ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ

ဓာတ်ဆားဓာတ်တွေက micronutrientsတွေ ဆိုပေမယ့် ခန္ဓာကိုယ်တစ်ခုလုံး ကောင်းမွန်စွာ လည်ပတ်ဖို့၊ ကျန်းမာစေဖို့အတွက် လိုအပ်ပါတယ်။ ဓာတ်ဆားဓာတ်တွေ ချို့တဲ့တဲ့အခါ နုံးတာ၊ ခေါင်းကိုက်တာကနေစလို့ နှလုံးခုန်မမှန်တာတွေအထိ ဖြစ်တတ်တာကြောင့် ဓာတ်ဆားဓာတ်တွေ ခန္ဓာကိုယ်မှာ လုံလုံလောက်လောက် ရှိနေဖို့ လိုပါတယ်။ ဒါကြောင့် ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ ၊ ဘယ်လို ဖြည့်တင်းသင့်သလဲဆိုတာကို ပြောပြပေးပါမယ်။ ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်း ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ ဥပမာ  ‌‌ချွေးထွက်များတာ ရေသောက်နည်းတာ အဖျားတက်တာ ဝမ်းလျှောတာ၊ အန်တာ ဆီးဆေးတွေ၊ ဝမ်းပျော့ဆေးတွေ သောက်တာကြောင့် ဖြစ်နိုင်သလို  အသည်းရောဂါ၊ ကျောက်ကပ်ရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ ဓာတ်ဆားချို့တဲ့တာက နည်းနည်းပါးပါးဆိုရင် လက္ခဏာမပြတတ်ပေမယ့် များလာပြီဆိုရင်တော့ အောက်ပါ လက္ခဏာတွေ ခံစားရမှာ ဖြစ်ပါတယ်။  ခေါင်းကိုက်တာ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

ရာသီစာများ၏ အကျိုးရလဒ်များ

ဥတုရာသီတွေ ပြောင်းလဲတာနဲ့အတူ ကျွန်တော်တို့ရဲ့ အစားအသောက်ပုံစံတွေလည်း ပြောင်းလဲလာကြပါတယ်။ ရာသီစာတွေက အကောင်းဆုံးနဲ့ အလတ်ဆတ်ဆုံး အရသာကိုပဲ ပေးစွမ်းတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ခန္ဓါကိုယ်အတွက်လည်း အံ့သြဖို့ကောင်းတဲ့ ကောင်းကျိုးအများအပြား ပါဝင်ပါတယ်။ ရာသီစာ စားသုံးခြင်းရဲ့ သိသာတဲ့ ကောင်းကျိုးအချို့ကို ဖော်ပြထားပါတယ်။ ၁။ အရသာ ပိုကောင်းတဲ့အရသာ၊ ပြည့်စုံတဲ့ ရင့်မှည့်မှုတွေကြောင့် အစားအစာတွေကို သူတို့ရဲ့ ရာသီမှာ စားသုံးရတာ အကောင်းဆုံးပါ။ အရသာအပြင်ကို လတ်ဆတ်တဲ့ အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေက ရာသီမဟုတ်၊ စနစ်တကျစိုက်ပျိုးထားတာတွေထက် ပိုပြီး အဟာရ ပြည့်ဝပါတယ်။ အတွင်းထဲက လာတဲ့အတွက်ကို လတ်ဆတ်ရင့်မှည့်မှု၊ နေရောင်ခြည်ရဲ့ နွေးထွေးမှု၊ ထူးရှယ်ချိုမြမှုတွေနဲ့ ပြည့်ဝနေတဲ့ ပန်းသီးတစ်လုံးထဲကို သင့်သွားတွေရဲ့ နစ်မြှုပ်ဝင်ရောက်သွားတာကို စိတ်ကူးခံစားကြည့်ပါ။ ၂။ အာဟာရ နေရောင်ခြည်နဲ့ မြေဆီမြေနှစ်တွေက လတ်ဆတ်တဲ့ ထွက်ကုန်တွေအတွက် အဟာရနဲ့ တခြားလိုအပ်တဲ့ အရာတွေဖြစ်တဲ့ […]


ကျန်းမာစွာချက်ပြုတ်ခြင်း

သစ်သီးဖျော်ရည်ရဲ့ ဆိုးကျိုးများ

သစ်သီးဖျော်ရည်ရဲ့ ဆိုးကျိုးများ အကြောင်း နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ ကျန်းမာတဲ့ စိတ်ဓါတ်နဲ့ ခန္ဓါကိုယ်အတွက် လုံလောက်တဲ့ သစ်သီး၊ ဟင်းသီးဟင်းရွက် ပမာဏနဲ့အတူ ကျန်းမာစေမယ့် နေထိုင်စားသောက်မှုပုံစံ လိုအပ်တယ်ဆိုတာ ငြင်းမရပါဘူး။ ဒါပေမယ့် တချို့လူတွေက ဟင်းသီးဟင်းရွက်တွေရဲ့ အရသာကို သဘောမကျကြပါဘူး။ ဒါ့ကြောင့် သူတို့ဟာ သစ်သီးတွေဖက်ကို စိတ်ရောက်ကြပါတော့တယ်။ တိတိကျကျပြောရရင် သစ်သီးဖျော်ရည်တွေပါ။ ဒီဖျော်ရည်တွေက digestive drain မဖြစ်စေဘဲ အစာချေဖျက်မှုစနစ်ဆီ တိုက်ရိုက်သွားမယ့် probiotics ၊ enzymes ၊ nutrients ပမာဏ အတော်များများ ပေးစွမ်းပါတယ်။ ဒါပေမယ့်လည်း ကောင်းကျိုးတွေအပြင် ဆိုးကျိုးတချို့လဲ သစ်သီးဖျော်ရည်တွေမှာ ရှိပါတယ်။ သစ်သီးဖျော်ရည်ရဲ့ ဆိုးကျိုးများ သစ်သီးဖျော်ရည်ရဲ့ ဆိုးကျိုးများ ကတော့ ၁။ ဈေးကြီးခြင်း သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို ဒီအတိုင်း စားတာနဲ့ ယှဉ်ရင် ဖျော်ရည်တွေက ဈေးပိုကြီးပါတယ်။ […]


အဝလွန်ခြင်း

မွေးကင်းစတွေနဲ့ ကလေးငယ်တွေမှာ အိပ်စက်ခြင်းက ကလေးငယ်အဝလွန်ခြင်းနဲ့ သက်ဆိုင်နေသလား

အိပ်စက်ခြင်းဟာ လူသားတွေအတွက် အသက်အရွယ်မရွေး၊ ကျားမမရွေး ကိုယ်ခန္ဓါကျန်းမာရေးအတွက် အရေးကြီးတဲ့ ကဏ္ဍမှာ ပါဝင်နေပါတယ်။ ကလေးတွေအတွက်ဆိုရင်တော့ အိပ်စက်ခြင်းက ပိုလို့ပိုလို့ အဓိကကျပါတယ်။ ကျန်းမာရေးပြဿနာတော်တော်များများဟာ အိပ်စက်ခြင်းနဲ့ ဆက်နွယ်နေပါတယ်။ အဝလွန်ခြင်းဟာလည်း ဒီထဲက တစ်ခုပါပဲ။ ကလေးငယ်၊ အိပ်စက်ခြင်းနဲ့ အဝလွန်ခြင်း လွန်ခဲ့တဲ့ ဆယ်စုနှစ်သုံးခုအကျော်လောက်ကတည်းက အသက် ၂နှစ်က ၅နှစ်ကြားကလေးတွေမှာ အဝလွန်ခြင်းဟာ ၂ဆလောက်မြင့်တက်လာပါတယ်။ ၆နှစ်က ၁၁နှစ်ကလေးတွေမှာတော့ ၃ဆလောက်နီးနီးဖြစ်လာသလို ၁၂ကနေ ၁၉နှစ်ထိ ဆယ်ကျော်သက်အရွယ်တွေမှာတော့ ၂ဆလောက်ဖြစ်လာပါတယ်။ ၂၀၁၀ခုနှစ်၊ စက်တင်ဘာ ၇ရက်နေ့ကလုပ်တဲ့ လေ့လာမှုတစ်ခုကတော့ ညဘက်မှာ ကောင်းကောင်းမွန်မွန် လုံလုံလောက်လောက် မအိပ်တဲ့ကလေးတွေဟာ သူတို့အရွယ်မရောက်ခင် အချိန်မှာတည်းက အဝလွန်ရောဂါဖြစ်ဖို့ ပိုလွယ်တယ်လို့ဆိုပါတယ။် ဒီလေ့လာမှုကပဲ နေ့လည်ဘက် တစ်ရေးတစ်မောအိပ်ခြင်းဟာ ညဘက်မှာ အိပ်စက်ခြင်းကို အစားမထိုးနိုင်ဘူးရယ်လို့လည်း ဆိုပြန်ပါတယ်။ အိပ်ရေးမဝခြင်းဟာ လူငယ်တွေမှာတော့ အဝလွန်ဖို့ဦးတည်စေပါတယ်။ ကလေးတွေ၊ အိပ်စက်ခြင်းနဲ့ အဝလွန်ခြင်းကြားက […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အစားအသောက်များ အမျိုးအစားခွဲခြင်း အလုပ်ဖြစ်သလား

အစားအသောက်များ အမျိုးအစားခွဲခြင်း အလုပ်ဖြစ်သလား ......  သင့်ကလေးဟာ တဖြည်းဖြည်း ကြီးထွားလာတာနဲ့အတူ အာဟာရဓါတ်လည်း လိုလာပါတယ်။ ဒါကြောင့် အစားအသောက်ကို မှန်ကန်စွာ ရွေးချယ်ခြင်းဟာ သင့်ကလေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးလှပါတယ်။ အစားအစာတွေ အများအပြားထဲမှာမှ မိမိကျန်းမာရေးနဲ့ ကိုက်ညီမယ့်အစာတွေကို ရွေးချယ်စားသုံးဖို့အတါက် သင့်ကလေးကို ပညာပေးဖို့ရာ ဘယ်တော့မှ နောက်မကျပါဘူး။ အစားအသောက်များ အမျိုးအစားခွဲခြင်း အလုပ်ဖြစ်သလား အစားအသောက်များ အမျိုးအစားခွဲခြင်း အလုပ်ဖြစ်သလား ဆိုတော့ ပရိသတ်ကြီးရော ဘယ်လို ထင်သလဲ! ပရမ်းပတာစားခြင်းရဲ့ ဆိုးကျိုးများ အစားကို ပရမ်းပတာစားတဲ့ ကလေးများဟာ ခံတွင်းပျက်ခြင်း၊ အစားကို အလွန်အမင်းစားပြီး ကြောက်ရွံ့အားငယ်တတ်တဲ့ စိတ်အခြေအနေ၊ ကျောင်းနဲ့ အိမ်မှာပါ ဖိအားဝင်ခြင်း စတဲ့အခြေအနေတွေ ဖြစ်ပေါ်တတ်ပါတယ်။ အဲဒီအခြေအနေတွေကနေ ကြွက်သားများ ဆုတ်ယုတ်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ နှလုံးပြသနာ စတာတွေ ဖြစ်လာတတ်ပါတယ်။ သင့်ကလေးကို ကျန်းမာရေးကောင်းပြီး မိမိကိုယ်ကို […]


အာဟာရဆိုင်ရာ အချက်အလက်များ

Watermelon (ဖရဲသီး)

နွေပူပူမှာ စားလေ့ရှိတဲ့ Watermelon (ဖရဲသီး) လေး အကြောင်း ပြောပြပေးချင်ပါတယ်။ ဖရဲသီး (Watermelon) တောင်အာဖရိကမျိုးရင်းပင်တစ်မျိုးပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁,၀၀၀ ဝန်းကျင်က အီဂျစ်နိုင်ငံ နိုင်းမြစ်ဝှမ်း နဲ့ တရုတ်နိုင်ငံတွေမှာ စတင်စိုက်ပျိုးနေပြီဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ ဖရဲသီးကို ကမ္ဘာတလွှားမှာစိုက်ပျိုးနေကြပြီဖြစ်ပါတယ်။ ဖရဲသီးက အခွံစိမ်းပြီး အတွင်းသားက အနီရောင်ရှိသလို အဝါရောင်လည်းရှိပါတယ်။ အရည်ရွှမ်းပြီး စားရတာချိုပါတယ်။ အစိမ်းစားလို့ရတဲ့ သစ်သီးတစ်မျိုးပါ။ နွားနို့၊သကြားတို့နဲ့လည်းဖျော်သောက်လို့ရပါတယ်။ ဖရဲသီးက မှည့်လာလေလေ Beta-carotene နဲ့ lycopene တို့ပါဝင်မှုများလေလေပါ။ ဖရဲသီးက ဘယ်လိုအာဟာရတွေရရှိနိုင်လဲ ဖရဲသီးမှာ ခန္ဓါကိုယ်အတွက်အရေးပါတဲ့ အာဟာရဓါတ်တွေ၊ ဗီတာမင်တွေ၊သတ္တုဓါတ်တွေနဲ့အော်ဂဲနစ်ဒြပ်ပေါင်းတွေပါဝင်နေပါတယ်။ ဒါတင်မကသေးပါဘူး။ ဖရဲသီးမှာ ဗီတာမင် C၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ အမျှင်ဓါတ်၊ ပရိုတင်း နဲ့ ပိုတက်ဆီယမ်တု့ိပါဝင်နေပါတယ်။ ဒါ့အပြင် ဖရဲသီးမှာ ဗီတာမင် A၊ ဗီတာမင် […]


အာဟာရဆိုင်ရာ အချက်အလက်များ

သံပရာသီးရဲ့ အစွမ်းထက်အာနိသင်များ

သံပရာသီးရဲ့ အစွမ်းထက်အာနိသင်များ အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ သံပရာသီး ဆိုတာ မြန်မာ့ရိုးရာအစားအစာတွေမှာက အသီးအရွက်သုပ်လေးတွေစားလေ့ရှိကြတဲ့အခါ သံပရာသီးနဲ့မန်ကျည်းသီးကို သုံးကြပါတယ်။ သံပရာသီးကမွှေးတာကြောင့် အနံ့အသက်ကိုလည်းထိန်းပါတယ်။ အအီစာတွေ စားပြီးတဲ့အခါ ဒါမှမဟုတ်ခေါင်းမူးတဲ့အခါ သံပရာရေကိုဖျော်သောက်လိုက်ရင် ကြည်လင်းလန်းဆန်းစေနိုင်စွမ်းရှိပါတယ်။ ခရီးသွားရင်တောင်မှ သံပရာသီးလေး အိတ်ထဲဆောင်သွားရင်ပဲ ရှူဆေးဘူးမလိုတော့ပါဘူး၊ ကားမူးရင် ရှူလိုက်ရုံပဲ။ ဒီထက်မကတဲ့ နည်းလမ်းပေါင်းစုံနဲ့ အသုံးဝင်လှတဲ့ သံပရာသီးက ကျန်းမာရေးအတွက်ရော ဘယ်လိုအကျိုးကျေးဇူးတွေရှိနေသလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်။ သံပရာသီးမှာ ဘာတွေပါလဲ သံပရာသီးဟာ ဗီတာမင် စီ အရမ်းကိုကြွယ်ဝတဲ့ အရည်ရွှမ်းသီးဖြစ်ပါတယ်။ သူ့မှာ အမျှင်ဓါတ်နဲ့ ကယ်လ်စီယမ်၊ သံဓါတ်၊ ပိုတက်စီယမ်၊ ကော့ပါး၊ မဂ္ဂနီဆီယမ်တို့လို သတ္ထုဓါတ်တွေကြွယ်ဝစွာပါရှိတဲ့အပြင် အခွံမှာလည်းpolyphenol(ပိုလီဖီနော်လ်) နဲ့terpene(တာပန်း) တို့လိုphytochemical(ဖိုင်တိုကမ်မီကယ်လ်) ဓါတ်တွေပါဝင်ပါတယ်။ သံပရာသီးရဲ့ အစွမ်းထက်အာနိသင်များ သံပရာသီးရဲ့ အစွမ်းထက်အာနိသင်များ ကတော့ Scurvy(စကာဗီ) ရောဂါ သံပရာသီးက ဗီတာမင် စီ ချို့တဲ့မှုကြောင့်ဖြစ်ရတဲ့scurvy(စကာဗီ) […]


အာဟာရဆိုင်ရာ အချက်အလက်များ

ငရုတ်သီးစိမ်း ရဲ့ အစွမ်းသတ္တိ (၁၀) မျိုး

သင်ဟာ ငရုတ်သီးချစ်သူလား။ မျက်နှာတစ်ချက်မပျက်ဘဲ ငရုတ်သီးစိမ်းကိုစားနိုင်တဲ့သူ၊ လက်ဖက်သုပ်တင်မကဘဲ ဘာအသုပ်လေးစားစား ငရုတ်သီးစိမ်းနဲ့တွဲစားရမှ ဆိုတဲ့သူ၊ သင်္ဘောသီးဆို ရခိုင်သုပ်လေးမှ၊ ချဉ်စပ်ကလေးမှ ဆိုတဲ့သူဖြစ်ရင် ငရုတ်သီး ချစ်သူပီသပါတယ်။ ငရုတ်သီးစိမ်း ကြိုက်သူတစ်ယောက်အနေနဲ့ ငရုတ်သီးစိမ်း ရဲ့ အစွမ်းသတ္တိ တွေကိုရော သိပြီးပြီလား။ တချို့ကတော့ ဟင်းထဲပါလာတဲ့ ငရုတ်သီးလေးတွေတောင် အသေအချာရွေးဖယ်တတ်သူပါ။ အစပ်ကြောက်တတ်သူတွေက ငရုတ်သီးကို အစိမ်းရော၊ အမှည့်ရောရှောင်တတ်ပေမယ့် ငရုတ်သီးရဲ့အံ့သြလောက်စရာ အကျိုးကျေးဇူးတွေကို သိလိုက်ရရင် ကိုယ်ယူမစားတောင် ဟင်းထဲထည့်ချက်တာလောက်ကို ခွင့်ပြုကြမယ်ထင်ပါတယ်။ ဒါ့ကြောင့်ပဲ ဟိုယခင်တည်းကမြန်မာ့ဟင်းလျာတွေမှာ ဘာလေးချက်ချက် ငရုတ်သီးစိမ်းလေးခတ်ပြီးချက်ပြုတ်တတ်ကြတာထင်ပါတယ်(ဥပမာ ချဉ်ရည်ဟင်းလိုမျိုး)။ အနံ့လည်းပိုမွှေးပြီး အညှီနံ့ပျောက်တာကိုး။ ငရုတ်သီးစိမ်းမှာ ဘာတွေပါ ငရုတ်သီးစိမ်းက ဗီတာမင် စီ ကြွယ်ဝပြီး အနှစ်လုပ်၊ထောင်းကြိတ်ကြတဲ့ ငရုတ်ခြောက်တွေမှာ ဗီတာမင် အေ ပိုများပါတယ်။ အစိမ်းရောင် သို့မဟုတ် အနီရောင်စိုတဲ့ ငရုတ်သီးတွေမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းဘီတာကယ်ရိုတင် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ချွေးထွက်ခြင်းတွေလျှော့ကျစေဖို့ စားရမယ့်အစားအစာများ

ချွေးထွက်ခြင်းတွေ လျှော့ကျစေဖို့ စားရမယ့် အစားအစာများ ချွေးနံ့ကို ဘယ်သူမှ မကြိုက်နှစ်သက်ကြပါဘူး။ တခြားလူတွေ ကိုယ့်ချွေးနံ့ကို ရရင် အဆင်ပြေပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တွေရှိနေတာက ကိုယ့်ကိုယ်ကို ယုံကြည်မှု ကျစေပါတယ်။ ချွေးထွက်တာက ကျန်းမာရေးအတွက် တစ်ထောင့်တစ်နေရာက ကောင်းတာတွေ ရှိသလို ချွေးနံ့တွေကြောင့် စိတ်ညစ်ရတာလည်း ရှိမှာပါ။ ချိုင်းချွေးနံ့ပျောက်ဆေးတွေနဲ့ ရေမွှေးတွေ ဘယ်လောက်ပဲ သုံးသုံး ချွေးနံ့ရနေသေးတယ်ဆိုရင်တော့ ကိုယ့်ရဲ့ နေ့စဉ် နေထိုင်မှု ပုံစံကို ပြန်လည်စစ်ဖို့ လိုပါတယ်။ နေထိုင်မှု ပုံစံထဲမှာ တစ်နေ့တာ စားသောက်တဲ့ အစားအစာ၊ လေ့ကျင့်ခန်းတွေ ပါဝင်ပါတယ်။ ဒါကြောင့် အလွန်အမင်း ချွေးထွက်တာတွေနဲ့ ချွေးထွက်တဲ့အခါ အနံ့ဆိုး ဖြစ်ခြင်းတွေကို လျှော့ကျစေဖို့ အစားအစာ အချို့ကို ပြောပြချင်ပါတယ်။   ချိစ်နဲ့ နို့ထွက်ပစ္စည်း ကယ်လ်စီယမ်ဓါတ်တွေ ကြွယ်ဝတဲ့ အစားအစာတွေက ခန္ဓါကိုယ်ရဲ့ အပူချိန်ကို […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဆောင်းတွင်း အအေးဒဏ်ကို ခုခံနိုင်ဖို့ ဘာတွေစားမလဲ

ဆောင်းတွင်း အအေးဒဏ်ကို ခုခံနိုင်ဖို့ ဘာတွေစားမလဲ ..... ရာသီစာလေးတွေ ရှိတာ သိတယ် ဟုတ်၊ နွေရာသီ ဆိုရင်လည်း ရေဓာတ် ပြည့်စေမယ့် အစားအစာတွေ ရွေးချယ်စားသောက် ပေးရသလို မိုးရာသီမှာလည်း ယင်နားစာတွေ မစားဖို့ သတိပြုရ တာပါပဲ။ ဒီတော့ ဆောင်းတွင်းမှာလည်း အအေးဒဏ်ကြောင့် နှာစေး၊ ဖျားနာတာတွေ မရှိစေဖို့ အထောက်အကူပြုတဲ့ အစားအစာတွေကို စားပေးဖို့ လိုပါတယ်။ ဆောင်းတွင်းမှာ စားရမှာလေးတွေ Hello Sayarwon က လမ်းညွှန်ပေးမယ်နော်။ ဆောင်းတွင်း အအေးဒဏ်ကို ခုခံနိုင်ဖို့ ဘာတွေစားမလဲ ဆောင်းတွင်း အအေးဒဏ်ကို ခုခံနိုင်ဖို့ ဘာတွေစားမလဲဆိုတော့ အသားစွပ်ပြုတ် ပူပူနွေးနွေး အသား စွပ်ပြုတ်လေးတွေ ကြိုက်တယ် မလား။ ပူပူနွေးနွေးလေးတွေက ဆောင်းရာသီမှာ အချမ်းဓာတ်ကို ပြေစေရုံသာမက ခန္ဓာကိုယ်ရဲ့ စွမ်းအင်တွေကို တိုးမြှင့်စေပါတယ်။ ခန္ဓာကိုယ် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ထမင်းရည် သောက်ပေးရင် ခန္ဓာကိုယ်ကျန်းမာတယ်

ထမင်းရည် ဆိုတာက ရင်းနှီးပြီးသား အစားအစာတစ်မျိုးပါ။ အထူးတလည်ပြောစရာမလိုဘဲ ငယ်ငယ်ကတည်းကကိုရင်းနှီးလာတဲ့စားစရာတစ်ခုပေါ့။ ငယ်ငယ်က ထမင်းရည်ထဲကို သကြားထည့်သောက်တာ၊ ဆားထည့်သောက်တာ၊နို့မှုန့်ထည့်သောက်တာ၊ ထမင်းနဲ့ဆားနဲ့ထည့်ပြီး ဖျော်စားတာမျိုး စားဖူးကြမယ်ထင်ပါတယ်။ ထမင်းရည်က အာဟာရဓာတ် များသလို ခန္ဓာကိုယ်ကျန်းမာလှပဖို့အတွက်လည်း တော်တော့်ကို အထောက်အကူပြုပါတယ်။ ဆန်ဆေးရေကိုတော့ အလှအပအတွက်တော်တော်လေးအသုံးပြုနေကြပြီဖြစ်ပါတယ်။ အခုတစ်ခါမှာတော့ ထမင်းရည်က ခေါင်းအစခြေအဆုံး တစ်ကိုယ်လုံးကို ကျန်းမာလှပစေနိုင်တဲ့ အကြောင်းလေး နည်းနည်းလောက် ပြောပြပါရစေ။ ထမင်းရည် ဆိုတာ ထမင်းရည်ဆိုတာ ဆန်ကို ရေစင်အောင်ဆေးပြီး ရေထည့်လို့ ထမင်းချက်တဲ့အခါ ထမင်းဖြစ်ပြီဆိုရင် ငှဲ့ချလိုက်ရတဲ့ အရည်ပါ။ ထမင်းကို ပေါင်းအိုးနဲ့ တည်တာမဟုတ်ဘူးဆိုရင် ထမင်းရည်ကို ရင်းနှီးပြီး ဖြစ်မှာပါ။ ထမင်းရည်မှာ ထမင်း [ဆန်] မှာပါတဲ့ အဆီအနှစ် တော်တော်များများ ပါဝင်နေတာကြောင့် ထမင်းနီးပါး အာဟာရကြွယ်တဲ့ သောက်စရာပါ။ သောက်ရတာ လွယ်ကူသလို အာဟာရ ပြည့်ဝတဲ့ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း