backup og meta

မွေးကင်းစတွေနဲ့ ကလေးငယ်တွေမှာ အိပ်စက်ခြင်းက ကလေးငယ်အဝလွန်ခြင်းနဲ့ သက်ဆိုင်နေသလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Wathun Myat Chal မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မွေးကင်းစတွေနဲ့ ကလေးငယ်တွေမှာ အိပ်စက်ခြင်းက ကလေးငယ်အဝလွန်ခြင်းနဲ့ သက်ဆိုင်နေသလား

    အိပ်စက်ခြင်းဟာ လူသားတွေအတွက် အသက်အရွယ်မရွေး၊ ကျားမမရွေး ကိုယ်ခန္ဓါကျန်းမာရေးအတွက် အရေးကြီးတဲ့ ကဏ္ဍမှာ ပါဝင်နေပါတယ်။ ကလေးတွေအတွက်ဆိုရင်တော့ အိပ်စက်ခြင်းက ပိုလို့ပိုလို့ အဓိကကျပါတယ်။ ကျန်းမာရေးပြဿနာတော်တော်များများဟာ အိပ်စက်ခြင်းနဲ့ ဆက်နွယ်နေပါတယ်။ အဝလွန်ခြင်းဟာလည်း ဒီထဲက တစ်ခုပါပဲ။

    ကလေးငယ်၊ အိပ်စက်ခြင်းနဲ့ အဝလွန်ခြင်း

    လွန်ခဲ့တဲ့ ဆယ်စုနှစ်သုံးခုအကျော်လောက်ကတည်းက အသက် ၂နှစ်က ၅နှစ်ကြားကလေးတွေမှာ အဝလွန်ခြင်းဟာ ၂ဆလောက်မြင့်တက်လာပါတယ်။ ၆နှစ်က ၁၁နှစ်ကလေးတွေမှာတော့ ၃ဆလောက်နီးနီးဖြစ်လာသလို ၁၂ကနေ ၁၉နှစ်ထိ ဆယ်ကျော်သက်အရွယ်တွေမှာတော့ ၂ဆလောက်ဖြစ်လာပါတယ်။

    ၂၀၁၀ခုနှစ်၊ စက်တင်ဘာ ၇ရက်နေ့ကလုပ်တဲ့ လေ့လာမှုတစ်ခုကတော့ ညဘက်မှာ ကောင်းကောင်းမွန်မွန် လုံလုံလောက်လောက် မအိပ်တဲ့ကလေးတွေဟာ သူတို့အရွယ်မရောက်ခင် အချိန်မှာတည်းက အဝလွန်ရောဂါဖြစ်ဖို့ ပိုလွယ်တယ်လို့ဆိုပါတယ။် ဒီလေ့လာမှုကပဲ နေ့လည်ဘက် တစ်ရေးတစ်မောအိပ်ခြင်းဟာ ညဘက်မှာ အိပ်စက်ခြင်းကို အစားမထိုးနိုင်ဘူးရယ်လို့လည်း ဆိုပြန်ပါတယ်။

    အိပ်ရေးမဝခြင်းဟာ လူငယ်တွေမှာတော့ အဝလွန်ဖို့ဦးတည်စေပါတယ်။

    ကလေးတွေ၊ အိပ်စက်ခြင်းနဲ့ အဝလွန်ခြင်းကြားက ဆက်သွယ်ချက်တွေကို လေ့လာနိုင်ဖို့ Doctor Janice F. Bell နဲ့ ဝါရှင်တန်တက္ကသိုလ်က ဆရာ၊ ဆရာမတွေက လေ့လာမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။ ၁၉၃၀မှာ အသက် ၁၃နှစ်အထက် ကလေးတွေကို လေ့လာခဲ့ကြပါတယ်။ သူတို့တွေဟာ အချက်အလက်တွေကို ၂ကြိမ်ကောက်ခံပါတယ်။ ၁၉၉၇ခုနှစ်နဲ့ ၂၀၀၂ခုနှစ်နောက်ပိုင်းတွေမှာပါ။

    ကလေးတွေကို အုပ်စု ၂စုခွဲလိုက်ပါတယ်။ အသက်၄နှစ်အောက်ကလေးတွေအတွက် အုပ်စုတစ်ခုနဲ့ ၅နှစ်က ၁၃နှစကြားကလေးတွေအတွက် တစ်အုပ်စုပါ။ စစ်ဆေးမှုတွေအပြီးမှာ သူတို့တွေဟာ BMI ကိုအသုံးပြုပြီး လေ့လာခဲ့ကြတဲ့အခါ အုပ်စု၁ရဲ့ ၃၃%သောကလေးတွေနဲ့ အုပ်စု ၂ရဲ့ ၃၆%သောကလေးတွေဟာ အဝလွန်နေတာမျိုး၊ ဝနေတာမျိုးကို တွေ့ရှိခဲ့ရပါတယ်။

    ပိုငယ်တဲ့ကလေးတွေပါဝင်တဲ့ အုပ်စု၁အတွက်တော့ ညဘက်မှာအိပ်ချိန်တိုတောင်းခြငးဟာ ဝလာနိုင်ချေပိုများလာခြင်းနဲ့ ဆက်စပ်နေပါတယ်။ အုပ်စု၂မှာတော့ ပထမဆုံးကျောင်းတက်တဲ့နှစ်ရဲ့ အိပ်ချန်တွေကတော့ သူတို့ကိုယ်အလေးချိန်နဲ့ ဆက်စပ်မှုမရှိဘူးဆိုပါတယ်။ ဒါပေမဲ့ နောက်ထပ်နှစ်တွေမှာတော့ အိပ်ရေးမဝခြင်းဟာ ပုံမှန်အလေးချိန်ကနေ အဝလွန်ခြင်းကိုပြောင်းလဲသွားတဲ့နေရာမှာ တကယ်ကိုပါဝင်နေတာကိုတွေ့ရပါတယ်။ ဒါ့အပြင် နေ့ဘက်မှာ တစ်ရေးတစ်မောအိပ်ခြင်းဟာလည်း အဝလွန်လာနိုင်ခြင်းအတွက် အကျိုးသက်ရောက်မှု အနည်းငယ်ရှိတယ်လို့ တွေ့ရှိခဲ့ရပါတယ်။

    ကျွန်တော်တို့ဘာလုပ်သင့်သလဲ။

    ရလဒ်ကတော့ ကျေနပ်ဖွယ်ရာဖြစ်ပေမယ့် ဒီအခြေအနေရဲ့ နောက်ကွယ်ကအကြောင်းတရားကတော့ ပဟေဠိဖြစ်နေဆဲပါ။ လေ့လာသူတွေကလည်း အိပ်စက်ခြင်းဟာ ကလေးတွေရဲ့ စွမ်းအင်တွေအသုံးပြုပုံကို ဘယ်လို အနှောက်ယှက်ဖြစ်စေတယ်ဆိုတာ မသိကြသေးပါဘူး။ ဖြစ်နိုင်တာကတော့ ညဘက်မှာအိပ်ရေးမဝတာဟာ ဦးနှောက်ပင်ပန်းမှုနဲ့ ဇီဝဖြစ်စဉ်တွေအပေါ်လွှမ်းမိုးတာမျိုး ဖြစ်နိုင်ပါတယ်။

    ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ညဘက် အိပ်ချိန်တိုတောင်းတာဟာ ကလေးတွေ အဝလွန်ရောဂါဖြစ်လာဖို့အတွက် အရေးကြီးတဲ့ ကဏ္ဍကနေ ပါဝင်နေတယ်ဆိုတာတော့ သေချာနေပါပြီ။ ဒါကြောင့် မိဘတွေအနေနဲ့ ကျွန်တော်တို့ဟာ ကျွန်တော်တို့ချစ်တဲ့ကလေးတွေရဲ့ အိပ်စက်ခြင်းပုံစံတွေ၊ အိပ်ချိန်တွေကို သေချာဂရုစိုက်ကြရအောင်..

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Wathun Myat Chal မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement