အစိတ်အပိုင်းတစ်ခုချင်းဆီကို သန့်ရှင်းတာ၊ ပိုးသတ်တာတွေ ဂရုတစိုက်လုပ်ပေးဖို့ လိုအပ်ပါတယ်။ တချို့အစိတ်အပိုင်းတွေကို ပန်းကန်ဆေးစက်နဲ့ ဆေးနိုင်ပြီး တချို့ကို လက်နဲ့ ဆေးပေးဖို့ လိုအပ်ပါတယ်။ beet juice လိုမျိုး ဖျော်ရည်တွေမှာ ပါတဲ့ သဘာဝရောင်ခြည်ပစ္စည်းတွေမှ အစအန၊ အကြွင်းအကျန်နဲ့ အစွန်းအထင်းတွေက သန့်ရှင်းရေးလုပ်တဲ့အခါ ပိုပြီး ခက်ခဲစေတတ်ပါတယ်။
၃။ အလွန်သေးငယ်တဲ့ ပိုးမွှားများ
သစ်သီးနဲ့ ဟင်းသီးဟင်းရွက်အစိမ်းတွေမှာ အလွန်သေးငယ်တဲ့ ပိုးမွှားတွေ ပါဝင်ပါတယ်။ သူတို့အတော်များများဟာ အစာအဆိပ်သင့်ခြင်း၊ အစာအိမ်နဲ့ အူများ ရောင်ရမ်းခြင်း၊ သို့မဟုတ် သေဆုံးခြင်းအထိ ဖြစ်စေနိုင်ပါတယ်။ E-coli ၊ salmonella နဲ့ တခြားသေစေနိုင်တဲ့ အဏုဇီဝတွေဟာ သင့်ရဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် အစိမ်းတွေမှာ ရှိနိုင်ပါတယ်။ အပူနဲ့ ပိုးသတ်တာမျိုးမလုပ်ရင်တော့ အဲ့ဒီဘက်တီးရီးယားတွေရဲ့ ဘေးရန်ကနေ ကင်းမယ်လို့ လုံးဝအာမ မခံနိုင်ပါဘူး။ ဒါကြောင့် ခုခံမှုစနစ်အားနည်းနေတဲ့သူတွေ သို့မဟုတ် ကင်ဆာရောဂါရှင်တွေလို low microbial diets သမားတွေကို အစိမ်းအတိုင်းဖျော်ထားတဲ့ ဖျော်ရည်တွေ မသောက်ဖို့ ညွှန်ကြားထားပါတယ်။
၄။ အမျှင်ဓါတ် ဆုံးရှုံးခြင်း
ဖျော်ရည်ပြုလုပ်လိုက်တယ်ဆိုတာ အမျှင်တွေ ပစ်ထုတ်လိုက်တယ်လို့ ဆိုလိုပါတယ်။ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို ဖျော်ရည်ပြုလုပ်တဲ့အခါ အဟာရနဲ့ အရည်တွေဟာ အမျှင်ပျော့ဖတ်တွေမှ ထုတ်ယူရပါတယ်။ ပြီးရင် အများအားဖြင့် အဲ့အဖတ်တွေကို စွန့်ပစ်ကြတာပါ။ အဲ့ဒါတွေကို soups ၊ salads သို့မဟုတ် တခြားအစားအစာတွေထဲ မထည့်သွင်းရင်တော့ အမျှင်က ရရှိမယ့် ကောင်းကျိုးတွေကို စွန့်ပစ်လိုက်တာပါပဲ။
အမျှင်ဓါတ်မရရှိရင် အစာချေဖျက်မှု ကောင်းမွန်ဖို့ အခက်အခဲတွေ ဖြစ်လာပါလိမ့်မယ်။ အမျှင်တွေက သင့်ကို ဗိုက်ပြည့်နေတဲ့ ခံစားမှုမျိုး ဖြစ်ပေါ်စေခြင်းဖြင့် အစာစားလိုခြင်း လျော့ကျဖို့လည်း အကူအညီပေးပါတယ်။ မဟုတ်ရင်တော့ သင့်ဆာလောင်မှုကို ဖြေသိမ့်ဖို့ ဖျော်ရည်အတော်များများ လိုအပ်ပါလိမ့်မယ်။
၅။ အချိုနဲ့ ကစီဓါတ် ပါဝင်မှု များပြားခြင်း
လေ့လာမှုတစ်ခုအရ အဝလွန်တဲ့ ကလေးတွေဟာ ပုံမှန်အလေးချိန်ရှိတဲ့ ကလေးတွေနဲ့ နှိုင်းယှဉ်ရင် ၆၅% လောက်က ဖျော်ရည်အချိုတွေကို ပိုသောက်သုံးကြပါတယ်။ အချိုရည်တွေကတောင် တချို့ သစ်သီးဖျော်ရည်တွေအောက် အချိုပမာဏ နည်းပါတယ်။ ဥပမာ စပျစ်သီးဖျော်ရည်ဟာ Coca Cola ထက် အချိုပမာဏ ၅၀% ပိုပါဝင်ပါတယ်။ ဒါ့အပြင် ပုံမှန်အတိုင်းဆို သစ်သီးဖျော်ရည် ၈အောင်စမှာ ကယ်လိုရီ ၁၄၀လောက် အကြမ်းအားဖြင့် ပါဝင်တဲ့အချိန် လိမ္မော်သီးမှာ ကယ်လိုရီ ၆၀ပဲ ပါဝင်ပါတယ်။
သင်သောက်သုံးတဲ့ သစ်သီးဖျော်ရည်မှာ “ ၁၀၀%သစ်သီးဖြင့် ပြုလုပ်ထားသည် “ ဆိုတဲ့ စာသားပါဝင်တာ သေချာပါစေ။ စင်ပေါ်မှာရှိတဲ့ ဖျော်ရည်အများစုကို ရေ၊ အချိုဓါတ်နဲ့ တခြားဖြည့်စွက်စားသောက်ကုန်တွေဖြင့် ပြုလုပ်ထားတာပါ။ ဘူးတစ်ဘူးမှာ သစ်သီးဖျော်ရည်စစ်စစ် ၁၀% လောက်ပဲ ပါဝင်ပါတယ်။ သင့်ဖျော်ရည်ထဲကို သကြား ထက်မထည့်သင့်ပါဘူး။ တချို့ ဖျော်ရည်တွေမှာ ပါဝင်တဲ့ ဖန်တီးပြုလုပ်ထားသော အချိုဓါတ်တွေက သကြားထက် သင့်ရဲ့ ကျန်းမာရေးကို ပိုပြီးတောင် ဆိုးရွားသွားစေတတ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။