backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

1

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

သားအိမ်လေး ကျန်းမာစေဖို့ ဘာတွေစားမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 08/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

သားအိမ်လေး ကျန်းမာစေဖို့ ဘာတွေစားမလဲ

ခန္ဓာကိုယ် ဖွဲ့စည်းမှုအရ လေဒီလေးတွေသာ ပိုင်ဆိုင်ထားတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခု ရှိပါတယ်။ ဒီ ခန္ဓာကိုယ် အစိတ်အပိုင်းက ငယ်စဉ်မှာ သိပ်အရေးမပါဘူး ထင်ရပေမယ့် အရွယ်ရောက် လာတာနဲ့ အမျှ သူ့ရဲ့ အရေးပါမှုက များလာပါတယ်။ လစဉ် ရာသီသွေး ဆင်းဖို့ လုပ်ဆောင်ပေးသလို မေမေ ဖြစ်နိုင်မယ့် အခွင့်အရေး အတွက်လည်း စွမ်းစွမ်းတမံ စွမ်းဆောင်ပေးတဲ့ အစိတ်အပိုင်းလေးပါ။ သူကတော့ သားအိမ်လေး ပဲ ဖြစ်ပါတယ်၊၊ ဒီတစ်ခေါက်တော့ သားအိမ်လေး ကျန်းမာစေဖို့ ဘာတွေ စားမလဲ ဆိုတာ ပြောပြပေးချင်ပါတယ်။

သားအိမ်လေး ကျန်းမာစေဖို့ ဘာတွေစားမလဲ

အရွယ်ရောက်လာတဲ့ လေဒီတိုင်းအတွက် သားအိမ်လေး ကျန်းမာဖို့က မဖြစ်မနေ လိုအပ်ပါတယ်။ သားအိမ် ကျန်းမာမှ ကိုယ်နဲ့ ကိုယ်ချစ်ရသူ အတွက် ကိုယ်ပွားလေးတွေ မွေးပေးနိုင်မှာကိုး။ ဒီတော့ ကျန်းမာတဲ့ သားသားမီးမီးလေးတွေကို မွေးဖွားနိုင်စေဖို့ အတွက် ဘာတွေ များစားရမလဲ။ ဆက်ကြည့်လိုက်ရအောင်ပါ။

သားအိမ်လေး ကျန်းမာစေဖို့ ဘာတွေစားမလဲ ဆိုတော့

ကြက်ဥအနှစ်က အာဟာရဓာတ် ကြွယ်ဝတဲ့ အစားအစာ တစ်ခုပါ။ ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ အာဟာရဓာတ် တွေကို ဖြည့်တင်းပေးသလို သားအိမ်လေးကျန်းမာစေဖို့ လိုအပ်တဲ့ ကိုလင်းကိုလည်း အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။

ဗီတာမင် စီ ကြွယ်ဝတဲ့ အသီးတွေ ဖြစ်ကြတဲ့ လိမ္မော်သီး၊ ရှောက်ချိုသီး စတဲ့ အချဉ် အရသာ ပါတဲ့ အသီးလေးတွေကို စားသုံးပေးပါ။ အက်စထရိုဂျင်ဟော်မုန်းပမာဏကို ထိန်းညှိပေးပြီး ရာသီသွေး မှန်စေသလို သားဥအိမ်ကင်ဆာ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ ကလေးယူဖို့ အစီအစဉ် ရှိရင် သစ်သီး များများစားပေးပါ။

  • နို့ထွက်ပစ္စည်းတွေ
  • ဒိန်ခဲ၊ ချိစ်၊ ဒိန်ချဉ်၊ နွားနို့တို့ လိုမျိုး နို့ထွက်ပစ္စည်းတွေက ဗီတာမင် ဒီ နဲ့ ကယ်လ်ဆီယမ် ကြွယ်ဝတာကြောင့် သားအိမ်လေး ကျန်းမာစေဖို့ အကောင်းဆုံးထောက်ပံ့ပေးပါတယ်။

    Omega -3 Fatty Acid ကြွယ်ဝတဲ့ မက်ကာရယ်၊ ဆယ်လ်မွန်၊ တူနာ၊ ဆာဒင်းငါးတွေက လေဒီလေးတိုင်း မျက်နှာလွှဲမထားသင့်တဲ့ အစားအစာတွေပါ။prostaglandin ပမာဏကို ကျဆင်းစေပြီး သားအိမ်လေးကို ကျန်းမာစေနိုင် ပါတယ်။

    Omega -3 Fatty Acid ကြွယ်ဝတာကြောင့် သားအိမ်ကင်ဆာ ကာကွယ်ပေးသလို လမစေ့ဘဲ ကလေး မွေးဖွားတာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ သွေးတွင်းကိုလက်စထရော ကျဆင်းစေနိုင်သလို၊ ဟော်မုန်း ပမာဏ ထိန်းညှိပေးပြီး သားအိမ်လေး ကျန်းမာစေနိုင်တာကြောင့် သစ်ကြားသီး၊ နှမ်းကြတ်စေ့တို့ကို စားပေးသင့်ပါတယ်။

    အခု ပြောခဲ့တာလေးတွေ စားပေးလို့ သားအိမ်လေး ကို စောင့်ရှောက်လိုက်ပါနော်…. လေဒီလေးတို့ရေ …………… သားအိမ်လေး ကျန်းမာနေမှ နေ့စဉ်ဘဝမှာ ကျန်းမာမှာ ဖြစ်သလို ရာသီသွေးဆင်းချိန်မှာ နာကျင်ကိုက်ခဲတာ သားအိမ်ခေါင်း ကင်ဆာ၊ သားအိမ်ကင်ဆာတွေ မဖြစ်အောင် ကာကွယ်နိုင်မှာ ဖြစ်သလို ကျန်းမာပျော်ရွှင်တဲ့ နှစ်ကိုယ်ကြား ဆက်ဆံရေးကိုလည်း ဖန်တီးနိုင်မှာပါ။ ဒါတင်လား ဆိုတော့ မဟုတ်သေးပါဘူး။ ကျန်းမာတဲ့ သားသားမီးမီးလေးတွေကိုပါ မွေးဖွားပေးနိုင်မှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 08/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ad iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    ad iconadvertisement
    ad iconadvertisement