သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ask-doctor-icon

ဆရာဝန်အား အခမဲ့မေးမြန်းလိုက်ပါ။

Hello ဆရာဝန်မှာ သင့်အတွေးများကို အသိပေးနိုင်ပါတယ်။

ဆိတ်နို့နဲ့ နွားနို့ ဘာတွေကွာခြားလဲ။

    ဆိတ်နို့နဲ့ နွားနို့ ဘာတွေကွာခြားလဲ။

    လူတော်တော်များများက ခန္ဓါကိုယ်ကျန်းမာအောင် နို့သောက်ပါလို့ပြောလိုက်ရင် နွားနို့ သောက်ရမယ်ဆိုတဲ့ စိတ်ကူးက အရင်ဖြစ်လာတာပါ။ တကယ်တော့ ခန္ဓါကိုယ်မှာ အားပြည့်အောင် သောက်သုံးလို့ရတဲ့နို့က နွားနို့တစ်မျိုးတည်းရှိတာမဟုတ်ပါဘူး။ ဆိတ်နို့ လည်းရှိပါတယ်။ ဆိတ်နို့ကလည်း ခန္ဓါကိုယ်အတွက် အာဟာရကိုဖြည့်တင်းပေးနိုင်ပါတယ်။ ဆိတ်နို့မှာ သဘာဝအာဟာရဓါတ်တွေ နွားနို့ထက် ပိုမိုပါဝင်ပါတယ်။ ရှေးလူကြီးတွေ ပြောပြချက်အရ ဆိတ်နို့က နွားနို့ထက် ပိုပြီးအာဟာရဓါတ်တွေ ပိုကြွယ်ဝတယ် ပိုအားရှိတယ်လို့ ပြောကြပါတယ်။

    ဆိတ်နို့ဆိုတာ

    ဆိတ်နို့ ဆိုတာက ဆိတ်ကနေရတဲ့ နို့အမျိုးအစားတစ်မျိုးပေါ့။ ဆိတ်နို့မှာ ကယ်လ်ဆီယမ်၊ဖော့စဖရပ်စ်၊ riboflavin တို့လိုမျိုး ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓါတ်တွေပါဝင်နေပါတယ်။ နှလုံးကျန်းမာစေနိုင်တဲ့ Fatty Acid ပါဝင်နေပါတယ်။ ကလေးလေးတွေကနေစလို့ လူကြီးတွေအထိသောက်လို့ရပါတယ်။ ခြုံပြီးပြောပြရရင်တော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ သောက်စရာနို့တစ်မျိုးပါ။

    ဆိတ်နို့မှာပါတဲ့ အာဟာရဓါတ်တွေ

    • ပရိုတင်း
    • အဆီ
    • ဗီတာမင် A (ဗီတာမင် အေ)
    • ဗီတာမင် B1 (သီရာမင်း)
    • Riboflavin 
    • ဗီတာမင် C (ဗီတာမင် စီ)
    • ဗီတာမင် D (ဗီတာမင် ဒီ)
    • ကယ်လ်ဆီယမ်
    • ဖော့စဖောရပ်စ်
    • ကိုလက်စထရော
    • သကြားဓါတ်
    • Saturated fatty acid
    • Monounsaturated fatty acid
    • Polyunsaturated fatty acid တို့ပါဝင်နေပါတယ်။

    ဆိတ်နို့နဲ့ နွားနို့ ဘာတွေကွာခြားလဲ။

    ဆိတ်နို့နဲ့ နွားနို့ က ပုံမှန်အားဖြင့်ကတော့ အတူတူပဲလို့ထင်စရာရှိပါတယ်။ နို့အမျိုးအစားဆိုတာချင်းတူပေမယ့် အာဟာရဂုဏ်သတ္တိကစလို့ ခန္ဓါကိုယ်ပေါ်မှာ ဓါတ်ပြုပုံချင်းပါကွာခြားနိုင်ပါတယ်။ ဘယ်လိုတွေကွာခြားလဲ သိချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကနေဆက်ရှင်းပြပါရစေ။

    ဆိတ်နို့က နွားနို့ထက် ပရိုတင်းပါဝင်မှုများတယ် – ပရိုတင်းလိုအပ်ချက်မြင့်တဲ့ ကလေးငယ်တွေနဲ့ လူကြီးမိဘတွေအတွက် အထူးသင့်တော်ပါတယ်။

    ဆိတ်နို့ ပရိုတင်းက အစာကြေလွယ်တယ် -ဆိတ်နို့ပရိုတင်းက ကလေးငယ်တွေရဲ့ ဝမ်းဗိုက်ထဲမှာ လွယ်ကူစွာချေဖျက်နိုင်လို့ ကလေးတွေအတွက် အစာမကြေတာ ဗိုက်အောင့်ဗိုက်နာတို့ မရှိတာတွေ မဖြစ်စေပါဘူး။

    ဓါတ်မတည့်မှုဖြစ်နိုင်ခြေနည်းတယ် – နွားနို့က ဓါတ်မတည့်မှုဖြစ်နိုင်ခြေများပေမယ့် ဆိတ်နို့ကတော့ ဓါတ်မတည့်မှုဖြစ်နိုင်ခြေတော်တော်လေးနည်းပါတယ်။ ဆိတ်နို့ကို တိုက်ကျွေးခြင်းအားဖြင့် ဓါတ်မတည့်ဖြစ်ခြင်းကို လျော့နည်းစေပါတယ်။

    lactose (နို့သကြားဓါတ်) ပါဝင်မှုနည်းတယ် – ဆိတ်နို့က နွားနို့ထက် lactose (နို့သကြားဓါတ်) ပါဝင်မှုနည်းတာကြောင့် အစာခြေစနစ်က ချေဖျက်ရာမှာ အလွယ်တကူချေဖျက်နိုင်ပါတယ်။

    ကိုယ်ခံအား ကောင်းစေနိုင်တယ် – MCT oil လို့ခေါ်တဲ့ အရည်အသွေးမြင့်အဆီတွေ အများကြီး ပါဝင်လို့ သဘာဝအာဟာရဓါတ်တွေကို ပိုမိုစုပ်ယူနိုင်ပြီး အလွယ်တကူ ချေဖျက်စုပ်ယူနိုင်တာကြောင့် ကလေးတွေရဲ့ ဝမ်းဗိုက်ကို သက်တောင့်သက်တာရှိစေပြီး ဝမ်းေပျော့ပျော့ သွားစေနိုင်ပါတယ်။ ကိုယ်ခံစွမ်းအားကို အကောင်းဆုံးမြှင့်တင်ပေးနိုင်ပါတယ်။

    အသားအရေကိုကျန်းမာစေနိုင်တယ် – နို့တွေက အသားအရေကိုကျန်းမာစေနိုင်တယ်ဆိုတာကတော့သိထားပြီးဖြစ်မှာပါ။ နွားနို့နဲ့မတူတာ ဆိတ်နို့က ဗီတာမင် A (ဗီတာမင် အေ) ကြွယ်ဝစွာပါဝင်တာကြောင့် ဝက်ခြံတွေကို တိုက်ဖျက်ပေးပြီး အသားအရေကို ကြည်လင်စေသလို ကျန်းမာစေနိုင်ပါတယ်။ ဆိတ်နို့မှာပါတဲ့ Latic Acid ကအရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အသားအရေကို ကြည်လင်စေပါတယ်။

    ဆိတ်နို့ရဲ့ အားသာချက်တွေက……

    ဆိတ်နို့ရဲ့ အားသာချက်တွေကတော့

    • အစာကြေလွယ်တယ်
    • ဓါတ်မတည့်မှုဖြစ်နိုင်ခြေနည်းတယ်
    • ကယ်လ်ဆီယမ်ကြွယ်ဝစွာပါဝင်နေတာကြောင့် သွားနဲ့အရိုးတွေကို ကြံ့ခိုင်သန်စွမ်းစေတယ်
    • သွေးတွင်းကိုလက်စထရောကို ကျစေတယ်
    • အသားအရေကျန်းမာစေနိုင်တယ်
    • အာဟာရစုပ်ယူမှုအားပိုကောင်းစေတယ်
    • နှလုံးကျန်းမာစေနိုင်တယ်
    • ကိုယ်ခံအားကောင်းတယ်
    • ခန္ဓါကိုယ်ကြီးထွားဖွံ့ဖြိုးစေဖို့ အထောက်အပံ့ပေးတယ်
    • မှတ်ဉာဏ် ကောင်းစေတယ်။

    health-tool-icon

    အခြေခံတစ်နေ့တာ ကယ်လ်လိုရီ လိုအပ်ချက်ပမာဏ တွက်ချက်ခြင်း ကိရိယာ (BMR)

    အရပ််၊ အသက်၊ ကိုယ်အလေးချိန်၊ တစ်နေ့တာ လှုပ်ရှားမှုတွေအပေါ်မူတည်ပြီး တစ်နေ့တာ လိုအပ်မယ့် ကယ်လ်လိုရီ ပမာဏကို သိရှိနိုင်ဖို့ အခြေခံတစ်နေ့တာ ကယ်လ်လိုရီ လိုအပ်ချက်ပမာဏ တွက်ချက်ခြင်း ကိရိယာ (BMR)ကို အသုံးပြုပြီး တွက်ချက်နိုင်ပါတယ်

    အမျိုးသား

    အမျိုးသမီး

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    စာရေးသူ ဓာတ်ပုံbadge
    Aye Thi Mon မှ ရေးသားသည်။ 4 ပတ် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။
    Next article: