ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ

ဓာတ်ဆားဓာတ်တွေက micronutrientsတွေ ဆိုပေမယ့် ခန္ဓာကိုယ်တစ်ခုလုံး ကောင်းမွန်စွာ လည်ပတ်ဖို့၊ ကျန်းမာစေဖို့အတွက် လိုအပ်ပါတယ်။ ဓာတ်ဆားဓာတ်တွေ ချို့တဲ့တဲ့အခါ နုံးတာ၊ ခေါင်းကိုက်တာကနေစလို့ နှလုံးခုန်မမှန်တာတွေအထိ ဖြစ်တတ်တာကြောင့် ဓာတ်ဆားဓာတ်တွေ ခန္ဓာကိုယ်မှာ လုံလုံလောက်လောက် ရှိနေဖို့ လိုပါတယ်။ ဒါကြောင့် ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ ၊ ဘယ်လို ဖြည့်တင်းသင့်သလဲဆိုတာကို ပြောပြပေးပါမယ်။ ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်း ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ ဥပမာ  ‌‌ချွေးထွက်များတာ ရေသောက်နည်းတာ အဖျားတက်တာ ဝမ်းလျှောတာ၊ အန်တာ ဆီးဆေးတွေ၊ ဝမ်းပျော့ဆေးတွေ သောက်တာကြောင့် ဖြစ်နိုင်သလို  အသည်းရောဂါ၊ ကျောက်ကပ်ရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ ဓာတ်ဆားချို့တဲ့တာက နည်းနည်းပါးပါးဆိုရင် လက္ခဏာမပြတတ်ပေမယ့် များလာပြီဆိုရင်တော့ အောက်ပါ လက္ခဏာတွေ ခံစားရမှာ ဖြစ်ပါတယ်။  ခေါင်းကိုက်တာ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

ဗီတာမင် C နဲ့ ပတ်သက်ပြီး သိထားသင့်တာလေး အချို့

ဗီတာမင် C နဲ့ ပတ်သက်ပြီး သိထားသင့်တာလေး အချို့ အကြောင်း အတူတူ လေ့လာလိုက်ရအောင်နော်။ ဗီတာမင် C နဲ့ ပတ်သက်ပြီး သိထားသင့်တာလေး အချို့ ဗီတာမင် C နဲ့ပတ်သက်ပြီး သိထားသင့်တာလေး အချို့ ကတော့ ဗီတာမင် C ဆိုတာဘာလဲ ။ ။ ဗီတာမင် C ဆိုတာ ရေမှာပျော်ဝင်တဲ့ ဗီတာမင် တစ်မျိုးဖြစ်ပြီး သူကို ascorbic acid လို့လည်း လူသိများကြပါတယ်။ ရေမှာပျော်ဝင်တာကြောင့် ကိုယ်ခန္ဓါက အလွယ်တကူစုပ်ယူနိုင်ပြီး ascorbic acid ကြောင့် ချဉ်တဲ့အရသာရှိတာ ဖြစ်ပါတယ်။ ဗီတာမင် C လုံလောက်နေဖို့ ဘာ့ကြောင့် အရေးကြီးတာလဲ ။ ကိုယ်ခန္ဓါမှာ ဗီတာမင် C ရဲ့ အခန်းကဏ္ဍ တွေ အများကြီးရှိပါတယ်။ ခုခံအားစနစ်ကို မြှင့်တင်ပေးတဲ့အတွက် […]


အာဟာရဆိုင်ရာ အချက်အလက်များ

လူသိနည်းတဲ့ ဆိတ်နို့ရဲ့ကောင်းကျိုးတွေ

ဆိတ်နို့ကို နွားနို့လောက်သောက်သုံးလေ့မရှိကြပေမယ့် အခုနောက်ပိုင်းမှာ အနောက်နိုင်ငံတွေအထိ လူကြိုက်များမှုတဖြည်းဖြည်းပျံ့နှံ့လာတာ ဘာကြောင့်လို့ထင်ပါသလဲ။ ဆိတ်နို့မှာ အာဟာရဓါတ်တွေနဲ့ ကျန်းမာရေးအကျိုးေကျးဇူးတွေအများကြီးရှိနေလို့ပေါ့။တော်တော်များများက နွားနို့သောက်တာလည်း အရိုးနဲ့သွားကြံ့ခိုင်ကျန်းမာစေမယ့် ကယ်လ်စီယမ်ကြွယ်ဝတယ်ဆိုပြီးတော့လေ။ ဒါပေမယ့် ဆိတ်နို့က ကလေးငယ်တွေအတွက်တောင် နွားနို့ထက်ပိုပြီး အစာကြေလွယ်တယ်၊ အာဟာရဓါတ်ပါဝင်မှုများတယ်ဆိုတာ လူသိနည်းပါသေးတယ်။ ဆိတ်နို့မှာ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်စီယမ်၊ကော့ပါးနဲ့ ဇင့်ဓါတ်တွေအပြင် ဗီတာမင်အေ၊ ဘီ၊ စီ စတာတွေပါ ကြွယ်ဝတာဖြစ်ပါတယ်။ ဆိတ်နို့မှာပါဝင်တဲ့ ပရိုတင်းနဲ့အဆီက နွားနို့မှာထက် ပိုနူးညံ့လို့ အစာခြေဖျက်ရပိုလွယ်ကူပြီး အာဟာရဓါတ်တွေကို စုပ်ယူနိုင်စွမ်းပိုမြန်ပါတယ်။ သူ့ရဲ့လူသိနည်းတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေက ဘာတွေဖြစ်မလဲ ဆက်ပြီးကြည့်ရအောင် - အရိုးတွေကြံ့ခိုင်စေတယ်– ကယ်လ်ဆီယမ်ပါဝင်မှုများတာကြောင့် အရိုးတွေကို သန်မာစေနိုင်သလိုအရိုးပွရောဂါမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ ဆိတ်နို့က နွားနို့ထက် ကယ်လ်ဆီယမ်ပါဝင်မှုများပြီးဘေးထွက်ဆိုးကျိုးလုံးဝမရှိတဲ့ အာဟာရပြည့်သောက်စရာပါ။ ဦးနှောက်ဖွံ့ဖြိုးစေတယ် -ဆိတ်နို့မှာပါတဲ့ အာဟာရဓါတ်တွေကြောင့် ဦးနှောက်အာရုံကြောအတွက် အာဟာရဖြစ်စေပြီး မှတ်ဉာဏ်နဲ့ သင်ယူလေ့လာနိုင်စွမ်းကိုပါကောင်းမွန်စေပါတယ်။ အာဟာရပြည့်ဝစေနိုင်တယ်– ဆိတ်နို့ရဲ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

နို့သောက်မယ်ဆို ဆိတ်နို့ကို ဘာ့ကြောင့် ရွေးချယ်သင့်တာလဲ ။ ။

နို့တွေအများကြီးရှိပါတယ်။ ဆိတ်နို့၊ နွားနို့၊ အုန်းနို့ ၊ ပိုးဟပ်နို့၊ ပဲနို့ စတာတွေပေါ့။ အဲဒီ အထဲမှာ နာမည်အကြီးဆုံးကတော့ နွားနို့ပေ့ါ။ သူ့နောက်မှာ လိုက်နေတာကတော့ ပဲနို့ပါ။ နို့ထဲမှာ ဒီနှစ်ခုကတော့ လူသိများပြီးသား နို့တွေပါ။ ဒါပေမယ့် နာမည်ကြီး နွားနို့နဲ့ ပဲနို့နေရာမှာ ဆိတ်နို့က အစားထိုးအနိုင်ယူတော့မယ် ဆိုရင် သင်အံ့သြသွားမလား။ ဆိတ်နို့ဟာ နွားနို့နဲ့ ပဲနို့ထက်ပိုကောင်းတယ်ဆိုပြီး ရှာဖွေတွေ့ရှိထားတာမကြာသေးပေမယ့် တဟုန်ထိုးဘာ့ကြောင့် နာမည်ကြီးလာတာလဲနဲ့ နို့သောက်မယ်ဆိုတိုင်း ဘာ့ကြောင့်ဆိတ်နို့ကို ဦးစားပေး ရွေးချယ်သင့်လဲဆိုတဲ့အကြောင်းလေးတွေ ဆက်ကြည့်လိုက်ရအောင် ။ ။ ( ၁ ) ဆိတ်နို့ဟာ နို့သကြားဓါတ်မစုပ်ယူနိုင်တဲ့ ပြဿနာကို မဖြစ်စေပါဘူး။ ။ နို့သကြားဓါတ်မစုပ်ယူနိုင်တဲ့ ပြဿနာကိုဖြစ်စေတဲ့ Lactose ဟာ နွားနို့ထက်စာရင် ဆိတ်နို့မှာ ၁၀ ရာခိုင်နှုန်းလျော့ပြီး ပါဝင်တဲ့အတွက် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဆိတ်နို့နဲ့ နွားနို့ ဘာတွေကွာခြားလဲ။

လူတော်တော်များများက ခန္ဓါကိုယ်ကျန်းမာအောင် နို့သောက်ပါလို့ပြောလိုက်ရင် နွားနို့ သောက်ရမယ်ဆိုတဲ့ စိတ်ကူးက အရင်ဖြစ်လာတာပါ။ တကယ်တော့ ခန္ဓါကိုယ်မှာ အားပြည့်အောင် သောက်သုံးလို့ရတဲ့နို့က နွားနို့တစ်မျိုးတည်းရှိတာမဟုတ်ပါဘူး။ ဆိတ်နို့ လည်းရှိပါတယ်။ ဆိတ်နို့ကလည်း ခန္ဓါကိုယ်အတွက် အာဟာရကိုဖြည့်တင်းပေးနိုင်ပါတယ်။ ဆိတ်နို့မှာ သဘာဝအာဟာရဓါတ်တွေ နွားနို့ထက် ပိုမိုပါဝင်ပါတယ်။ ရှေးလူကြီးတွေ ပြောပြချက်အရ ဆိတ်နို့က နွားနို့ထက် ပိုပြီးအာဟာရဓါတ်တွေ ပိုကြွယ်ဝတယ် ပိုအားရှိတယ်လို့ ပြောကြပါတယ်။ ဆိတ်နို့ဆိုတာ ဆိတ်နို့ ဆိုတာက ဆိတ်ကနေရတဲ့ နို့အမျိုးအစားတစ်မျိုးပေါ့။ ဆိတ်နို့မှာ ကယ်လ်ဆီယမ်၊ဖော့စဖရပ်စ်၊ riboflavin တို့လိုမျိုး ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓါတ်တွေပါဝင်နေပါတယ်။ နှလုံးကျန်းမာစေနိုင်တဲ့ Fatty Acid ပါဝင်နေပါတယ်။ ကလေးလေးတွေကနေစလို့ လူကြီးတွေအထိသောက်လို့ရပါတယ်။ ခြုံပြီးပြောပြရရင်တော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ သောက်စရာနို့တစ်မျိုးပါ။ ဆိတ်နို့မှာပါတဲ့ အာဟာရဓါတ်တွေ ပရိုတင်း အဆီ ဗီတာမင် A […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ကိုယ့်ကိုယ်ကိုယ်ရော အဆီချဖို့လိုတယ်လို့ ထင်နေပြီလား

ဒီဘတ်ခေတ်မှာ မိန်းကလေးတွေ တော်တော်များများ ဘာလို့ အဆီချဖို့ အပြင်းအထန်ကြိုးစားနေကြတာလဲ။ အဓိကကတော့ လှချင်လို့ပဲပေါ့။ ပိန်မှလှမယ်လို့ ထင်နေတဲ့ လူပတ်ဝန်းကျင်ရဲ့ ထင်မြင်ယူဆချက်တွေဟာ သူတို့တွေရဲ့ စိတ်အာရုံကို လွှမ်းမိုးသွားတဲ့အခါ ငါဝနေရင် မလှတော့ဘူးဆိုတဲ့ အားငယ်စိတ်ေတွ ဝင်လာတတ်တာ သဘာဝပါပဲ။ အဲ့တော့ ဒီနေ့ဆောင်းပါးမှာ သင် အဆီချဖို့ လိုအပ်လား၊ မလိုအပ်ဘူးလားဆိုတာကို ပြောပြပေးမှာ ဖြစ်ပါတယ်။ လူတစ်ယောက်မှာ ပျမ်းမျှ ကိုယ်အလေးချိန်ဘယ်လောက်ရှိသင့်လဲ။ ကိုယ်အလေးချိန် လူတစ်ယောက် ဝတယ်၊ မဝဘူး၊ ကျန်းမာတဲ့ ကိုယ်အလေးချိန်ရှိလားဆိုတာကို Body Mass Index – BMI နဲ့ တွက်ဆလို့ ရပါတယ်။ ဥပမာအားဖြင့် ပုံမှန်အရပ် ၅ပေ ၉လက်မ ရှိတဲ့ အမျိုးသားတစ်ယောက် ကျန်းမာသော ကိုယ်အလေးချိန် = ၁၂၁ - ၁၆၃ ပေါင်၊ […]


အဝလွန်ခြင်း

ဗိုက်ခေါက်လေး တွေရှိလာလို့ စိတ်ညစ်နေရပြီလား

လူလည်းသိပ်မဝပါဘဲ ဗိုက်ခေါက်လေး ပဲထွက်နေတာ အလှအပနဲ့ ပတ်သက်ပြီး ပျိုမေတို့ အကြောက်ဆုံး အရာပါ။ ဗိုက်အဆီ မရှိဘဲ ချပ်ရပ်နေတဲ့ ကိုယ်အချိုးအစားကို မိန်းကလေးတိုင်း လိုချင်ပါတယ်။ ပိန်တဲ့သူပဲဖြစ်ဖြစ်၊ ပြည့်ပြည့်ဖောင်းဖောင်းလေးတွ ဖြစ်ဖြစ် ဗိုက်လေးချပ်အောင်တော့ ကြိုးစားကြဖို့ အကြံပေးချင်ပါတယ်။ ဗိုက်အဆီ ဆိုတာ အလှအပအတွက်တင်မက လူ့ကျန်းမာရေးကိုပါ ဒုက္ခပေးမယ့် ရောဂါ အမျိုးမျိုး ယူဆောင်လာနိုင်လို့ပါ။ ဗိုက်ခေါက်လေး တွေရှိလာလို့ စိတ်ညစ်နေရပြီလား ဗိုက်ခေါက်လေး ကြောင့် စိတ်ညစ်နေရတဲ့ ပျိုမေတို့အတွက် အကောင်းဆုံးအကြံဉာဏ်ကတော့ - အမျှင်ဓာတ် များများစားပါ အစိမ်းရောင်ရှိတဲ့ အသီးအရွက်တွေ၊ ဂျုံကြမ်း၊ အစေ့အဆန်တွေ၊ ပဲတောင့်ရှည်တို့လို အမျှင်ဓာတ် များတာတွေ စားပေးလို့ ရတယ်။ အမျှင်ဓာတ်တွေက အဆာခံပြီး ခဏခဏ မစားဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။ ဗိုက်အဆီ ဆိုတာ ဗိုက်ခေါက်သက်သက်တင် မဟုတ်ပါဘူး။ အသည်း၊ […]


ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

အသားစားရတာ ကြိုက်တယ်ဆိုတဲ့သူတွေအတွက် ကာနီဗိုး Diet

ကိုယ့်အသိတွေမှာ အသားအရမ်းကြိုက်တဲ့သူရှိလား၊ ဒါမှမဟုတ် ကိုယ်တိုင်ကရော အသားမှ အသားပဲ စားချင်တဲ့သူတွေထဲမှာပါလား။ ဒါဆို ခုပြောပြပေးမယ့်ဆောင်းပါးကို သင်စိတ်ဝင်စားမိမှာပါ။ ဒီနေ့ပြောပြပေးမယ့် အကြောင်းအရာကတော့ ကာနီဗိုး Diet (Carnivore Diet) ရဲ့ အကျိုးကျေးဇူးတွေ၊ ဆောင်ရန်၊ ရှောင်ရန်နဲ့ သိထားသင့်တဲ့ အရာတွေပဲ ဖြစ်ပါတယ်။ ကာနီဗိုး Diet ဆိုတာဘာလဲ။ အသားနဲ့ တိရစ္ဆာန်ထွက်ပစ္စည်းတွေကိုပဲ စားပေးရတာဖြစ်ပြီး တခြားအစားအစာမှန်သမျှ လုံးဝရှောင်ရတဲ့ dietဖြစ်ပါတယ်။ ဒီနည်းလမ်းက ကိုယ်အလေးချိန်ကို ကျစေပြီး ကြွက်သားတက်မြန်စေတယ်။ စိတ်ခံစားချက်ကို တည်ငြိမ်စေပြီး သွေးတွင်းသကြားဓာတ်ကို ပုံမှန်လည်ပတ်စေတယ်လို့ ဆိုကြပါတယ်။ တခြားအစားအစာကနေ ကိုယ်ခန္ဓာအတွက် မကောင်းတဲ့ ကာဗိုဟိုက်ဒြိတ်တွေကို ရှောင်ဖို့နဲ့ ကြွက်သားထု အလျင်အမြန်တက်စေဖို့ ရည်ရွယ်ချက်နဲ့ ကာနီဗိုး Diet ကို တီထွင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် လေ့လာတွေ့ရှိချက်အရ ဒီနည်းလမ်းဟာ ရေတိုအတွက်သာ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကြက်ဥအစိမ်းစားရင် ကျန်းမာရေးအတွက်အကျိုးရှိတာ သေချာလား

ကြက်ဥ၊ ဘဲဥတွေမှာ ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးမှုနဲ့ အာဟာရဓာတ်များစွာ ပါဝင်သလို ကျန်းမာရေးအတွက်လည်း တော်တော်လေး အကျိုးပြုတဲ့ အစားအစာအဖြစ် လူတိုင်းက လက်ခံထားကြပါတယ်။ ကိုလက်စထရောနဲ့ ကယ်လိုရီဓာတ် အနည်းငယ်ပါဝင်တဲ့အတွက် တန်ဆေး လွန်ဘေး အတော်အသင့်စားမယ်ဆိုရင်တော့ အကောင်းဆုံးဖြစ်မှာပါ။ ကြက်ဥကို ပြုတ်စား၊ ကြော်စား ကြပေမဲ့ ထူးထူးခြားခြား အားပိုရှိအောင်ဆိုပြီး အစိမ်းစားကြသူတွေလည်း ရှိပါတယ်။ ကြက်ဥအစိမ်းစားရင် ကျန်းမာရေးအတွက်အကျိုးရှိတာ သေချာလား ဆိုတာကို လေ့လာလိုက်ရအောင်နော်။ ကြက်ဥအစိမ်းစားရင် ကျန်းမာရေးအတွက်အကျိုးရှိတာ သေချာလား ကြက်ဥတွေက ချက်ရ၊ ပြုတ်ရတာလည်း အဆင်ပြေသလို ဟင်းအမည် တော်တော်များများမှာလည်း ကြက်ဥကို မပါမဖြစ် ထည့်သွင်းကြပါတယ်။ မွှေကြော်မလား၊ ထမင်းနဲ့ တွဲကြော်မလား၊ ဟင်းသီးဟင်းရွက်၊ အသား၊ ငါးနဲ့ ရောချက်မလား၊ ဆီပြန်ဟင်းချက်မလား၊ ပြုတ်ပြီး၊ ပေါင်းပြီးလည်း စားလို့ရတာမို့ အိမ်ရှင်မတွေအတွက် ချက်ပြုတ်ရတာလည်း အရမ်းလွယ်ကူပါတယ်။ ကြက်ဥအစိမ်းစားခြင်း ခုနောက်ပိုင်းမှာ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

သားအိမ်လေး ကျန်းမာစေဖို့ ဘာတွေစားမလဲ

ခန္ဓာကိုယ် ဖွဲ့စည်းမှုအရ လေဒီလေးတွေသာ ပိုင်ဆိုင်ထားတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခု ရှိပါတယ်။ ဒီ ခန္ဓာကိုယ် အစိတ်အပိုင်းက ငယ်စဉ်မှာ သိပ်အရေးမပါဘူး ထင်ရပေမယ့် အရွယ်ရောက် လာတာနဲ့ အမျှ သူ့ရဲ့ အရေးပါမှုက များလာပါတယ်။ လစဉ် ရာသီသွေး ဆင်းဖို့ လုပ်ဆောင်ပေးသလို မေမေ ဖြစ်နိုင်မယ့် အခွင့်အရေး အတွက်လည်း စွမ်းစွမ်းတမံ စွမ်းဆောင်ပေးတဲ့ အစိတ်အပိုင်းလေးပါ။ သူကတော့ သားအိမ်လေး ပဲ ဖြစ်ပါတယ်၊၊ ဒီတစ်ခေါက်တော့ သားအိမ်လေး ကျန်းမာစေဖို့ ဘာတွေ စားမလဲ ဆိုတာ ပြောပြပေးချင်ပါတယ်။ သားအိမ်လေး ကျန်းမာစေဖို့ ဘာတွေစားမလဲ အရွယ်ရောက်လာတဲ့ လေဒီတိုင်းအတွက် သားအိမ်လေး ကျန်းမာဖို့က မဖြစ်မနေ လိုအပ်ပါတယ်။ သားအိမ် ကျန်းမာမှ ကိုယ်နဲ့ ကိုယ်ချစ်ရသူ အတွက် ကိုယ်ပွားလေးတွေ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဘူဖေးစားရတာ ကြိုက်တယ်ဆိုရင် ဒါတွေသိထားသင့်တယ်နော်

ဒီဘက်ခေတ်မှာ ကြိုက်ရာစား၊ ပုံသေဈေးနှုန်း သတ်မှတ်ထားတဲ့ ဘူဖေးစားသောက်ဆိုင်တွေ တော်တော်များလာပါတယ်။ အထူးသဖြင့် ကုမ္ပဏီညစာစားပွဲတွေ၊ မိသားစု၊ သူငယ်ချင်းလိုက် ပျော်ပျော်ပါးပါး စုပြီး ထွက်စားတော့မယ်ဆိုရင် ဘူဖေးဆိုင်တွေက အကောင်းဆုံးပဲပေါ့။ ဒီတော့ ဘူဖေးစားတော့မယ်ဆိုရင် လူတွေတော်တော်များများ လုပ်မိတတ်တဲ့ အမှားနဲ့ ဆောင်ရန်၊ ရှောင်ရန်အချက်တွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ ၁။ ဘူဖေးမစားခင် အစာအငတ်မခံပါနဲ့။ လူတော်တော်များများက ညဘက် ဘူဖေးစားတော့မယ်ဆိုရင် မနက်စာ၊ နေ့လည်စာတွေကို ရှောင်ပြီး အစာငတ်ခံတတ်တဲ့ အကျင့်ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ခုခုစားပြီး ဗိုက်ဝသွားရင် ညကျ ကောင်းကောင်းမစားနိုင်မှာ စိုးကြတာကိုး။ ကိုယ်က ညဘက်မှာ အပြည့်အဝ အစားအစာ အစုံအလင်ကို စားတော့မယ်ဆိုတာ ကြိုသိထားရင် မနက်စာနဲ့ နေ့လည်စာကို လုံးဝရှောင်တာထက် သေချာပြင်ဆင်ပြီး စားသင့်ပါတယ်။ ကစီဓါတ်၊ အဆီဓါတ်များပြီး ရင်ပြည့်လောက်မယ့် အစားအစာတွေထက် ဟင်းသီးဟင်းရွက်၊ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း