတယ်။ သွေးနီဥဆဲလ် ဖြစ်ပေါ်စေပြီး သွေးအားနည်းတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးသလို သွေးစီးဆင်းမှု ကောင်းစေဖို့ ထောက်ကူပေးပါတယ်။
ဦးနှောက်ဆဲလ်တွေ ကျန်းမာစေဖို့ ထောက်ကူပေးပြီး သိမြင်မှု စွမ်းရည်တွေ ကောင်းမွန်စေသလို ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေကို ကောင်းမွန်စေနိုင်ပါတယ်။ အယ်လ်ဇိုင်းမား မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အာရုံကြောဆိုင်ရာ ကျန်းမာရေးပြဿနာတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။
ဇီးပန်းသီးမှာ ဗီတာမင် A နဲ့ C ပါဝင်နေတာကြောင့် ကိုယ်တွင်းက အဆိပ်အတောက်ဖြစ်စေတဲ့ အရာတွေကို ဖယ်ရှားပေးပါတယ်။ ကိုယ်တွင်းကရောင်ရမ်းမှုတွေကို သက်သာစေနိုင်ပြီး ရာသီအဖျားတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ နာတာရှည် ရောင်ရမ်းတာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။ အအေးမိတာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။
ဇီးပန်းသီး သတ္တုရည် နဲ့ ဇီးပန်းသီး အစေ့ကနေရတဲ့ အဆီက အရောင်ကျစေနိုင်ပြီး ကြွက်သားတွေ နာကျင်တာ အဆစ်တွေ နာတာကို သက်သာစေနိုင်ပါတယ်။ အဆစ်နာရောဂါ ရှိသူတွေနဲ့ သင့်တော်ပါတယ်။ အဆစ်တွေကို အရောင်ကျစေနိုင်ပါတယ်။
စိတ်ဖိစီးတာ၊ စိတ်ဓာတ်ကျတာတွေကို သက်သာစေဖို့အတွက် ဇီးပန်းသီးကို စားပေးလို့ရပါတယ်။ အာရုံကြောစနစ်ကို ကျန်းမာစေနိုင်သလို ကော်တီစောပမာဏကို ထိန်းညှိပေးနိုင်တာကြောင့် စိတ်ရောကိုယ်ပါ သက်တောင့်သက်သာဖြစ်စေပြီး စိတ်ဖိစီးတာ၊ စိတ်ဓာတ်ကျတာ၊ စိုးရိမ်စိတ် များတာတွေကို သက်သာစေနိုင်ပါတယ်။
အရိုးပွတာကို ကာကွယ်ဖို့အတွက် စားပေးလို့ ရသလို အနေအထား မမှန်တာကြောင့် ဖြစ်တဲ့ အရိုးထိခိုက်တာတွေကို သက်သာစေဖို့လည်း ဇီးပန်းသီး သတ္တုရည် နဲ့ ဇီးပန်းသီး အစေ့ကနေရတဲ့ အဆီကို အသုံးပြုပေးလို့ ရပါတယ်။ ကယ်လ်ဆီယမ်၊ ဖော့စဖရိတ်၊ မဂ္ဂနီဆီယမ်တို့ ပါဝင်နေတာကြောင့် အရိုးတွေကို သန်မာစေနိုင်ပါတယ်။
ကယ်လ်လိုရီ ပါဝင်မှု နည်းပြီး အမျှင်ဓာတ် ကြွယ်ဝမှုက အဆာခံနိုင်စေဖို့ ထောက်ကူပေးပြီး ကိုယ်အလေးချိန် လျှော့ချင်သူတွေအတွက် အထူးသင့်တော်ပါတယ်။ အဆီမပါဝင်တာကြောင့် ဝိတ်ကျချင်သူတွေ စိတ်ကြိုက် စားပေးလို့ရတဲ့ အစားအစာ တစ်မျိုးပါ။
ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝတာကြောင့် သွေးထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ သွေးနဲ့ပတ်သက်တဲ့ ရောဂါတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။
ကဲ …. အရသာ ရှိတဲ့ ဇီးပန်းသီးလေး စားပေးတဲ့အခါ အခုလို ကျန်းမာရေး အကျိုးကျေးဇူးလေးတွေ ရရှိစေနိုင်ပါတယ်။
ဘယ်သူတွေ မစားသုံးသင့်ဘူးလဲ။
ဇီးပန်းသီးက ကျန်းမာရေးအတွက် အကျိုးများတာ မှန်ပေမယ့်
- အရမ်းငယ်သေးတဲ့ ကလေးငယ်တွေ
- နို့တိုက်မိခင်တွေ
- ရောဂါအခံရှိသူတွေ
- ကျန်းမာရေး အခြေအနေ တစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရသူတွေက ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသုံးသင့်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။